မပြီးဆုံးနိုင်သော

UAT - User Acceptance Test
စစချင်းတော့ UAT 1 တဲ့။ ပြီးတော့ UAT 2 တဲ့။ နောက် Final Acceptance Test။ အခုလာပြန်ပြီ installation and training။ အကြိမ်တိုင်း ထွက်လာတဲ့ bugs တွေ fix လုပ်ရတာ စိတ်ညစ်လာပြီ။ ဒီတစ်ပါတ်အတွင်း အပြီးလုပ်ပါ ဆိုဘဲ။ တစ်ချက်လွတ်အမိန့်။ additional requirement တွေကလည်း တစ်ချိန်လုံး ထပ်ထည့်နေတယ်။ ၃ပါတ်လေးဘဲ ကျန်တာကို အလွတ်မပေးကြဘူး။
ဒါကတော့ Extreme Programming Model (XP) ရဲ့ အားနည်းချက်ပါဘဲ။ ပြီးတော့ accounting software ဆိုတော့ ကိုယ်က ဂျာနယ်၊ လယ်ဂျာ ဆိုတာတွေကို အီလည်လည်၊ customer တွေကလည်း လိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ ထင်သလို ရေးလိုက်တယ် ပြီးတော့ပြန်ပြင်တယ်၊ ရေးပြင် ဆော့ဖ်ဝဲကြီး ဖြစ်နေတော့တာပေါ့။
စိတ်ညစ်လာလို့ ပို့စ်ထတင်လိုက်တာ။ နောက်မှဘဲ trainee ကျောင်းသားတစ်ယောက်ဧ။် ဘဝအတွေ ့ ့အကြုံဆိုပြီး ရေးဦးမယ်။
ဒီတစ်ပါတ်တော့ ဘလော့ဂ်ကို တာ့တာ ခန လုပ်ထားပါ့မယ်။ သူတို့ခိုင်းတာတွေ ပြီးအောင်လုပ်လိုက်ဦးမယ်။ တနလာင်္နေ့ကြရင် presentation လုပ်ရဦးမယ်။ ရုံးကလူတွေကတစ်မျိုး၊ ကျောင်းက ဆရာမက တစ်မျိုးနဲ့၊ ရူးချင်လာပြီ။ Wish me luck!! neutral


တွေ ့ရကြုံရ (1)

တစ်နေ့ကပေါ့။ ညနေစာစားနေတုန်း South Africa က ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ဘယ်နိုင်ငံကလဲ လို့မေးတော့ မြန်မာပြည်က လို့ဖြေလိုက်တာ။ အဲဒီမှာ သူက အရမ်းဝမ်းသာသွားပြီး သူကျောင်းပြီးသွားလို့ အလုပ်ရပြီးရင် အလည်အသွားချင်ဆုံးနိုင်ငံက မြန်မာပြည်တဲ့။
ကျွန်မလည်း နည်းနည်းတော့ အံံ့ဩသွားတာပေါ့။ အကြောင်းအရင်းကို သိချင်လို့ ဆက်ပြီး စပ်စုတယ်ဆိုပါတော့။ သူကပြောတယ်.. မြန်မာလူမျိုးတွေက ထူးဆန်းလို့တဲ့။ သူပြောတော့ နည်းနည်းတောင် ကြောင်သွားတယ်။ ကိုယ့်ကိုကိုယ်တော့ ထူးဆန်းတယ်လို့ မထင်မိပါဘူး။ သူဘာပြောလဲဆိုတော့ ဒီကျောင်းမှာတင် သူတွေ့တာ မြန်မာ တော်တော်များများ ရှိပြီ၊ ဒါပေမယ့် အားလုံးက တစ်ယောက်ကို ရုပ်တစ်မျိုးစီ ဖြစ်နေတယ်တဲ့။
သူတို့ရဲ့ အမြင်မှာ တစ်ချို့ မြန်မာက အန္ဒိယနဲ့တူတယ်။ တစ်ချို့က ဘင်္ဂါလီနဲ့ ဆင်တယ်။ တရုတ်တွေလည်းရှိတယ်။ ရှမ်းတွေကိုကြတော့ ထိုင်းတွေနဲ့ တူတယ်တဲ့။ တစ်ချို့ကိုကြတော့ မလေးစစ်စစ်ရုပ်တဲ့။ အင်ဒိုနဲ့လည်း တစ်ချို့ တူနေပြန်ရော။ အာရပ်နဲ့ တူတာတွေလည်း ရှိသေးတယ်။အားလုံး ဝိုင်းထိုင်ပြီး စကားပြောနေရင် သူတို့ ပိုလို့တောင် အံ့ဩသေးတယ်။ ဒါတောင် အယောက် ၃၀၊ ၄ဝ လောက်ဘဲ မြင်သေးလို့။ မြန်မာပြည်လာပြီး ကချင်၊ ကယား၊ ကရင် တွေ အကုန်တွေ့သွားလို့ကတော့ မြန်မာပြည်မှာဘဲ ဆက်နေပြီး သူ စာတမ်းတစ်စောင် ရေးဖြစ်သွားနိုင်တယ်။

