Facebook Quiz တစ်ခု လုပ်ကြည့်ခြင်း

အခုနောက်ပိုင်း ကိုယ့်ရဲ့ အချိန်တော်တော်များများဟာ Facebook ထဲမှာဘဲ အချိန်ကုန်နေတာကို သတိထားမိတယ်။ status update တွေကို ဖတ်လိုက် သူငယ်ချင်းတွေတင်ထားတဲ့ ဓါတ်ပုံတွေကြည့်လိုက် quiz တွေဖြေလိုက် လယ်စိုက်လိုက် အကောင်မွေးလိုက်နဲ့ ဟုတ်နေတယ်။ အလုပ်နည်းနည်းအားနေတာလဲ ပါတယ်။ ဟိုတစ်လောက သူငယ်ချင်းတွေနဲ့ အလုပ်ချိန်အတွင်းမှာ အင်တာနက် သုံးလွန်းတာဟာ အလုပ်စွမ်းရည် ကျစေနိုင်သလားဆိုတာကို ပြောဖြစ်သေးတယ်။ အလုပ်ချိန်အတွင်းမှာ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက် သုံးတာကို Cyberslacking လို့ ခေါ်ပါတယ်။ ကုမ္ပဏီ တစ်ချို့မှာ Yahoo, Gmail, Friendster, Facebook စတာတွေကို ပိတ်ထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို လုံးဝကြီး တားမြစ်ထားတဲ့ကုမ္ပဏီက ဝန်ထမ်းတွေထက် မပိတ်ပင်ထားတဲ့ ကုမ္ပဏီက ဝန်ထမ်းတော်တော်များများက လုပ်ငန်း စွမ်းဆောင်ရည်မှာ ပိုသာတယ်လို့ research တစ်ချို့မှာ ဖတ်ရပါတယ်။ ဘာဘဲ ဖြစ်ဖြစ် နောက်ဆုံးတော့ attitude ပါဘဲ။ ကိုZT ရေးထားသလိုဆိုရင်တော့ Cyberslacking ကို အကျိုးရှိရှိ အသုံးချတတ်ရင် ရာထူးတောင် တိုးနိုင်တယ်တဲ့။

