CNY around KL


CNY @Pavillion. The photo borders are set by the camera's built in frame. But I feel the photo looks a little nicer (or worse?) :D Pavillion's theme for this year - Blossom in pink, prosper in red. It's so apt for this festive season.

@Pavillion too. Phew.. just noticed I forgot to set the date and the pixels. I just got back the camera from service center last wednesday which is after two months I sent it there because of some dead pixels. They set it at 1MegaPixel, damn...


Decoration @ Times Square is the best CNY decoration for this year. Photo gets quite shaky since I try to snap it while going down the escalator.


This is apparently not CNY decoration. ;-) But it just looks so nice for me. I doesn't have the chance to watch the dragon dance this year. Anyway, hope it's not too late to wish Gong Xi Fa Cai! Happy NIU(牛) year!


ကျမအတွက် မရှိမဖြစ် freeware များ

အလုပ်စဝင်ပြီးနောက်ပိုင်း ရုံးမှာ pirated software တွေ သုံးလို့ မရတော့ freeware တွေ၊ opensource software တွေ ပိုပြီး ရှာသုံးဖြစ်လာတယ်။ size သေးသေးနဲ့ အရမ်းအသုံးဝင်တဲ့ ကျမ အမြဲသုံးဖြစ်နေတဲ့ freeware တစ်ချို့ကို share ပါတယ်။ ရရက်လောက် ပို့စ်မတင်ဖြစ်တော့ ရခုကို တစ်ခါတည်း ပေါင်းရေးလိုက်တယ်။

1. FormatFactory Free media file format Converter. သီချင်း၊ ဓါတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ဘဲ ဖြစ်ဖြစ်၊ ဖိုင် size လျှော့ချင်ရင်ဘဲဖြစ်ဖြစ် အရမ်းအသုံးဝင်တဲ့ software လေးပါ။

ဥပမာ - youtube ကနေ video တစ်ခု ဒေါင်းလုတ်လုပ်တယ်ဆိုပါစို့။ သူက .flv file format နဲ့ ပေးလိမ့်မယ်။ အဲဒါကို ဟန်းဖုန်းထဲထည့်မယ်ဆို .3gp ဖြစ်ဖြစ် ပြောင်းပြီး ထည့်မှရမယ်။ mp4 player ထဲကို ထည့်မယ်ဆိုရင် .mp4 ဖြစ်ဖြစ် အဲဒီ mp4 player က လက်ခံနိုင်တဲ့ တစ်ခြား format တစ်ခုကို ပြောင်းရပြန်ဦးမယ်။ iPhone, iPod, Blackberry, PSP ထဲထည့်ဖို့ဆိုရင် .mp4 format ပေမယ့် mp4 player နဲ့က resolution မတူပြန်ဘူး။ mp4 player အတွက် media converter တစ်ခု၊ ဟန်းဖုန်းအတွက် တစ်ခု၊ PSP အတွက် တစ်ခု၊ iPod အတွက် တစ်ခု သွင်းနေမယ့်အစား ဒီ Formatfactory တစ်ခုတည်းသွင်းထားရုံနဲ့ အားလုံးအတွက် format တစ်ခုကနေ တစ်ခု လွယ်လွယ်နဲ့ပြောင်းပေးနိုင်ပါတယ်။

နောက်ဥပမာတစ်ခုက DVD ထဲက ရုပ်ရှင်ဖိုင်တွေက .VOB တွေ။ အဲဒါကို ဖြတ်ညှပ်ကပ်လုပ်ချင်တဲ့အခါ တစ်ခြား DVD Cutter Joiner တွေလည်း လိုက်မရှာချင်ဘူး။ အလွယ်တကူ သုံးနေကျ Windows Movie Maker ဘဲ သုံးချင်ရင်လည်း ဒီ FormatFactory ဆိုတဲ့ freeware ကိုဘဲ သုံးပြီး Windows Movie Maker က လက်ခံတဲ့ .WMV ဖြစ်ဖြစ် .AVI ဖြစ်ဖြစ် အလွယ်အကူ ပြောင်းလို့ရပါတယ်။

သီချင်းတွေကတော့ MP3/WMA/AMR/OGG/AAC/WAV
graphic အတွက် JPG/BMP/PNG/TIF/ICO/GIF/TGA
စတဲ့ file တွေကို တစ်ခုကနေ တစ်ခု ပြောင်းပေးနိုင်ပါတယ်။