ဒီတော့ သူက လာလည်ဖြစ်အောင်တော့ လာလည်ဦးမယ်တဲ့။


This kid will go far!!!

ကောင်လေးတစ်ယောက် မက်ဒေါ်နယ်လ် မှာ အလုပ်လျှောက်တဲ့စာ တဲ့။ တကယ် အလုပ်ရသွားတာနော်။ သူ့လို စမ်းလျှောက် ကြည့်ပါလား။

This is an actual job application that a 17-year-old boy submitted a t a McDonald’s restaurant in Florida, and they hired him because he was so honest and funny!

NAME: Greg Bulmash

SEX: Not yet. Still waiting for the right person.

DESIRED POSITION: Company’s President or Vice President. But seriously, whatever’s available. If I was in a position to be picky, I wouldn’t be applying here in the first place.

DESIRED SALARY: $185,000 a year plus stock options and a Michael Ovitz style severance package. If that’s not possible, make an offer and we can haggle.

EDUCATION: Yes.

LAST POSITION HELD: Target for middle management hostility.

SALARY: Less than I’m worth.

MOST NOTABLE ACHIEVMENT: My incredible collection of stolen pens and post-it-notes.

REASON FOR LEAVING: It sucked.

AVAILABLE TO WORK: Of course! That’s what I’m applying.

PREFERRED HOURS: 1:30-3:30 p.m., Monday, Tuesday and Thursday.

DO YOU HAVE ANY SPECIAL SKILLS?: Yes, but they’re better suited to a more intimate environment.

MAY WE CONTACT YOUR CURRENT EMPLOYER?: If I had one, would I be here?

DO YOU HAVE ANY PHYSICAL CONDITIONS THAT WOULD PROHIBIT YOU FROM LIFTING UP TO 50LBS?: Of what?

DO YOU HAVE A CAR?: I think the more appropriate question here would be “Do you have a care that runs?”.

HAVE YOU RECEIVED ANY SPECIAL AWARDS OR RECOGNITION?: I may already be a winner of the Publishers Clearinghouse Sweepstakes.

DO YOU SMOKE?: On the job, no; on my breaks, yes.

WHAT WOULD YOU LIKE TO BE DOING IN FIVE YEARS?: Living in the Bahamas with a faulousl wealthy dumb sexy blonde super model who thinks I’m the greatest thing since sliced bred. Actually, I’d like to be doing that now.

DO YOU CERTIFY THAT THE ABOVE IS TRUE AND COMPLETE TO THE BEST OF YOUR KNOWLEDGE?: Yes, absolutely.

SIGN HERE: Aries.



