Random Diary, Flashget n Facebook Privacy setting

ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာ ကြာပြီ။ တစ်ခုခုကို တစိုက်မတ်မတ် ရေးဖို့ထိုင်လိုက်တိုင်း ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ အချိန်တွေ တော်တော်များများ ဘာအတွက် ကုန်နေမှန်းတောင် မသိတော့ဘူး။ ဘလော့ဂ်ရေးဖို့ထိုင်တော့ ရေးချင်တာတွေက များနေတယ်။ ဒါကြောင့် အားလုံးပေါင်းပြီး တစ်ခုတည်း ဖြစ်အောင် ရေးလိုက်တယ်။

Random Diary
အခုတလော ရုံးမှာလည်း တောက်တိုမယ်ရ လုပ်တဲ့လူ ဖြစ်နေတယ်။ ပရောဂျက် အကြီးတွေ ပြီးသွားပြီး နောက်တစ်ခုကလည်း requirement gathering အဆင့်မှာဘဲဆိုတော့ နည်းနည်း အားသလိုလို ဖြစ်သွားတယ်။ ဒါကို မမြင်ရက်တဲ့ ရုံးကလူတွေက ဟိုစပ်စပ် ဒီစပ်စပ် လုပ်ခိုင်းပါရော။ ဒါက ပိုဆိုးသွားပြီး ပုံမှန်ထက် ပိုအလုပ်ရှုပ်သွားတယ်။

A: အရင်တစ်နှစ်က handover လုပ်လိုက်တဲ့ ပရောဂျက်လေ မှတ်မိသေးတယ်မလား။ request တစ်ခု ထပ်တောင်းနေလို့။ သိပ်မခက်ဘူး။ ခဏလုပ်ပေးလိုက်နော်။ နောက်ဆုံးအနေနဲ့ လုပ်ပေးလိုက်။ နောက်တစ်ခေါက်ဆို ပိုက်ဆံတောင်းရမယ်။
ME: ဟုတ်ကဲ့။ (ဒီလောက်ကြာပြီ။ မနည်းပြန်စဉ်းစားရမယ်။)
B: အခုလောလောဆယ် ဘာပရောဂျက်မှ မကိုင်ထားဘူးမလား။ ရုံးမှာ အလုပ်သင်တစ်ယောက် လာလိမ့်မယ်။ သူ့ကို နောက်လုပ်မယ့် project ထဲထည့်ရမယ်။ အဲဒီတော့ ASP.NET နဲ့ C# ကို ရှင်းပြထားလိုက်။
ME: ဟုတ်။ (အဲဒါမှ ဒုက္ခ။ အဲဒီ ASP ကို မကိုင်တာ ၈လလောက် ရှိပြီဆိုတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ။)
C: customization တစ်ခုလုပ်နေတာ cron tab ဘဲ ရေးဖို့ကျန်တော့တယ်။ class တစ်ခုနဲ့ batch file တစ်ခု ခဏရေးပေးနော်။ UAT က သောကြာနေ့။
ME: ဒီနေ့ဘဲ အင်္ဂါရှိနေပြီ။ ဟူး…
D: Data Export အတွက် Script ပြီးတော့မှာလား။ ဒါပေမယ့် အရင် ရေးထားတဲကတစ်ခုက အရမ်း error prone ဖြစ်တယ်။ Stored Procedure နဲ့ရေးလိုက်။ customer ကတော့ မေးနေပြီ။ ဘယ်တော့ ပေးမှာလဲတဲ့။ နောက်တစ်ပါတ်လို့ ပြောထားတယ်နော်။
ME: ဟ…. ု …တ်…
E: ဒီ .NET နဲ့ ရေးထားတဲ့ Module တစ်ခုက ခဏခဏ refresh လုပ်ရတော့ အရမ်းနှေးနေလို့ Javascript နဲ့ ပြောင်းရေးလိုက်ပါ။
ME: (ဘာမှ မပြောနိုင်တော့ဘူး။ ပြုံးပြီးတော့ဘဲ ခေါင်းညိတ်လိုက်တယ်။)
အဲဒါအပြင် bug-fixing လုပ်ခိုင်းထားတဲ့ customer တွေကလည်း ဘယ်တော့ပြီးမလဲ တဂျီဂျီ အီးမေးလ်ပို့နေသေးတယ်။ လူကတော့ မူးချာလည်နေတာဘဲ။

Flashget
ဖိုင်အကြီးကြီးတွေကို ဒေါင်းလုတ်လုပ်ရင် အရင်က Internet Download Manager သုံးဖြစ်ပေမယ့် အခု အလကားရပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ Flashget ကို ပြောင်းသုံးနေတယ်။ http://www.flashget.com/en/download.htm မှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။ (4.5MB)

Facebook Privacy Setting
တစ်ရက် သူငယ်ချင်း တစ်ယောက်က မေးတယ်။ သူ့ကို Facebook မှာ IQ Quiz ဖြေဖို့ challenge လုပ်ထားတယ်မလားတဲ့။ အစက နည်းနည်း ကြောင်သွားတယ်။ ကိုယ်က quiz ဖြေရတာ ဝါသနာ ပါပေမယ့် တစ်ခါမှတော့ ယောင်လို့တောင် challenge ဆိုတာ သွားမနှိပ်မိဖူးပါဘူး။ တစ်ခုခုတော့ မှားနေတယ်လို့ ထင်လိုက်တယ်။ ကိုယ်လည်း တစ်ခါတစ်လေ “Your friends challenge you to take IQ Quiz” ဆိုပြီးတော့ သူငယ်ချင်းတွေ ဓါတ်ပုံနဲ့ rank တွေကို မြင်ဖူးတယ်။ ဒီနေ့တော့ ဒီဆောင်းပါး ကို ဖတ်ပြီးမှ ဇာတ်ရည်လည်သွားတော့တယ်။ ကျမတို့ Facebook အကောင့်ဖွင့်တုန်းက ပေါ့ပေါ့ဆဆဘဲ ရှိသမျှကို OK လုပ်ပြီး Register လုပ်ခဲ့တယ်လေ။ အမှန် သူ့ရဲ့ terms and condition မှာ “3rd party ကြော်ငြာတွေမှာ ထည့်သုံးရင် သုံးမယ်။” ဆိုပြီး ရေးထားတာကို ကျမတို့ သတိမထားမိခဲ့ဘူး။ ဆောင်းပါးရှင်ပြောသလိုသာ dating site မှာ ကိုယ့်ပုံသွားပေါ်နေရင် မခက်လား။ အနည်းဆုံးတော့ အထင်လွဲခံရနိုင်တယ်။ IQ QUIZ ကြော်ငြာမှာ သွားပေါ်လို့ တော်သေးတာပေါ့။ “3 friends have a crush on you” ဆိုတာမှာ ကိုယ့် profile သွားပေါ်ရင် မလွယ်ဘူး။ အဲဒီလို ကြော်ငြာတွေမှာ မပါချင်ရင် Settings -> Privacy -> News Feed and Wall -> Facebook Ads -> Appearance in Facebook Ads မှာ "no one" ဆိုတာကို ရွေးပြီး Save လုပ်လိုက်ပါတဲ့။


Trip to Redang Island – 2

ပထမတစ်ရက် Redang ကို မနက် ၁ဝနာရီခွဲလောက် ရောက်တယ်။ check-in လုပ် ရေမိုးချိုးပြီးတော့ နေ့လည်စာ ဆင်းစားတယ်။ Life Jacket နဲ့ Mask ကို ၂ရက်စာငှားတာက ရင်းဂစ်၂၀။ မျက်မှန်ပါဝါ ၃၀ဝ ကျော်တဲ့သူတွေ အတွက် Power Mask ရှိတယ်။ ၁ဝ ပိုပေးရတယ်ထင်တာဘဲ။ ကိုယ်ပါဝါက ၂၀ဝ လောက်ဘဲရှိတော့ မြင်ရမယ်လို့ ထင်ပြီး မငှားတော့ဘူး။ နေ့လည် ၂နာရီခွဲကြတော့ first snorkeling trip ခေါ်သွားတယ်။ resort နဲ့ မနီးမဝေး ပင်လယ်ပြင် ရေလယ်ခေါင်ကြီးမှာ။

ရေကူးတတ်တဲ့သူတွေတော့ တစ်ယောက်ပြီးတစ်ယောက် စက်လှေပေါ်ကနေ ခုန်ဆင်းသွားကြတယ်။ သူတို့ကြည့်တော့လည်း ရေကူးရတာ လွယ်လိုက်တာ။ ကိုယ့်မှာတော့ ဆင်းရင် ကောင်းမလား မဆင်းရင် ကောင်းမလား စဉ်းစားလို့ကို မရနိုင်ဘူး။ ရေနစ်မှာ ကြောက်တာကိုး။ သူတို့ကတော့ ပြောတယ်။ အသက်ကယ် အကျီ င်္ ဝတ်ထားတာဘဲ မနစ်နိုင်ဘူးတဲ့။ ဒါပေမယ့် ကျမကတော့ အသက်ကယ်အကျီ င်္ကို မယုံနိုင်ဘူး ဖြစ်နေတယ်။ ပထမတစ်ရက်တော့ လက်က တစ်ခုခုကို ဆွဲထားရမှ ရေထဲမှာ နေလို့ရတယ်။ သူငယ်ချင်းကို ခဏဆွဲထားလိုက်၊ နည်းပြတွေကို ဆွဲထားလိုက်၊ စက်လှေနားက လှေကားကို ဆွဲထားလိုက်နဲ့ ပြီးသွားတယ်။ ငါးတွေက တကယ်ကို လှတယ်။ လက်ကတော့ တစ်ခုခုကို ဆွဲထားပေမယ့် ငါးတွေနဲ့အတူ လိုက်သွားပြီး ရေကူးချင်တာ အရမ်းဘဲ။ ရေမကူးတဲ့သူတွေအတွက် နည်းပြတွေ ရှိတယ်။ သူတို့ လိုက်ကူညီပေးတော့ သိပ်ကြောက်စရာ မလိုတော့ဘူး။


ဒုတိယတစ်ရက်မှာ မနက်စာ စားပြီး ၉နာရီခွဲလောက်ကြတော့ marine park ကို ခေါ်သွားတယ်။ Marine Park က အသေအချာ ထိန်းသိမ်းမှုတွေ လုပ်ထားတော့ ကမ်းခြေ ရေတိမ်တိမ်မှာ တောင် ငါးတွေ အများကြီးမြင်ရတယ်။ ရေမကူးတတ်တဲ့ ကျမလိုလူမျိုးအတွက် အကောင်းဆုံးနေရာဘဲ။ ပေါင်မုန့်တစ်ဖဲ့လောက် ပစ်လိုက်ရင် ငါးတွေ အများကြီး ရောက်လာတယ်။ ဒုတိယနေ့ဆိုတော့ ရေကို အရမ်းကြီး မကြောက်တော့ဘူး။

marine park မှာ ရေဘယ်လောက်ကြည်ပြီး ငါးတွေ ဘယ်လောက်များသလဲဆိုတာ အပေါ်က ပုံကိုကြည့်ရင် သိနိုင်ပါတယ်။

