My new toy

အိမ်မှာ အင်တာနက် လျှောက်ဖို့ စဉ်းစားနေတာ ကြာပြီ။ ဒါပေမယ့် ကိုယ်နေတဲ့နေရာဝန်းကျင်မှာက Streamyx လဲ အဆင်မပြေ WiFi တွေကလည်း မမိတမိဆိုတော့ ကပ်စေးလည်း နည်းနေတာနဲ့ဘဲ အခုမှ သွားလျှောက်ဖြစ်တယ်။ အရင်က Jusco က free wi-fi ကို သွားသုံးလိုက် Starbucks သွားလိုက်ဘဲ လုပ်နေတာ။ ဒီမှာ ရွေးချယ်စရာကလည်း နည်းပါးတယ်။ Wireless broadband ထဲမှာဆိုရင် Maxis နဲ့ Celcom က 3G, HSPDA, EDGE ရတယ်။ uMobile နဲ့ Digi က 3G မရသေးဘူး။ လပေါင်း တော်တော်ကြာကြာကို စဉ်းစားတွေးခေါ်ချင့်ချိန်ပြီး စိတ်ကူးပေါက်တဲ့တစ်ရက်မှာ Celcom Broadband သွားလျှောက်ပြီး Vodafone USB modem ကို RM ၃၉၉ နဲ့ ဝယ်ခဲ့တယ်။ Basic Package, Monthly Unlimited (5GB fair usage) အတွက် တစ်လကို ၆၈ ရင်းဂစ်။ Contract တွေ ဘာတွေ မရှိဘူး။ အရင်က သုံးတာ ၁၂လ မတိုင်ခင် ရပ်မယ်ဆို ရပ်ဆိုင်းခ ၃၅ဝ ပေးရသေးတယ်။ အခု မပေးရတော့ဘူး။ modem ကို အရစ်ကျ ဝယ်ချင်ရင်တောင် ရသေးတယ်။ ဒါပေမယ့် modem အရစ်ကျ ဝယ်မယ်ဆိုရင် ၁၈လ contract ချုပ်ရတယ်။ Unlimited ဆိုပေမယ့် ၅GB ထက် မကျော်ရဘူးတဲ့။ ဒေါင်းလုတ်တွေတော့ သိပ်လုပ်လို့ မရဘူး။ Unlimited ဆိုပြီး 5GB ဆိုတာ ဘာကြီးလဲလို့ မပြောပါနဲ့။ သင့်တင့်မျှတစွာ သုံးစွဲမှု ပေါ်လစီ (Fair Usage Policy ) ပါတဲ့။ :-D speed က 384kbps ဆိုပေမယ့် သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Advanced package (3.6Mbps) က တစ်လကို ရင်းဂစ် ၉၈ ဆိုတော့ စဉ်းစားဦးမယ်။ သူလည်း တစ်လ 5GB ဘဲဆိုတော့ ဘာမှ သိပ်မထူးပါဘူး။ ပိုမြန်တော့ 5GB မြန်မြန်ပြည့်တာပေါ့။ ကိုယ့်ကိုယ် ကပ်စီးနည်းနေတာဘဲ ကောင်းတယ်။

I just subscribed to Celcom broadband. RM 68 per month, without contract or activation fees is a very good deal. I bought the Vodafone Modem for RM 399, paid RM 500 deposit since being a foreigner, RM 68 for the first month, that’s it. No other hidden cost. The speed is quite ok for my house area, Taman Melati. I’m now enjoying this new toy. ;)

At first, when I plugged-in the modem, an error message prompted saying “Get Profile failed”. After some googling, I found out that this is Vodafone-specific problem. The problem is solved after I followed the following instructions given in this forum.
1. Click Start, right-click My Computer, and then click Manage.
2. Double-click Services and Applications, and then double-click Services.
3. Right-click Telephony and then click Properties.
4. On the General tab, click Manual next to Startup type.
5. On the General tab, click Start under Service status, and then click OK.
6. Repeat steps 3 - 5 for the Remote Access Connection Manager Service and for the Remote Access Auto Connection Manager Service.

4 comments:

trh said...