Computer Science Final Year Project

မနေ့က ကျောင်းမှာ Computer Science ကျောင်းသားတွေရဲ့ Final Year Project showcase ကို သွားကြည့်ဖြစ်တယ်။ ကိုယ်လည်း နောက် semester ကြ Project လုပ်ရင် အိုင်ဒီယာလေး ဘာလေး ရအောင်လို့ဆိုပြီး။ အဲ.. ပြီးလည်းပြီးရော လူကိုတော်တော်မူးသွားတာဘဲ။ information overload ဖြစ်သွားတာ။ တစ်ချို့ ကြိုက်တဲ့ ပရောဂျက်တွေကို review ရေးလိုက်ပါတယ်။

၁။ Memcaching
ဒီ term ကို မနေ့က ပထမဆုံး ကြားဖူးလိုက်တာဘဲ။ traffic အရမ်းများတဲ့ web server တွေရဲ့ load ကို cache server သုံးပြီး လျှော့ချပေးတာဆိုဘဲ။ သူတို့သုံးတဲ့ tools တွေကတော့ Simple Machine Forum (SMF), Apache flood, Web Crawler, Multi Router Traffic Grapher (MRTG), Zenoss Monitoring System တဲ့။ open source သမားများ ဒီနေရာ ဆက်လက်ပြီး လေ့လာနိုင်ပါတယ်။

၂။ Bluetooth chat
J2ME နဲ့ ရေးထားတာတဲ့။ Nokia, Sony Ericsson နဲ့ Motorola phone တွေမှာ သုံးလို့ရအောင် လုပ်ထားတဲ့ mobile application လေးပါ။ ဒါပေမယ့် ကြည့်လေ စဉ်းစားလို့မရလေဘဲ။ ဘာလို့ အဲဒီ application ကို ရေးသလဲဆိုတာ။ Bluetooth က ပေ ၃ဝ အတွင်းမှာဘဲ အလုပ်လုပ်တာကို chat ဦးမယ်တဲ့လား။ လူတွေက သိပ်စကားမပြောချင် ကြတော့ဘူးထင်တယ်။ လူကို အရှေ့မှာထားပြီး အတင်းချဖို့လည်း ဖြစ်နိုင်တယ်။ ဘယ်လိုလူမျိုးတွေ သုံးမလဲဆိုတာ အရမ်းသိချင်ပေမယ့် အားနာလို့ မမေးခဲ့လိုက်မိဘူး။

၃။ Smart Home
Embedded system မေဂျာက မမတွေ လုပ်တဲ့ ပရောဂျက်ပေါ့။ smart home ဆိုပေမယ့် အခုထိတော့ အဝေးကနေ မီးဘဲ ဖွင့်လို့ရသေးတယ်။

၄။ Plagiarism detection software
ဒီဆော့ဖ်ဝဲသာ ကျောင်းမှာသုံးလို့ကတော့ ငါတော့သေပီ။ assignment တွေ ကော်ပီ ပေ့စ် လုပ်လို့ ရတော့မှာ မဟုတ်ဘူး။

၅။ IPv4 vs. IPv6: QoS in Multimedia Streaming
ဒီလိုပရောဂျက်တော့ လုပ်တဲ့သူတော်တော်များများ တွေ ့ဖူးပါတယ်။ ဒါပေမယ့် Cisco router အကြီးကြီး နှစ်ခုသုံးထားလို့ အထူးအဆန်းလုပ်ပြီးတော့ ကြည့်ခဲ့သေးတယ်။

ဒါပါဘဲ။ သူတို့ကိုကြည့်ပြီး ကိုယ့်အလှည့် ဘာလုပ်ရင် ကောင်းမလဲ သိတော့ဘူး။ rolleyesquestion


ဖြေကြည့်ကြမယ်

ကိုယ့်ရဲ့ general knowledge ကို တစ်မိနစ်လောက် အချိန်ယူပြီး test လုပ်ကြည့်ပါလား။
ကဲ… စပြီနော်။

1) How long was the 100 year war?
A) 116
B) 99
C) 100
D) 150

အူကြောင်ကြောင်ပါလားလို့ မထင်လိုက်ပါနဲ့။ ကဲ.. ဆက်ဖြေကြည့်ပါ။

2) In which country are the Panama hats made?
A) BRAZIL
B) CHILE
C) PANAMA
D) EQUADOR