ရေထဲရိုက်တဲ့ကင်မရာကို resort မှာဘဲ ငှားလို့ရတယ်။ ပုံ၁၅ဝ ရိုက်လို့ရတဲ့ ကင်မရာကို ရင်းဂစ် ၅ဝ ပေးရတယ်။ တစ်ပုံတည်းသော snorkeling လုပ်နေတဲ့ပုံကို တော်တော် သတ္တိမွေးပြီး ရေပေါ်မှာဖော့ ခေါင်းကို ရေထဲထည့်လိုက်တော့မှ ရလာတယ်။ ဟီး.. မသိရင် တော်တော် ရေကူးကျွမ်းကျင်တဲ့ပုံ ပေါက်နေမယ်။ ရေအပေါ်နားလေးကနေ snorkeling လုပ်တာတောင် ဒီလောက် လှတယ်ဆိုရင် ရေငုပ်တတ်ရင် ကောင်းမယ်လို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် ရေကူးဖို့တောင် အနိုင်နိုင်ဆိုတော့ စိတ်လျှော့လိုက်တာဘဲ ကောင်းပါတယ်။ ရေအောက်ကို မြင်ချင်ရင် Acquaria ဘဲ သွားတော့မယ်။ သူငယ်ချင်းတွေကတော့ နောက်တစ်ခေါက် Diving course ယူမယ်လို့ ပြောနေကြတယ်။ နေ့ဆိုရင် ရေထဲဆင်း ညကြရင် ဂေါ်လီတွေနဲ့ ကစားတဲ့ ချန်ကာ့ ဆိုလား အဲဒါကို ကစားတယ်။ သူတို့ရိုးရာ ကစားနည်းတစ်မျိုးပေါ့။ ကစားရတာ ပျော်ဖို့ကောင်းတယ်။ ပြီးတော့ UNO ဆိုတဲ့ card game ကစားနည်းလည်း သင်ပေးကြတယ်။ ၃ရက်လောက် ရုံးမတက်ရတာ တကယ် အရသာရှိတယ်။ ^_^

Redang Island က အရှေ့ဘက်ကို မျက်နှာမူထားတော့ နေထွက်တဲ့ရှုခင်းကို ကြည့်ဖို့ နောက်နေ့ မနက် စောစောထကြတယ်။ ဒါပေမယ့် နေမင်းက မျက်နှာသာ မပေးဘူး။ တိမ်တွေ အနောက်မှာ ပုန်းနေတာနဲ့ နေတော်တော် မြင့်မှဘဲ တွေ့ရတော့တယ်။ နေထွက်တာကို မြင်ရဖို့ မလွယ်ပါလားနော်။

Redang Island က အပြန် Kuala Terengganu မြို့ကိုဝင် ခဲ့သေးတယ်။ စားစရာ မုန့်တွေ အရမ်းစုံတယ်။ KLနဲ့ တစ်ခြားစီဘဲ။ အရသာလည်း ရှိတယ်။ သူငယ်ချင်းအိမ်မှာ တစ်ညဝင်အိပ်။ နောက်ရက်မှ KL ပြန်ခဲ့တယ်။ တော်တော်ပျော်ခဲ့ပေမယ့် အသားတော့ မည်းသွားတယ်။ :D

Related:
Trip to Redang Island - 1


Trip to Redang Island - 1

ရေကူးရမှာကို သေမလောက် ကြောက်ပေမယ့် စိတ်ကူးပေါက်တဲ့တစ်နေ့မှာ Redang Island က Snorkeling Package ကို သူငယ်ချင်းတွေရဲ့ အဆွယ်ကောင်းမှုကြောင့် ဝယ်လိုက်တယ်။ ဒီလိုနဲ့ Redang Island ကို ရောက်သွားခဲ့ပါတယ်။ Redang Island က Terengganu ပြည်နယ် Kuala Terengganu မြို့ ရဲ့ တစ်ဘက်ကမ်း တောင်တရုတ် ပင်လယ်ထဲမှာ ရှိပါတယ်။ KLကနေ Redang Island ရှိတဲ့ Kuala Terengganu ကို တိုက်ရိုက်မောင်းရင် ၅နာရီခွဲလောက် ကြာတယ်။ ဘတ်စ်ကားနဲ့ဆိုရင်တော့ နည်းနည်းပိုကြာလိမ့်မယ်။ Kuala Terengganu ကနေ Merang Jetty Point ကို နာရီဝက်လောက် မောင်းရတယ်။ Jetty Point မှာ တစ်ရက် ၁ဝနဲ့ ကားရပ်တဲ့နေရာတွေ ရှိတယ်။ ကျွန်းကိုရောက်အောင် စက်လှေ ၄၅ မိနစ် လောက် စီးရတယ်။ ပင်လယ်ပြင်ကို ဖြတ်ရတာဆိုတော့ လှိုင်းတော့ နည်းနည်း ကြမ်းတယ်။ ရေထဲမှာ ရိုလာကိုစတာ စီးနေရတဲ့ အတိုင်းဘဲ။
Merang Jetty Point
Redang Pelangi Resort က ၃ရက်၂ည Snorkeling Package ကို ဝယ်သွားတာပါ။ စနေတနင်္ဂနွေဆိုတော့ ဈေးနည်းနည်း ပိုပေးရတယ်။ စက်လှေ အသွားအပြန်၊ အစားအသောက် မနက်စာ၊ နေ့လည်စာ၊ tea break၊ ညစာ ရယ် Snorkeling trip ၃ခေါက်ရယ် အပါအဝင်ကို ၂ည၃ရက် package ရင်းဂစ် ၃၆ဝ ပါ။ life jacket နဲ့ snorkeling mask အတွက် ၂၅ရင်းဂစ် သပ်သပ် ထပ်ပေးရပါတယ်။ မျက်မှန် ပါဝါ ၃၀ဝ ကျော်တဲ့သူတွေ အတွက် power mask ရှိပါတယ်။ အစားအသောက်၊ နေရာထိုင်ခင်း၊ customer service ပြောစရာမရှိအောင် ကောင်းပါတယ်။ တစ်ခြား resort တွေနဲ့ယှဉ်ရင် ဈေးသက်သာတဲ့အတွက် တစ်ခြားလူတွေ သွားချင်ရင် ဒီpackage ကို ဝယ်ဖို့ recommend လုပ်ပါတယ်။ မကောင်းတာ တစ်ခုဘဲ ရှိတယ်။ Resort ရှေ့မှာ ည၁ဝနာရီကနေ ၁၂နာရီအထိ clubbing ရှိတာကြောင့် အရမ်းဆူညံပြီး စောစောအိပ်ချင်ရင် အဆင်မပြေပါဘူး။
Redang Pelangi Resort မှာတည်းတယ်။

ဒါက resort ကနေ မြင်ရတဲ့မြင်ကွင်း။ ကြည်လင်နေတဲ့ရေရယ် ပြာလဲ့လဲ့ မိုးကောင်းကင်ရယ် ဖြူလွှလွှ သဲသောင်ပြင်ရယ်က စိတ်ထဲမှာရှိတဲ့ မွန်းကြပ်မှုတွေကို ပြေပျောက်သွားစေတယ်။

Redang Island နဲ့မနီးမဝေးမှာ ရှိတဲ့ ကျွန်းနှစ်ကျွန်းကတော့ လူတွေ လဲလျောင်းနေတဲ့ပုံနဲ့တူတယ်လို့ ပြောပါတယ်။
ဒါက ယောကျာ်းကြီးတစ်ယောက် ပုံတဲ့။
ဒါက မိန်းမကြီးတစ်ယောက် လဲလျောင်းနေတဲ့ပုံတဲ့။

ကင်မရာမှာ ရေစက်ထင်သွားတာ သတိမထားလိုက်မိဘူး။ ပုံတွေ ပြန်ကြည့်မှ တွေ့တယ်။ ပုံတွေကို နောက်မှ retouch ပြန်လုပ်ရမယ်။ စာတွေ အများကြီးရေးရင် ရေးရတဲ့သူလည်း ပျင်းတယ်။ ဖတ်ရတဲ့သူလည်း ပျင်းလိမ့်မယ်။ ဒီတော့ ဟိုဟိုဒီဒီ ရိုက်ထားတဲ့ ပုံလေးတွေဘဲ တင်တော့မယ်။


အုန်းသီး နဲ့ ဘာမှန်းမသိတဲ့ အသီး


ယူပြန်ရင် ဒဏ်ငွေ ၃၀၀ဝ ဆောင်ရမယ်ဆိုတဲ့ ကျောက်စရစ်ခဲ လှလှလေးတွေနဲ့ ကျွန်းပေါ်မှာ ချန်ခဲ့တဲ့ ခြေရာ.. (ဖိနပ်ရာ) :D

လှတပတ ပန်းလေးနှစ်ပွင့် သစ်ရွက်လေးတစ်ရွက်

စွန့်စွန့်စားစား snorkeling trip အကြောင်းတော့ နောက်နေ့မှ ဆက်ရေးတော့မယ်။



A trip to Langkawi

တစ်ခုသော နေမသာတဲ့ နေ့တစ်နေ့မှာ မလေးရှားနိုင်ငံ မြောက်ဘက်ပိုင်း မှာရှိတဲ့ Langkawi ဆိုတဲ့ ကျွန်းလေးကို အကြောင်းအခွင့်သာလို့ ရောက်သွားခဲ့တယ်ပေါ့ကွယ်။ အရင်ဆုံး ဆီးကြိုနေတဲ့ ဆိုင်းဘုတ်ကတော့ အခွန်ကင်းလွတ်နယ်မြေ လန်ကာဝီကျွန်းမှ ကြိုဆိုပါ၏တဲ့။

ကွာလာလမ်ပူကနေ လေယာဉ်နဲ့ဆိုရင် ၁နာရီလောက်ဘဲ စီးရတယ်။ ကားမောင်းတတ်တဲ့သူပါရင် လေဆိပ်မှာဘဲ ကားငှားလို့ရတယ်။ တစ်ရက်ကို ၅ဝ ဘဲ။ ကားအကြီး ဆိုရင်တော့ နည်းနည်းပိုပေးရမှာပေါ့။ ကျွန်းသေးသေးလေးဘဲဆိုတော့ လမ်းညွှန်ဆိုင်းဘုတ်တွေနောက်လိုက်ပြီး တစ်ကျွန်းလုံး ပါတ်လို့ရတယ်။

Pantai Burau မှာနေခဲ့တယ်။ အဲဒီဘက်မှာ နေထွက်တာလည်း မမြင်ရ၊ နေဝင်ဆည်းဆာလည်း မမြင်ရ။ ဒီresort ကိုတော့ recommend မလုပ်ဘူး။ ချောင်ကျကျ နေရာမှာ ရှိပြီး ဈေးကလည်း ကြီးသေး။ နေဝင်ဆည်းဆာ အလှကို ခံစားချင်တယ် ထမင်းဆိုင် ဈေးတွေနဲ့ နီးနီးနားနား နေရာ ဆိုရင်တော့ Pantai Cenang ဘက်မှာ တည်းသင့်တယ်လို့ ပြောပါတယ်။ (pentai = ကမ်းခြေ) ပင်လယ်ပြင်ကြီးရဲ့ ဓါတ်ပုံလှလှလေးတွေ လိုချင်တာ နေ့တိုင်းမိုးအုံ့နေတာနဲ့ ဓါတ်ပုံတောင် သိပ်မရိုက်ခဲ့ရဘူး။