2. CutePDF Writer - PDF converter တွေထဲမှာ ဒီ CutePDF writer ဆိုတဲ့ virtual PDF printer က ကျမအတွက် အသုံးအဝင်ဆုံးပါဘဲ။ Word/exel/powerpoint document, graphics စတာတွေကို PDF format ကို အလွယ်တကူ ပြောင်းလို့ရပါတယ်။ install လုပ်ပြီးသွားတဲ့အခါ ကိုယ် convert လုပ်လိုတဲ့ document ကို ဖွင့်ပြီး File->Print လုပ်လိုက်ရင် Printer နေရာမှာ Cute PDF Writer ဆိုတာကို ရွေးလိုက်ရင် PDF file အနေနဲ့ အလိုအလျောက် save ပေးမှာ ဖြစ်ပါတယ်။ AutoCAD drawing တွေလည်း pdf ပြောင်းလို့ရတယ်လို့ ဆိုပါတယ်။


3. Paint.NETPhotoshop အစားသုံးတာပါ။ ကျမက ဒီဇိုင်နာ မဟုတ်တော့ photoshop လိုင်စင် ဆော့ဖ်ဝဲ မရပါဘူး။ အိမ်မှာတော့ ခိုးကူးခွေသုံးလို့ရပေမယ့် ရုံးမှာ မရဘူး။ ဒီတော့ free ရတဲ့ Paint.NET ကို သုံးပါတယ်။ Photoshop လိုဘဲ layer concept နဲ့။ Photoshop လောက်တော့ function မစုံပေမယ့် ကျမလို photo editing basic လောက်ဘဲ သုံးတဲ့သူအတွက်တော့ လုံလောက်ပါတယ်။


4. Easy Capture - ဒီတော့ Free Screen Capture software ကောင်းကောင်းတစ်ခု လိုချင်နေတဲ့သူတွေ အတွက် Easy Capture က အသုံးဝင်ပါတယ်။ Keyboard က Print Screen ခလုတ်ကြီးက ထက်တော့ အများကြီးသာတယ်။


5. Fastone Photo Resizer – 3 Megapixel ရှိတဲ့ camera တစ်လုံးက 1MB လောက်ရှိတဲ့ ဓါတ်ပုံ ထုတ်ပေးပြီး 8 Megapixel လောက်ရှိတဲ့ camera ကထွက်တဲ့ ဓါတ်ပုံကတော့ 3MB လောက် ရှိပါတယ်။ ပုံတွေ အများကြီးကို တစ်ပြိုင်တည်း resize လုပ်ချင်ရင် သုံးပါတယ်။ ဒီ software ရဲ့ နောက်တစ်ခု အားသာချက်က ဓါတ်ပုံတွေ အများကြီးကို batch အနေနဲ့ တစ်ပြိုင်တည်း watermark ထည့်လို့ ရပါသေးတယ်။

6. 7-zip – 7-zip ရှိရင် WinZip တို့ WinRAR တို့ကို မေ့ထားလို့ရပါပြီ။ .ZIP, .RAR, .7z, .TAR, .BZ စတဲ့ ဖိုင်တွေအကုန်လုံးကို ဖြည်ပေးနိုင်တယ်။ ဖိုင်တွေကို zip နဲ့ ပြန်ပိတ်ချင်ရင်လည်း 7-zip သုံးလို့ရပါတယ်။ ဒီ software review တော့ ဒီပို့စ်မှာ တစ်ခါ ရေးဖူးလို့ အကျယ် မရေးတော့ဘူးနော်။
Download 7-zip (size 800 KB)

7. unlocker - USB drive တွေကို remove လုပ်တဲ့အခါ This device cannot be stopped right now. ဆိုတာ ပေါ်တဲ့အခါ ဖြစ်ဖြစ် file/folder တွေ delete လုပ်တဲ့အခါ "Cannot be deleted" ဆိုပြီး ပြနေတဲ့အခါဖြစ်ဖြစ် unlocker ကို သတိရလိုက်ပါ။ Unlocker အကြောင်း ဒီပို့စ်မှာ တစ်ခါ ရေးဖူးပါတယ်။ screenshot တွေ သုံးပုံသုံးနည်းတွေကိုတော့ အဲဒီပို့စ်မှာဘဲ ဖတ်ကြည့်လိုက်ပါနော်။
Downlaod Unlocker (size - 237 KB)

P.S cutePDF Writer တစ်ခုကလွဲရင် ကျန်တဲ့ download link တွေကို hotlink မလုပ်ထားဘူး။ ရှာရလွယ်ပါတယ်။


