ကမ္ဘာမြေကြီးအတွက် တစ်နာရီ

မနေ့က သတင်းစာထဲမှာ ဖတ်မိပြီး စိတ်ဝင်စားလို့ Earth Hour အကြောင်း အချက်အလက်တွေ လိုက်ရှာဖြစ်တယ်။ ကမာ္ဘကြီး ပူနွေးပြီး ရာသီဥတု ဖောက်ပြန်လာတာကို လူတွေ သတိပြုမိစေဖို့အတွက် နှစ်စဉ် ကမာ္ဘ့မြို့ကြီးတွေမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီးနေတဲ့ တစ်နာရီတိတိကို Earth Hour လို့ခေါ်ပါတယ်။ World Wide Fund For Nature (WWF) အနေနဲ့ ၂၀၀ရ ခုနှစ် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ အိမ်ခြေနှင့် စီးပွါးရေးလုပ်ငန်းပေါင်း ၂.၂ သန်း က တစ်နာရီတိတ် မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီး နေပေးခြင်းဖြင့် Earth Hour စတင်ခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ ကမာ္ဘတစ်ဝှမ်းက လူသန်းပေါင်း ၅ဝကျော် ပါဝင်ခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ မြို့တော်ပေါင်း ၁၀ဝကျော်က လူပေါင်း သန်း၁၀၀ဝ လောက် ပါဝင်ဆင်နွှဲမယ်လို့ မှန်းထားပါတယ်။

မလေးရှားနိုင်ငံလည်း ၂၀၀၉ခုနှစ်မှာ ပါဝင်ဖို့ မနေ့က ကြေငြာလိုက်ပါတယ်။ လာမယ့် မတ်လ ၂၈ရက်နေ့ (စနေနေ့) ည ၈း၃၀-၉း၃ဝ အထိ ကွာလာလမ်ပူမြို့လယ်က အဆောက်အဦးတော်တော်များများကို မီးမှိတ်ထားမှာ ဖြစ်ပါတယ်။ KLCC တော့ မပါဘူး။ KL Tower ရယ်၊ 1 Utama, Pavillion စတဲ့ shopping center တွေရယ်၊ တစ်ခြား အထင်ကရ ဟိုတယ် တော်တော်များများပါတယ်။ စာရင်း အတိအကျကို ကြည့်ချင်ရင် ==> မလေးရှားစင်ကာပူ ။ ဒီတစ်နှစ်မှာ Earth Hour ကို ကမာ္ဘမြေကြီးနဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြား ရွေးကောက်ပွဲတစ်ရပ်လို့ သတ်မှတ်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်လည်း ကမ္ဘာမြေကြီးအတွက် မဲတစ်မဲထည့်တဲ့အနေနဲ့ March 28, 2009 (8:30-9:30 PM) မှာ မီးမှိတ်ပြီး နေပေးလို့ရရင် နေပေးသင့်ပါတယ်။ အဲဒီနေ့မှာ အပြင်ထွက်လည်ဖို့ စိတ်ကူးထားသူများ ကွာလာလမ်ပူမြို့လယ်ခေါင် မှောင်မှောင်မည်းမည်းထဲမှာ လမ်းမလျှောက်ချင်ရင်တော့ Earth Hour မတိုင်ခင် အိမ်ကို အမှီ ပြန်ကြပေါ့နော်။ (နိုင်ငံတိုင်းမှာ ဒေသ စံတော်ချိန်အတိုင်း မတ်၂၈ ည ၈း၃၀-၉း၃ဝ ကို Earth Hour အဖြစ် သတ်မှတ်ထားပါတယ်။)

News Sources:

Image Credit:

17 comments:

Nay Nay Naing said...

ခုနောက်ပိုင်း အခန်းမီးကို မလိုဘူးထင်ရင် မဖွင့်ပဲ ပိတ်ထားဖြစ်တယ်။ ညဘက်ဆို မအိပ်သေးပေမယ့် စာမဖတ်တဲ့အချိန်တွေမှာ မီးချောင်းအကြီးကို ပိတ်ထားလို ့ရရင် ပိတ်ထားလိုက်တယ်။
အရင်ကဆို အခန်းထဲမှာ ကိုယ်ရှိနေတုန်း မီးလင်းထိန်နေမှ ကြိုက်တာ၊ တစ်ခါတလေ မီးဖွင့်ပြီးတောင် အိပ်လိုက်သေးတယ်။

Nay Nay Naing said...