ရုံးကလူတွေနဲ့ သွားတာဆိုတော့ အချိန်တော်တော်များများက အစည်းအဝေးလုပ်ရင်း အချိန်ကုန်သွားတာ များတယ်။ ဘယ်မှတောင် သိပ်မရောက်ဖြစ်လိုက်ဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ဝခန့်က အဲဒီကျွန်းလေးပေါ်မှာ မတရား စွပ်စွဲခံရပြီး သေသွားတဲ့ မင်းသမီးလေး မာဇူရီ အကြောင်းပုံပြင်ကတော့ လန်ကာဝီကျွန်းနဲ့ ပါတ်သတ်ပြီး ထင်ရှားပါတယ်။ သူ့ကို သတ်လိုက်တဲ့အချိန်မှာ သွေးအဖြူတွေ ထွက်ပြီး သေသွားတယ်ဆိုဘဲ။ ဒါတော့ နည်းနည်း ဒဏ္ဍာရီ ဆန်ဆန် ဖြစ်သွားပြီ။ မာဇူရီဟာ မသေခင် ဒီကျွန်းတစ်ကျွန်းလုံး ဆွေစဉ် ရဆက်အထိ တိုးတက်ထွန်းကားမှု မရှိပါစေနဲ့လို့ ကျိန်စာတိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ မာဇူရီရဲ့ ရဆက်မြောက်မျိုးဆက်ဟာ အခု ထိုင်းနိုင်ငံ ဖူးခက်မှာ နေထိုင်နေပါတယ်။ သူတို့ကို မလေးရှားနိုင်ငံသားအဖြစ် ခံယူပြီး လန်ကာဝီမှာ အခြေချဖို့ ကမ်းလှမ်းထားတယ်တဲ့။ ၁၉၈ဝ မတိုင်ခင်က အဲဒီကျွန်းမှာ စိုက်ပျိုးရေးလဲ မဖြစ်ထွန်း ကျန်တဲ့စီးပွါးတွေလဲ သိပ်မဖြစ်ဘူး။ နောက်ပိုင်းမှ (သူ့ရဲ့ ရဆက်မြောက် မျိုးဆက် မွေးဖွါးပြီးအချိန်မှ) ဒီကျွန်းဟာ စိုက်ပျိုးရေး၊ ခရီးသွားလာရေး လုပ်ငန်းတွေ နဲ့ ဖွံ ့ဖြိုး တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ မာဇူရီပြတိုက်ထဲမှာ သူ့အုတ်ဂူလဲ ရှိပါတယ်။ ထိုင်းလူမျိုးတော်တော်များများ မာဇူရီ အုတ်ဂူမှာ ပူဇော်ပသပြီး ဆုတောင်းနေကြတာ တွေ့ခဲ့တယ်။ သူ့အုတ်ဂူနားက ရေတွင်းကရေနဲ့ မျက်နှာသစ်ပြီး blessing ယူနေကြတဲ့သူတွေလည်း တွေ့ခဲ့ပါရဲ့။

ကျွန်းပေါ်မှာ စပါးခင်းတွေကိုတော့ နေရာအနှံ့တွေ့ရတယ်။ ကိုယ့်ရဲ ့ Farm Town ကို သတိရသွားလို့ ဓါတ်ပုံရိုက်ခဲ့သေးတယ်။ :D ကျွဲတွေလည်း ကျွန်းပေါ်မှာ ပါတ်ပြီး လျှောက်သွားနေတယ်။ သူတို့ကို ဝင်မတိုက်မိအောင် မနည်းရှောင်ရတယ်။

ပြတိုက်ကအပြန် လင်းယုန်ရုပ်တု အကြီးကြီး ရှိတဲ့ Eagle Square ကို သွားပါတယ်။ အဲဒီနေရာမှာတော့ အရုပ်ဘဲ ရှိတာပါ။ တကယ့် လင်းယုန်အစစ်တွေတော့ မတွေ့ခဲ့ဘူး။
Petronas Quay ဘက်တော့ရောက်ခဲ့တယ်။ ရာသီဥတု အခြေအနေ သိပ်မကောင်းတာနဲ့ လှေမစီးခဲ့ရဘူး။ ပြီးတော့ မိုးအုံ့နေတာနဲ့ လန်ကာဝီရဲ့ အထင်ကရ cable car လည်းသွားမစီးလိုက်ရဘူး။ အပေါ်ကပုံထဲမှာ မြင်နေရတဲ့ တောင်တန်းတွေရဲ့ အမြင့်ဆုံးနေရာမှာရှိတာတဲ့။ KL မှာလည်း cable car ရှိပေမယ့် အဲဒီနေရာက တောင်ချွန်းနှစ်ခုကို ဆက်ထားတဲ့ Pedestrian bridge လေးကို သွားကြည့်ချင်တာ။ အောက်ကနေဘဲ ငေးကြည့်ခဲ့ရတယ်။ ရေးတေးတေးလေးတော့ မြင်လိုက်ပါတယ်။

မိုးအုံ့လို့ ဘယ်မှမသွားရတဲ့နောက် မြို့ထဲဘက် သွားပြီး ရှော့ပင် ထွက်ကြတယ်။ လူတွေ အဓိက ဝယ်ကြတာကတော့ ချောကလက်ပေါ့။ ပြီးတော့ အိမ်အသုံးအဆောင် ပစ္စည်းတွေ ဈေးအရမ်းသက်သာတယ်လို့ ပြောတာဘဲ။ ယိုးဒယားဘက်က အဓိကဝင်တာ များတယ်။ ကိုယ်က ချောကလက်ကလည်း သိပ်မကြိုက် အိမ်အသု
ံးအဆောင်ပစ္စည်းလည်း စိတ်မဝင်စားဆိုတော့ သူများတွေ ဝယ်နေတာကိုဘဲ အကြံပေး အရာရှိလိုက်လုပ်ခဲ့တယ်။ (ဘာလို့ လက်ဆောင် မဝယ်ခဲ့လည်း မမေးခင် ကြိုဖြေထားလိုက်မယ်။ ချောကလက် မကြိုက်တော့ သူများကို ဝယ်ပေးဖို့လည်း သတိမရဘူး။ :D)

လန်ကာဝီကျွန်းကို သွားမယ်ဆိုရင် island hoping package တွေကို ဝယ်သင့်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်တဲ့ ရေကန်တစ်ကန်ရှိတဲ့ Pulau Dayang Bunting ဆိုတဲ့ကျွန်းရယ်၊ လင်းယုန်တွေ မွေးထားတဲ့ကျွန်းရယ်၊ ငါးခူကန်၊ မိကျောင်းကန်တွေ ရှိတဲ့ကျွန်း စသဖြင့် နေရာတော်တော်များများကို ပို့ပေးတဲ့ package တွေ ရှိတယ်။ လူ၁ဝယောက်လောက် ဆန့်တဲ့ လှေတစ်စီးကို ရင်းဂစ် ၂၅ဝ ဝန်းကျင်ဘဲ ပေးရတယ်လို့ပြောပါတယ်။ နောက်တစ်ခေါက်တော့ ရောက်အောင် ထပ်သွားဦးမယ်။ (လန်ကာဝီ trip ဆိုပြီး ရေးသာ ရေးနေတာ။ ကိုယ့်ကိုယ် ပြန်ဖတ်ကြည့်တော့ ရောက်ခဲ့တဲ့နေရာကနည်းပြီး မရောက်ခဲ့တဲ့ နေရာတွေ အကြောင်း ရေးထားတာ များနေတယ်။ ခေါင်းစဉ်ကို ပြောင်းရမလိုတောင် ဖြစ်နေပြီ :P)


Facebook Quiz တစ်ခု လုပ်ကြည့်ခြင်း

အခုနောက်ပိုင်း ကိုယ့်ရဲ့ အချိန်တော်တော်များများဟာ Facebook ထဲမှာဘဲ အချိန်ကုန်နေတာကို သတိထားမိတယ်။ status update တွေကို ဖတ်လိုက် သူငယ်ချင်းတွေတင်ထားတဲ့ ဓါတ်ပုံတွေကြည့်လိုက် quiz တွေဖြေလိုက် လယ်စိုက်လိုက် အကောင်မွေးလိုက်နဲ့ ဟုတ်နေတယ်။ အလုပ်နည်းနည်းအားနေတာလဲ ပါတယ်။ ဟိုတစ်လောက သူငယ်ချင်းတွေနဲ့ အလုပ်ချိန်အတွင်းမှာ အင်တာနက် သုံးလွန်းတာဟာ အလုပ်စွမ်းရည် ကျစေနိုင်သလားဆိုတာကို ပြောဖြစ်သေးတယ်။ အလုပ်ချိန်အတွင်းမှာ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက် သုံးတာကို Cyberslacking လို့ ခေါ်ပါတယ်။ ကုမ္ပဏီ တစ်ချို့မှာ Yahoo, Gmail, Friendster, Facebook စတာတွေကို ပိတ်ထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို လုံးဝကြီး တားမြစ်ထားတဲ့ကုမ္ပဏီက ဝန်ထမ်းတွေထက် မပိတ်ပင်ထားတဲ့ ကုမ္ပဏီက ဝန်ထမ်းတော်တော်များများက လုပ်ငန်း စွမ်းဆောင်ရည်မှာ ပိုသာတယ်လို့ research တစ်ချို့မှာ ဖတ်ရပါတယ်။ ဘာဘဲ ဖြစ်ဖြစ် နောက်ဆုံးတော့ attitude ပါဘဲ။ ကိုZT ရေးထားသလိုဆိုရင်တော့ Cyberslacking ကို အကျိုးရှိရှိ အသုံးချတတ်ရင် ရာထူးတောင် တိုးနိုင်တယ်တဲ့။