ငါ့ကို ကလေးများထင်နေသလား လို့များ တွေးနေသလား။ ဆက်ဖြေကြည့်ပါဦး။

3) In which month do the Russians celebrate the October Revolution?
A) JANUARY
B) SEPTEMBER
C) OCTOBER
D) NOVEMBER

ဒါလေးများ…ဆိုပြီးလုပ်နေရင် နောက်တစ်ခုထပ်ဖြေကြည့်ပါ။ အဖြေကို မှတ်ထားဦးနော်။ ပြီးရင် အဖြေတိုက်လို့ရအောင်။

4) Which of these was King George VI first name?
A) EDER
B) ALBERT
C) GEORGE
D) MANOEL

ကဲ.. ဒါနောက်ဆုံးဘဲ…ဖြေလိုက်ပါဦး။

5) The Canary islands, in the Pacific Ocean, has its name based on
which animal?
A) CANARY BIRD
B) KANGAROO
C) PUPPY
D) RAT

ကဲ.. ပြီးရင် အဖြေတိုက်ကြမယ်။ comment ထဲမှာ အဖြေတွေရှိတယ်နော်။


Computer science student

Top Coder Forum
Algorithm တို့ coding တို့နဲ့ ပါတ်သက်လို့ အကောင်းဆုံး ဖိုရမ်လေးပါ။ တစ်ခါတစ်လေ assignment တွေ ဘာတွေ လုပ်လို့မရတော့ရင် အဲဒီ ဖိုရမ်မှာသာ ဝင်မေးလိုက်။ တစ်ခါတည်း အဖြေရသွားရော။ ဖြေပေးတာတော်တော် မြန်တယ်။ တစ်ခါတစ်လေဆို ၁၅မိနစ်လောက် အတွင်းမှာ ငါးယောက်လောက် ဝင်ဖြေပေးသွားတယ်။

Fedora Core
ဒီတစ်ခုကတော့ Linux and System Admin course ယူတုန်းက အသုံးအရမ်းဝင်ခဲ့တဲ့ ကယ်တင်ရှင် website လေးပါ။ ကျောင်းမှာက Fedora Core သုံးတော့ ဒီ site လေးမှာ installation ကစပြီး တော်တော်များများ အသုံးဝင်တာတွေရှိပါတယ်။

သတိရမှ ထပ်ဖြည့်ဦးမယ်။


ကလုန်း ကလောင်း

ဘာခေါင်းစဉ် တပ်ရမှာလဲ မသိလို့ အင်္ဂလိပ်စာကို မြန်မာလို ရေးလိုက်တော့ "ကလုန်းကလောင်း" ဖြစ်သွားတာ။ Blog သာထားထားတာ။ အခုထိ ကြည့်လိုက်ရင် ဘာမှ ဟုတ်တိပတ်တိ မရေးနိုင်သေးဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီသီချင်းလေးကိုဘဲ ဖွင့်ပြီး နားထောင်နေမိတယ်။ အားလုံးကိုတော ့ နားမလည်ဘူး။ ရီတော့ ရီရတယ်။ မြန်မာ့ဂီတလောကနဲ့ ဝေးနေတာ တော်တော်ကြာသွား ပြီ ဆိုတော့ နောက်အသစ် ထွက်တဲ့သူတွေကို မသိတော့ဘူး။ ဒါကြောင့် နားထောင်ကြည့်ပြီး တစ်ချက် ရှင်းပြပေးပါလား။
(email တစ်ခုက ရတာပါ။)


