Google I/O 2013: keynote recap

Google ရဲ့ နှစ်စဉ် conference တစ်ခုဖြစ်တဲ့ Google I/O 2013 ကို ပြီးခဲ့တဲ့ မေလ ၁၅−၁၇ ရက်နေ့မှာ ပြုလုပ်သွားတယ်။ ဒီနှစ်က ဂူဂယ်လ်ရဲ့ ခြောက်ကြိမ်မြောက် conference ပေါ့။ သူ့conference မှာ Google ကနေ လက်ရှိလုပ်နေတဲ့ ပရောဂျက်တွေ၊ နောက် ဆက်လုပ်သွားဖို့ရှိတဲ့ ပရောဂျက်တွေ၊ အရေးကြီး ကြေငြာချက်တွေအကြောင်း ပြောလေ့ရှိတော့ Developers တွေအဖို့ နှစ်စဉ်မပြတ် စောင့်ကြည့်ရတဲ့ conference တစ်ခုပါ။ Google ထုံးစံအတိုင်း keynote မှာ သူ့ employee တွေထဲကနေ လူမျိုးပေါင်းစုံအောင် ပွဲထုတ်ပါတယ်။ ဒီနှစ် keynot မှာ Google ကိုစတင်တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Larry Page ထွက်လာတာကတော့ ထူးခြားမှုတစ်ခုပါ။ 
Google I/O 2013 ရဲ့ keynote က သုံးနာရီကျော်ကြာတော့ အကျဉ်းချုံးပြန်ရေးဖို့ သုံးခါလောက် ပြန်ကြည့်လိုက်ရတယ်။ သူကြေငြာသွားတာတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ပြန်ရေးရရင် 

၁။ Google Play Services 
1. Google Maps Android API v2 
- apps တွေထဲမှာ 3D maps ထည့်လို့ရလာတော့မယ်။ 

2. Location API 
- Fused location provider (GPS တစ်ခုတည်းကနေမဟုတ်ဘဲ location ကို GSM နဲ့ wifi ကနေပါ ရနိုင်တော့မယ်။ power consumption နိမ့်တယ်လို့ အာမခံထားတယ်။) 
- Geofencing (find virtual fences, up to 100 geo fences per app
Activity Recognition (walking, cycling, cars) accelerometer+machine learning classifier (battery efficient way)

3. Google+ sign in with cross-platform single sign-on
web site တစ်ခုမှာ Google+ နဲ့ sign in ထားရင် အဲဒီweb မှာ app ရှိရင် တစ်ခါတည်း install လုပ်လို့ရ, ပြီးရင် ဖုန်း/tablet မှာ ချက်ချင်း sign in လုပ်ပေး။

4. Google Cloud Messaging 

(အရင်နှစ်က push msg အတွက်ဘဲ ကြေငြာခဲ့တယ်။) ဒီနှစ် features သုံးခု အသစ်ထပ်ဖြည့်ထားတယ်။  - - Persistent connection
- Upstream messaging (ဖုန်းကနေ ဆာဗာကိုပြန်ပို့)
- Synchronize notification on different devices 


5. Google Play game services (also for iOS and web) 
- Cloud save (save user data across devices) 
- Achievments 
- Leaderboards (Google+ circle to connect players) public leaderboard, friends leaderboard 

Google+ circle ထဲမှာရှိတဲ့သူငယ်ချင်းတွေကို ဖိတ်ပြီး head-to-head raceကစားလို့ရမယ်။ Android,iOS and web သုံးခုလုံးအတွက်ဆိုတော့ cross-platform gaming experience ရတာပေါ့။ 

၂။ Android Studio 

 IntelliJ IDEA ကို ပြန်ပြင်ထားတာ။ Eclipseထက် သာတယ်လို့ပြောလို့ရတဲ့ Features တွေကတော့ 

- know deep semantic model of your code
- xml ထဲက string တွေ icon တွေ အရောင်တွေကို ချက်ချင်း အလွယ်တကူ preview လို့ရတယ် 
- layout LIVE rendering on different screen sizes တပြိုင်တည်းကြည့်လို့ရ 
- Internalization: layout with different language ကို တပြိုင်တည်းကြည့်လို့ရ။ 
- GCM API ကို အလွယ်တကူ add လို့ရ၊ နောက်ထပ် အခြား Android API တွေကို လွယ်လွယ် သုံးလို့ရအောင်လုပ်သွားဖို့ရှိ။ 

Early access preview ကို http://developer.android.com/sdk/installing/studio.html ကနေ ဒေါင်းလုတ်လုပ်လို့ရပါပြီ။