topic ချော်သွားပြီ။ ရေးလိုရင်းကို ပြန်ဆက်ရရင် Facebook မှာ သူများ ဖြေသမျှ quiz တွေ လိုက်ဖြေကြည့်ရင်းကနေ “Make your own quiz” ဆိုတာလေးကို တွေ့သွားတယ်။ ဒီတော့ quiz engine ဘယ်လိုရှိသလဲ သိချင်တာနဲ့ တစ်ခုလောက် လုပ်ကြည့်မယ်ဆိုပြီး Forwarded Email ထဲက ရတဲ့ “You know you are Burmese if” ကို ကိုယ်လိုသလို ဖြတ်ညှပ်ကပ်ပြီး makeaquiz engine နဲ့ လုပ်လိုက်တဲ့ အခါမှာ How Burmese are you? ဆိုတဲ့ quiz ထွက်လာပါတယ်။ (မလိုအပ်ဘဲ ပို့စ်ရှည်သွားမှာစိုးလို့ original email ကို comment ထဲမှာဘဲ ရေးထားလိုက်မယ်။) ကျမက လူတစ်မျိုး။ ကောက်ရိုးမီးလို့ ပြောလို့ရတယ်။ တစ်ခုခု လုပ်ချင်ပြီဆို ချက်ချင်းထပြီး ဝုန်းဒိုင်းနဲ့ မဖြစ်ဖြစ်အောင် လုပ်တယ်။ ပြီးရင်လည်း ဘာမှ မဟုတ်တော့သလိုဘဲ။ idea တွေက ကိုယ်ပိုင် မဟုတ်ဘူး ဆိုပေမယ့် ထွက်လာမယ့်အဖြေကို formulate လုပ်ရတာ နည်းနည်း ပင်ပန်းတယ်။ ရေးရင်းရေးရင်းနဲ့ ပျင်းတောင် ပျင်းလာတယ်။ နောက်ပိုင်း result တွေကို တစ်ကြောင်းချင်းစီဘဲ ရေးလိုက်တော့တယ်။ တစ်ချို့စာသားတွေလည်း ထပ်ကုန်တယ်။ result ထုတ်တဲ့နေရာမှာ တော်တော် လိုနေသေးတယ်။ ဒါပေမယ့် edit လုပ်ဖို့ ပျင်းသွားပြီ။ ပြီးသွားတော့ ကိုယ် အရင်ဆုံးဖြေကြည့်တယ်။ You are 100% Burmese တဲ့။ ဟဲဟဲ.. ကိုယ်create လုပ်ထားတဲ့ quiz ဘဲ။ ဘယ်အဖြေလိုချင်ရင် ဘာကို ရွေးရမလဲဆိုတာ သိတာပေါ့ ;-)
ဒါပေမယ့် သူ့quiz engine က နည်းနည်း တုံးတယ်။ အမှန်ဆို အဖြေတွေ အားလုံး အပေါ်မှာ မူတည်ပြီး ရာခိုင်နှုန်း အနည်းအများ တွက်ထုတ်သင့်တာ။ အခုဟာက ဘယ်လိုလဲဆိုတော့ ဥပမာ Which Disney character are you ဆိုပါစို့။ အဖြေကနေ စစဉ်းစားရတယ်။ အဖြေမှာ Chicken Little, Mickey Mouse, Donald Duck, Dumbo, Goofy ဆိုပါစို့။ သူ့formula က နောက်ဆုံးမှာ အဖြေ ငါးခုရှိမယ်ဆိုရင် မေးခွန်း တစ်ခုချင်းစီမှာ ရွေးချယ်စရာ ငါးမျိုး ရှိရမယ်။ အကယ်လို့ မေးခွန်း ၈ခု ရှိတယ် ဆိုပါစို့။ နောက်ဆုံးမှာ ကိုယ်ဖြေထားတဲ့ အဖြေဟာ Chicken Little နဲ့ ၄ခု ကိုက်ညီပြီး ၂ခုဟာ Dumbo၊ နောက်၂ခုဟာ Goofy ဆိုရင် Chicken Little ပါလို့ အဖြေ ထွက်ပါမယ်။ ဒီလိုမျိုး မေးခွန်းတွေ အတွက်က နည်းနည်း အဓိပ္ပါယ်ရှိပေမယ့် “How Burmese are you” မျိုးကြတော့ ရာခိုင်နှုန်း တွက်ထုတ်ချင်တာ ဖြစ်တဲ့အတွက် နည်းနည်း လက်ပေါက်ကပ်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ကိုယ်ကလည်း quiz တစ်ခုလုံးကို သုညကနေစပြီး code လုပ်ဖို့ စိတ်မဝင်စားဘူး။ quiz engine ဘယ်လိုရှိသလဲ လောက်ဘဲ သိချင်တာဆိုတော့ကာ ၃နာရီလောက် မရပ်မနား ကြိုးစားလိုက်တဲ့အခါ မေးခွန်း ၉ခု ထွက်လာတယ်။ ၁ဝခုပြည့်အောင် ရေးချင်ပေမယ့် ဦးနှောက်က ဆက်ပြီး အလုပ် မလုပ်တော့ဘူး။ ဒါနဲ့ဘဲ ၉ခုမှာ ရပ်ထားလိုက်တယ်။ အဖြေက 100%, 85%, 70%, 55%, 40%, 20% ဆိုပြီး အဖြေ ၆ခု ထုတ်လိုက်တယ်။ အမှန်က မေးခွန်းက အဖြေရဲ့ ၂ဆလောက် ရှိနိုင်ရင် ပိုကောင်းတယ်။ ပြီးတော့ သူငယ်ချင်း ၅ယောက်ကို invite လုပ်ခိုင်းတယ်။ အနည်းဆုံး Active User ၁ဝယောက်ရှိမှ ကိုယ့် quiz ကို application directory က လက်ခံမှာကိုး။ ဒါနဲ့ ဂျီတော့ခ်မှာ တွေ့တဲ့သူတွေကို အတင်းရော အဓမ္မရော ဖြေခိုင်းလိုက်တယ်။ ၂ရက်လောက်နေတော့ အယောက် ၁၀ဝလောက် ဝင်ဖြေထားတယ်ဆိုတော့ ဝမ်းသာ ကျေနပ်သွားတယ်။

April 13 ရက်နေ့က လုပ်ထားတာဆိုတော့ အခု ၁၆ရက်လောက် ရှိသွားပြီ။ ဒီနေ့ ဝင်ကြည့်ကြည့်တော့ 2,910 users တဲ့။ listed in application directory တဲ့။ listed ဆိုတာက application directory မှာ Burmese လို့ ရှာလိုက်ရင် ထွက်လာတာကို ပြောတာပါ။ ထင်တောင် မထင်ထားဘူး။ =) user ၁၀၀၊ ၂၀ဝ လောက်နဲ့ ပြီးသွားပြီ အောက်မေ့တာ။ အပျင်းပြေ quiz ဖြေပြီး ကိုယ့်ကို ချီးကျူးတာဘဲ ဖြစ်ဖြစ် မကောင်းဘူး ပြောပြော copy cat ပြောပြော ဒီလောက်ဆို ကျေနပ်ပြီ။ :D အချိန်အကုန်ခံပြီး တကူးတက ဖြေပေးကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါ၏။

Conclusion က ဘာလဲဆိုတော့ Facebook quiz engine ကို နားလည်သွားတယ်။ နောက်ပိုင်း quiz တွေ သိပ်မဖြေဖြစ်တော့ဘူး။ ဒါပါဘဲ။ ပို့စ်တစ်ခုလုံး ဘာတွေ ရေးထားသလဲ မသိဘူး ဆိုရင်တော့ Facebook မှာ How burmese are you ဆိုတဲ့ quiz ဖြေပြီး လာရောက် ဝေဖန် အကြံပြုနိုင်ပါတယ်။ :-)



A delicious dinner


I can’t remember when the last time I cooked was. I used to cook quite often during the university life, but not really in the mood of cooking lately. After today’s office hour, I was tempting for a delicious dinner. So, I dropped by at KLCC Cold Storage to get some grocery and decided to cook Kyay-Oh (ကြေးအိုး), a special food we Myanmar people love to eat. It basically is a vermicelli soup with green vegetable, tofu, meatball and chicken. The main secret for this kind of dish is to have a delicious soup base.

The ingredients are:
- Half slice of whole chicken
- Chicken liver
- Meat balls
- Quail egg
- Green Vegetable, I use pak choy
- Tofu
- Garlic, ginger, salt, pepper

I boiled the ingredients separately and mixed again at last. I didn’t like the taste of boiled chicken liver, so, I fried it with some soy-sauce first. And to prepare a tasty sauce is important to match a Kyay-Oh dish. Actually, this is my first time cooking this, but amazingly it turns out to be quite delicious . I don’t really know how to mix the sauce, thus I ended up with a normal chili sauce. Wished someone would join me, but, I had to eat alone. Anyway, it had been a great dinner ;-)


Farm Town Craze

ကွန်ပျူတာဂိမ်းတွေ မကစားဖြစ်တာ တော်တော်ကြာနေပြီ။ ၁ဝတန်းအောင်ပြီးတုန်းကနေ 2nd year ပြီးတဲ့အထိလောက် နေ့နေ့ညည ဂိမ်းကစားတာ မျက်မှန် တပ်လိုက်ရတဲ့ အထိဘဲ။ နောက်ပိုင်း သိပ်မကစားဖြစ်တော့ဘူး။ အရင် နှစ်ပါတ်လောက်က NativeMyanmar ဖိုရမ်ထဲမှာ Facebook က ဂိမ်းတစ်ခုဖြစ်တဲ့ Farm Town အကြောင်း ရေးထားတာတွေကို ဖတ်ရတော့ ကစားကြည့်ချင်စိတ် ပေါက်လာတယ်။ အဲဒီဂိမ်းက လယ်စိုက်ရတာ။ စစချင်း ထွန်ယက်ရတယ်။ ပြီးရင် အာလူး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ စပါး၊ ဂျုံ၊ နေကြာပင်၊ ကော်ဖီ မျိုးစေ့တွေ ဝယ်ပြီး စိုက်ရတယ်။ တစ်ချို့ ကောက်ပင်တွေက တစ်ရက်နဲ့ ရိတ်သိမ်းလို့ ရပြီး တစ်ချို့ ၂ရက် သုံးရက် ကြာတယ်။ ရိတ်သိမ်းပြီးရင် ဈေးမှာ သွားရောင်း။ ရတဲ့ပိုက်ဆံနဲ့ လယ်ထပ်စိုက် ဒါနဲ့ သံသရာ လည်နေတာပေါ့။ ကိုယ့်မှာ ပိုက်ဆံကုန်သွားရင် ဈေးထဲသွားပြီး အလုပ်သွားရှာလို့ ရတယ်။ Hire me.. plz hire me လို့သာ အော်နေရင် တစ်ယောက်မဟုတ် တစ်ယောက် က လာငှားတယ်။ ဘာလို့လဲဆိုတော့ အပင်တွေ ရိတ်သိမ်းတဲ့ အခါကြရင် သူများကို ငှားပြီး ရိတ်ခိုင်းရင် ကိုယ်လည်း သက်သာတယ်။ ပိုက်ဆံလည်း မပေးရတဲ့အပြင် သူများ ရိတ်သိမ်းပေးတဲ့ဆန်တွေ ဂျုံတွေ အာလူးတွေဟာ ကိုယ့်ကိုယ် ရိတ်သိမ်းတာထက် ရောင်းတဲ့အခါ ဈေးပိုရတယ်။ ရိတ်သိမ်းပေးတဲ့သူကလည်း အပင်တွေရဲ့ ၂၅% ကို ရတယ်။

ဒါက စစချင်း သိပ် မတတ်ခင်တုန်းက စောင်းစောင်း ရွဲ့ရွဲ့နဲ့ ထွန်ယက်ထားတဲ့ လယ်ကလေး။ အဲဒီတုန်းက ပိုက်ဆံ တစ်ပြားမှ မကျန်တော့တော့ ဈေးထဲမှာ hire me.. hire me နဲ့ သွားအော်နေတာ။ လူတစ်ယောက်က လာငှားသွားပြီး ကော်ဖီခင်း အကြီးကြီး တစ်ခင်လုံး ရိတ်လိုက်ရတာ တော်တော် ပိုက်ဆံရလိုက်တယ်။ နောက်ပိုင်း အဲဒီလောက် ကံမကောင်းတော့ဘူး။ အငှားခံရရင်လည်း သုံးယောက် လေးယောက် ငှားတာဆိုတော့ အပြိုင် လိုက်ရိတ်သိမ်းနေရတယ်။ ကိုယ့်လယ်တွေ သီးပြီဆိုရင်လည်း သူငယ်ချင်းတွေ online ရှိမရှိကြည့်၊ မရှိရင် ဘယ်အချိန်လာမလဲလို့ ဖုန်းနဲ့မေးရတာလည်း အလုပ်တစ်ခု :D ရိုးသားကြိုးစား လယ်သမား လုပ်နေတာ။ စာတောင် ဒီလောက် မကြိုးစားဖူးဘူး။

