Digital Fortress ဖတ်ပြီးကတည်းက Dan Brown ရဲ့ အရေးအသားကို အရမ်းကြိုက်သွားခဲ့တယ်။ ဒုတိယ အနေနဲ့ Deception Point ကို ဖတ်ဖြစ်တယ်။ Digital Fortress လိုမျိုးတော့ လက်က မချချင်လောက်အောင် မဖြစ်ပေမယ့် သူလည်း တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ပါဘဲ။ နိုင်ငံရေး၊ သိပ္ပံနဲ့ နည်းပညာ၊ သမိုင်း၊ ဘူမိဗေဒ၊ အဏ္ဏဝါ သိပ္ပံ စသဖြင့် ဘာသာရပ်ပေါင်းစုံနဲ့ ဇာတ်အိမ်တည်ထားပြီး ရသပေါင်းစုံ ဗဟုသုတပေါင်းစုံ ပေးနိုင်တဲ့ စာအုပ်တစ်အုပ် ပေါ့။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ လုပ်နေတဲ့အချိန်။ အစိုးရဘက်က NASA ကို အပြတ်အသတ် ထောက်ခံပြီး အတိုက်အခံ ပါတီက အစိုးရဟာ NASA နဲ့ ပါတ်သတ်ပြီး ဖြုန်းတီးနေတယ်ဆိုပြီး NASA ရဲ့ အားနည်းချက်တွေကို အဓိက တိုက်ခိုက်တယ်။ NASA ရဲ့ ယခုနှစ်ပိုင်းအတွင်း မအောင်မြင်တဲ့ ပရောဂျက်များစွာကြောင့် တစ်နှစ်တစ်နှစ် NASA ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့နေတဲ့ အစိုးရဘက်က တစ်ဖြည်းဖြည်း အားနည်းလာခဲ့တယ်။ အဲဒီအချိန်မှာ NASA ဟာ မြောက်ဝင်ရိုးစွန်းမှာ သက်ရှိရုပ်ကြွင်းတွေပါတဲ့ ဥက္ကာပျံတစ်ခုကို ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ဒါဟာ ကမာ္ဘအပြင်ဘက်မှာ သက်ရှိတွေ နေနိုင်သလား ဆိုတာကို အဓိကထား လေ့လာနေတဲ့ NASA အတွက် တော်တော်ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါဘဲ။ ဒီဥက္ကာပျံနဲ့ သက်ရှိရုပ်ကြွင်းတွေဟာ အစစ်အမှန် ဖြစ်ကြောင်းကို အရပ်သား သိပ္ပံပညာရှင် ငါးယောက်ကို စစ်ဆေးခိုင်းတဲ့အခါမှာ … ဇာတ်လမ်းနာမည်ကိုက Deception Point ဆိုတော့ တစ်ယောက်ယောက်က တစ်ခုခုကို လိမ်နေတာတော့ သေချာတယ်။ ဘာလဲ၊ ဘယ်သူလဲ၊ ဘာကြောင့်လဲ ဆိုတာ သိချင်ရင်တော့ စာအုပ် ငှား/ဝယ် ဖတ်ပါ။ :-D
ဒီဝတ္ထုထဲက အဓိက ဇာတ်ကောင်တွေကတော့
- Rachel Sexton - အတိုက်အခံပါတီ ခေါင်းဆောင်ရဲ့ သမီး၊ NRO ရဲ့ Data Analyst
- Michael Tolland – documentary တင်ဆက်သူ အဏ္ဏဝါ သိပ္ပံ ပညာရှင်
- Corky Marlinson – astrophysicist (မြန်မာလို ဘာခေါ်လဲ?? နက္ခတ္တဗေဒ+ရူပဗေဒ ပညာရှင်?)
- Norah Mangor – တက္ကသိုလ်က အော့ကြောလန် ပါမောက္ခ၊ glaciologist (ရေခဲမြစ်တွေကို လေ့လာတဲ့ ပညာရှင်)
- Wailee Ming - ဘာပညာရှင်လည်း မသိတော့ဘူး။ မေ့သွားပြီ။ နောက်မှ စာအုပ်ပြန်လှန်ပြီး ထပ်ထည့်မယ် :D
- Zach Henry - လက်ရှိ အမေရိကန် သမ္မတ
- Senator Sexton - အတိုက်အခံပါတီ ခေါင်းဆောင်
Dan Brown ရဲ့ အရေးအသားမှာ တကယ်ကြိုက်မိတဲ့ အချက်က သူ့ဇာတ်လမ်းထဲမှာ ဘာသာရပ် တော်တော်များများကို အသေအချာ လေ့လာပြီး အသေးစိတ် ထည့်သွင်းရေးသားထားတာကိုပါ။ Deception Point ထဲမှာဆိုရင်
- အမေရိကန်ပြည်ထောင်စု ရဲ့ ရှုပ်ထွေးလှတဲ့ သမ္မတ ရွေးကောက်ပွဲ အကြောင်း
- နိုင်ငံရေးသမားတွေရဲ့ sex scandal
- အဏ္ဏဝါ သမုဒ္ဒရာ ရေပြင် နဲ့ ငါးမန်းတွေ
- ဘူမိဗေဒဆိုင်ရာ ကျောက်တုံး ကျောက်ခဲတွေ အကြောင်း
- NASA နဲ့ပါတ်သက်ပြီး အာကာသ သိပ္ပံအကြောင်း
- မြောက်ဝင်ရိုးစွန်း အာတိတ်စက်ဝိုင်း ရဲ့ ရေခဲပြင် ဖွဲ့စည်းပုံ၊ ရာသီဥတု
- UFO (ပန်းကန်ပြားပျံ) တွေနဲ့ ဂြိုလ်သားတွေ တကယ်ရှိမရှိ
- အမေရိကရဲ့ ထိပ်သီးအဖွဲ့အစည်းတွေဖြစ်တဲ့ NASA, NRO (National Reconnaissance Office), SFF (Space Frontier Foundation)
- အမေရိကန်စစ်တပ်ရဲ့ အထူးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ Delta force နဲ့ သူတို့သုံးတဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေနဲ့ လက်နက်ကိရိယာ
- White House အထဲက တစ်ချို့နေရာတွေကို အသေးစိတ် ရေးထားတယ်
ဝထ္ထုဆိုတော့ တစ်ချို့ အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေကို မှီငြမ်းထားတာ ဖြစ်မယ်။ တစ်ချို့ ဖြစ်ရပ်တွေကတော့ စာရေးဆရာရဲ့ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်လိမ့်မယ်။ စာရေးသူကတော့ ဇာတ်လမ်းထဲမှာ ပါတဲ့ နည်းပညာတွေဟာ အပြင်မှာ တကယ်ရှိပြီးဖြစ်တယ်လို့တော့ အဖွင့်မှာ ရေးထားတယ်။
Dan Brown ရဲ့ နောက်ထပ်စာအုပ်တွေ ဖြစ်တဲ့ Da Vinci Code နဲ့ Angel & Demons ကိုလည်း ဆက်ဖတ်ဖို့ စဉ်းစားထားတယ်။ Angel & Demons က ရုံတင်တော့မှာဆိုတော့ အဲဒါ အရင် ဝယ်ဖတ်လိုက်ဦးမယ်။ ဖတ်ပြီးမှ ရုံတင်တာ သွားကြည့်ရတာလည်း အရသာ တစ်မျိုးဘဲ။