၃။ Google Play Developer Console မှာ အသစ်ပါလာမယ့် features တွေ 
- Optimization tips ( သင့်ရဲ့ app ကို ဘယ်လိုနည်းလမ်းတွေနဲ့ improve လုပ်နိုင်မလဲဆိုတာ အကြံပေးထားတယ်။) 
- App Translation Tips (Google Play console ထဲကနေဘဲ ကိုယ်လိုချင်တဲ့ language ကို ဘာသာပြန်ပေးဖို့ professional translator ငှားလို့ရ။)  
- Referral Tracking (Google Analytics)  
- Usage Metrics (analytics ထဲသွားကြည့်စရာမလို google play console ထဲမှာ တစ်ခါတည်းကြည့်နိုင် 
- Revenue Graphs  
- Beta testing and staged rollouts (apk တင်တဲ့အခါ beta testing, alpha testing, production အတွက် သပ်သပ်စီ တင်လို့ရတယ်။) 


၄။ Galaxy S4 running Jelly Bean 


ခါတိုင်းဆို အမြဲတမ်း Nexus device တစ်ခုခု ကြေငြာတတ်တယ်။ ဒီနှစ်တော့ လောလောဆယ် Nexus ဖုန်းထပ်ထုတ်ဖို့ မရှိသေးလို့နေမယ်။ Galaxy S4 ကို TouchWiz မပါဘဲ stock Jelly Bean နဲ့ ထုတ်ပေးမယ်လို့ ပြောသွားတယ်။ S4 16GB, bootloader unlocked ကို ဂျွန်၂၆ ကနေ စပြီး $649 နဲ့ ရောင်းမယ်ဆိုတော့ သိပ်တော့ မတန်ဘူး။ $550 လောက်နဲ့ရောင်းရင် ဟုတ်သေးတယ်။ 

၅။ Webp and VP6 (image & video compression) 

WebP က image တွေကို ချုံ့ဖို့ open-source, loyalty free compression Technology၊ သူက lostless/lossy compression, transparency, color profile, meta data, animated images အကုန်လုံးကို support လုပ်မယ်ဆိုတော့ jpg, png, animated gif တွေကို အစားထိုးသွားနိုင်မယ်လို့ ပြောသွားတယ်။ 

Video compression codec (vp9)VP9 ကတော့ အရင်နှစ်က ကြေငြာသွားတဲ့ ဗီဒီယို format webM အတွက် next generation codec - မူရင်းကွာလတီအတိုင်း ဖိုင်ဆိုဒ်ကို ၅၀%ထိ လျှော့ချပေးနိုင်မယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ youtube က VP9 ကို support လုပ်ဖို့ရှိတယ်။ - chrome for mobile browser app မှာလည်း vp9 ကို data compression proxy အဖြစ် အသုံးပြုသွားမယ်လို့ပြောတယ်။ 

၆။ shopping from phone (using chrome) 

ကွန်ပျူတာသုံးပြီး အင်တာနက်ကနေ စျေးဝယ်တာ တွင်ကျယ်ပေမယ့် လက်ကိုင်ဖုန်းကနေ shopping လုပ်တာ ဘာကြောင့်မတွင်ကျယ်သေးသလဲဆိုရင် ပုံမှန် checkout process တစ်ခုက အဆင့်ပေါင်း ၂၁ဆင့်လောက်ထိ ရှိလို့တဲ့။ မကြာခင် Chrome ကိုသုံးပြီး အဆင့်သုံးဆင့်ထဲနဲ့ checkout လုပ်နိုင်တော့မယ်။  
1. checkout button  
2. review billing & shipping (credit card info ကို Google+ အကောင့်နဲ့သိမ်းထားလို့ auto-fill) 
3. submit 

၇။ built your own HTML tags 

developer တွေ ကိုယ်ပိုင် HTML tags တွေ CSS tag တွေ createလုပ်နိုင်ပြီး components အဖြစ်စုထားပြီးတော့ အခြား ပရောဂျက်တွေမှာ ပြန်သုံးလို့ရမယ့် IDE တစ်ခုလုပ်နေတယ် ကြေငြာသွားတယ်။ သေချာတော့မပြောသွားဘူး။ အသေးစိတ်သိအောင် web components and actions section ကို ကြည့်ရမယ်။ 

၈။ Google Play for Education (pilot) 

app license တွေအများကြီးတစ်ခါတည်းဝယ်ပြီး student device ထဲတစ်ခါတည်း install လို့ရတဲ့ service။ US က ကျောင်းတွေမှာ pilot run နေတုန်း။ 

၉။ Google + 

Google+ မှာ အဓိက feature တွေဖြစ်တဲ့ stream, hangouts, photo သုံးခုကို Vic Gundotra က ပြောသွားတယ်။ speaker တွေထဲမှာ သူ့ကို အကြိုက်ဆုံးဘဲ။ Google+ က facebook ကိုကြည့်ပြီး facebook ကမပေးတဲ့ service တွေ လိုက်ဖြည့်နေပုံဘဲ။ FB ကိုကျော်ပြီး next-generation social networking ဆိုဒ်တစ်ခု ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမယ်။ G+ ရဲ့ tagline “Live, Learn and Love” ဆိုတာကို သဘောကျတယ်။ 