အားလုံး real-time ကစားနေတာကြောင့် ဈေးထဲမှာ ကမာ္ဘအနှံ့က ကစားနေတဲ့သူတွေကို တွေ့နိုင်တယ်။ ဈေးကသူတွေနဲ့ဖြစ်ဖြစ် ကိုယ့်လယ်ကို လာလည်တဲ့သူတွေနဲ့လည်း chat လုပ်လို့ ရတဲ့ function လည်းပါတယ်။ သူများတွေ စိုက်ထားတဲ့ လယ်ကွက်တွေထဲကို လိုက်လည်ရတာလည်း ပျော်စရာ တစ်မျိုးဘဲ။ အခုတော့ level 18 ရောက်နေပြီ။ မကြာခင် လယ်ထပ်ချဲ့လို့ရပြီ။ level က experience point အရ တက်သွားတာ။ ဥပမာ စပါးတို့ ကော်ဖီတို့ စိုက်ရင် ရိတ်သိမ်းပြီး ရောင်းတဲ့အခါ မြိုးမြိုးမြက်မြက် ရပေမယ့် သုံးရက်လောက်နေမှ ရိတ်သိမ်းလို့ ရတာဆိုတော့ experience point က သိပ်မတက်ဘူး။ အစပိုင်းတော့ experience point မြန်မြန်တက်အောင် အာလူးချည်း ဖိစိုက်ပစ်တယ်။ ၁ရက်ကြာမှရိတ်သိမ်းလို့ရမယ့်အပင်ဟာ နောက်တစ်ရက်ကျော်သွားရင် ပျက်စီးသွားတယ်။ အဲဒီတော့ ကိုယ်အားမယ့်အချိန်၊ online တက်ဖြစ်မယ့် အချိန်နဲ့ ကိုက်ပြီး စိုက်ရသေးတယ်။ ဥပမာ - နှစ်ရက်လောက် အင်တာနက် မသုံးဖြစ်ဘူးဆိုရင် သုံးရက်လောက် ကြာမယ့် ကော်ဖီတို့ နေကြာပင်တို့ စိုက်ခဲ့လိုက်တယ်။ အပေါ်ကပုံက သုံးရက်လောက် ကစားဖြစ်မှာ မဟုတ်လို့ ကော်ဖီနဲ့ နေကြာစိုက်ခဲ့တဲ့အချိန်။

ဒါက အပျင်းပြေ ဟိုတစ်ကွက် ဒီတစ်ကွက် စိုက်ထားတဲ့လယ်။ ကစားနေတာမလို့ပေါ့။ တကယ်အပြင်မှာတော့ အဲလို ကွက်ကြား ကွက်ကြား လယ်စိုက်ရင် အပင်တွေ အောင်ပါ့မလားတောင် မသိဘူး။

အခု လက်ရှိ အခြေအနေ။ စပါးတွေချည်း အဓိက စိုက်ထားတယ်။

လယ်ကွက်က 16x16 ရှိသွားပြီ။ မကြာခင် 18x18 ကို ချဲ့လို့ရပြီ။ ဒီဂိမ်းကစားပြီ စွဲနေတာ၊ လမ်းသွားလို့ လမ်းဘေးဝဲယာမှာ ငှက်ပျောပင်၊ အုန်းပင်တွေ တွေ့ရင် Farm Town ထဲက အပင်လေးတွေကို သတိရမိပြန်ရော။ ဘယ်level ရောက်ရင် ပျင်းပြီး ရပ်သွားမလဲဆိုတာ သိချင်လို့ ဆက်ကစားကြည့်ဦးမယ်။ ဒီလိုနဲ့ လယ်စိုက်လိုက်၊ ရိတ်သိမ်းခါနီးကြတော့ ပင်ပင်ပန်းပန်းစိုက်ထားတဲ့ လယ်ကလေးကို ဒီအတိုင်း ရိတ်ပစ်ရမှာ နှမြောတာနဲ့ screenshot ရိုက်ပြီး save ထားတာ။ ဘယ်လောက် ရူးသလဲဆို :D .. ဘလော့ဂ်ရေးဖို့ ပို့စ်တစ်ခု ရသွားလေသတည်း။

နောက်ဆက်တွဲ (Bonus)

လယ်တွေကို ဒီလိုထပ်ပြီး စိုက်လို့ရတယ်ဆိုတာ အခုမှသိတယ်။ ဒီနည်းက IE မှာဘဲ အလုပ်လုပ်တယ်။ တစ်ခြား browser နဲ့ဆို မရဘူး။ ပထမဆုံး ညာဖက်ဆုံးက လယ်တစ်ကွက်ကို အရင် plow လုပ်လိုက်။ ပြီးရင် ဒုတိယ လယ်ကို plow လုပ်ဖို့ mouse နဲ့ထောက်၊ အစိမ်းရောင်အကွက်ကလေးရပြီဆိုရင် right click နှိပ်လိုက်။ ပြီးရင် ပထမ ထွန်ထားတဲ့ လယ်ပေါ်မှာ left click နှိပ်။ အဲလိုဆို ထပ်ပြီးသား ဖြစ်သွားရော။ သိသွားတော့လည်း လွယ်မှလွယ်။ ဒီနည်းနဲ့ဆို ပိုက်ဆံ မြန်မြန်ဝင်ပြီး level မြန်မြန်တက်တယ်။ သဉ္ဖာ့ကွန်ပျူတာမှာ IE crash ဖြစ်နေတာ ကြာပြီ။ သုံးလည်းမသုံးတော့ fix လုပ်ရမှာလည်း ပျင်းတာနဲ့ ဒီအတိုင်း ထားထားတာ။ ရုံးမှာ testing တွေ ဘာတွေ လုပ်ရင် IE သုံးလို့ မရဘူးလို့ ဆင်ခြေပေးပြီး တစ်ခြားသူကို လုပ်ခိုင်းတာ :D လယ်စိုက်ဖို့လိုအပ်မှ IE ကို ကြိုးကြိုးစားစား fix လုပ်တာ သိရင်တော့ .. အင်း.. ချီးကျူးမှာတော့ မဟုတ်ဘူး။ သေချာတယ်။



A hasty tour guide & a rushed tour (2)

စင်ကာပူကို နှစ်ရက်အတွင်းမှာ သုတ်သုတ်သွား သုတ်သုတ်ပြန် လုပ်ပြီးတော့ ကျန်နေတဲ့ တစ်ရက်ခွဲမှာ KL မှာ ခြေဆန့်ကြပါတယ်။ ပထမ နေ့တစ်ဝက်မှာ အဒေါ်တွေကို MyDIN ကုန်တိုက်နဲ့ ကုလားတန်း ခေါ်သွားလိုက်တာ ဆိုင်တွေ မပိတ်မချင်း ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့ပါဘူး။ ကွာလာလမ်ပူမှာ လက်ဆောင်ပစ္စည်း ဝယ်လို့ အကောင်းဆုံးနေရာပါ။ ပစ္စည်းစုံပြီး ဈေးလည်း သက်သာတယ်။ MyDIN ကတော့ စင်ကာပူက Mustafa လိုမျိုး ဈေးပေါပေါနဲ့ ပစ္စည်း အစုံရတဲ့ ကုန်တိုက်ပေါ့။ အဲဒီကအပြန် KLCC ဝင်၊ ညစာစား ဓါတ်ပုံရိုက်ပြီး အိမ်ပြန်ခဲ့တယ်။ Twin Tower က ညဘက်မှာ တော်တော်လှတယ်။ နေ့ဘက်ကြတော့လည်း တစ်မျိုးလှတာပေါ့။

နောက်တစ်နေ့ မနက် အစောကြီးထပြီး twin towers ရဲ့ sky bridge တက်ဖို့ လက်မှတ် သွားတန်းစီတယ်။ တစ်နေ့ကို လက်မှတ် အစောင် ၁၀၀ဝ အလကား ပေးတယ်ဆိုပေမယ့် စောစောမသွားရင် လက်မှတ်ရဖို့ မလွယ်ဘူး။ ၈း၃ဝမှာ လက်မှတ်စဝေတယ်။ ၈းဝဝလောက် ရောက်သွားတာ ကိုယ့်အရှေ့မှာ လူတွေ တော်တော်များနေပြီ။ ဒါပေမယ့် ကိုယ့်လိုဘဲ အိပ်ချင်မူးတူးနဲ့ လာတန်းစီနေတဲ့သူတွေ များတယ်။ တစ်ယောက်ကို လက်မှတ် ၅စောင် အထိ ယူလို့ရတယ်။ ပထမဆုံး sky bridge visit က ၉းဝဝ မှာ စတယ်။ ၁၅ မိနစ် တစ်ဖွဲ့နှုန်းနဲ့ တစ်ခေါက်ကို လူ ၄ဝ လောက်စီ ပါတယ်။ ကိုယ်တို့တွေက ၁ဝးဝဝနာရီ လက်မှတ်ရတယ်။ စနေနေ့ဆိုတော့ လက်မှတ်က ခဏလေးနဲ့ ကုန်သွားတယ်။ Twin towers က ၈၈ ထပ် ရှိပေမယ့် ၄၄ ထပ်က တံတားအထိဘဲ တက်လို့ရတာ။ ဘာရယ်တော့ မဟုတ်ပေမယ့် မလေးရှားနိုင်ငံရဲ့ landmark ဆိုတော့ ကမာ္ဘလှည့် ခရီးသွားတွေလည်း တက်ဖူးသည် ရှိအောင်တော့ တက်ကြည့်ကြတာနေမှာ။ စာရေးရတာ ပျင်းလာပြီ။ ပုံဘဲ တင်တော့မယ်။ KL မှာ လည်စရာ ဒီလောက်ဘဲ ရှိပါတယ်။

KLCC Park and KL Convention Centre

The area between Public Bank and KLCC

Public Bank, Istana Budaya from KLCC skybridge

KL Twin Tower Building

Prime Minister Office (Putrajaya)

Sunway Pyramid

Berjaya Hills လည်း သွားသေးတယ်။ ဒါပေမယ့် ရောက်ပြန်ဘဲ။ အဲဒီနေရာက တစ်ခါရောက်ပြီးရင် ထပ်မသွားချင်တဲ့နေရာ။ ဘာမှလည်း မရှိဘူး။ ဓါတ်ပုံရိုက်လို့ လှတာ တစ်ခုဘဲ။ ခပ်သုတ်သုတ်လည်ရတာဆိုတော့ ကင်မရာကို တစ်နေရာကို ချိန်၊ တစ်ယောက်ပြီး တစ်ယောက် ကင်မရာရှေ့ကို ဝင်ရပ်၊ ကလစ်... ပြီးရင် နောက်တစ်နေရာပြောင်းပေါ့။ သုံးရက်ခွဲအတွင်း စင်ကာပူနဲ့ မလေးရှားကိုလည်တာ tourist တွေတော့ မသိဘူး။ tourist guide တော့ ဘာမှန်းတောင် မသိလိုက်ဘူး။ မြန်လွန်းလို့။ :-P