ဇာတ်လမ်းတွဲ ရောဂါ

ရုပ်ရှင်ကားဆက်တွေက အသေစွဲတာဘဲ။ မပြီးမချင်းကို ဖြတ်လို့ မရတော့ဘူး။ ဟူးဟူး… အပေါ်ကပုံကတော့ နောက်ဆုံး ကြည့်ထားတဲ့ ဒရမ်မာလေ။ Hallayu ပိုပြီးနာမည်ကြီးလာပေမယ့် တရုတ်ကားတွေလည်း သူ့ဟာနဲ့သူတော့ ကြည့်လို့ ကောင်းတာပါဘဲ။
ကားနာမည်က “Wang Zi Pian Qing Wa”, အင်္ဂလိပ်လို “Prince turns to frog” တဲ့။ တော်တော်ကြည့်ကောင်းတဲ့ ကားလေးပါ။ မင်းသားကော မင်းသမီးကော အဆိုတော်တွေဆိုပေမယ့် တော်တော် သရုပ်ဆောင် ကောင်းတယ်။ အခွေ ၂ဝ ကို ၂ရက်နဲ့ပြီးသွားတယ်။ သီချင်းကလည်း အရမ်းကောင်းတော့ baidu.com ကနေရှာ၊ download လုပ်၊ audacity software နဲ့ ဖြတ်ပြီး ringtone လုပ်ထားလိုက်တယ်။ ရချင်ရင်ပြောပါ။ :D (သီချင်းနာမည်က zheng ai တဲ့)
မင်းသား(ming dao) က 183 club ဆိုတဲ့ အဖွဲ့က အဆိုတော်ပါ။ သူတို့တစ်ဖွဲ့လုံး ဇာတ်လမ်းထဲမှာပါတယ်။ မင်းသမီးကလည်း အဆိုတော်ပါဘဲ။ 7 flowers အဖွဲ့က။ Ming dao ရိုက်ထားတဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေရှိသေးတယ်။ ဈေးကကြီးတော့ မဝယ်နိုင်။ အလကားငှားပေးမယ့်သူကိုသာ စောင့်နေပါတယ်…


EOT လုပ်ကြည့်ခြင်း

EOT ..EOT ဆိုပြီး ကြားနေတာတော့ ကြာပြီ။ မလုပ်ဖြစ်ဘူးဖြစ်နေတယ်။ ဒီနေ့တော့ လုပ်လိုက်ပါဦးမယ် ဆိုပြီး ကိုမောင်လှ ရဲ့ EOT လုပ်ရအောင် post ကို ဖတ်ပြီး လုပ်လိုက်တာ ရသွားပြီလို့တော့ထင်တာဘဲ။ ကျောင်းရောက်မှ lab တွေထဲမှာ လိုက်စမ်းရမယ်။ ရသွားတဲ့အကြောင်း ကူစမ်းပေးချင်တဲ့သူများရှိရင် ကူညီကြပါ။
p.s. ကိုမောင်လှကိုကျေးဇူးတင်ပါကြောင်း (တစ်ခုခုမှားနေရင်တော့ လာမေးဦးမယ်။)
smile

လုပ်နည်း အပြည့်အစုံကိုတော့
ကိုမောင်လှ ရဲ့ page မှာ ဖတ်ကြည့်လိုက်ပါ။ ကိုမောင်လှ ကတော့ eot.htm ကို font ပုံစံ လေးမျိုးနဲ့ လုပ်ထားတာဆိုတော့ .eot file လေးခုထွက်လာပါလိမ့်မယ်။ ကျွန်မကတော့ တစ်ခုထဲနဲ့ စမ်းကြည့်ထားတယ်။ loading time ကြာမှာစိုးလို့။ ကျွန်မရဲ့ eot.htm ကတော့ ဒီလိုပါ။

အဲဒီ အပေါ်က ကုဒ်ကို notepad မှာရေးပြီး save as -> eot.htm ဆိုပြီး save လိုက်ပါတယ်။ ကိုမောင်လှရဲ့ steps တွေ အတိုင်း follow လုပ်လိုက်တော့ ZAWGYIO0.eot ဆိုပြီး ဖိုင်တစ်ဖိုင်ဘဲ ထွက်လာပါတယ်။ ကုဒ်ကတော့ အောက်ကအတိုင်းပါ။
@font-face {
font-family: Myanmar3;
font-style: normal;
font-weight: normal;
src: url(ZAWGYIO0.eot);
}
ZAWGYIO0.eot ဆိုတဲ့ ဖိုင်ကို Upload လုပ်ဖို့ ကျွန်မ google pages ကို ရွေးပါတယ်။ account တွေ အများကြီး လိုက်ဖွင့်နေစရာ မလိုတဲ့ အပြင် upload လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ ကိုယ့်ရဲ့ gmail account ကို သုံးရုံပါဘဲ။
အပေါ်က googlepage screenshot ပါ။
~Happy blogging~

