Showing posts with label information. Show all posts
Showing posts with label information. Show all posts


ကမ္ဘာမြေကြီးအတွက် တစ်နာရီ

မနေ့က သတင်းစာထဲမှာ ဖတ်မိပြီး စိတ်ဝင်စားလို့ Earth Hour အကြောင်း အချက်အလက်တွေ လိုက်ရှာဖြစ်တယ်။ ကမာ္ဘကြီး ပူနွေးပြီး ရာသီဥတု ဖောက်ပြန်လာတာကို လူတွေ သတိပြုမိစေဖို့အတွက် နှစ်စဉ် ကမာ္ဘ့မြို့ကြီးတွေမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီးနေတဲ့ တစ်နာရီတိတိကို Earth Hour လို့ခေါ်ပါတယ်။ World Wide Fund For Nature (WWF) အနေနဲ့ ၂၀၀ရ ခုနှစ် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ အိမ်ခြေနှင့် စီးပွါးရေးလုပ်ငန်းပေါင်း ၂.၂ သန်း က တစ်နာရီတိတ် မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီး နေပေးခြင်းဖြင့် Earth Hour စတင်ခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ ကမာ္ဘတစ်ဝှမ်းက လူသန်းပေါင်း ၅ဝကျော် ပါဝင်ခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ မြို့တော်ပေါင်း ၁၀ဝကျော်က လူပေါင်း သန်း၁၀၀ဝ လောက် ပါဝင်ဆင်နွှဲမယ်လို့ မှန်းထားပါတယ်။

မလေးရှားနိုင်ငံလည်း ၂၀၀၉ခုနှစ်မှာ ပါဝင်ဖို့ မနေ့က ကြေငြာလိုက်ပါတယ်။ လာမယ့် မတ်လ ၂၈ရက်နေ့ (စနေနေ့) ည ၈း၃၀-၉း၃ဝ အထိ ကွာလာလမ်ပူမြို့လယ်က အဆောက်အဦးတော်တော်များများကို မီးမှိတ်ထားမှာ ဖြစ်ပါတယ်။ KLCC တော့ မပါဘူး။ KL Tower ရယ်၊ 1 Utama, Pavillion စတဲ့ shopping center တွေရယ်၊ တစ်ခြား အထင်ကရ ဟိုတယ် တော်တော်များများပါတယ်။ စာရင်း အတိအကျကို ကြည့်ချင်ရင် ==> မလေးရှား၊ စင်ကာပူ ။ ဒီတစ်နှစ်မှာ Earth Hour ကို ကမာ္ဘမြေကြီးနဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြား ရွေးကောက်ပွဲတစ်ရပ်လို့ သတ်မှတ်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်လည်း ကမ္ဘာမြေကြီးအတွက် မဲတစ်မဲထည့်တဲ့အနေနဲ့ March 28, 2009 (8:30-9:30 PM) မှာ မီးမှိတ်ပြီး နေပေးလို့ရရင် နေပေးသင့်ပါတယ်။ အဲဒီနေ့မှာ အပြင်ထွက်လည်ဖို့ စိတ်ကူးထားသူများ ကွာလာလမ်ပူမြို့လယ်ခေါင် မှောင်မှောင်မည်းမည်းထဲမှာ လမ်းမလျှောက်ချင်ရင်တော့ Earth Hour မတိုင်ခင် အိမ်ကို အမှီ ပြန်ကြပေါ့နော်။ (နိုင်ငံတိုင်းမှာ ဒေသ စံတော်ချိန်အတိုင်း မတ်၂၈ ည ၈း၃၀-၉း၃ဝ ကို Earth Hour အဖြစ် သတ်မှတ်ထားပါတယ်။)

News Sources:

Image Credit:



Malaysia Airlines Travel Fair

ဒီတစ်ပါတ် မလေးရှားအဲလိုင်းက လေယာဉ်လက်မှတ် ပရိုမိုးရှင်းရှိတယ်။

Booking Period: 10-19 February 2009
Travel Period: 17 Feb 2009 - 30 Sept 2009

အတိအကျသိချင်ရင် မလေးရှားအဲလိုင်း website မှာ သွားဖတ်ပါ။

ရန်ကုန်ကို အသွားအပြန်မှ ရင်းဂစ် ၇၈ဝ လောက်ဘဲကျတယ်။တော်တော်ကို တန်တယ်။ မြန်မာပြည်ကို တစ်ရက် flight နှစ်ခုတောင် ဆွဲပေးပြီဘဲ။ ဈေးချတဲ့အချိန်ကလည်း ကိုးလို့ကန့်လန့်။ ကျောင်းတက်တုန်းကလိုဆို ကျောင်းပိတ်ရက်ကို ချိန်ပြီး ကြိုဝယ်ထားလို့ ရတယ်။ အခု အလုပ်လုပ်နေတော့ ဘယ်လဘယ်ရက်မှာ အားမယ်ဆိုတာ ကြိုပြီး မမြင်နိုင်ဘူး ဖြစ်နေတယ်။ အရင်တစ်ခေါက် ခွင့်တစ်လ ယူထားတာလည်း မကြာသေးဘူးဆိုတော့ ငါ့ကို ဘယ်အချိန် ခွင့်ပေးမလဲ သွားမေးရင် အရိုက်ခံရမလား မသိဘူး။ Sydney ကို အသွားအပြန် RM ၁၆၂၉ တဲ့။