တောင်ကြီး အလွမ်းပြေ

ဒီတစ်ခေါက် တောင်ကြီးပြန်ဖြစ်တုန်းက အစ်မဝမ်းကွဲတစ်ယောက်ရဲ့ မင်္ဂလာဆောင်ခွေကြည့်ရင်း ပြီးသွားတော့ ခွေပိုနေတဲ့နေရာမှာ ထည့်ထားတဲ့ သီချင်းနှစ်ပုဒ်ကို အရမ်းကြိုက်တာနဲ့ ကူးခဲ့တယ်။ အခုတင်မှာကတော့ "ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမ ရအောင်ပိုး" ဆိုတဲ့သီချင်း။ သီချင်းနာမည် သိရင် တစ်ချက်ပြောပြပေးပါနော်။ DVD ကနေ ကူးထားတာဆိုတော့ Format Factory နဲ့ file type ပြောင်း၊ Windows Movie Maker နဲ့ တစ်ပုဒ်ချင်းစီ ပြန်ခွဲပြီး Youtube မှာတင်ရတာဆိုတော့ အခုမှ ဘလော့ဂ်ပေါ် တင်ဖြစ်တယ်။ သီချင်းလေးတွေကော ဗီဒီယို ရိုက်ချက်လေးတွေကော တောင်ကြီး အလွမ်းပြေလေးတွေပါဘဲ။ တန်ဆောင်တိုင်ပွဲကို အဓိကထားပြီး ရိုက်ပြထားတယ်။ ရိုက်ချက်တွေ အရမ်းကောင်းတယ်။ ရိုက်တာက အောင်ဆန်း ဗီဒီယိုကပါ။ တောင်ကြီးမှာတော့ တော်တော် နာမည်ကြီးပါတယ်။ ဗီဒီယိုမှာ သူ့ဆိုင် ကြော်ငြာလေးလည်း ပါတော့ ဒီအတိုင်းဖြတ်ပြီး ပြန်တင်တာ (ကျမလည်း စီးပွါးလုပ်နေတာမဟုတ်တော့) ဘာ copyright နဲ့မှ မငြိလောက်ဘူးလို့တော့ ထင်တာဘဲ။ :D



တောင်ကြီးသူမ ဟန်ရေးလုပ်၊ ယောကျာ်းရမှ ဝတုတ်တုတ်၊ မုန်လာထုပ် မုန်လာထုပ် ဆိုတာတော့ အရမ်းသဘောကျတယ်။ ကိုယ့်ကို ဝဋ်လည်နေဦးမယ်။ :D တောင်ကြီးသူမ၊ ဓနုမ ပအိုဝ်မ လေးတွေတော့ ဒီသီချင်းကြားရင် သတိထားပေတော့ဘဲ။ ပင်စိမ်းသီးကို စားဘဲ စားတတ်တာ။ အသီးအကြောင်းတော ့သိပ်မသိဘူး။ သိချင်ရင်တော့ မနိုင်းနိုင်းစနေ ရေးဖူးတဲ့ ပင်စိမ်းသီးအကြောင်းနဲ့ တွဲဖတ်ကြည့်ပေါ့နော်။

ဥက္ကာဦးသာရဲ့ ပင်စိမ်းသီးပိုးထိုး remix version (Mediafire မှာ တင်ထားပေးပါတယ်) remix တဲ့။ ခံစားလို့ကို မရဘူး။ သီချင်းအကောင်းကို ဖျက်တယ်လို့ဘဲ ထင်မိတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်။
-----------------------------------------------------------------
comment မှာ ကိုလွိုင်လင် ပြောပြသွားတာ။ သီချင်းနာမည်က အဖြူရောင် သံစဉ်များ တဲ့။ သီချင်းစာသားကောပါတဲ့ MTV ကိုတော့ Youtube မှာ ကြည့်လို့ရပါတယ်။


