Showing posts with label ရှေးဟောင်းနှောင်းဖြစ်. Show all posts
Showing posts with label ရှေးဟောင်းနှောင်းဖြစ်. Show all posts


စာရွက် တစ်ပိုင်းက ပေးခဲ့သော သင်ခန်းစာ

ကိုနေဘုန်းလတ် ရေးတဲ့ ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ ဆိုတာကို ဖတ်ရင်း second year တက်တုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ်။

တစ်ရက်ကပေါ့။ ကျူတိုရီရယ် ဖြေမယ်တဲ့။ မေးခွန်းက တစ်ပုဒ်တည်း။ အဖြေကလည်း တကယ်ဖြေရင် စာမျက်နှာတစ်ဝက်လောက်ဘဲ ရှိမယ်။ ဒါနဲ့ ကျွန်မတို့ သူငယ်ချင်း လေးယောက် ဗလာစာအုပ် အလယ်က စာရွက် နှစ်ရွက်ဖြုတ်ပြီး တစ်ယောက်တစ်ပိုင်းစီ လေးပိုင်း ပိုင်းပြီးဖြေကြတာပေါ့။

မြန်မြန် ဆုတ်လိုက်တော့ နည်းနည်းတော့ မညီမညာ ဖြစ်သွားတယ်လို့ ထင်တာဘဲ။ နောက်နေ့ စာရွက်တွေ ပြန်ပေးတော့ ကျွန်မတို့ လေးယောက်ကို အတန်းရှေ့မှာ ဆူပါလေရော။ ဘလိုင်းကြီးဆိုတော့ ကြောင်သွားတာပေါ့။ သူဘာလို့ စိတ်ဆိုးလည်းဆိုတာကို တော်တော်နဲ့ နားမလည်နိုင်ဘူး။ နောက်တော့မှ အဲဒီလို စာရွက်တစ်ပိုင်းနဲ့ ဖြေတာ သူ့ကို မလေးမစားလုပ်တာပါတဲ့။ ကျွန်မတို့ လုပ်ရပ်က စာကိုလည်း မရိုသေ၊ ဆရာမကိုလည်း မလေးစားတဲ့ လုပ်ရပ်တဲ့။ အဲဒီ စာရွက်ကို ပိုင်းလိုက်တုန်းက သဘောရိုး အမှန်ပါ။ စာရွက်တစ်ရွက်တည်းကို လေးပိုင်းပိုင်းပြီး ဖြေလို့ စိတ်ဆိုးတယ်ဆိုရင် နည်းနည်း ခံသာဦးမယ်။ တက္ကသိုလ် ကျောင်းသူတွေကို လူရှေ့မှာ ဆူတာဟာ သူမှားတာလား ကျွန်မတို့ မှားတာလားဆိုတာ ဝေခွဲလို့ မရခဲ့ပါဘူး။

နောက်ဆက်တွဲကတော့ အမြဲ အတန်းမှန်အောင် တက်လေ့ရှိတဲ့ ကျွန်မတို့တွေ အတန်းလစ်တတ်လာတယ်။ ဆရာမက ကိုယ့်ကို ကြည့်မရတဲ့ ဒဏ်ကို ဘယ်ကျောင်းသားမှ ခံနိုင်မယ် မထင်ပါဘူး။ ကျောင်းသားနဲ့ ဆရာ ကြားမှာ အပြန်အလှန် လေးစားမှုဆိုတာတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဆရာသမားကိုလည်း မပစ်မှား ချင်ပါဘူး။ ရလဒ်ကတော့ အဲဒီ တစ်ဘာသာကို အောင်မှတ်ရအောင် အနိုင်နိုင် ဖြေလိုက်ရပါတယ်။

အမှန်ကတော့ ဆရာသမားဆိုတာ ဘာဘဲ ဖြစ်ဖြစ် လေးစားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ human right ဆိုပြီး အော်နေပေမယ့် ကျွန်မတို့ မြန်မာလူမျိုး တွေကတော့ ဂါရဝတရားကို ရှေ့တန်းတင်ဆဲပါ။ ကျောင်းတက်နေသရွေ ့တော့ မျက်နှာလိုက်တဲ့ဆရာ၊ အမှတ်ပေး ကပ်စီးနည်းတဲ့ ဆရာ၊ စည်းကမ်း တင်းကျပ် ဖြစ်တဲ့ ဆရာ၊ ဇီဇာကြောင်တဲ့ ဆရာ စသဖြင့် ဆရာပေါင်းစုံနဲ့ ကြုံရဦးမှာပါ။ ဆရာတွေလည်း ပုထုဇဉ် တွေပါ။ အခုတော့ semester စတိုင်း စီနီယာတွေဆီက ဆရာတွေ အကြောင်း အရင် စုံစမ်းတာ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။ ဆရာတွေနဲ့ ထိပ်တိုက် မလုပ်တာ အကောင်းဆုံးဘဲလို့ ခံယူထားရင်း…

