Showing posts with label mm unicode. Show all posts
Showing posts with label mm unicode. Show all posts


Testing Myanmar Unicode Support on Mac OS X

အရင်အပါတ်က ရုံးမှာ Mac Book Pro ၂လုံး grant ရတော့ ဘယ်သူသုံးချင်သလဲမေးတာ.. ရုံးက programmer အများစုက ဝင်းဒိုး မစွန့်လွှတ်နိုင်သူတွေများနေတယ်။ ကိုယ်က သိပ်စမ်းသပ်ချင်တဲ့သူဆိုတော့ သုံးမယ်ပြောလိုက်တော့ လက်ထဲကို Mac Book လေး ရောက်လာရောဆိုပါတော့။ Mac OS မှာ 10.7.2 Lion ကနေစပြီး မြန်မာယူနီကုဒ်ကို support လုပ်တယ်ဆိုတာ ဖတ်မိထားတော့ ရတာနဲ့ အင်တာနက်ချိတ်ပြီး ဘယ်လိုနေလဲစမ်းသပ်ကြည့်တယ်။




Font embed မလုပ်ထားတဲ့ ကိုယ့်ဘလော့ဂ်ရယ် မစူးနွယ် ဘလော့ဂ်ရယ်ဖွင့်တယ်။ တစ်ချို့ အောက်ကမြစ်လေးတွေ နေရာနည်းနည်းလွဲနေတာကလွဲရင် ကျန်တာအကုန်အဆင်ပြေတယ်။ ဖောင့်သွင်းစရာမလိုဘဲ ဖတ်လို့ရတာ ဘယ်လောက်ကောင်းသလဲ။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ်တွေကိုတော့ ပေစာ၊ကျောက်စာ၊ပုရပိုက်စာ ဆန်ဆန်လေး မြင်ရတယ်။ အန်ကယ်ဒီကိုလာ ရဲ့ဘလော့ကတော့ font-embed လုပ်ထားတယ်ထင်တာဘဲ၊ ကောင်းကောင်းဖတ်လို့ရတယ်။ အဲဒါနဲ့ screenshot ရိုက်ပြီး လနဲ့ချီမရေးတဲ့ ဘလော့ဂ်မှာ တင်ချင်စိတ်ပေါက်လာတာနဲ့ တင်လိုက်ပါတယ်။  အဲဒီလိုနဲ့ အချက်၂ချက်ကိုတော့ အတိအကျ ပြောနိုင်သွားတယ်။ :-D

၁။ OS တွေမှာ Myanmar Unicode support လုပ်လာရင် ဖောင့်သွင်းစရာမလိုဘဲနဲ့ မြန်မာယူနီကုဒ်နဲ့ရေးထားတဲ့စာတွေ ကောင်းကောင်းဖတ်လို့ရမယ်။
၂။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တွေ ပျက်စီးသွားမယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူ့အတိုင်း သူနေနေမှာဘဲ။ မသကာ ဖောင့်သွင်းပြီး ဖတ်ရုံပေါ့။