အင်း.. ကွန်မန် ့ရေးပြီး ပိုစ့်ကို နောက်တစ်ခေါက်ဖတ်ကြည့်ပြီး စဉ်းစားမိသွားတယ်။ မီးပိတ်တဲ့ ၁ နာရီအတွင်း... အမှောင်ထဲမှာ ဒုစရိုက်မှု ့တွေများ ဖြစ်အုံးမလား.. စိုးရိမ်မိတယ်။ အရမ်းကြီးတော့ မမှောင်လောက်ဖူး ထင်ပါတယ်။

ZT said...

မြန်မာနိုင်ငံလည်း ပါဝင်ဆင်နွှဲမယ် ထင်ပါရဲ့။ :)

သဉ်ဇာ - Thinzar said...

မနေနေနိုင်>> လုံးဝကြီး မှောင်မည်းနေအောင် ပိတ်မယ်လို့တော့ မပြောထားဘူး အစ်မ။ မလိုအပ်တဲ့ မီးတွေကို ပိတ်မယ်လို့ဘဲ ပြောထားတာဆိုတော့ ဘယ်လိုလည်းတော့ မသိဘူး။ အဲဒီနေ့ မြို့ထဲထွက်ပြီး စနည်းနာရင် ကောင်းမယ်ထင်တယ် :)

ကိုZT>> aha..ဟုတ်တယ်။ တစ်တပ်တစ်အားပေါ့။ :D ၂၀၀၈ခုနှစ်တုန်းက မြန်မာပြည်က ပါဝင်ဆင်နွှဲတဲ့ အရေအတွက်ကို ထည့်တွက်မိပုံမရဘူး။

သီဟသစ် said...

Thinzarရေ
Earth Hour ဆိုတာ ဒါကြီးကိုး ခုမှသိတော့တယ်။
ွှThanks

Phyo Maw said...

မနေ့တောင် ၆ နာရီတိတိ မီးပိတ်လိုက်မိသေးတယ်။
အိပ်ချိန်လေ။ ကျန်တဲ့အချိန်ကတော့ တယောက်တည်းနေတော့ လင်းလင်းထင်းထင်း နေဖြစ်တယ်။
( သရဲကြောက်တယ်လို့ ထင်သွားဦးမယ် မဟုတ်ပါ၊ မျက်စိအားနည်းလို့ပါ ) :D

ကြည် said...

မီးပိတ်ပြီးနောက်တစ်ရက်တော့ သတင်းတွေထဲပါကောင်းမယ်ထင်ပါရဲ့ ။ သဉ္ဖာပြောတာနဲ့စိတ်ဝင်စားလာပြီ။ စောင့်ဖတ်အုံးမှ။

khin oo may said...

တီဇက်အေ ပြောလို့လာဖတ်တယ်။

သဉ်ဇာ - Thinzar said...

သီဟသစ်>> ဟုတ်ပါတယ်။ Earth Hour ဆိုတာ ဒါကြီးပါဘဲကွယ်။ :)

Phyo Maw>> ၆နာရီတိတိဆို နည်းသေးတယ်။ တို့က မီးချွေတာတဲ့အနေနဲ့ တရက် ရနာရီလောက် အိပ်တယ်။ :D

ကြည်>> ဟုတ်တယ်။ သဉ္ဖာလည်း အမြဲလိုလို (သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့) မီးဖြတ်ထားတဲ့ နိုင်ငံမှာတော့ မထူးဆန်းပေမယ့် ဒီလိုနိုင်ငံတွေမှာဆို ဘယ်လိုနေမလဲ သိချင်တယ်။ အဖော်ရှိရင် မြို့ထဲ သွားကြည့်ရင် ကောင်းမလားလို့တောင် စဉ်းစားနေတာ။

မမကွမ်>> ကိုတိန်းဇော်အေးကို ကျေးဇူးတင်ရမယ် =)

ကိုဇေယျာ said...

