A hasty tour guide & a rushed tour (2)

စင်ကာပူကို နှစ်ရက်အတွင်းမှာ သုတ်သုတ်သွား သုတ်သုတ်ပြန် လုပ်ပြီးတော့ ကျန်နေတဲ့ တစ်ရက်ခွဲမှာ KL မှာ ခြေဆန့်ကြပါတယ်။ ပထမ နေ့တစ်ဝက်မှာ အဒေါ်တွေကို MyDIN ကုန်တိုက်နဲ့ ကုလားတန်း ခေါ်သွားလိုက်တာ ဆိုင်တွေ မပိတ်မချင်း ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့ပါဘူး။ ကွာလာလမ်ပူမှာ လက်ဆောင်ပစ္စည်း ဝယ်လို့ အကောင်းဆုံးနေရာပါ။ ပစ္စည်းစုံပြီး ဈေးလည်း သက်သာတယ်။ MyDIN ကတော့ စင်ကာပူက Mustafa လိုမျိုး ဈေးပေါပေါနဲ့ ပစ္စည်း အစုံရတဲ့ ကုန်တိုက်ပေါ့။ အဲဒီကအပြန် KLCC ဝင်၊ ညစာစား ဓါတ်ပုံရိုက်ပြီး အိမ်ပြန်ခဲ့တယ်။ Twin Tower က ညဘက်မှာ တော်တော်လှတယ်။ နေ့ဘက်ကြတော့လည်း တစ်မျိုးလှတာပေါ့။

နောက်တစ်နေ့ မနက် အစောကြီးထပြီး twin towers ရဲ့ sky bridge တက်ဖို့ လက်မှတ် သွားတန်းစီတယ်။ တစ်နေ့ကို လက်မှတ် အစောင် ၁၀၀ဝ အလကား ပေးတယ်ဆိုပေမယ့် စောစောမသွားရင် လက်မှတ်ရဖို့ မလွယ်ဘူး။ ၈း၃ဝမှာ လက်မှတ်စဝေတယ်။ ၈းဝဝလောက် ရောက်သွားတာ ကိုယ့်အရှေ့မှာ လူတွေ တော်တော်များနေပြီ။ ဒါပေမယ့် ကိုယ့်လိုဘဲ အိပ်ချင်မူးတူးနဲ့ လာတန်းစီနေတဲ့သူတွေ များတယ်။ တစ်ယောက်ကို လက်မှတ် ၅စောင် အထိ ယူလို့ရတယ်။ ပထမဆုံး sky bridge visit က ၉းဝဝ မှာ စတယ်။ ၁၅ မိနစ် တစ်ဖွဲ့နှုန်းနဲ့ တစ်ခေါက်ကို လူ ၄ဝ လောက်စီ ပါတယ်။ ကိုယ်တို့တွေက ၁ဝးဝဝနာရီ လက်မှတ်ရတယ်။ စနေနေ့ဆိုတော့ လက်မှတ်က ခဏလေးနဲ့ ကုန်သွားတယ်။ Twin towers က ၈၈ ထပ် ရှိပေမယ့် ၄၄ ထပ်က တံတားအထိဘဲ တက်လို့ရတာ။ ဘာရယ်တော့ မဟုတ်ပေမယ့် မလေးရှားနိုင်ငံရဲ့ landmark ဆိုတော့ ကမာ္ဘလှည့် ခရီးသွားတွေလည်း တက်ဖူးသည် ရှိအောင်တော့ တက်ကြည့်ကြတာနေမှာ။ စာရေးရတာ ပျင်းလာပြီ။ ပုံဘဲ တင်တော့မယ်။ KL မှာ လည်စရာ ဒီလောက်ဘဲ ရှိပါတယ်။

KLCC Park and KL Convention Centre

The area between Public Bank and KLCC

Public Bank, Istana Budaya from KLCC skybridge

KL Twin Tower Building

Prime Minister Office (Putrajaya)