My new toy

အိမ်မှာ အင်တာနက် လျှောက်ဖို့ စဉ်းစားနေတာ ကြာပြီ။ ဒါပေမယ့် ကိုယ်နေတဲ့နေရာဝန်းကျင်မှာက Streamyx လဲ အဆင်မပြေ WiFi တွေကလည်း မမိတမိဆိုတော့ ကပ်စေးလည်း နည်းနေတာနဲ့ဘဲ အခုမှ သွားလျှောက်ဖြစ်တယ်။ အရင်က Jusco က free wi-fi ကို သွားသုံးလိုက် Starbucks သွားလိုက်ဘဲ လုပ်နေတာ။ ဒီမှာ ရွေးချယ်စရာကလည်း နည်းပါးတယ်။ Wireless broadband ထဲမှာဆိုရင် Maxis နဲ့ Celcom က 3G, HSPDA, EDGE ရတယ်။ uMobile နဲ့ Digi က 3G မရသေးဘူး။ လပေါင်း တော်တော်ကြာကြာကို စဉ်းစားတွေးခေါ်ချင့်ချိန်ပြီး စိတ်ကူးပေါက်တဲ့တစ်ရက်မှာ Celcom Broadband သွားလျှောက်ပြီး Vodafone USB modem ကို RM ၃၉၉ နဲ့ ဝယ်ခဲ့တယ်။ Basic Package, Monthly Unlimited (5GB fair usage) အတွက် တစ်လကို ၆၈ ရင်းဂစ်။ Contract တွေ ဘာတွေ မရှိဘူး။ အရင်က သုံးတာ ၁၂လ မတိုင်ခင် ရပ်မယ်ဆို ရပ်ဆိုင်းခ ၃၅ဝ ပေးရသေးတယ်။ အခု မပေးရတော့ဘူး။ modem ကို အရစ်ကျ ဝယ်ချင်ရင်တောင် ရသေးတယ်။ ဒါပေမယ့် modem အရစ်ကျ ဝယ်မယ်ဆိုရင် ၁၈လ contract ချုပ်ရတယ်။ Unlimited ဆိုပေမယ့် ၅GB ထက် မကျော်ရဘူးတဲ့။ ဒေါင်းလုတ်တွေတော့ သိပ်လုပ်လို့ မရဘူး။ Unlimited ဆိုပြီး 5GB ဆိုတာ ဘာကြီးလဲလို့ မပြောပါနဲ့။ သင့်တင့်မျှတစွာ သုံးစွဲမှု ပေါ်လစီ (Fair Usage Policy ) ပါတဲ့။ :-D speed က 384kbps ဆိုပေမယ့် သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Advanced package (3.6Mbps) က တစ်လကို ရင်းဂစ် ၉၈ ဆိုတော့ စဉ်းစားဦးမယ်။ သူလည်း တစ်လ 5GB ဘဲဆိုတော့ ဘာမှ သိပ်မထူးပါဘူး။ ပိုမြန်တော့ 5GB မြန်မြန်ပြည့်တာပေါ့။ ကိုယ့်ကိုယ် ကပ်စီးနည်းနေတာဘဲ ကောင်းတယ်။

I just subscribed to Celcom broadband. RM 68 per month, without contract or activation fees is a very good deal. I bought the Vodafone Modem for RM 399, paid RM 500 deposit since being a foreigner, RM 68 for the first month, that’s it. No other hidden cost. The speed is quite ok for my house area, Taman Melati. I’m now enjoying this new toy. ;)

At first, when I plugged-in the modem, an error message prompted saying “Get Profile failed”. After some googling, I found out that this is Vodafone-specific problem. The problem is solved after I followed the following instructions given in this forum.
1. Click Start, right-click My Computer, and then click Manage.
2. Double-click Services and Applications, and then double-click Services.
3. Right-click Telephony and then click Properties.
4. On the General tab, click Manual next to Startup type.
5. On the General tab, click Start under Service status, and then click OK.
6. Repeat steps 3 - 5 for the Remote Access Connection Manager Service and for the Remote Access Auto Connection Manager Service.


Workshop တစ်ခုမှ ရရှိခဲ့သော ဗဟုသုတများ

Semantic Technology နဲ့ပါတ်သတ်ပြီး workshop ၆ရက် တက်ခဲ့တယ်။ Trainer က အမေရိကန် တရုတ် Cornell ကနေ PhD ရထားတဲ့ computer scientist တစ်ယောက်ပါ။ (Semantics အကြောင်းကိုတော့ နောက် စိတ်ကူးပေါက်ရင်တော့ ရေးဦးမယ်။) ဒီ workshop တက်ရတာ ပညာလည်းရ ဗဟုသုတလည်း တိုးပါတယ်။ အဓိကက Semantics Technology ကို သင်တာဆိုပေမယ့် Dr. Wu က သူ့ရဲ့ Silicon Valley က အတွေ့အကြုံတွေကို ကြားထဲမှာ ညှပ်ညှပ်ပြောသွားတဲ့အတွက် သူ့ရဲ့ သင်တန်းချိန်တိုင်းဟာ ပျင်းစရာလုံးဝ မကောင်းခဲ့ပါဘူး။

(LISP = LISt Processing)
LISP ဆိုတာ ကွန်ပျူတာရဲ့ သမိုင်းမှာ ဒုတိယ မြောက် programming language ဖြစ်ပြီး ပထမဆုံး ကတော့ FORTRAN ပါ။ FORTRAN ကို နောက်ပိုင်း သိပ်မသုံးကြတော့ပေမယ့် LISP ကတော့ ယနေ့ထိ အသုံးဝင်တဲ့ language တစ်ခု ဖြစ်နေဆဲပါ။ အရင်က LISP ဆိုတာ ကြားဖူးရုံဘဲ ကြားခဲ့တာ။ Programming Language တွေထဲမှာ လေ့လာရ အလွယ်ကူဆုံးဖြစ်ပေမယ့် သူ့ကို ကျွမ်းကျင်ပိုင်နိုင်ဖို့တော့ ခက်တယ်လို့ ဆိုပါတယ်။ သင်တန်းရဲ့ နောက်ဆုံးရက်မှာ LISP ကို သင်ရတယ်။ Hello World လောက်တော့ စက္ကန့်ပိုင်းအတွင်းမှာ ရေးလို့ရတယ်။ ဒေါက်တာဝူကတော့ Software Engineer ကောင်းတစ်ယောက်ဖြစ်ချင်ရင် LISP ကို လေ့လာပါလို့ ပြောပါတယ်။ နောက်တစ်မျိုးပြောရရင် LISP ကို ကျွမ်းကျင်တဲ့သူဟာ software engineer ကောင်းတစ်ယောက်ဖြစ်လာမှာ သေချာသလောက် ရှိတာပေါ့။ LISP ဟာ ကျွမ်းကျွမ်းကျင်ကျင်သိရင် လွယ်ကူပြီး အသုံးဝင်တဲ့အတွက် LISP programmer တွေဟာ C++ တို့ Perl တို့နဲ့ ရေးရရင် ဒုက္ခတစ်ခု လို့ မြင်ပါတယ်တဲ့။

Paul Graham ဆိုတဲ့သူဟာ ၁၉၉၅ လောက်က သူငယ်ချင်း software engineer နှစ်ယောက်နဲ့အတူ LISP programming ကို သုံးပြီး Online Store ကို စခဲ့တယ်။ တိုက်အဟောင်းတစ်ခုရဲ့ ထပ်ခိုးလေးမှာနေပြီး ViaWeb ဆိုတဲ့ e-commerce site တစ်ခုကို လူသုံးယောက် နဲ့ ရေးခဲ့တယ်ဆိုတာ ချီးကျူးဖို့ ကောင်းပါတယ်။ အင်တာနက်သမိုင်းမှာ ပထမဆုံး web-application ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခြား C++ နဲ့ ရေးထားတဲ့ web-application တွေလည်း မရှေးမနှောင်းမှာဘဲ ပေါ်ပေါက်လာခဲ့တယ်။ ဈေးကွက်မှာ Yahoo ကြီးစိုးလာပြီး နောက်ပိုင်း သူတို့ Online Store ကို yahoo က ဝယ်လိုက်ပြီး Yahoo Store ဖွင့်လိုက်တယ်။ ပေါလ်ဂရေဟမ်ဟာ စာချုပ်အရ Yahoo မှာ တစ်နှစ် အလုပ်လုပ်ပေးပြီး ထွက်လိုက်တယ်။ နောက်ပိုင်း yahoo store ကို ဆက်ပြီး maintain လုပ်တဲ့ programmer တွေက LISP ကို ကြောက်လို့ C++ နဲ့ Perl ကို သုံးပြီး အစအဆုံး ပြန်ရေးခဲ့တယ်။

LISP နဲ့ ရေးထားတဲ့ တစ်ခြား လူသိများတဲ့ application တွေကတော့ Emacs text editor နဲ့ AutoCAD တို့ ဖြစ်ပါတယ်။ Java တို့ .NET framework တို့ကို အဓိက စတင်ခဲ့တဲ့သူတွေဟာလဲ တစ်ချိန်က နာမည်ကျော် LISP programmer တွေ ဖြစ်တယ်လို့ သိရပါတယ်။ ကျမတက်ခဲ့တဲ့ workshop ရဲ့ trainer ကလည်း သူ့ကိုယ်သူ LISP programmer တစ်ယောက် ဖြစ်ရတာ အရမ်းကို ဂုဏ်ယူတယ်။ ဒီလောက် ညွှန်းထားတော့လည်း အချိန်ရရင် သေချာ လေ့လာကြည့်ဦးမယ်။

Dr. Wu အမြဲပြောနေတဲ့ နောက်မှတ်သားမိတာ တစ်ခုကတော့ programming ဆိုတာ သိပ္ပံပညာရပ် မဟုတ်ဘူး။ အနုပညာ တစ်မျိုးဖြစ်တယ်တဲ့။ (ဒါကြောင့် US က ကျောင်းတော်တော်များများမှာ Computer Science ဘာသာရပ်က Faculty of Arts အောက်မှာ ရောက်နေတာ ဖြစ်မယ်။) ဘယ်လိုပုံစံရေးမှ program တစ်ခု ဖြစ်မယ်ဆိုတဲ့ ပုံသေ သတ်မှတ်ချက်မရှိဘူး။ programmer တစ်ယောက်က လိုသလို ဖန်တီးလုပ်ယူလို့ရတယ်။ သူပေးတဲ့ဥပမာတစ်ခုက - အရင်တုန်းက မော်တော်ကား ထုတ်လုပ်မှုပိုင်းမှာ အမေရိကန်တွေက ကမာ္ဘကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ဂျပန်တွေဟာ အမေရိကန်ကားတွေကို ဝယ်၊ တစ်စချင်းစီ ဖြုတ်ပြီးတော့ လေ့လာတယ်။ နောက်တော့ အမေရိကန်ကားတွေထက် ကောင်းတာကို ထုတ်လုပ်နိုင်ခဲ့တော့ ကမာ္ဘ့ကားဈေးကွက်ဟာ ဂျပန်တွေ လက်ထဲ ရောက်သွားခဲ့တယ်။ နောက်တော့ အမေရိကန်မှာ ဆော့ဖ်ဝဲ ကုမ္ပဏီတွေ ထွန်းကားလာခဲ့တော့လည်း အရင်နည်းအတိုင်း ဂျပန်တွေ လုပ်ပြန်တယ်။ နာမည်ကြီး software တွေကို ဝယ်ပြီး နှံ့နှံစပ်စပ် လေ့လာပြန်တယ်။ ပြီးတော့ အမေရိကန်တွေကို တုပဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မမေရိကန်ကို မကျော်နိုင်ခဲ့ပါဘူး။ အနုပညာဆိုတာမျိုးက လိုက်ပြီး တုပလို့ ရတာ မဟုတ်လို့ပါဘဲ။ ဗန်ဂိုးရဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ပြီး သူဆွဲထားသလို တစ်ကြောင်းချင်း လိုက်ခြစ်ပေမယ့် ပုံစံတူ ပန်းချီကား နောက်တစ်ခုထွက်လာမှာ မဟုတ်သလိုဘဲပေါ့။