ဆရာအားလုံးကို အစဉ်အမြဲ လေးစားလျှက်…


ရှေးဟောင်းနှောင်းဖြစ်

ဘာရယ်တော့ မဟုတ်ပါဘူး။ အခုလေးတင် people online magazine မှာ CITY FM ၅နှစ်ပြည့် အခမ်းအနားမှာ အုပ်စုလိုက်ရေပန်းအစားဆုံးအဖွဲ့ ကို IMP ကရသွားတယ်ဆိုလို့။
ဒါကိုဖတ်မိတော့ ဝမ်းလည်းသာတယ်။ တောင်ကြီး GCC ကိုလည်း ပြန်သတိရမိတယ်။ အရင်တုန်းက ကျောင်းမှာ fresher welcome ရှိတိုင်း သူတို့အဖွဲ့က တီးတာလေ။ သူတို့ရဲ့သီချင်းတွေကို သူတို့ဟာIMP ဆိုတာ မသိခင်ကတည်းက ကြိုက်ခဲ့တာ.. e.g., မျက်နှာ၊ လှပြီးသားပါ တို့ပေါ့။ အဲဒီတုန်းကတော့ ဪ..တော်တော်ဂီတဝါသနာ ပါတဲ့ တက္ကသိုလ်ကျောင်းသားလေးတွေပေါ့။ အခုလို အောင်မြင်သွားတော့လည်း ဂုဏ်ယူစရာပါ။ Wish you will achieve greater success!

တောင်ကြီးကလူတွေကတော့ တော်တော့်ကို ဂီတဝါသနာကြီးကြတာ။ ကျောင်းမှာ fresher welcome ဖြစ်ဖြစ်၊ farewell ဖြစ်ဖြစ် သီချင်းဆိုချင်တဲ့သူတွေ အရမ်းအရမ်းကို များပါတယ်။ အားလုံးကလည်း သူ့talent နဲ့ သူပါပဲ။ ကျောင်းသားတွေ တီးကြဆိုကြ၊ ပြဇာတ်တိုလေးတွေကကြနဲ ့ တော်တော်တော့ ပျော်ဖို့ကောင်းခဲ့ပါတယ်။ အသံအရမ်းကောင်းတဲ. သူငယ်ချင်း KKS တစ်ယောက်ကိုလည်း အမြဲသီချင်းဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။


ဘာညာဘာညာ

အစက ဒီနေ.တော.ဘလော.ဂ်ရေးနိုင်တော.မှာ မပာုတ်ဘူးလို.ထင်ထားတာ..
အပြင်မှာမိုးတွေအရမ်းရွာနေတယ်.. ပြန်ဖို.ကထီးလည်းမရှိတာနဲ. စောင်.ရဦးမယ်.. LRT station ကိုရောက်ဖို. ၁ဝမိနစ်လောက်လမ်းလျှောက်ရမှာဆိုတော. ရွှဲမှာသေချာတယ်..
အင်း ... ဘာရေးရမှာလည်း လဲစဉ်းစားလို.မရဘူး ..သူများတွေလိုမြန်မာစာအရေးအသားမကောင်းတော.လည်း ဝမ်းနည်းတယ်..
ဪ..ဒါနဲ. aircon နဲ.ပါတ်သတ်ပြီး ကြုံရတဲ.ပာာသလေးတွေရှိတယ်.. အရင်တစ်နှစ်နွေမှာ camp သွားတုန်းကပေါ. .. ဘင်္ဂလားဒေ.ရှ်က ကောင်မလေးတစ်ယောက်နဲ. တစ်ခန်းထဲ နေရတယ်... အဲဒီမှာပြသနာကစတာဘဲ .. မမချောက
ဘင်္ဂလားဒေ.ရှ်ကလာလို.ဘဲတော်တော.တယ် .. အအေးကြောက်လိုက်တာမှ လွန်ရော .. တို.က aircon 20 C လောက် ဖွင်.ထားရင် သူက ညညဆိုထပြီး 30 C လောက်အထိတိုးလိုက်တယ်.. ပထမ တစ်ရက်နှစ်ရက်ကတော. ဘာလို.အဲလောက်ပူလဲဆိုတာ စဉ်းစားလို.မရဘူး ..နောက်မှ သူ.လက်ချက်မှန်းသိလိုက်တာ... ပာူး.. ပြောရမှာလဲအားနာတာနဲ. .. သူတိုးရင် တို.ကထပြီးပြန်လျှော.တယ် ... တို.လျှော.ထားလို.သူနိုးလာရင် .. သူကပြန်တိုးထားလိုက်တယ်.. ဒီလိုနဲ. သူနဲ.ကျွန်မ ၈ရက်လောက်အတူတူနေဖြစ်ခဲ.ကြပါတယ်..
ဒီမိုးကတော.တိတ်တော.မယ်.ပုံမပေါ်ဘူး... ဒီတိုင်းဘဲပြန်တော.မယ်..