အင်းလေးကန်သာဝယ်

ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အင်းထဲ ရောက်ဖြစ်သေးတယ်။ အချိန်သာရခဲ့မယ်ဆိုရင် ပင်းတယတို့ ကက္ကူတို့ပါ ထပ်သွားချင်သေးတာ။ ခုတော့ အင်းလေး တစ်နေရာနဲ့ ကျေနပ်လိုက်ရတယ်။ အင်းထဲကတော့ ဘယ်နှခေါက်ရောက်ရောက် မရိုးနိုင်ဘူး။ အင်းလေးမှာ အစည်ဆုံးအချိန်ကတော့ သီတင်းကျွတ် အချိန်ဘဲ။ ၈တန်းလောက်တုန်းက ဖောင်တော်ဦးဘုရားပင့်တဲ့အချိန် အင်းထဲတစ်ခေါက်ရောက်တယ်။ လူတွေအများကြီး၊ လှေတွေလည်း အများကြီး အရမ်းကို ပျော်ဖို့ကောင်းတယ်။ တန်ဆောင်မုန်း လပြည့်နေ့မှာ သွားလိုက်တာ၊ တန်ဆောင်တိုင်ကတော့ အင်းထဲမှာ သိပ်မစည်ဘူး။ နယ်က သူငယ်ချင်းတွေက ခေါင်တိုင်သွားချင်တယ်ဆိုလို့ အင်းလေးနဲ့ ခေါင်တိုင် နှစ်နေရာ သွားဖြစ်လိုက်တယ်။ သဉ္ဖာက ငါးအရမ်းကြိုက်တာဆိုတော့ ငါးကန်တွေဘက်သွားပြီး ငါးစားချင်ပေမယ့် ခေါင်တိုင်မှာ ရေပူစမ်းသွားချိုးချင်တဲ့သူ ပိုများတာနဲ့ ၁ဝမဲ တစ်မဲ အလျှော့ပေးလိုက်ရတယ်။ ငါးကန်တွေဆီ တစ်ခါမှ မရောက်ဖူးသေးဘူး။ ဒါပေမယ့် ဧည့်သည်တွေက ညဘက် မီးပဒေသာပွဲအမှီ ပြန်ချင်တယ်ဆိုတော့ အချိန်မရလိုက်ဘူး။


ခေါင်တိုင်ရွာနားက စက်လှေဆိပ်
တောင်ကြီးကနေ အင်းလေး တိုက်ရိုက် သွားမယ်ဆိုရင် ၁နာရီလောက်ဘဲ မောင်းရပေမယ့် ခေါင်တိုင်ကို တောင်ကြီး-ရွှေညောင် လမ်းမကနေ နောက်ထပ် မိနစ် ၂ဝ လောက် ထပ်ဝင်ရသေးတယ်။ လမ်းကတော့ တော်တော်ကြမ်းနေပြီ။ ဖုန်တထောင်းထောင်းဘဲ။ တောင်ကြီးကနေ မနက် ၆နာရီခွဲလောက်မှ ထွက်ဖြစ်တော့ ခေါင်တိုင်ကို ၈နာရီလောက်မှ ရောက်တယ်။ လူတော်တော်များနေပြီ။ VIP လာမှာမို့ဆိုလား သီးသန့် ရေချိုးခန်းတွေလည်း ပိတ်ထားတယ်။ လူများနေတော့ ရေတော့ မချိုးခဲ့လိုက်ဘူး။ ရေပူစမ်းဆိုရင် လားရှိုးက ရေပူစမ်းကိုဘဲ သဘောကျတယ်။ ခေါင်တိုင်မှာက အိုင်လေးတွေလို ဖြစ်နေပြီးတော့ လားရှိုးမှာက ချောင်းလို စီးနေတာ။ ခေါင်တိုင်ကနေ ငါးမိနစ်လောက်မောင်းရင် အင်းထဲသွားဖို့ စက်လှေတွေရှိတဲ့နေရာကို ရောက်တယ်။


ရွှေအင်းတိန်ဘုရား
ဒီတစ်ခေါက် အင်းတိမ်ဘက် သွားချင်တယ်ဆိုလို့ စက်လှေငှားခ သုံးသောင်းပေးရတယ်။ အင်းတိန်ဘက်က နွေရာသီ ရေကျသွားရင် သွားလို့မရတော့ဘူး။ အဲဒီဘက်မှာ ကုန်းမြေ နည်းနည်းများတယ်။

အင်းတိန်ရောက်တော့ ကုန်းပေါ်လမ်းဆင်းလျှောက်ရတာပေါ့။ ဘုရားတွေဘက်ရောက်ဖို့ နာရီဝက် နီးနီးလောက် လျှောက်ရမယ်ထင်တယ်။ ၁၅မိနစ်လောက် လျှောက်ပြီးတော့ အားလုံးမောနေကြတာနဲ့ ပြန်လှည့်ခဲ့တယ်။ အင်းတိန်က ဈေးဆိုင်တန်းတွေမှာ အများဆုံးရောင်းတာတွေကတော့ ရှေးဟောင်းပိုက်ဆံတွေ၊ ပေစာ ပုရပိုက်စာ တွေပေါ့။ ပစ္စည်းတွေက ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် မသေချာပေမယ့် ကိုယ်မတွေ့ဘူးတဲ့ ရှေးဟောင်းပစ္စည်းလေးတွေကို တွေ့ခဲ့ရတယ်။