topic ချော်သွားပြီ။ ရေးလိုရင်းကို ပြန်ဆက်ရရင် Facebook မှာ သူများ ဖြေသမျှ quiz တွေ လိုက်ဖြေကြည့်ရင်းကနေ “Make your own quiz” ဆိုတာလေးကို တွေ့သွားတယ်။ ဒီတော့ quiz engine ဘယ်လိုရှိသလဲ သိချင်တာနဲ့ တစ်ခုလောက် လုပ်ကြည့်မယ်ဆိုပြီး Forwarded Email ထဲက ရတဲ့ “You know you are Burmese if” ကို ကိုယ်လိုသလို ဖြတ်ညှပ်ကပ်ပြီး makeaquiz engine နဲ့ လုပ်လိုက်တဲ့ အခါမှာ How Burmese are you? ဆိုတဲ့ quiz ထွက်လာပါတယ်။ (မလိုအပ်ဘဲ ပို့စ်ရှည်သွားမှာစိုးလို့ original email ကို comment ထဲမှာဘဲ ရေးထားလိုက်မယ်။) ကျမက လူတစ်မျိုး။ ကောက်ရိုးမီးလို့ ပြောလို့ရတယ်။ တစ်ခုခု လုပ်ချင်ပြီဆို ချက်ချင်းထပြီး ဝုန်းဒိုင်းနဲ့ မဖြစ်ဖြစ်အောင် လုပ်တယ်။ ပြီးရင်လည်း ဘာမှ မဟုတ်တော့သလိုဘဲ။ idea တွေက ကိုယ်ပိုင် မဟုတ်ဘူး ဆိုပေမယ့် ထွက်လာမယ့်အဖြေကို formulate လုပ်ရတာ နည်းနည်း ပင်ပန်းတယ်။ ရေးရင်းရေးရင်းနဲ့ ပျင်းတောင် ပျင်းလာတယ်။ နောက်ပိုင်း result တွေကို တစ်ကြောင်းချင်းစီဘဲ ရေးလိုက်တော့တယ်။ တစ်ချို့စာသားတွေလည်း ထပ်ကုန်တယ်။ result ထုတ်တဲ့နေရာမှာ တော်တော် လိုနေသေးတယ်။ ဒါပေမယ့် edit လုပ်ဖို့ ပျင်းသွားပြီ။ ပြီးသွားတော့ ကိုယ် အရင်ဆုံးဖြေကြည့်တယ်။ You are 100% Burmese တဲ့။ ဟဲဟဲ.. ကိုယ်create လုပ်ထားတဲ့ quiz ဘဲ။ ဘယ်အဖြေလိုချင်ရင် ဘာကို ရွေးရမလဲဆိုတာ သိတာပေါ့ ;-)
ဒါပေမယ့် သူ့quiz engine က နည်းနည်း တုံးတယ်။ အမှန်ဆို အဖြေတွေ အားလုံး အပေါ်မှာ မူတည်ပြီး ရာခိုင်နှုန်း အနည်းအများ တွက်ထုတ်သင့်တာ။ အခုဟာက ဘယ်လိုလဲဆိုတော့ ဥပမာ Which Disney character are you ဆိုပါစို့။ အဖြေကနေ စစဉ်းစားရတယ်။ အဖြေမှာ Chicken Little, Mickey Mouse, Donald Duck, Dumbo, Goofy ဆိုပါစို့။ သူ့formula က နောက်ဆုံးမှာ အဖြေ ငါးခုရှိမယ်ဆိုရင် မေးခွန်း တစ်ခုချင်းစီမှာ ရွေးချယ်စရာ ငါးမျိုး ရှိရမယ်။ အကယ်လို့ မေးခွန်း ၈ခု ရှိတယ် ဆိုပါစို့။ နောက်ဆုံးမှာ ကိုယ်ဖြေထားတဲ့ အဖြေဟာ Chicken Little နဲ့ ၄ခု ကိုက်ညီပြီး ၂ခုဟာ Dumbo၊ နောက်၂ခုဟာ Goofy ဆိုရင် Chicken Little ပါလို့ အဖြေ ထွက်ပါမယ်။ ဒီလိုမျိုး မေးခွန်းတွေ အတွက်က နည်းနည်း အဓိပ္ပါယ်ရှိပေမယ့် “How Burmese are you” မျိုးကြတော့ ရာခိုင်နှုန်း တွက်ထုတ်ချင်တာ ဖြစ်တဲ့အတွက် နည်းနည်း လက်ပေါက်ကပ်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ကိုယ်ကလည်း quiz တစ်ခုလုံးကို သုညကနေစပြီး code လုပ်ဖို့ စိတ်မဝင်စားဘူး။ quiz engine ဘယ်လိုရှိသလဲ လောက်ဘဲ သိချင်တာဆိုတော့ကာ ၃နာရီလောက် မရပ်မနား ကြိုးစားလိုက်တဲ့အခါ မေးခွန်း ၉ခု ထွက်လာတယ်။ ၁ဝခုပြည့်အောင် ရေးချင်ပေမယ့် ဦးနှောက်က ဆက်ပြီး အလုပ် မလုပ်တော့ဘူး။ ဒါနဲ့ဘဲ ၉ခုမှာ ရပ်ထားလိုက်တယ်။ အဖြေက 100%, 85%, 70%, 55%, 40%, 20% ဆိုပြီး အဖြေ ၆ခု ထုတ်လိုက်တယ်။ အမှန်က မေးခွန်းက အဖြေရဲ့ ၂ဆလောက် ရှိနိုင်ရင် ပိုကောင်းတယ်။ ပြီးတော့ သူငယ်ချင်း ၅ယောက်ကို invite လုပ်ခိုင်းတယ်။ အနည်းဆုံး Active User ၁ဝယောက်ရှိမှ ကိုယ့် quiz ကို application directory က လက်ခံမှာကိုး။ ဒါနဲ့ ဂျီတော့ခ်မှာ တွေ့တဲ့သူတွေကို အတင်းရော အဓမ္မရော ဖြေခိုင်းလိုက်တယ်။ ၂ရက်လောက်နေတော့ အယောက် ၁၀ဝလောက် ဝင်ဖြေထားတယ်ဆိုတော့ ဝမ်းသာ ကျေနပ်သွားတယ်။

April 13 ရက်နေ့က လုပ်ထားတာဆိုတော့ အခု ၁၆ရက်လောက် ရှိသွားပြီ။ ဒီနေ့ ဝင်ကြည့်ကြည့်တော့ 2,910 users တဲ့။ listed in application directory တဲ့။ listed ဆိုတာက application directory မှာ Burmese လို့ ရှာလိုက်ရင် ထွက်လာတာကို ပြောတာပါ။ ထင်တောင် မထင်ထားဘူး။ =) user ၁၀၀၊ ၂၀ဝ လောက်နဲ့ ပြီးသွားပြီ အောက်မေ့တာ။ အပျင်းပြေ quiz ဖြေပြီး ကိုယ့်ကို ချီးကျူးတာဘဲ ဖြစ်ဖြစ် မကောင်းဘူး ပြောပြော copy cat ပြောပြော ဒီလောက်ဆို ကျေနပ်ပြီ။ :D အချိန်အကုန်ခံပြီး တကူးတက ဖြေပေးကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါ၏။

