Trip to Redang Island - 1

ရေကူးရမှာကို သေမလောက် ကြောက်ပေမယ့် စိတ်ကူးပေါက်တဲ့တစ်နေ့မှာ Redang Island က Snorkeling Package ကို သူငယ်ချင်းတွေရဲ့ အဆွယ်ကောင်းမှုကြောင့် ဝယ်လိုက်တယ်။ ဒီလိုနဲ့ Redang Island ကို ရောက်သွားခဲ့ပါတယ်။ Redang Island က Terengganu ပြည်နယ် Kuala Terengganu မြို့ ရဲ့ တစ်ဘက်ကမ်း တောင်တရုတ် ပင်လယ်ထဲမှာ ရှိပါတယ်။ KLကနေ Redang Island ရှိတဲ့ Kuala Terengganu ကို တိုက်ရိုက်မောင်းရင် ၅နာရီခွဲလောက် ကြာတယ်။ ဘတ်စ်ကားနဲ့ဆိုရင်တော့ နည်းနည်းပိုကြာလိမ့်မယ်။ Kuala Terengganu ကနေ Merang Jetty Point ကို နာရီဝက်လောက် မောင်းရတယ်။ Jetty Point မှာ တစ်ရက် ၁ဝနဲ့ ကားရပ်တဲ့နေရာတွေ ရှိတယ်။ ကျွန်းကိုရောက်အောင် စက်လှေ ၄၅ မိနစ် လောက် စီးရတယ်။ ပင်လယ်ပြင်ကို ဖြတ်ရတာဆိုတော့ လှိုင်းတော့ နည်းနည်း ကြမ်းတယ်။ ရေထဲမှာ ရိုလာကိုစတာ စီးနေရတဲ့ အတိုင်းဘဲ။
Merang Jetty Point
Redang Pelangi Resort က ၃ရက်၂ည Snorkeling Package ကို ဝယ်သွားတာပါ။ စနေတနင်္ဂနွေဆိုတော့ ဈေးနည်းနည်း ပိုပေးရတယ်။ စက်လှေ အသွားအပြန်၊ အစားအသောက် မနက်စာ၊ နေ့လည်စာ၊ tea break၊ ညစာ ရယ် Snorkeling trip ၃ခေါက်ရယ် အပါအဝင်ကို ၂ည၃ရက် package ရင်းဂစ် ၃၆ဝ ပါ။ life jacket နဲ့ snorkeling mask အတွက် ၂၅ရင်းဂစ် သပ်သပ် ထပ်ပေးရပါတယ်။ မျက်မှန် ပါဝါ ၃၀ဝ ကျော်တဲ့သူတွေ အတွက် power mask ရှိပါတယ်။ အစားအသောက်၊ နေရာထိုင်ခင်း၊ customer service ပြောစရာမရှိအောင် ကောင်းပါတယ်။ တစ်ခြား resort တွေနဲ့ယှဉ်ရင် ဈေးသက်သာတဲ့အတွက် တစ်ခြားလူတွေ သွားချင်ရင် ဒီpackage ကို ဝယ်ဖို့ recommend လုပ်ပါတယ်။ မကောင်းတာ တစ်ခုဘဲ ရှိတယ်။ Resort ရှေ့မှာ ည၁ဝနာရီကနေ ၁၂နာရီအထိ clubbing ရှိတာကြောင့် အရမ်းဆူညံပြီး စောစောအိပ်ချင်ရင် အဆင်မပြေပါဘူး။
Redang Pelangi Resort မှာတည်းတယ်။

ဒါက resort ကနေ မြင်ရတဲ့မြင်ကွင်း။ ကြည်လင်နေတဲ့ရေရယ် ပြာလဲ့လဲ့ မိုးကောင်းကင်ရယ် ဖြူလွှလွှ သဲသောင်ပြင်ရယ်က စိတ်ထဲမှာရှိတဲ့ မွန်းကြပ်မှုတွေကို ပြေပျောက်သွားစေတယ်။

Redang Island နဲ့မနီးမဝေးမှာ ရှိတဲ့ ကျွန်းနှစ်ကျွန်းကတော့ လူတွေ လဲလျောင်းနေတဲ့ပုံနဲ့တူတယ်လို့ ပြောပါတယ်။
ဒါက ယောကျာ်းကြီးတစ်ယောက် ပုံတဲ့။
ဒါက မိန်းမကြီးတစ်ယောက် လဲလျောင်းနေတဲ့ပုံတဲ့။