ထူးတေဇာ  သူ့ ပို့စ်တစ်ခုမှာ ရေးဖူးတာကတော့
နောက်တစ်ခုထူးခြားတာက ဖောင့်ထည့်ပေးရုံတင် မဟုတ်ပဲ အခြား လုပ်ဆောင်ချက် တွေပါထည့် ပေးထားပါတယ်။ iCal ဆိုတဲ့ calendar မှာ အကုန် မြန်မာလို ပြပေးတယ် icon မှာကအစ မြန်မာလိုပါ။ နောက် နာရီကိုလဲ မြန်မာလို ပြတယ်။ သူက နေ့လည်နဲ့ ညနေဆိုပြီး AM, PM ကိုတောင် ပြပေးသေးတယ်။ ရက်စွဲတွေလဲ ဗုဒ္ဓဟူး စသဖြင့်ပြတယ် လတွေရောပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ သေချာတာကတော့ Lion OS က သက်သေပြပေးတာပါပဲ Unicode fonts တွေဟာ ကွန်ပျူတာပေါ်မှာ စာလုံးပေါ်ပြီး လူက မျက်စိနဲ့ ဖတ်ရုံသက်သက် မဟုတ်ပဲ compute လုပ်လို့ ရတယ်ဆိုတာ ပြပေးတာပါ။
အဲဒါတွေတော့ မစမ်းကြည့်ရသေးဘူး။ တစ်ချို့ screenshots တွေကို Saturngod ရေးတဲ့ Lion that made me cry မှာကြည့်ပါ။ ကျမတော့ ခုမှ Mac စသုံးတာဆိုတော့ ကွန်ပျူတာ စသင်စ ကလေးလေးလို ဖြစ်နေတယ်။ My Computer ဘယ်နားရှိလည်းကအစ google search နဲ့ ပြန်ရှာနေရတယ်။ အကျွမ်းတဝင်ဖြစ်သွားရင်တော့ windows ထက် အပုံကြီးသာတယ် ပြောကြတာဘဲ။ ခုလောလောဆယ်တော့ တိုင်ပါတ်နေတယ်။ အချိန်တိုအတွင်း adapt လုပ်နိုင်မယ်လို့တော့ မျှော်လင့်တာဘဲ။ 
-----------
ခုနက နည်းနည်းဆက်ကလိထားတာ။ မြန်မာကီးဘုတ်ပါ တစ်ခါတည်း ပါတယ်။ မြန်မာနိုင်ငံအလံသစ်လေးနဲ့ MYANMAR- QWERTY ဆိုပြီး ပြထားပါတယ်။ သူ့ကီးဘုတ်တော့ မရိုက်တတ်ဘူး။ စာလုံးစီထားပုံက နဂို မြင်နေကြမဟုတ်တော့။ (Lion's built-in myanmar unicode keyboard map) ရက်စွဲ၊ အချိန်၊ ငွေကြေး၊ စသဖြင့် အကုန် မြန်မာလို set လုပ်လို့ရတာ တွေ့ရတယ်။ Buddhist Calendar ဆိုပြီးတော့တောင်ပါသေးတယ်။

built-in Myanar keyboard (with weird key arrangements :D )
စာြကွင်း - Zawgyi ဖတ်မရဘူးထင်ပြီး ခဏနေ မက်ဘွခ် ဝယ်ဖို့လန့်နေဦးမယ်.. Zawgyi ဖောင့်သွင်းလိုက်တာနဲ့ ဘာsetting မှတောင်​ ​ပြောင်းစရာမလိုလိုက်ဘူး..အော်တိုမက်တစ် အကုန်ဖတ်လို့ရသွားတယ်.. ကောင်းလေစွ.. :)


My blog and myanmar unicode issue

SOLVED! The issue caused by having Unicode 5.1 version of Myanmar3. The display is fine after replacing with new version of Myanmar3. Thanks everyone.

=================================

ဘလော့ဂ်ကို ယူနီကုဒ် ပြောင်းအပြီးမှာ သတိထားမိတာက အသတ်နဲ့ အောက်ကမြစ်တွဲထားတဲ့စာလုံးတွေ တလွဲဖြစ်နေတယ်။ သဉ္ဇာက ဘလော့ပို့စ် အဟောင်းတွေကို Myanmar NLP က Converter နဲ့ ပြောင်းထားတာ။ နောက်ဆုံးပို့စ်တစ်ခုတော့ MS Word မှာ ရိုက်ပြီးတင်တာ။ keyboard အတွက် NHM Writer ကို သုံးတယ်။ ရိုက်တုန်းကတော့ မှန်တယ်။ publish လုပ်ပြီးမှ အသတ်နဲ့ အောက်ကမြစ်တွေက တလွဲ ဖြစ်သွားတာ။ ရေလည်စားတယ်။


ကိုရဲလင်းကျော် ဘလော့ဂ်


စေတန်ဂေါ့ဒ် ဘလော့


ကိုဒီဘီ ဘလော့


သဉ္ဇာ့ဘလော့




ကိုဇက်တီ ဘလော့ဂ်ကြတော့ ဟုတ်လို့။ သူ ဘာ magic တွေ သုံးထားသလဲ လိုက်ရှာရတယ်။ Right Click -> View Page Source ပေါ့။ CSS ကိုလည်း ကိုဇက်တီ ပြောတဲ့အတိုင်း ပြင်တာဘဲ။ ဘာလို့ အဲဒီ အသတ်နဲ့ အောက်ကမြစ်က တလွဲဖြစ်နေသလဲ စဉ်းစားလို့ကို မရဘူး။ Source ထဲက ကုဒ်တွေကို လိုက်ရှာတော့ ဒီလိုတွေ့တယ်။

e.g., ဒါပေမယ့် ဆိုတဲ့ စာလုံးကို HTML Encoding နဲ့

ကိုဇက်တီ ဘလော့ဂ်မှာ
ဒါပေမယ့်


သဉ္ဇာ့ ဘလော့ဂ် မှာကြတော့ ဒီလို
ဒါပေမယ့်

NHM Writer ရဲ့ keymap ကို update လုပ်ရမှာလား။ browser setting ကြောင့်လား။ CSS ကြောင့်လား။ မသိတော့ဘူး