Conclusion က ဘာလဲဆိုတော့ Facebook quiz engine ကို နားလည်သွားတယ်။ နောက်ပိုင်း quiz တွေ သိပ်မဖြေဖြစ်တော့ဘူး။ ဒါပါဘဲ။ ပို့စ်တစ်ခုလုံး ဘာတွေ ရေးထားသလဲ မသိဘူး ဆိုရင်တော့ Facebook မှာ How burmese are you ဆိုတဲ့ quiz ဖြေပြီး လာရောက် ဝေဖန် အကြံပြုနိုင်ပါတယ်။ :-)

13 comments:

သဉ်ဇာ - Thinzar said...

ဒါကတော့ ဒီquiz ဖြစ်ပေါ်လာတဲ့ အခြေခံ forwarded email လေးပါ။ Original content ရေးတဲ့သူကို လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
-----------------------------------------------------
YOU KNOW YOU ARE BURMESE IF...* You eat ngan-pyar-yae in front of your friends even though they keep hinting that it stinks.
* Once in a while, you eat nga pi in front of 'em.
* You listen to a lot of BBC, or at least your parents does no matter how much the commentary sucks or how bad the transmission it.
* You are used to listening to radio static like you actually understand it.
* You don't actually remember all of your national holidays.
* The only one that you definitely remember is Thingyan.
* And even that you dont remember which lunar month it is in. (I dont)
* You dont know your twelve lunar months either (or is it ten?).
* u keep on listening to burmese "music" even though 99.99% of "burmese songs" are plagarised..
* You think that the danpauk in Burma cooked by Indian immigrants is better thanthe Biryani they used to cook in India.
* You probably never wear a pasoe or htemein except for two reasons:
1. You are going to school
2. You just got out or got into a shower.

* You bow your head when you pass between two people engaged in some way..
* You have tried many times to translate the word "arr narr" to english and failed terribly as many times...
* No one knows where exactly you are from n u have to keep explaining to everyone.
* You never listen to burmese traditional music and dont understand any heck of it at all....
* Ethnically, You have some chinese blood somehow.. (population pressure from China).
* You still don't know why international news networks still keep calling you Burma and Rangoon when u grew up knowing Myanmar and Yangon... (cuz they are illegitimate names erected by an illegitimate government by the way)
* You rant on the @#$@# mothef****** a**h*** dictators all the time but you are too chicken to go in there and do anything about it.

Eventually, you end up working for the BBC.
-----------------------------------------------------

potato said...

i also answered that quiz. :)

khet myint myint said...

ကျနော်ဖြေတာ ၈၅% ရတယ် ။ ဒီ Quiz လုပ်တာ အမကိုး။ ချီးကျူးပါတယ်ဗျာ။ သူငယ်ချင်းတော်တော်များများလဲ ဝင်ဖြေကြတယ်။ ဒီလို ကိုယ့် application တွေနဲ့ facebook မှာ ဝင်ငွေရှာလို့ ရတယ်မလား၊ ကြားဖူးလို့ မေးကြည့်တာပါ။

သဉ်ဇာ - Thinzar said...

potato>> :) did u satisfied with the answer?

khet myint myint>> ဒီနာမည်ကို ကိုTZA ရဲ့ ဒီကိုလာမှာ အမြဲတွေ့တွေ့နေတယ်။ :D ဟုတ်ပါတယ်။ Facebook ပေါ် ဒီquiz ရောက်သွားခြင်းရဲ့ တရားခံက အစ်မပါဘဲ။ အရမ်းကြီးလည်း ချီးကျူးမနေပါနဲ့ဦး။ လုပ်ရတာ လွယ်လွယ်လေးပါ။

Facebook မှာ ပိုက်ဆံ ရှာချင်ရင် ဒီလို quiz လောက်နဲ့တော့ မရဘူးလေ။ game တွေကနေတော့ ပိုက်ဆံရှာတာ မြင်ဖူးတယ်။ Facebook ဂိမ်းတွေ ကစားတယ်မလား။ တစ်ချို့ ဂိမ်းတွေက အမြည်းဘဲ အလကား ပေးကစားပြီး premium ဆော့ချင်ရင် ဝယ်ရတယ်။ mafia, pet society, farm town တို့လိုမျိုးကြတော့ ဂိမ်းထဲမှာ ပိုက်ဆံထပ်ဖြည့်ချင်ရင် paypal တို့ visa card တို့ နဲ့ ဖြည့်ရတယ်လေ။ အဲဒီကနေ သူတို့ ပိုက်ဆံရကြတာပေါ့

MrDBA said...