What u don't see in movie

အဲဒီခေတ်ကတည်း က လေယာဉ်ရှိနေပြီဘဲ... (ငှက် နေမှာပါ။ )

ဪ...အရပ်ပုတော့လည်း ဒီလို အကြံအဖန်လုပ်ရတာပေါ့။

pirates လည်း brand အစွဲ ရှိတယ်နေမယ်။ adidas မှ adidas
(email တစ်ခုကနေ ရတဲ့ ပုံလေးတွေပါ။)


blog အတွက် comment tracking နဲ့ recent comment widget

၁။ www.haloscan.com ကိုသွားပြီး sign up လုပ်ပါ။ Login လုပ်ပြီးသွားရင် first page ပေါ်လာမယ်။ အဲဒီမှာ Install page ကိုသွားပါ။ Blogger or Blogspot ကို ရွေးပြီး Next ကို clickလုပ်ပါ။

၂။ ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ page ကို ရောက်မယ်။ သူရေးပေးထားတဲ့ steps တွေအတိုင်း လိုက်လုပ်ပါ။

i. ကိုယ့်ရဲ ့ blogger account ကိုဝင်ပြီး template ကို download လုပ်ပါ။ (template tab -> Edit HTML -> click “Download Full Template”)

i. template နာမည်က template-123456789000876.xml ဆိုပြီး ရပါလိမ့်မယ်။ အဲဒါကို halo scan က “upload your template here” ဆိုတဲ့ နေရာမှာ upload လုပ်လိုက်ပါ။ (ပုံ ၂ မှာပြထားတဲ့ page မှာ)

ii. halo scan က template ကို modify လုပ်ပြီး “Download New Template” ဆိုပြီး ပြန်ပေးလိမ့်မယ်။ Upload_this_to_Blogger.xml ဆိုတဲ့ နာမည်နဲ ့ပါ။

iii. ကိုယ့်ရဲ့ blogger account ကို ပြန်ဝင်ပြီး upload ပြန်လုပ်ပါ။ (ပုံ ၃ မှာပြထားတဲ့ page မှာ Browse ကိုနှိပ်ပြီး အခုနက ဒေါင်းလုတ်လုပ်ထားတဲ့ Upload_this_to_Blogger.xml နာမည်နဲ့ ဖိုင်ကို upload လုပ်ပါ။)

၃။ ဒီလိုဆိုရင် haloscan ကို install လုပ်လို့ ပြီးသွားပါပြီ။ (ဘလော့ဂ်ကိုကြည့်ပြီး နောင်တရသွားတယ်ဆိုရင်တော့ နဂို template အဟောင်းကို upload ပြန်လုပ်ပေါ့)

၄။ recent comment widget ထည့်ချင်ရင်

i. Members page ရဲ့ Recent Comments ရဲ့ အောက်နားမှာ “Put this widget on your site” ဆိုဒါကို click လုပ်ပါ။

ii. သူပေးထားတဲ့ ကုဒ်ကို ကော်ပီလုပ်ပါ။ ပြီးရင် blogger page ကို ပြန်သွားပါ။ (ပုံ ၃) ၎င်းတွင် page element tab -> “add a page element” ကိုသွားပါ။ pop-up မှာ HTML/JavaScript ကိုရွေးပါ။ ပြီးလျှှင် အခုနက haloscan ကနေ ကော်ပီလုပ်ထားတဲ့ ကုဒ်ကို paste လုပ်ပါ။


မှတ်ချက်။ Haloscan သုံးလိုက်ရင် ကိုယ့်ရဲ ့ဘလော့ဂ်မှာ နဂိုရှိနေတဲ့ comment တွေအားလုံးပျောက်သွားမှာနော်။