I feel same with you.

အင်း ခုချိန်မှာတော့ ကျနော်လဲ မီးကိုချွေတာနေတယ် ပြောရမယ်။ ရုံးမှာလဲ တစ်နေကုန်နီးပါး မီးဖွင့်စရာမလိုအောင် ပါတ်ဝန်းကျင်က အလင်းရောက်ကောင်းတယ်။
ခုနေနေတဲ့ အိမ်မှာလဲ Air Con မရှိတဲ့အပြင် ကျနော်က ပန်ကာလေလဲ မကြိုက်တော့ အရမ်းပူမှပဲ ပန်ကာ ဖွင့်ဖြစ်တော့တယ်။
အိမ်မှာရှိနေတုန်း တစ်နေကုန် တစ်ညလုံး ကွန်ပူတာ သုံးနေတာတော့ ဘယ်လိုပြောရမလဲ မသိဘူး။ ဟီးဟီး။ မီးတော့ မဖွင့်ဘူးပေါ့နော်။

Cheers!

myo said...

သဉ္ဇာ.. တို့လည်းလာဖတ်သွားပါတယ်..ကိုတင်ဇာအောင်ပြောလို့..

သဉ်ဇာ - Thinzar said...

ကိုဇေယျာ>> ကွန်ပူတာ သုံးတာကတော့ no comment ဘဲ။ သဉ္ဖာလည်း အိပ်တဲ့အချိန်က လွဲရင် ကွန်ပျူတာ မပိတ်ဖြစ်ဘူး။

myo>> ကိုတိန်းဇော်အေးပါ။ :D လာဖတ်သွားတာ ဝမ်းသာပါ၏

တောင်ပေါ်သား said...

ဗမာပြည်က ဒီအပိုင်းမှာတော့ ခေတ်ရှေ့ပြေးနေတာပေါ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းကိုက တနာရီတောင်မဟုတ်ဘူး တညခြားကို မဖြစ်မနေ မီးကို ပိတ်ပိတ်ထားရတာလေ။ :D

dr-nelly said...

hehehe.. in myanmar,, not only earth hour.. but everyday is earth day.. coz no electricity :P even earth week sometimes.. and when u go to the village,, even earth month :)

သဉ်ဇာ - Thinzar said...

shanghua>> ဟုတ်တယ်။ ကမာ္ဘမှာ eco-friendly အဖြစ်ဆုံး နိုင်ငံဆု ပေးသင့်တယ်။ :D

အန်တီနယ်လီ>> aha..yeah.. we, Myanmar ppl are prevserving electrical power and help fighting global-warming since many years back and still doing ;-)

ko said...

နေအိမ်မီးနဲ. ပန်ကာကို ၁နာရီလောက် မပိတ်ရင် ဆိုးကျိုးတွေကို နဲနဲ လေးတစ်ရောက်တစ်ပေါက်ပြောကြပါလားဗျာ ကျွန်တော်ထင်တာကတော့ Dolphin တွေလို ပြန်ပြီး မျိုးပွားနိုင်ရဲ. (renew) သားနဲ. စားသုံးသူတွေက အလွန်အကျွန် သတ်ဖြတ်မှုတွေကြောင့် မျိုးတုံးသလိုဖြစ်သလို ပဲထင်တယ်။ 2011 မတ်လ ၂၅ နေ.မှာ အနဲဆုံး တော့သေချာပေါက်ပန်ကာလေးတော့ပိတ်ပေးမယ်ဗျာ

pe said...

အခန်းကို မီး၁ နာရီလောကအမှောင်ချမပေးရင် ဘာဖြစ်မလဲ တစ်ယောက်တစ်ပေါက်ပြောပေးပါလားဗျာ

ပန်ကာကိုတော့ပိတ်ပေးပါမယ်ဗျာ နောက်လာမဲ.2011မတ်လ ၂၅ နေ.မှာ စက်ရုံတွေတော့ Co2 တွေအလွန်အကျွံထုတ်လို. အိမ်တွေ၊ အခန်းတွေကျတော့ကော ဆွေးနွေးပေးကြပါ...

Post a Comment

Please feel free to use any font to comment :)