
Font embed မလုပ်ထားတဲ့ ကိုယ့်ဘလော့ဂ်ရယ် မစူးနွယ် ဘလော့ဂ်ရယ်ဖွင့်တယ်။ တစ်ချို့ အောက်ကမြစ်လေးတွေ နေရာနည်းနည်းလွဲနေတာကလွဲရင် ကျန်တာအကုန်အဆင်ပြေတယ်။ ဖောင့်သွင်းစရာမလိုဘဲ ဖတ်လို့ရတာ ဘယ်လောက်ကောင်းသလဲ။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ်တွေကိုတော့ ပေစာ၊ကျောက်စာ၊ပုရပိုက်စာ ဆန်ဆန်လေး မြင်ရတယ်။ အန်ကယ်ဒီကိုလာ ရဲ့ဘလော့ကတော့ font-embed လုပ်ထားတယ်ထင်တာဘဲ၊ ကောင်းကောင်းဖတ်လို့ရတယ်။ အဲဒါနဲ့ screenshot ရိုက်ပြီး လနဲ့ချီမရေးတဲ့ ဘလော့ဂ်မှာ တင်ချင်စိတ်ပေါက်လာတာနဲ့ တင်လိုက်ပါတယ်။ အဲဒီလိုနဲ့ အချက်၂ချက်ကိုတော့ အတိအကျ ပြောနိုင်သွားတယ်။ :-D
၁။ OS တွေမှာ Myanmar Unicode support လုပ်လာရင် ဖောင့်သွင်းစရာမလိုဘဲနဲ့ မြန်မာယူနီကုဒ်နဲ့ရေးထားတဲ့စာတွေ ကောင်းကောင်းဖတ်လို့ရမယ်။
၂။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တွေ ပျက်စီးသွားမယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူ့အတိုင်း သူနေနေမှာဘဲ။ မသကာ ဖောင့်သွင်းပြီး ဖတ်ရုံပေါ့။
ထူးတေဇာ သူ့ ပို့စ်တစ်ခုမှာ ရေးဖူးတာကတော့
နောက်တစ်ခုထူးခြားတာက ဖောင့်ထည့်ပေးရုံတင် မဟုတ်ပဲ အခြား လုပ်ဆောင်ချက် တွေပါထည့် ပေးထားပါတယ်။ iCal ဆိုတဲ့ calendar မှာ အကုန် မြန်မာလို ပြပေးတယ် icon မှာကအစ မြန်မာလိုပါ။ နောက် နာရီကိုလဲ မြန်မာလို ပြတယ်။ သူက နေ့လည်နဲ့ ညနေဆိုပြီး AM, PM ကိုတောင် ပြပေးသေးတယ်။ ရက်စွဲတွေလဲ ဗုဒ္ဓဟူး စသဖြင့်ပြတယ် လတွေရောပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ သေချာတာကတော့ Lion OS က သက်သေပြပေးတာပါပဲ Unicode fonts တွေဟာ ကွန်ပျူတာပေါ်မှာ စာလုံးပေါ်ပြီး လူက မျက်စိနဲ့ ဖတ်ရုံသက်သက် မဟုတ်ပဲ compute လုပ်လို့ ရတယ်ဆိုတာ ပြပေးတာပါ။
ခုနက နည်းနည်းဆက်ကလိထားတာ။ မြန်မာကီးဘုတ်ပါ တစ်ခါတည်း ပါတယ်။ မြန်မာနိုင်ငံအလံသစ်လေးနဲ့ MYANMAR- QWERTY ဆိုပြီး ပြထားပါတယ်။ သူ့ကီးဘုတ်တော့ မရိုက်တတ်ဘူး။ စာလုံးစီထားပုံက နဂို မြင်နေကြမဟုတ်တော့။ (Lion's built-in myanmar unicode keyboard map) ရက်စွဲ၊ အချိန်၊ ငွေကြေး၊ စသဖြင့် အကုန် မြန်မာလို set လုပ်လို့ရတာ တွေ့ရတယ်။ Buddhist Calendar ဆိုပြီးတော့တောင်ပါသေးတယ်။