နည်းပညာတွေဟာ အမြဲ တိုးတက် ပြောင်းလဲနေတယ်။ ဒါပေမယ့် programming language တွေဟာ နည်းပညာပြောင်းလဲမှုနောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ programming ဆိုတာ နည်းပညာတစ်ဝက် ၊ programmer တွေရဲ့ အတွေးအခေါ်တစ်ဝက်နဲ့ ပေါင်းစပ်ဖွဲ့တည်နေလို့ပါဘဲ။ မှတ်သားစရာတွေ တွေးစရာလေးတွေ အများကြီးရခဲ့တဲ့ workshop တစ်ခုဖြစ်ခဲ့ပါတယ်။

References:


A hasty tour guide & a rushed tour (1)

အရင်အပါတ်က အဒေါ်နဲ့ အစ်မ တစ်ဝမ်းကွဲ ကိုယ့်ကို တွေ့ဖို့ မလေးရှားကို ၄ရက်လောက် transit ဝင်တယ်။ စင်ကာပူလည်း ရောက်ဖြစ်သွားအောင် ၂ရက် တစ်ည ခရီး စီစဉ်လိုက်တော့ တော်တော်လေးကို ပြေးလွှားပြီး လည်ရတဲ့ ခရီး တစ်ခု ဖြစ်သွားတယ်။ စင်ကာပူဆိုတာ မြေပုံကြည့်ပြီး မြို့ပါတ်လို့ရတဲ့ နိုင်ငံမို့ ကိုယ်ဘဲ တိုးဂိုက်လုပ်ပြီး ခေါ်သွားမယ်ပေါ့။ ဒီတိုးဂိုက်ကို အားကိုးမိတဲ့ တိုးရစ်နှစ်ယောက်ကတော့ လေးရက်လုံး ကိုယ်ပြေးတဲ့နောက် လိုက်ပြေးနေခဲ့ရတာဘဲ။
စင်ကာပူဗီဇာကိုတော့ အစောကြီး သွားတင်ထားလိုက်လို့ တော်သေးတယ်။ မလေးရှားမှာ စင်ကာပူဗီဇာကို သံရုံးမှာ တင်လို့ မရတော့ဘူး။ အေးဂျင့်ငါးခုကို ကန်ထရိုက်ပေးလိုက်ပြီ။ ဒါနဲ့ ရှာရအလွယ်ဆုံး နေရာဖြစ်တဲ့ Times Square ရှေ့က AMODA Building (level 3) မှာ သွားလုပ်တယ်။ ခါတိုင်း ဗီဇာကြေး ၇၁ကျပ်အပြင် ဝန်ဆောင်ခ ၂၉ ကျပ်ပေးရတော့ စုစုပေါင်း ရင်းဂစ် ၁၀ဝ ကျသွားတယ်။ ကားလက်မှတ်ကို Transnasional ကနေ အသွားအပြန် ဝယ်လိုက်တယ်။

စင်ကာပူမရောက်ခင်ကတည်းက ပြေးရလွှားရတာက စတာဘဲ။ မနက် ၈း၄၅ လက်မှတ်ဝယ်ထားတာ ရထားကျပ်နေတာနဲ့ ၁ဝ မိနစ်လောက် နောက်ကျသွားတော့ ကားက ထွက်သွားပြီ။ နောက်ကား ၁၁းဝဝ နာရီကားကို ဈေးတစ်ဝက် ထပ်ပိုပေးပြီး စောင့်စီးရတယ်။ အဒေါ်တွေနဲ့ကလည်း မတွေ့တာ တော်တော်ကြာသွားပြီဆိုတော့ တစ်လမ်းလုံး စကားပြောရင်း စင်ကာပူကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ဘူး။

စင်ကာပူကို ညနေ လေးနာရီကျော်မှ ရောက်သွားတော့ Orchid Garden တို့ Bird Park တို့ ခေါ်သွားဖို့ မမှီတော့ဘူး။ Lavander ကားဂိတ်ရှေ့က တွေ့တဲ့ တည်းခိုခန်းတစ်ခုမှာဘဲ တည်းလိုက်တယ်။ MRT နဲ့လည်း သိပ်မဝေးတော့ တော်တော် အဆင်ပြေတယ်။ စင်ကာပူက Fish Head Curry ကိုတော့ အရမ်းကြိုက်လို့ Little India ဘက်သွားပြီး ညစာစားတယ်။ ပြီးတော့ Night Safari ကို သွားတယ်။ ဘတ်စ်ကားကို မိနစ် ၄ဝ လောက် စီးလိုက်ရတော့ ည ကိုးနာရီခွဲမှ ရောက်တယ်။ အချိန်သိပ်မရလို့ လမ်းမလျှောက်ဖြစ်ဘူး။ Tram စီးပြီးတော့ဘဲ ကြည့်ဖြစ်တယ်။ နောက်ဆုံးတစ်ကောင်ဘဲ မှတ်မိတော့တယ်။ ဗမာပြည်က သမင်တဲ့။ (THAMIN) လို့ ပေါင်းထားတယ်။ :D (နာမည်အသစ် ပေးထားတဲ့ သစ်ခွပန်းကို သွားမကြည့်လိုက်ရတာ နာတာဘဲ။) MRT က ည ၁၁း၃ဝ ရပ်တာဆိုတော့ ဘယ်လိုမှ မမှီနိုင်တော့ဘူး။ တိုးဂိုက်လဲ တော်တော် စိတ်ညစ်သွားတယ်။ အဲဒီနားမှာ မြို့ထဲ ရောက်တဲ့ Express ကားကိုတွေ့လိုက်လို့ တော်သေးတယ်။ ၁၁း၃ဝ ထွက်တဲ့ နောက်ဆုံးကားကို ကပ်မှီလိုက်ပြီး ၄ဒေါ်လာနဲ့ မြို့ထဲ ပြန်ရောက်သွားတယ်။ Esplanade ဘက်သွားဖို့လုပ်ထားတာ အရမ်းနောက်ကျသွားတော့ မရောက်လိုက်ဘူး။

စင်ကာပူမှာ MRT ရထားလက်မှတ်ဝယ်ရတာ သိပ်အချိန်ကြာပြီး စိတ်ညစ်ဖို့ကောင်းတယ်။ ကောင်တာမှာလည်း မရောင်းတော့ စက်ကနေ ဝယ်ရတယ်။ အဲဒီစက်ကလည်းနှေးနှေးကွေးကွေး။ တိုးရစ်တွေကို ကိုယ်ချင်းစာတယ်ဆိုရင် အဲဒီစက်ကို နည်းနည်း ပိုမြန်အောင် လုပ်သင့်တယ်။ အရေးအကြောင်းဆို လက်မှတ်ဝယ်နေတာနဲ့ဘဲ မပြီးတော့ဘူး။ လက်မှတ်ဝယ်တဲ့အခါ တစ်ဒေါ်လာ ပိုဖြတ်ပြီး ပြန်ထွက်တဲ့အခါ အဲဒီလက်မှတ်ကို စက်ထဲ ပြန်သွင်းမှ တစ်ဒေါ်လာ ပြန်ရတယ်။ ဒုတိယအကြိမ် လက်မှတ်ဝယ်တဲ့အခါ ပထမတစ်ခေါက်က လက်မှတ်တွေကို တစ်စောင်ချင်းသွင်းပြီး တစ်ဒေါ်လာစီ ပြန်ယူရတယ်။ ပြီးတော့ တစ်စောင်ချင်းစီ တစ်ခါ ထပ်ဝယ်ရတယ်။ တစ်ခြားကဒ်တွေ top-up လုပ်သလို ငွေသွင်းပေးလိုက်လို့ မရဘူးလား မသိပါဘူး။ ထည့်လိုက်သွင်းလိုက် အလုပ်ကို ရှုပ်နေတာဘဲ။ လူ ၁ဝ ယောက်လောက်များသွားရင်တော့ လက်မှတ်ဝယ်ဖို့ နာရီဝက်လောက် အချိန်ယူရမယ်။

ဒုတိယတစ်ရက်မှာ ညနေငါးနာရီ အပြန် လက်မှတ်ဝယ်ထားတာဆိုတော့ Sentosa သွားဖို့ဘဲ စီစဉ်လိုက်တယ်။ မတ်လ ၃၁ ရက်နေ့အထိ ၃၀% ဈေးလျှော့ထားတော့ Merlion+Sky Tower+Fort Siloso+4D Theatre ကို ၃၃ဒေါ်လာဘဲ ပေးရတယ်။ ညနေ ကားမမှီမှာ စိုးလို့ Sentosa ထဲမှာ မပါတ်ပြေးရုံတမယ် လည်လိုက်ရတယ်။ 4D Cinema ကို တော့ အကြိုက်ဆုံးဘဲ။ ဓါတ်ပုံတောင် နည်းနည်းဘဲ ရိုက်ဖြစ်တယ်။ အရေးထဲ မိုးရွာလို့ မိုးခိုနေရသေးတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့စာရင် အများကြီးကောင်းသွားတယ်။ ကျွန်းပေါ်မှာ ဘတ်စ်ကား ၁ဝမိနစ်လောက်ဆို တစ်စီး ရှိတယ်။ အရင်တုန်းက နာရီဝက်လောက် စောင့်ရတယ်။ စောစောပြန်ခဲ့ရလို့ Song of the Sea ကို မမှီခဲ့ဘူး။ ငါးရဲ့ကိုယ်မှာ ခြင်္သေ့ခေါင်းကို ပေါက်ပေါက်ရှာရှာ တပ်ထားပေမယ့် ကြည့်ကောင်းသလိုလို ရှိသားဘဲ။

Vivo City ကလို့ ထင်တာဘဲ။ ဆိုင်နာမည်လေးရယ်၊ ပေါက်စီပေါင်းချောင်ကို ပေါင်ချိန် ဦးထုပ်နဲ့ ခပ်ဆင်ဆင် လုပ်ထားတဲ့ idea လေးရယ်ကို အရမ်းသဘောကျတယ်။
A view from sky Tower
Fort siloso ထဲမှာ ဒေါင်းအမေကြီးနောက် တကောက်ကောက် လိုက်နေတဲ့ ဒေါင်းကလေးတွေ။ ကြက်ကလေးတွေနဲ့တူတယ်။

Surrender Chamber (စင်ကာပူရဲ့ တစ်ခုတည်းသော ဖယောင်း ရုပ်တု ပြတိုက်လို့ ပြောတာဘဲ။)

တစ်ခါသေဖူး ပျဉ်ဖိုး နားလည်သွားပြီး အမောတကောနဲ့ ပြေးပြန်လာခဲ့တော့ ကားထွက်ဖို့ ၁ဝ မိနစ်အလိုမှာ ကားဂိတ်ကို ရောက်သွားတယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ခရီးလည်းသွား ဝိတ်လည်းကျချင်တဲ့ သူတွေအတွက် တိုးဂိုက်လုပ်မလား စဉ်းစားနေတယ်။ KL မှာ ပြေးခဲ့တာတွေတော့ မကြာမှီ လာမည်။ :D