ကြောင်ခုန်ကျောင်း
(အရင်တုန်းက အဲဒီကျောင်းကကြောင်တွေ ဆပ်ကပ်ပွဲထဲကကြောင်တွေလို အကွင်းတွေထဲဝင်အောင် ခုန်နိုင်ကြတယ်။ ဓါတ်ပုံတွေ တော့ရှိသေးတယ်။ အခုတော့ ညောင်ညောင်ဘဲ အော်တတ်တဲ့ ကြောင်လေး နှစ်ကောင်သုံးကောင်ဘဲ ရှိတော့တယ်။)

ကျွန်းမျောပေါ်က ခရမ်းချဉ်သီး စိုက်ခင်း

~~ရေပေါ်မှာ အိမ်ကလေးတွေဆောက်မယ်~~

အင်းထဲမှာ စက်လှေလေးတွေနဲ့ ဒီလို သွားကြတယ်။
ဘေးကနေ စက်လှေ တစ်စီး ဖြတ်သွားလို့ လှိုင်းထသွားတဲ့အချိန်ဆို စက်လှေက နိမ့်ချည် မြင့်ချည် ဖြစ်သွားပြီး အရမ်းစီးလို့ကောင်းတယ်။ ပြီးတော့ ဖြတ်သွားတဲ့ စက်လှေတိုင်းကို တာ့တာပြရတာလည်း အလုပ်တစ်ခု၊ ပျော်ဖို့တော့ ကောင်းပါတယ်။ အင်းလေးက မကြာခဏ ရောက်ဖူးနေလို့ ကိုယ်နဲ့ သိပ်မစိမ်းပေမယ့် မြေပြန့်ဒေသကလာတဲ့ သူငယ်ချင်းတွေ အဖို့တော့ အရာရာတိုင်းဟာ စိတ်ဝင်စားဖို့ ကောင်းနေတယ်တဲ့။ ကျမတော့ ငါးတန်းမှာ “အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကန်ဖြစ်ပြီး အလျား ၁၂မိုင် အကျယ် ၆မိုင်ခန့် ကျယ်ဝန်းပါသည်” ဆိုတာကို သင်ပြီးမှ ရောက်ဖူးတာ။ အဲဒီတုန်းကလည်း သူတို့လိုဘဲ အရာရာတိုင်း ထူးဆန်းနေတာပေါ့။ အဲဒီတုန်းက အင်းသားဓလေ့ ရေနွေးကြမ်းထဲကို ဆားနည်းနည်း နှမ်းနည်းနည်း ထည့်သောက်တာကအစ သောက်ရေကို ဘယ်နားသွားခပ်သလဲဆိုတာကအဆုံး စပ်စပ်စုစု မေးခဲ့တာ။ (သောက်ရေကို လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့ ကန်အလယ်လောက်အထိ သွားပြီး ခပ်ကြတယ်လို့ ပြောတာဘဲ။)

ဖောင်တော်ဦးဘုရားကိုရောက်တော့ စက်လှေက ကမ်းကို တိုက်ရိုက်ကပ်လို့ မရဘူး။ လှေတွေက များနေတော့ တစ်ခြားလှေတွေဆီကိုကပ်ပြီး ကမ်းကိုရောက်အောင် လှေတစ်ခုကနေ တစ်ခုကို ကူးသွားရတယ်။ အဲဒီမှာ လူတစ်အုပ်လောက် လက်ကို လိုက်ဆွဲပါလိမ့်မယ်။ သမီးလာ..လာ.. အန်တီ့လက်ကိုဆွဲ ဆိုပြီးတော့လေ။ တစ်ယောက်ယောက်က မဆွဲပေးရင်လဲ ဟန်ချက်မညီတာနဲ့ ရေထဲ ပြုတ်ကျသွားနိုင်တယ်။ သဘောကောင်းလှချည်လားလို့ ကြည့်နေတာ ကမ်းပေါ်ရောက်တာနဲ့ မရမက ရွှေသက္ကန်း ထိုးရောင်းတော့တာဘဲ။ မဝယ်ချင်းဘူးဆိုလည်းမရ။ သူငယ်ချင်းတွေက ဝယ်ပြီးသွားပြီလို့ပြောလည်းမရ။ အခုနက လှေပေါ်ကနေ တွဲဆင်းပေးတာ ရွှေသက္ကန်း ရောင်းချင်လို့ တွဲတာတဲ့။ သူတို့ တွဲဆင်းပေးတဲ့အတွက် သူတို့ဆီကနေ ဝယ်သင့်တယ်တဲ့။ လူတွေ တကယ်တော့ ခက်တယ်။ ဝမ်းရေးကလည်း ရှိသေးတယ်ဆိုတော့ ဒီလိုဘဲ အတင်းရော အဓမ္မရော လိုက်ရောင်းနေရတာမလား။

