How to install Myanmar Unicode Font?

[This page is written in "Zawgyi-One" font.]
သဉ္ဇာ့ဘလော့ကို ၂၀၁၁ မှစ၍ ယူနီကုဒ်ဖြင့် ပြောင်းရေးပါတယ်။ သဉ္ဇာ့ဘလော့ဂ်မှ စာများကို ကောင်းကောင်း ဖတ်မရဘူးဆိုရင်တော့ မြန်မာယူနီကုဒ်ဖောင့်များကို သွင်းဖို့ လိုအပ်ပါတယ်။ မြန်မာယူနီကုဒ်သွင်းရင် နဂိုရှိနေတဲ့ ဇော်ဂျီ ရေးမရ ဖတ်မရ မဖြစ်ဘူးဆိုတာ တာဝန်ယူပါတယ်။ :-D တစ်ခုရှိတာက all-in-one installer တွေ မသုံးဘဲ ကိုယ့်ကိုယ် တစ်ဆင့်ချင်း လိုက်ပြင်ဖို့တော့ လိုပါတယ်။ မခက်ပါဘူး။ ၅မိနစ်တောင် မကြာဘူးလေ။

၁။ ယူနီကုဒ် ဖောင့်ကို ဒေါင်းလုတ်လုပ်ပါ။ [Download Myanmar Unicode Fonts] (ယူနီကုဒ်ဖောင့် တော်တော်များများရှိပါတယ်။ မြန်မာ၃၊ သံလွင်၊ ပိတောက်၊ ပုရပိုက်၊ ယွန်းချို၊ မိုင်မြန်မာ၊ Xenotype, Masterpiece Uni Sans စသဖြင့်ပေါ့။ စက်ထဲမှာ တစ်ခု ရှိထားရင် လုံလောက်ပါတယ်။ လူအသုံးများတဲ့ ဖောင့် ငါးခုကို စုပြီး တင်ထားပေးပါတယ်။ )

၂။ Start -> Control Panel -> Fonts ကိုဖွင့်ပြီး ခုနက ဒေါင်းလုတ် လုပ်ထားတဲ့ ဖောင့်တွေကို ထည့်လိုက်ပါ။ တစ်ခုဘဲ သွင်းချင်လည်းရတယ်။ အားလုံး သွင်းလိုက်လည်း ဖြစ်ပါတယ်။ (အရင်က ထည့်ထားပြီးသား အဟောင်းတွေ ရှိနေရင် ထုတ်လိုက်ပြီး အသစ်ကို ထည့်တာ ကောင်းပါတယ်။ အဟောင်းကို ဖျက်လို့မရရင် ဖွင့်ထားတဲ့ web browser တွေအားလုံး ပိတ်ပြီး ပြန်ဖျက်ကြည့်ပါ။)

ယူနီကုဒ်နဲ့ရေးထားတဲ့ Page တွေကို ပြန်ဖွင့်ကြည့်ပါ။ ဖတ်လို့မရသေးလျှင် အောက်ပါ အဆင့်များကို ဆက်လက် လုပ်ဆောင်ပါ။

၃.၁။ Internet Explorer သုံးသည်ဆိုလျှင်
အပေါ်ပုံမှာ ပြထားသလို Tools->Internet Options->General Tab->Accessibility ကို ဖွင့်ပါ။ လေးထောင့်နဲ့ ဝိုင်းပြထားတဲ့ checkbox တွေ မှာ အမှန်ခြစ်တွေကို ဖြုတ်လိုက်ပါ။ ပြီးလျှင် "OK" နှိပ်ပါ။ အခုနက ဖွင့်ထားတဲ့ Page ကို ထပ်ပြီး relfresh လုပ်ကြည့်ပါ။ ဒီတစ်ကြိမ်မှာ ယူနီကုဒ်နဲ့ ရေးထားတဲ့ စာမျက်နှာကို ဖတ်လို့ရပြီ ဖြစ်ပါတယ်။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ်တွေကိုလည်း မထိခိုက်ပါဘူး။ သူ့အရင်အတိုင်း ဖတ်လို့ရမြဲ ဖြစ်နေမှာပါ။

၃.၂။ Mozilla Firefox သုံးသည်ဆိုလျှင်
- Tools -> Options -> Content Tab ->Advanced ကို ဖွင့်ပါ။ 
- Allow pages to choose their own fonts instead of my selection above ကို အမှန်ခြစ်ပါ။
- Default Character Encoding မှာ Unicode (UTF-8) ကို ရွေးပါ။
- Default font တွေမှာ နဂိုက "Zawgyi-One" ဖြစ်နေတာကို မပြောင်းဘဲ သူ့အတိုင်း ထားပါ။
ပြီးလျှင် ယူနီကုဒ်ဖြင့် ရေးထားသော ဘလော့ဂ်ကို refresh ပြန်လုပ်ပါ။ ယခုဆိုလျှင် ယူနီကုဒ်ဖြင့် ရေးသားထားသော ဘလော့ဂ်များကို ဖတ်ရှု၍ ရနိုင်မည် ဖြစ်ပါသည်။

ဆက်ရန်
- Unicode Keyboard ဖြင့် စာရိုက်ရန်
- Page တစ်ခုတည်းတွင် unicode ကော ဇော်ဂျီကော တပြိုင်နက် ပေါ်ရန် Add-on များသွင်းခြင်း

1 comments:

Linn Latt fancy and cosmetic said...

ဟုတ်ကဲ အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ဒါပေမယ့် ယူနီကုတ်ကို word မှာပဲ ရိုက်တက်တယ်။ တခြားမှာ ရိုက်ရင် ဘယ်လိုတွေ ပေါ်နေလဲ မသိဘူး ဖြစ်နေတယ်။

Post a Comment

Please feel free to use any font to comment :)