5GB ? It is not gonna last even one week for me ...

သဉ်ဇာ - Thinzar said...

trh>> yeah.. 5GB is too limited.. But since I'm using it only on weekends, and I don't do much downloads, so, it's just enough for me.

nayyarthit said...

မသဉ္စာရေ အသုံးဝင်မလားတော့မသိဘူး
တခုလောက်ပြောပါရစေ
ခုနောက်ပိုင်း maxis လိုင်းက
maxis အသုံးပြုသူတိုင်းအတွက်
၁ နာရီ RM-2
24HOURS-RM8
1week-RM25<2GB>
1MONTH-RM68 လွယ်ကူစွာသုံးလို့ရတယ်
ဘယ်မှလဲသွားစရာမလို ဘာမှလဲဝယ်စရာမလို
ဘယ်သူမှအကူညီတောင်းစရာမလိုဘူး
ကျွန်တော်လက်ရှိသုံးနေတဲ့ ပုံစံပြောပြမယ်နော်
ကျွန်တော်လက်ရှိ 017 maxis လိုင်းသုံးတယ်
handphone ကတော့ sonnyericsson ပေါ့
maxis center *100# ကိုနှိပ်လိုက်တယ် အဲဒီနောက် ၁နာရီ ၁ရက် ၁လ နှစ်သက်ရာရွေးလိုက်တယ်
၁နာရီကိုရွေးချယ်ရင် ၂ကျပ် စားမှာဖြစ်ပြီး ၁လကိုရွေးချယ်ရင်၆၈ကျပ် ဖုန်းထဲက ဖြတ်သွားမှာဖြစ်တယ် ဖုန်းထဲပိုက်ဆံထဲ့ထားဖို့တော့လိုတာပေါ့ဗျာ
အဲဒီလိုတခုခုရွေးချယ်ပြီးသွားရင် ကိုယ်သုံးမဲ့ computer ကို data cable သုံးပြီး ခုန maxis ကဒ်ထည့်ထားတဲ့ ဖုန်းနဲ့ဆက်သွယ်ပေးလိုက်ရုံပါပဲ ဒါဆို internet စသုံးလို့ရပြီ အရမ်းလွယ်ပြီး အလုပ်မရှုပ်တော့ဘူး အမတွက်မလိုအပ်ရင်လဲ တခြားသူငယ်ချင်းတွေကိုပြောပြလို့ရတာပေါ့
စိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင် gmail account ပေးခဲ့မယ်နော် ကျွန်တော့မှာတော့ အမတို့လို ကိုယ်ပိုင် blog မရှိသေးဘူး
စေတနာဖြင့် nayyathit201@gmail.com

သဉ်ဇာ - Thinzar said...

nayyarthit>> အခုလို ပြောပြပေးတာ ကျေးဇူးဘဲနော်။ အဲဒီနည်းက တော်တော် အဆင်ပြေတယ်နော်။ သူငယ်ချင်းတွေကို အကြံပေးလိုက်ဦးမယ်။ ဒါနဲ့ datable cable နဲ့ သုံးရင် speed က ဘယ်လောက်ရသလဲဟင်? monthly limit ကော ဘယ်လောက်ပါလဲ?

ကျမ စဝယ်တုန်းက maxis က အဲဒီ offer မလုပ်သေးဘူးလေ။ အရင်တစ်နှစ်က ရွေးချယ်စရာလည်း ဘာမှ သိပ်မရှိသေးတော့ အဲဒီ လိပ်ပက်ကျိ speed နဲ့ celcom ဘဲ ဝယ်သုံးလိုက်ရတယ်။ အခု celcom ကို terminate လုပ်ပြီး maxis ရဲ့ youth package(no-device package) ပြောင်းပြီး subscribe လုပ်ထားတယ်။ 3.6Mbps ကို တစ်လ ၄၈ရင်းဂစ်ဆိုတော့ မဆိုးဘူး။ Modem က ရှိနေပြီးသားဆိုတော့ ဖုန်းကို ဒုက္ခ မပေးတော့ဘူး :)

Post a Comment

Please feel free to use any font to comment :)