1. Stream with Design & Depth   
-stream က ပို့စ်တွေကို Single column သို့ multi-column ရွေးလို့ရတယ်။ 
- Fast, fluid and fun  
- စာမျက်နှာသေကြီး မဖြစ်နေအောင် animations (flip, in/out) တွေထည့်ထားတယ်။ 
- related hashtags (ကိုယ်ပို့စ်တစ်ခုတင်လိုက်ရင် Google+ က အော်တို tag ပေးတယ်။) အဲဒီ tag ကို click လိုက်ရင် အခြား ဆက်စပ်မှုရှိတဲ့ ပို့စ်တွေကို တစ်ခုချင်း လိုက်ဖတ်လို့ရတယ်။  
- ဓါတ်ပုံတင်ထားရင် automatically hashtag landmarks - image analysis+knowledge graph 


2. Hangouts   
- gtalk ကို replace လုပ်ဖို့ ရည်ရွယ်ထားတော့ ဖုန်းတွေမှာ Hangout ကိုသွင်းလိုက်ရင် gtalk တစ်ခါတည်းပျောက်သွားရော။   
- တစ်ယောက်ချင်းစီ သို့မဟုတ် ကိုယ့် circle တစ်ခုလုံးနဲ့ စကားဝိုင်းစလို့ရတယ်။ ဓာတ်ပုံ၊ ဗီဒီယို အကုန် တင်လို့ရတယ်။ group video chat လည်း အခမဲ့ ပြောလို့ရမယ်။ 


3. Photos   
- Backup လုပ်လို့ရမယ်။ 15GB free (full size), standard size (unlimited)   
- Google+ ပေါ်တင်ပြီးတာနဲ့ Edit လုပ်လို့ရမယ်။skin softening, noise reduction, while balance, vingnette, sharpening, red-eye removal, စသဖြင့်။   
- collage, HDR, smile, motion, pano ဆိုတဲ့ Auto-awesome effects ငါးခုကိုလည်း ထည့်ထားပေးတယ်။ တော်တော်မိုက်တယ်။

၁၀။ Google Search   
- Knowledge graph အတွက် အင်္ဂလိပ်အပြင် ပိုလန်၊တူရကီ၊ တရုတ်(simplified) နဲ့ တရုတ်(traditional) စတဲ့ ဘာသာစကားလေးခုကို အသစ်ထည့်သွင်းထားတယ်။
- Conversational search - အရင်က ဖုန်းမှာဘဲရတာ။ Chrome OC, Chrome for PC/Mac/Linux။ ”ok Google”ဆိုပြီး မေးချင်တာ မေးသွားရုံဘဲ။ ”ok Google.. ဟိုဟာရှာပေးပါ။ ဒီဟာရှာပေးပါ။” :D 
- Google Now − Android 4.1 ကနေ စပြီးပါလာတဲ့ feature, reminders, public transit, TV shows, albums & books စတာတွေကို ထပ်ဖြည့်ထားတယ်။ 

၁၁။ Google Maps 

(Base Maps + Street View + Imagery + Local Data)
လမ်းညွှန်ဖို့အတွက်ချည်းမဟုတ်ဘဲ ပါတ်ဝန်းကျင်မှာရှိတာတွေကိုပါ အလွယ်တကူ explore လုပ်နိုင်ဖို့ နဂိုရှိနဲ့ Base Maps နဲ့ street အပြင် Imagery နဲ့ Local Data တွေကိုပါ Google Maps မှာ တစ်ခါတည်း ကြည့်နိုင်တော့မယ်။ ခုတော့ public မဖွင့်ထားပေးသေးဘူး။ The new Google Maps ကို preview ကြည့်ချင်ရင်တော့ http://maps.google.com/help/maps/helloworld/desktop/preview/ ကိုသွားပြီး request invite ပို့ထားလိုက်ပါ။ တစ်ရက်နှစ်ရက်နေရင် စသုံးလို့ရပြီ။ ကိုယ့်အနီးတစ်ဝိုက်က Customized restaurants တွေ panaroma images တွေပါ တစ်ခါတည်း maps မှာပါလာတယ်။ Totally awesome features! 

 ဒီလိုမှ မရေးထားရင် မေ့သွားမှာဆိုတော့ တော်တော်ရေးယူလိုက်ရတယ်။ Google I/O ရဲ့ အခြား developer tracks တွေ ကြည့်လို့မပြီးသေးဘူး။ ကြည့်ပြီးမှ recap ပြန်ရေးဦးမယ်။ ခုလောလောဆယ်တော့ Android နဲ့ပါတ်သက်တာရယ်၊ Maps API ရယ်ကြည့်နေတယ်။ =) 

(**the images in this post are screenshots taken from Google I/O 2013's keynote)