ကမ္ဘာမြေကြီးအတွက် တစ်နာရီ

မနေ့က သတင်းစာထဲမှာ ဖတ်မိပြီး စိတ်ဝင်စားလို့ Earth Hour အကြောင်း အချက်အလက်တွေ လိုက်ရှာဖြစ်တယ်။ ကမာ္ဘကြီး ပူနွေးပြီး ရာသီဥတု ဖောက်ပြန်လာတာကို လူတွေ သတိပြုမိစေဖို့အတွက် နှစ်စဉ် ကမာ္ဘ့မြို့ကြီးတွေမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီးနေတဲ့ တစ်နာရီတိတိကို Earth Hour လို့ခေါ်ပါတယ်။ World Wide Fund For Nature (WWF) အနေနဲ့ ၂၀၀ရ ခုနှစ် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ အိမ်ခြေနှင့် စီးပွါးရေးလုပ်ငန်းပေါင်း ၂.၂ သန်း က တစ်နာရီတိတ် မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီး နေပေးခြင်းဖြင့် Earth Hour စတင်ခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ ကမာ္ဘတစ်ဝှမ်းက လူသန်းပေါင်း ၅ဝကျော် ပါဝင်ခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ မြို့တော်ပေါင်း ၁၀ဝကျော်က လူပေါင်း သန်း၁၀၀ဝ လောက် ပါဝင်ဆင်နွှဲမယ်လို့ မှန်းထားပါတယ်။

မလေးရှားနိုင်ငံလည်း ၂၀၀၉ခုနှစ်မှာ ပါဝင်ဖို့ မနေ့က ကြေငြာလိုက်ပါတယ်။ လာမယ့် မတ်လ ၂၈ရက်နေ့ (စနေနေ့) ည ၈း၃၀-၉း၃ဝ အထိ ကွာလာလမ်ပူမြို့လယ်က အဆောက်အဦးတော်တော်များများကို မီးမှိတ်ထားမှာ ဖြစ်ပါတယ်။ KLCC တော့ မပါဘူး။ KL Tower ရယ်၊ 1 Utama, Pavillion စတဲ့ shopping center တွေရယ်၊ တစ်ခြား အထင်ကရ ဟိုတယ် တော်တော်များများပါတယ်။ စာရင်း အတိအကျကို ကြည့်ချင်ရင် ==> မလေးရှားစင်ကာပူ ။ ဒီတစ်နှစ်မှာ Earth Hour ကို ကမာ္ဘမြေကြီးနဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြား ရွေးကောက်ပွဲတစ်ရပ်လို့ သတ်မှတ်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်လည်း ကမ္ဘာမြေကြီးအတွက် မဲတစ်မဲထည့်တဲ့အနေနဲ့ March 28, 2009 (8:30-9:30 PM) မှာ မီးမှိတ်ပြီး နေပေးလို့ရရင် နေပေးသင့်ပါတယ်။ အဲဒီနေ့မှာ အပြင်ထွက်လည်ဖို့ စိတ်ကူးထားသူများ ကွာလာလမ်ပူမြို့လယ်ခေါင် မှောင်မှောင်မည်းမည်းထဲမှာ လမ်းမလျှောက်ချင်ရင်တော့ Earth Hour မတိုင်ခင် အိမ်ကို အမှီ ပြန်ကြပေါ့နော်။ (နိုင်ငံတိုင်းမှာ ဒေသ စံတော်ချိန်အတိုင်း မတ်၂၈ ည ၈း၃၀-၉း၃ဝ ကို Earth Hour အဖြစ် သတ်မှတ်ထားပါတယ်။)

News Sources:

Image Credit:



Doodles မှ စိတ်နေစိတ်ထား ခန့်မှန်းခြင်း

တစ်ခုခုကို စဉ်းစားနေရင်းဖြစ်ဖြစ် တစ်စုံတစ်ခုကို ကြည့်နေရင်းဖြစ်ဖြစ် လက်ထဲမှာ ခဲတံ (သို့) ဘောပင် တစ်ခုခု ရှိနေတယ်ဆိုရင် မထင်မှတ်ဘဲ ကိုယ့်ရှေ့မှာရှိတဲ့ စာရွက်အလွတ်ပေါ်မှာ ပုံလေးတွေ ဆွဲမိကြတယ်။ တစ်ခါတစ်လေတော့ တောင်ခြစ်မြောက်ခြစ် လျှောက်ခြစ်ထားမိမယ်။ အဲဒီလို အာရုံမစိုက်မိတဲ့အချိန်မှာ ဆွဲမိတဲ့ပုံလေးတွေကို doodle လို့ခေါ်ပါတယ်။ ကိုယ်က ဒီပုံကို ဆွဲမယ်လို့ စဉ်းစားပြီး ဆွဲတာမဟုတ်ဘဲ သူ့အလိုလို ဆွဲဖြစ်သွားတဲ့ ပုံလေးတွေဟာ အရာဝတ္ထု တစ်ခုခု ဖြစ်ရင် ဖြစ်နေမယ်။ ဒါမှမဟုတ် ကာတွန်းပုံလေးတွေလည်း ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ အဝိုင်းတွေ လေးထောင့်တွေကို စာရွက်ပြည့်အောင် ဆွဲမိနေမယ်။ ကမာ္ဘပေါ်မှာ doodle အများဆုံးဆွဲတာဟာ ကျောင်းသားတွေပါဘဲ။ စာသင်ခန်းထဲမှာ ပျင်းတယ်လို့ မခံစားဖူးတဲ့ ကျောင်းသား ရှိမယ်မထင်ဘူး။ အဲဒီအခါ စာအုပ်ပေါ်မှာ ဟိုခြစ်ဒီခြစ် လုပ်ကြတယ်။ ဆရာမရဲ့ ပုံကို ဆွဲကောင်း ဆွဲနေမိမယ်။

လူတစ်ယောက်ရဲ့ လက်ရေးကို ကြည့်ပြီး သူ့ရဲ့ စိတ်ကို ခန့်မှန်းလို့ ရသလိုဘဲ လူတစ်ယောက် အမှတ်မထင် ဆွဲထားတဲ့ပုံတွေကိုကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါတယ်တဲ့။

• တြိဂံ၊စက်ဝိုင်း၊ လေးထောင့် => စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူ။
• မြှား၊ လှေကား => ရည်မှန်းချက်ကြီးပြီး တစ်ခုခုကို အကောင်းအထည်ဖေါ်ဖို့ စဉ်းစားနေသူ။
• ကြယ် => အကောင်းမြင်တတ်သူ။
• အိမ်ပုံ => အိမ်လွမ်းနေသူ (သို့) မိသားစု တစ်ယောက်ယောက်ကို စောင့်နေတာ (သို့) တစ်နေရာရာမှာ အခြေတကျ နေနိုင်အောင် စဉ်းစားနေခြင်း။ အိမ်ပုံလှလှလေး ဆွဲလေ့ရှိသူဟာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ရထားတယ်လို့ ဆိုနိုင်တယ်။ မလှမပ ဆွဲထားတဲ့ အိမ် (သို့) ပြတင်းပေါက် မပါတဲ့ အိမ်ဆိုရင်တော့ အိမ်မှာ မပျော်တဲ့သူ တစ်ယောက်လို့ ကောက်ချက်ချလို့ ရမယ်။
• ကုဗတုံး၊ ဗဟုဂံ စတဲ့ သုံးဖက်မြင် ပုံများ => အဖက်ဖက်မှ စဉ်းစားချင့်ချိန်နိုင်သူ (သို့) ထိုသို့ စဉ်းစားလိုသူ။ ဒါပေမယ့် ကုဗတုံးပုံ သေတ္တာတွေကို မညီမညာ ဆင့်ထားတဲ့ပုံဆိုရင်တော့ ထိုသူဟာ တော်တော် စိတ်ဖိစီးမှု ခံနေရလို့ဘဲ။
• နာမည်တစ်ခုခုရေးပြီး အောက်မှာ မျဉ်းသားထားတယ်ဆိုရင် => အဲဒီ လူ (သို့) ပစ္စည်း (သို့) နေရာဟာ သင့်အတွက် အရေးပါလို့ပေ့ါ။
• သေနတ်၊ ဓါး၊ လက်နက်တစ်ခုခု => ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေသူ
• အကောင်အထည်မရှိတဲ့ပုံ => ဘာရယ်လို့ မယ်မယ်ရရ မပြောနိုင်တဲ့ ပုံတွေကို ဆွဲနေရင်တော့ ဦးတည်ရာမဲ့နေတာ (သို့) စိတ်အနှောင့်အယှက် ဖြစ်နေပုံ ရပါတယ်။
• ပန်းပွင့်၊ ပန်းအိုး၊ ပန်းပင် => နူးညံ့တဲ့ စိတ်ထားရှိသူ (သို့) စိတ်ထားဖြူစင်တဲ့သူလို့ အကြမ်းဖျင်းပြောကြတယ်။ ဒါပေမယ့် ဆူးတွေနဲ့ ပန်းဆိုရင်တော့ အချစ်ရေးနဲ့ ပါတ်သက်ပြီး ထိခိုက်ထားပုံဘဲ။
• Zig-zag => တစ်ယောက်ယောက်ရဲ့ နှစ်သိမ့်ပေးမှုကို လိုအပ်နေသူ။
• အုတ်နံရံပုံ => အခက်အခဲ အတားအဆီး တစ်ခုခုနဲ့ ရင်ဆိုင်နေရသူ။

ပုံဆွဲထားတဲ့ စာမျက်နှာ နေရာ အနေအထားကို ကြည့်ပြီး ကောက်ချက်ချလို့လဲ ရသေးတယ်။
• အလယ် => လူအများရဲ့ အရေးပေးမှုကို ခံလိုသူ။
• အပေါ် => လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူ။ သွက်သွက်လက်လက် ရှိသူ။
• ဘယ်ဘယ် => အများအားဖြင့် ဒီနေရာမှာ ဆွဲထားတာတွေဟာ ပုံဆွဲသူရဲ့ အတိတ် နဲ့ ပါတ်သက်နေမယ်။ ဒါမှမဟုတ် အနာဂတ် နဲ့ သက်ဆိုင်ကောင်း သက်ဆိုင်နေမယ်။
• ညာဘက် => တကယ်တမ်း စာရေးဖို့ ထားတဲ့ စာမျက်နှာရဲ့ ညာဖက်အပိုင်းမှာ ပုံတွေ လျှောက်ဆွဲထားတယ်ဆိုရင်တော့ ထိုသူဟာ သူ့ရင်ထဲက ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုနေသူ ဖြစ်တယ်။
• အောက်ဆုံး => တစ်ခုခုကို သံသယ ဝင်နေသူ (သို့) စိတ်ဓါတ်ကျနေသူ

အရင်ဆုံး စာအုပ်ပြန်လှန်ပြီး ကိုယ်ဘာပုံတွေ ဆွဲမိတတ်လဲဆိုတာ သတိထားကြည့်ပေါ့။ ပြီးရင် တစ်ခြားသူတွေရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်း ကောက်ချက်ချကြည့်လို့ ရတယ်။ ရာနှုန်းပြည့်တော့ မှန်ချင်မှ မှန်လိမ့်မယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ သုတေသန လုပ်ထားတာဆိုတော့ အချက်အလက် တော်တော်များများက လူအများစုအပေါ်တော့ အကျိုးသက်ရောက်မှု ရှိမှာပါ။ အင်တာနက်ထဲက ဖတ်မိတာတွေထဲက ကြိုက်တဲ့အချက် နည်းနည်းပါးပါးကို ဘာသာပြန်ထားတာပါ။ ဆက်ပြီး ဖတ်ချင်တယ်ဆိုရင်တော့ “Doodle Interpretation” ကို Google လုပ်ပြီး ရှာဖတ်နိုင်ပါတယ်။

Source: Wikipedia
Doodles Interpretation
Doodle Analysis
Image Credit: http://garcya.us/blog/top-20-free-brushes-list-awesome-collection/