P.S. steps တွေက blogging နဲ ့ရင်းနှီးသွားသူ တစ်ယောက်အတွက် အရမ်းလွယ်နိုင်ပေမယ့် newbies တွေအတွက် နည်းနည်းဖြစ်ဖြစ် အထောက်အကူ ရအောင်ပါ။ ကျွန်မလည်းသင်ယူနေဆဲ လေ့လာနေဆဲပါ။ လိုတာရှိရင် ဖြည့်ပေးကြပါ။
--------------------------------------------------------------------------------------------------

recent comment widget ကို ဒီအတိုင်း ထည့်ထားတော့ "#&xxx; #&xxx; ...." ဆိုပြီးပေါ်နေပါလိမ့်မယ်။
အဲဒါကို မြန်မာလိုပေါ်အောင် ပြောင်းချင်ရင်
၁။ Haloscan account ထဲဝင်ပြီး Settings ကိုသွားပါ။
၂။ ပြီးရင် Advance setting အောက်က Character Encoding မှာ UTF-8 ကို ရွေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။



Haloscan


ဒီနေ့ Haloscan ကို subscribe လုပ်ပြီး template မှာ ထည့်လိုက်တာ။ နဂိုရှိနေတဲ့ comment တွေ အကုန်ပျောက်ကုန်ရော။ အရင် comment ချန်ခဲ့တဲ့ blog friends တွေကို အားလည်းနာတယ်။
blog တွေဆက်ရေးဖြစ်သွားတာကလည်း ဒီလို comment ပေးတဲ့သူတွေရှိလို့နဲ့ cbox မှာ လာနှုတ်ဆက်တဲ့ သူတွေကြောင့်ပါဘဲ။
ဒါပေမယ့် ဘာမှလည်း လုပ်လို ့မရဘူး။ တစ်ကပြန်စကြတာပေါ့နော်။

Reference: ကို CMS's ရဲ ့ ဘလော့ဂါ ဖိုရမ်မှ post
Admin တင်၍ yanaung ဘာသာပြန်သော ဘလော့ဂါဖိုရမ်မှ post

xxxtestingxxx

ဘာလို ့များ

ဒီနေ့မနက် ဘလော့ကို ဝင်ကြည့်မိပါတယ်။ ဘယ်သူတစ်ယောက်လည်းမသိ cbox ထဲမှာ ပေါက်ကရတွေလာရေးသွားတယ်။ စောစောစီးစီး ဒါကြီးကိုမြင်လိုက်တော့ တော်တော်စိတ်ညစ်သွားတာ။ မြန်မာလိုရေးသွားတယ်ဆိုတော့ မြန်မာပေါ့။ IP ကို trace လုပ်ကြည့်တော့ Denmark Vestsjalland ကတဲ့။ (တစ်ခြားအဲဒီရောက်နေတဲ့သူတွေကို ရည်ရွယ်တာ မဟုတ်ပါဘူး။ No offence plz!)


ဘာလို ့များ သူများသားသမီးကို စိတ်ညစ်အောင် လုပ်ချင်ရတာလဲမသိဘူး။ကိုယ့်ကိုတောင်စဉ်းစားကြည့်တယ်။ ဘယ်သူနဲ့များ ရန်ညှိုုး ငြိုှးရှိလဲလို့။ ရန်ညှိုး ငြှိုးရှိရအောင်လည်း ကျွန်မက သူငယ်ချင်းတောင် ဆယ်ယောက်ပြည့်အောင်ရှိတာ မဟုတ်ဘူး။ ကျွန်မ blog စလုပ်တာ သိပ်မကြာသေးပါဘူး။ ဘယ်သူ ့ကိုမှလည်း လာဖတ်ပါလို ့ အတင်းမခိုင်းဖူးဘူး။ address ကိုလည်း ဘယ်မှာမှ မတင်ဘူး။ ဟိုသွားဒီသွား comment ချတာလောက်ဘဲရှိတယ်။ လာဖတ်တဲ့သူ လာပြီးcomment ပေးတဲ့ blog friends တွေကို တော့ အရမ်းကျေးဇူးတင်တယ်။