Sunway Pyramid

Berjaya Hills လည်း သွားသေးတယ်။ ဒါပေမယ့် ရောက်ပြန်ဘဲ။ အဲဒီနေရာက တစ်ခါရောက်ပြီးရင် ထပ်မသွားချင်တဲ့နေရာ။ ဘာမှလည်း မရှိဘူး။ ဓါတ်ပုံရိုက်လို့ လှတာ တစ်ခုဘဲ။ ခပ်သုတ်သုတ်လည်ရတာဆိုတော့ ကင်မရာကို တစ်နေရာကို ချိန်၊ တစ်ယောက်ပြီး တစ်ယောက် ကင်မရာရှေ့ကို ဝင်ရပ်၊ ကလစ်... ပြီးရင် နောက်တစ်နေရာပြောင်းပေါ့။ သုံးရက်ခွဲအတွင်း စင်ကာပူနဲ့ မလေးရှားကိုလည်တာ tourist တွေတော့ မသိဘူး။ tourist guide တော့ ဘာမှန်းတောင် မသိလိုက်ဘူး။ မြန်လွန်းလို့။ :-P

12 comments:

JulyDream said...

မျှော်စင်ညီနောင်ကို သွားလည်ဖို့ ချိန်နေတာ ကြာပြီ။ အခုထိတော့ မရောက်သေးဘူး။ အဲဒီကို ရောက်အောင် သွားတော့ သွားအုံးမယ်ဗျာ။

Phyo Maw said...

rushed tour ဆိုတဲ့အတိုင်းပဲ အမရယ်... :D

ဇနိ said...

tourist guide တော့မသိဘူး မဇနိတော့ မြန်မြန်ဖတ်လိုက်ရတာ မောသွားတယ်။
မဇနိ

သဉ်ဇာ - Thinzar said...

ကိုJuly >> KL ရောက်ရင်တော့ အဲဒီကို အရင်ဆုံး ရောက်အောင် သွားသင့်ပါတယ်။

Phyo Maw>> ဒီလောက် မြန်မြန် ဆန်ဆန် ဒီတစ်ခါဘဲ လည်ဖူးသေးတာ။ ရှိသမျှအချိန် မိနစ်စက္ကန့်တိုင်းကို တန်ဖိုးထားပြီး ၃ရက်လောက် နေဖူးသွားတာပေါ့။

မဇနိ>> ဖြည်းဖြည်းဖတ်အစ်မ..နားနားပြီးဖတ် :) အဲဒီသုံးရက်ပြီးတော့ နောက်တစ်နေ့ ပင်ပန်းလို့ အိပ်လိုက်တာ ညနေမှထတယ်။

ဗီလိန် said...

ဆီဗုံးလည်းမတွေ့ဘူးနော်။

Harun said...

thinzar>> if I m not mistaken sky bridge is located in level 41 and 42.But 41 is for visitor and level 42 is for staff..but in ur text u mentioned level 44...I m confused... :D

သဉ်ဇာ - Thinzar said...

Harun>> heehee..maybe.. the guide explained but I couldn't remember exactly. So, I just write the nearest figure that I could remember ;) thanks 4 the correction..

KhinL2K said...

Hi a ma,

I'm thinking to visit to KL
but don't know which package to choose.
I'm thinking to choose Berjaya Times Square package.
In ur post, that place doesn't have anything to visit??

သဉ်ဇာ - Thinzar said...

KhinL2K>> Hi, the berjaya times square package is quite popular. Bcoz the hotel is really nice. and the shopping mall is quite big. There's a blog (a burmese blogger from singapore) which write about the Berjaya times square package. I'll try to search again and let u know :)

KhinL2K said...

i see. thanks for the info.

သဉ်ဇာ - Thinzar said...

KhinL2K>> hi, I found the post, it's written by မပန်းခရမ်းပြာ
- Kuala Lumpur-Genting trip (1)- Kuala Lumpur-Genting trip(2)I hope it helps :) hv a nice trip!

KhinL2K said...

thanks sis for the info.

Post a Comment

Please feel free to use any font to comment :)