ကင်မရာမှာ ရေစက်ထင်သွားတာ သတိမထားလိုက်မိဘူး။ ပုံတွေ ပြန်ကြည့်မှ တွေ့တယ်။ ပုံတွေကို နောက်မှ retouch ပြန်လုပ်ရမယ်။ စာတွေ အများကြီးရေးရင် ရေးရတဲ့သူလည်း ပျင်းတယ်။ ဖတ်ရတဲ့သူလည်း ပျင်းလိမ့်မယ်။ ဒီတော့ ဟိုဟိုဒီဒီ ရိုက်ထားတဲ့ ပုံလေးတွေဘဲ တင်တော့မယ်။


အုန်းသီး နဲ့ ဘာမှန်းမသိတဲ့ အသီး


ယူပြန်ရင် ဒဏ်ငွေ ၃၀၀ဝ ဆောင်ရမယ်ဆိုတဲ့ ကျောက်စရစ်ခဲ လှလှလေးတွေနဲ့ ကျွန်းပေါ်မှာ ချန်ခဲ့တဲ့ ခြေရာ.. (ဖိနပ်ရာ) :D

လှတပတ ပန်းလေးနှစ်ပွင့် သစ်ရွက်လေးတစ်ရွက်

စွန့်စွန့်စားစား snorkeling trip အကြောင်းတော့ နောက်နေ့မှ ဆက်ရေးတော့မယ်။

8 comments:

Taungoo said...

ကျောက်ခဲများ ယူမနေပါနဲ့ အမရယ်။ လေးကလေး ဈေးကကြီးနဲ့။ ဆက်တင်ပါဦး

dr-nelly said...

အံမယ်... ဒီတလ ခရီးတွေသွားလှချည်လား... ပျော်စရာကြီး....

nyimuyar said...

wow, nice and cool place, Please share some more.

သဉ်ဇာ - Thinzar said...

ကိုTaungoo>> အဲဒီကျောက်ခဲလေးတွေက ချစ်စရာလေး.. ကောက်လာရင်လဲ သုံးရက်လောက်နေရင် အမှိုက်ပုံးထဲ ရောက်သွားမှာ :D

မမနယ်လီ>> ဒီpackage က february ကတည်းက ဝယ်ထားတာ။ ကျန်တာတွေက မထင်မှတ်ဘဲ သွားဖြစ်တဲ့ ပိုက်ဆံမကုန်တဲ့ ခရီးတွေ ;)

nyimuyar>> thanks.. still writing the episode 2.. lazy to upload.. :D

zeRoTraSh said...

မိန်းမကြီးပုံနဲ့ ယောက်ျားကြီးပုံ ဟုတ်လား ဟီး ဟီး ဘယ်လိုမှ ခံစားလို့မရဘူး နောက်တာပါ။ စီဘောက်လဲ မတွေ့ဘူး လာလည်သွားတယ် :D

သဉ်ဇာ - Thinzar said...

zerotrash>> သေချာခံစားကြည့်ချင်ရင် ခေါင်းကနေ စကြည့်သွားလေ :P စီဘောက်မရှိတာက ၂နှစ်လောက်ရှိပြီ

လဝန်းညို said...

အစ်မက တောင်ကြီးသူပီသပါပေတယ်ဗျာ မလေးရောက်တဲ့ အထိ Scholl ကိုမလွတ်တမ်းစီးနေတုန်းပဲ ကျွန်တော့ လိုပဲ မယုံဘူးလား။ မယုံရင် ကျွန်တော်စီးထားတဲ့ ဖိနပ်ရာပို့ပေးလိုက်မယ်လေ။
သန့်စင်မင်း Thailand

သဉ်ဇာ - Thinzar said...

strike>> aha.. တောင်ကြီးသားအချင်းချင်းဆိုတော့ ဖိနပ်ကို မြင်လိုက်တာနဲ့ တန်းသိတာလား ;) အင်း.. ဖိနပ်ရာ ပို့ရင် ပို့လိုက်..

Post a Comment

Please feel free to use any font to comment :)