Ref:
Myanmar Unicode Character and HTML Entities


Converting blog to Myanmar Unicode

ခုတလော ဖိုရမ်တွေမှာရော ဖေ့စ်ဘွခ်ပေါ်မှာပါ လူတော်တော်များများ ယူနီကုဒ်သံ တညံညံ ဖြစ်နေတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းလောက်တုန်းက မြန်မာ၃ ပြောင်းဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကီးဘုတ်က တော်တော်ပြဿနာ တက်တာနဲ့ မေ့မေ့ပျောက်ပျောက်ဘဲ ဖြစ်သွားတယ်။ အဲတုန်းက ယူနီကုဒ် ၅.၁ ထင်တယ်။ အခုတော့ ယူနီကုဒ် ၅.၂ စံ မှာ မြန်မာစာက stable ဖြစ်သွားပြီဆိုတော့ ကိုယ်လည်း ပြောင်းသုံးသင့်တဲ့ အချိန် ရောက်ပြီလို့ ယူဆတယ်။ ပြဿနာကတော့ နည်းနည်းတက်တယ်။ မြန်မာ ဘလော့ဂ် စရေးတုန်းကလို ခံစားချက်မျိုးပေါ့။

ပထမဆုံး font နဲ့ keyboard သွင်းဖို့လုပ်တယ်။
1. Myanmar 3: Installing Unicode Font
2. Myanmar Unicode Font Package (credits to Ko ZT)
3. Keyboard: NHM keyboard for Unicode


ဒီမှာ ဘာပြဿနာ တက်လဲဆိုတော့ အရင်နှစ်က မြန်မာ၃ သွင်းထားသေးတယ်။ အဲတုန်းက ယူနီကုဒ် ၅.၁။ အခု ယူနီကုဒ် ၅.၂ နဲ့ ထွက်လာတော့ အရင်ဖောင့်ကို delete လုပ်မရ.. replace လုပ်မရနဲ့ ရွာလည်ပါရော။ နည်းမျိုးစုံစမ်းပြီး နောက်ဆုံးမှ ပြေလည်သွားတယ်။ font ကို drag & drop နဲ့ တစ်ခြားနေရာ အရင်ရွှေ့ (Windows ကို C:\ drive ထဲမှာ သွင်းထားတာဆိုရင် C:\ drive ရဲ့ တစ်နေရာရာကို ရွှေ့ရမယ်။ ဖျက်လို့ရမယ့် နည်းလမ်းတော့ ရှာမတွေ့သေးဘူး။) ပြီးမှ ဖောင့်အသစ်ပြန်သွင်းရတယ်။

ဖောင့်သွင်းပြီးပြီ။ NHM Writer သွင်းထားတော့ Alt + 1 နှိပ်ပြီး ယူနီကုဒ်ပြောင်းတယ်။ notepad မှာ စာရိုက်တယ်။ အိုကေ။

နောက် browser တွေက ဇော်ဂျီ ဖောင့် ပြောင်းထားတာဆိုတော့ ယူနီကုဒ်ကို ကောင်းကောင်း မမြင်ရဘူး ဖြစ်ပြန်ရော။ အဲဒီအတွက်တော့ ဦးနှောက်ခြောက်စရာ သိပ်မလိုလိုက်ဘူး။ Javascript plugin တွေ ရေးထားပြီးသား ရှိတယ်။

Firefox အတွက် Plugin (credits to ကိုစိုးမင်း)
Unicode 5.1 to Zawgyi 2009 Converter as Bookmark