ကျွန်တော်တော့ ၁၀၀% ရတယ်။ ဘာရမလဲ ဖြေပလိုက်တယ်။
ကျွန်တော်တော့ mafia war ဂိမ်းကစားတယ်ဗျ။

may said...

အဲဒီ quiz က Sandy တို့ သူငယ်ချင်းတွေကြားမှာအတော်ရေပန်းစားခဲ့သေးတယ်
Sandy က 100% ပြည့်လို့ proud to b a myanmar လုပ်နေချိန်မှာ.. သူငယ်ချင်း တရုတ်က သူကတော့ တရုတ်မို့ % နဲတယ်လို့ ဂုဏ်ယူစွာနဲ့ လာပြောနေလို့
နင်ကမြန်မာပြည်မှာ မွေးတာပဲမဟုတ်လားလို့ ရန်တောင်ဖြစ်ခဲ့သေးတယ်... anyway.. thanks for your quiz... :)

ZT said...

လက်စသတ်တော့ ဒီ Quiz က Thinzar လက်ချက်ကိုး။ :D ဒါနဲ့ Cyberslacking နဲ့ ရာထူးတက်နိုင်တယ် ဆိုတာ နောက်ပြီး ရေးထားတာပါ။ အတည်မယူပါနဲ့။ ဟီးဟီး။

သဉ်ဇာ - Thinzar said...

MrDBA>> ၁၀၀% ဂုဏ်ယူပါတယ်ကွယ် :D သဉ္ဖာလည်း mafia wars ကစားသေးတယ်။ ဟိုနှိပ်ဒီနှိပ်နဲ့ level 10 ရောက်သွားတယ်။ ဒါပေမယ့် ဘာကြီးမှန်းလဲကို မသိလိုက်ဘူး။ ဆက်မကစားဖြစ်တော့ဘူး။

may>> သဉ္ဖာလည်း တရုတ်ပါဘဲ။ ဒါပေမယ့် မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာဆိုတော့ proud to b myanmar ဘဲပေါ့ :) quiz ဖြေပြီး comment ဝင်ရေးပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ZT>> ခုမှသိတာလား :D သဉ္ဖာက ကိုZT ဘာရေးရေး senior တစ်ယောက်ဆီက လေ့လာ သင်ယူရတယ်ဆိုပြီး အတည်ယူတယ်။

သက်ပိုင်သူ said...

လာလည်သွားတယ်နော်
စီပုံးမတွေ့လို့ ဒီမှာ အော်သွားတယ်
ကောင်းသောနေ့လေးဖြစ်ပါစေ

ThuHninSee said...

လင့်ခ်ထားတာ..ပို့စ်အသစ်တက်တာ မတွေ့ဘူးသိလား။

သဉ်ဇာ - Thinzar said...

သက်ပိုင်သူ>> အာခီတက်ကြီး လာလည်သွားတာ ဝမ်းသာပါတယ် :)

သုနှင်းဆီ>> လင့်ခ်ထားတာ ကျေးဇူး အများကြီးတင်၏။ သုနှင်းဆီ စီကနေ visitor တွေ အများကြီး ရောက်လာတယ်။ အသစ်က ရေးနေတယ်။ ဒါပေမယ့် အခုတလော ဝါကျတွေကို အမြီးအမောက် တည့်အောင် မရေးနိုင်ဘူးလို့ ခံစားနေရတယ်။ ဒါကြောင့် အပြီးမသတ်နိုင်သေးဘဲ မတင်ဖြစ်သေးတာ :D

Talkii said...

ငါးပိတော့မစားဘူး။ ဒါပေမယ့် ဖြေတုန်းက ၁၀ဝ ရတယ်ထင်တယ်။ :)

သဉ်ဇာ - Thinzar said...

Talkii>> အင်း..ဟုတ်တယ်။ အဲဒါကြောင့်လေ.. သူက အကုန်မှန်စရာ မလိုဘူး။ အများစု မှန်ရင် ရပြီ။ :)

Post a Comment

Please feel free to use any font to comment :)