အခု အရမ်းစိတ်ဆိုးနေလို ့ ဆက်လည်းမရေးနိုင်တော့ဘူး။ လာရေးသွားသူခင်ဗျား... နောက်ဒီလိုမလုပ်ပါနဲ့။ ဘယ်သူမှ ကိုယ့်ကို ပေါက်ကရလာပြောရင် မကြိုက်ပါဘူး။ အဲဒီလိုရေးပြီးသွားတော့ကော တော်တော်ပျော်သွားလား။

P.S.. နောက်မှသိရတာကတော့ ဘလော့ဂ်တော်တော်များများကို တစ်ဆက်တည်း ဝင်ပြီး မဟုတ်က ဟုတ်က ရေးသွားသတဲ့။ ဒါကို ignore လုပ်ရင်လုပ်၊ မလုပ်နိုင်ရင်တော့ cbox ဖြုတ်ထားတာဘဲ အကောင်းဆုံးဖြစ်လိမ့်မယ်။



ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား

ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မသိတော့ဘူး။ အခု ဒီsemester မှာ attachment (training) ဆင်းနေတာ။ စုစုပေါင်း ၅လပေါ့။ အခုဆိုရင် ၃လခွဲတောင် ပြီးသွားပြီ။ ၆ပါတ်ဘဲ ကျန်တော့တယ်။ ကျောင်းက တစ်ခြားသူငယ်ချင်းတွေ အခုဆိုရင် final exam အတွက် လုံးပန်းနေတဲ့ အချိန်မှ ကိုယ်ကအိပ်လိုက်စားလိုက် ဆိုတော့ ပျော်စရာကြီး။

ဒါပေမယ့် final report ထပ်ရမှာနဲ့ presentation လုပ်ရမှာကို စဉ်းစားလိုက် ရင် စိတ်ညစ်လာပြန်ရော…

ကျောင်းသားတော့ ကျောင်းသာဘဲ။ စာလုံးဝ ကျက်စရာမလိုတဲ့ ဘဝကြတော့လည်း ကောင်းနေပြန်ရော..

တစ်နေ ့ ၈နာရီလောက် ကွန်ပျူတာရှေ ့ ငုတ်တုတ်ထိုင်နေရတာကြတော့လည်း ပျင်းဖို့ ကောင်းပြန်ရော…

program တွေ compile success ဖြစ်သွားရင် ပျော်ရပြန်ရော…

အဲ..တစ်နေရာရာမှာများ တစ်သွားပြီဆိုရင်တော့ “today is not my day” ဘဲ.. debug လုပ်ရတာလောက် စိတ်ညစ်ဖို ့ ကောင်းတာ မရှိတော့ဘူး။

ကျောင်းမတက်ရတာကြာတော့လည်း ကျောင်းကိုလွမ်းသလိုလိုတော့ရှိသား။ ကျောင်းတက်နေပြန်ရင်လည်း ဘယ်တော့မှ ကျောင်းပြီးမှာလဲ..အလုပ်လုပ်ချင်လာပြီ ဆိုပြီး ဖြစ်ပြန်ရော..

တစ်ကယ်ကို မသိတော့ပါဘူး။ နောက် semester ကြရင်လည်း Final Year Project လုပ်ရဦးမယ်။ အခုထိ ဘာလုပ်သင့်သလဲ စဉ်းစားလို ့ မရသေးဘူး။ အကြံပေးကြပါဦး။eek



Bird's eye view



သိတယ်မလား ဘယ်နားလည်းဆိုတာ။ 1.3 Mpx ဆိုတော့ သိပ်တော့မကြည်ဘူး။ မိုးကလည်း အုံ ့နေတော့ ပိုဆိုးတယ်။ နေသာတဲ့တစ်နေ ့မှ ထပ်ရိုက်ဦးမယ်။