Google Chrome အတွက် Extension (credits to saturngod)
Parallel Universe


မြန်မာဘလော့ဂ်တွေ ကောင်းကောင်းဖတ်လို့ရသွားပြီ။ ပြီးတော့ ကိုယ့်ဘလော့ဂ် တစ်ခုလုံးကို ယူနီကုဒ်ပြောင်းဖို့လုပ်ရတယ်။ အဲဒီအတွက် Unicode Converter ကို Myanmar NLP
ကနေ ဒေါင်းလုတ်လုပ် ဘလော့ပို့စ်တွေကို xml ထုတ်၊ convert လုပ်၊ upload ပြန်လုပ်လိုက်တယ်။ ဘလော့သက်တမ်း သုံးနှစ်လောက်မှာ စုစုပေါင်း ၁၅၇ ပုဒ် တိတိကြီးများတောင် ရေးထားတာဆိုတော့ ခဏဘဲကြာတယ်။ ပြီးတော့ ဘလော့တန်းပလိတ်မှာ CSS တွေကို လိုက်ပြောင်းတယ်။ ပြီးသလောက်တော့ ရှိသွားပြီ။ ကိုယ့်ကိုယ် ကြည့်တော့ ဟုတ်သလိုလို။ ဒါပေမယ့် ဘလော့ဂ် တစ်ခုလုံးမှာ အသတ်နဲ့ အောက်ကမြစ် တွဲထားတဲ့စာလုံးတွေ တစ်ခုမှ မအိုကေဘူး ဖြစ်နေတယ်။ တစ်ပုဒ်ချင်းစီ လိုက်ပြင်ရင်လည်း ပြင်တုန်းက အကောင်း publish လုပ်လိုက်ရင် ဒုံရင်း ဒုံရင်း ဖြစ်သွားရော။ ကိုဇက်တီ ကတော့ အားပေးပါတယ်။

တစ်ချို့ ကွန်ဗာတာက ယူနီကုတ် ၅.၁ ထွက်တုန်းက ရေးထားတာပါ။ ၅.၁ ကနေ ၅.၂ ပြောင်းတဲ့ အချိန်မှာ ကျန်တာတွေ အားလုံး တူပေမယ့် အောက်ကမြင့်ကို သိမ်းတဲ့ပုံစံ ပြောင်းသွားတယ်။ သဉ္ဇာ့ ဆီမှာ အခု ရှိတဲ့ဖောင့်က ၅.၂ ဖောင့် ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အခုလို မြင်နေရတာ။ ဒါလေးတော့ လောလောဆယ် Manual ပဲ ပြန်ပြင်လိုက်ပါ။
တဲ့။

ခုလောလောဆယ်တော့ ဒီအတိုင်းထားလိုက်ဦးမယ်။ sidebar က widget တွေကလည်း ဇော်ဂျီတစ်ဝက် ယူနီကုဒ် တစ်ဝက် ဖြစ်နေတုန်းဘဲ။ ဖြည်းဖြည်းချင်း ပြင်ယူရမယ်။


ဘာဘဲဖြစ်ဖြစ် တော်တော်တော့ ခရီးရောက်သွားပါပြီ။ သူများပြောင်းလို့ ဒီအတိုင်း ပေါ်ပင် လိုက်လုပ်တာတော့ မဟုတ်ပါဘူး။ မြန်မာလို search လုပ်တဲ့အခါ result တော်တော်များများက မြန်မာ ဘလော့ဂ်တွေကနေ လာတာပါ။ ဇော်ဂျီသုံးတုန်းက စာအရေးအသား အထားအသိုကို သိပ်ဂရုစိုက်စရာ မလိုတော့ ရေးချင်သလို ရေးခဲ့တယ်။ နည်းနည်းလေး မှားလိုက်တာနဲ့ search engine က မသိတော့ဘူး။ ယူနီကုဒ်စံကို လိုက်နာလိုက်ခြင်းအားဖြင့် ကိုယ်ရေးထားတဲ့စာတွေဟာ နောင်တစ်ချိန်မှာ တစ်ယောက်ယောက်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ နှမ်းတစ်စေ့လောက်တော့ ဖြစ်တန်ကောင်းပါရဲ့။

(ယူနီကုဒ်ကို convert လုပ်ပြီး upload လုပ်တဲ့အခါ publish လုပ်မိသွားလို့ feed reader ကို spam လုပ်သလို ဖြစ်သွားရင် Feed ကို subscribe လုပ်ထားတဲ့သူတွေကို တောင်းပန်ပါတယ်။)