သူငယ်ချင်းတွေ ဘုရားတက်ဖူးတာကို စောင့်နေတုန်း စက်လှေသမားရဲ့ အသိ ဘုရားပေါ်မှာ လောက်လေးခွရောင်းတဲ့ ဦးလေးကြီး တစ်ယောက်နဲ့ အဖွဲ့ကျသွားတယ်။ သူရောင်းတဲ့ လောက်လေးခွရဲ့ လက်ကိုင်က ငှက်ပုံစံ ထွင်းထားတာပေါ့။ အားလုံး သူကိုယ်တိုင်လုပ်ပြီး ရောင်းတာတဲ့။ ကလေးတွေကို ရောင်းတာလားလို့ မေးတော့ သူက မဟုတ်ဘူးတဲ့။ ကလေးတွေတောင် သိပ်မဝယ်ဘူး၊ နိုင်ငံခြားသား လူကြီးတွေ အများဆုံးဝယ်တယ်တဲ့။ အဲဒီနေ့မနက်တင် လေးခုရောင်းပြီးသွားလို့ ၁၂ဒေါ်လာ ရပြီဆိုပြီး ဝမ်းသာနေတယ်။ သူပြောတာက ကမာ္ဘလှည့် ခရီးသည်တွေဟာ ကလေးအတိုင်းဘဲ။ ကလေးဆော့တဲ့ပစ္စည်းတွေသာ ထိုးရောင်း သူတို့ အကုန်ဝယ်တယ်တဲ့။ အသက်ကြီးပေမယ့် သူလည်း သူတတ်သလောက် လက်မှုပညာနဲ့ တပိုင်တနိုင် စီးပွါးရှာနေတာ မချီးကျူးဘဲ မနေနိုင်ဘူး။ သူငယ်ချင်းတွေ ဘုရားဖူးပြီး ဆင်းလာတော့ ဈေးတန်းတွေထဲလှည့်ပါတ်ပြီး ပစ္စည်းတွေ ဝယ်ခဲ့တယ်။ အင်းရိုးရာ ယက်လုပ်ထားတဲ့ အထည်တွေကတော့ မြင်တဲ့သူတိုင်းကို မဝယ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေတယ်။


ဒိုက်တွေဆယ်နေတဲ့ လှေတစ်စီး
အင်းထဲမှာ ဘာလို့ လှေကို ခြေထောက်နဲ့ လှော်သလဲဆိုတော့ အင်းလေးကန်ထဲမှာ ဒိုက်တွေ အရမ်းများတဲ့အတွက် လှေလှော်တဲ့အခါ ဒိုက်တွေကို ရှောင်နိုင်သလောက် ရှောင်ပြီး လှော်ရတယ်။ ထိုင်ပြီးလှော်ရင် သိပ်မမြင်ရဘူး။ မတ်တပ်ရပ်ပြီးကြည့်မှ လှေသွားဖို့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်တဲ့။ အဲဒါကြောင့် သူတို့ မတ်တပ်ရပ်ပြီး ခြေထောက်နဲ့ လှေလှော်ကြတာပါကွယ်။


ငွေစင်ရော်တွေလို တောင်ပံတွေပါရင်... :-)

ဆောင်းတွင်းမှာ နေ့တာတိုတဲ့အတွက် ပြန်ခါနီးကြတော့ မှောင်စပြုနေပြီ။ စောစောထလာခဲ့ရတဲ့အတွက် အားလုံးလဲ ပင်ပန်းသွားပေမယ့် ပျော်စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။

P.S. အင်းလေးကန်ရဲ့ ဒေသန္တရ အချက်အလက်တွေနဲ့ ဒဏ္ဍာရီ တွေကို ဖိုးဝ မှာ တင်ထားတာ ဖတ်လို့ အရမ်းကောင်းတယ်။
**********************************
Someone has translated this post. If you are curious to find out more about this interesting & scenic lake near my hometown, you can read it HERE. Thanks to Ko Myat Thura.