SORRY

If you accidently received friendster invitation from me, please ignore it. I didn't mean to spam. Friends might understand me, but it even reach to my lecturers, my boss and my clients as well.. My Gosh!! It's all a-one-click fault, I really want an undo if possible... ~sigh~

I deeply apologize for any annoyance which might have had occurred. All in my gmail contact list and blog readers who subscribed feeds from this blog might get affected. :-(

I'm really sorry. Thanks for bearing with me.

Regards,
Thinzar


နေ့ကလေးထိန်းကျောင်း ပြဿနာ

အကယ်၍ သင်ဟာ နေ့ကလေးထိန်းကျောင်းတစ်ခုရဲ့ မန်နေဂျာဖြစ်တယ် ဆိုပါစို့်။ ကျောင်းစည်းကမ်းမှာ ကလေးတွေကို ညနေ လေးနာရီ နောက်ဆုံးထားပြီး ကြိုရမယ်လို့ဆိုထားပေမယ့် မိဘတွေက မကြာခဏ နောက်ကျမှ ရောက်လာလေ့ ရှိကြတယ်။ ဒီအတွက် ကလေးတွေလည်း စိတ်မကောင်းဖြစ်ရတယ်။ ကလေးတွေကို စောင့်ဖို့အတွက် ဆရာမ တစ်ယောက်နှစ်ယောက်က အမြဲ အချိန်ပို စောင့်ပေးရနေတယ်။ ဒီပြဿနာကို သင်ဘယ်လို ဖြေရှင်းမလဲ။

အစ္စရေးနိုင်ငံ ဟိုင်ဖာ မြို့မှာ ဒီပြဿနာကို စီးပွါးရေးပညာရှင်တွေ ဖြေရှင်းဖို့ ကြိုးစားခဲ့ဖူးတယ်။ သူတို့ဟာ နေ့ကလေးထိန်းကျောင်းဆယ်ကျောင်းကို ၅လတိတိ လေ့လာခဲ့ကြတယ်။ ပထမ တစ်လမှာ နောက်ကျလေ့ရှိတဲ့ မိဘတွေကို စာရင်းကောက်ယူခဲ့ရာမှာ နေ့ကလေးထိန်းကျောင်းတစ်ခုစီအတွက် တစ်ပါတ်မှာ ပျမ်းမျှ မိဘ ရှစ်ယောက်လောက် ရှိတာကို တွေ့ရတယ်။ ဒီတော့ ဒုတိယ တစ်လကနေစပြီး ၁ဝမိနစ်ထက်ပို နောက်ကျတဲ့မိဘတွေကို တစ်ရက် သုံးဒေါ်လာ ဒဏ်ကြေးဆောင်ဖို့သတ်မှတ်လိုက်တယ်။ ဒါပေမယ့် ဒဏ်ကြေးသတ်မှတ်ပြီးနောက်ပိုင်း နောက်ကျတဲ့ မိဘတွေ မထင်မှတ်ဘဲ ပိုများလာခဲ့တယ်။ အရင် တစ်ပါတ်မှာ ရှစ်ယောက်ကနေ တစ်ပါတ်မှာ အယောက် ၂ဝ အထိ အရေအတွက် မြင့်တက်သွားခဲ့တယ်။ ဒီလိုဆိုရင် စီးပွါးရေး ပညာရှင်တွေ တွက်ချက်မှုဟာ မှားသွားခဲ့ပြီလား။

ဟုတ်ပါတယ်။ စီးပွါးရေးပညာရှင်တွေဟာ ဆုပေးဒဏ်ပေး စနစ် က ပြဿနာ အားလုံးကို ဖြေရှင်းနိုင်တယ်လို့ ယူဆထားကြတယ်။ ကမ္ဘာပေါ်မှာ ဆုပေးဒဏ်ပေးစနစ် သုံးပြီး ဖြေရှင်းလို့မရတဲ့ ပြဿနာ မရှိသေးဘူးလို့ မှတ်ယူထားကြတယ်။ တစ်ခြားနေရာမှာတော့ ဟုတ်ရင် ဟုတ်ပါလိမ့်မယ်။
ဥပမာ -
  • ကလေးလေးတစ်ယောက်က မီးဖိုကို သွားထိရင် ပူသွားမယ်။
  • စာမေးပွဲမှာ အမှတ်အများကြီးရတယ်ဆိုရင် အဖေက စက်ဘီး အသစ်တစ်စီး ဝယ်ပေးကောင်းဝယ်ပေးလိမ့်မယ်။
  • သင်ဟာ တက္ကသိုလ် စာမေးပွဲကို မအောင်ဘူးဆိုရင် အဖေရဲ့ ကုမ္ပဏီမှာ ဝင်လုပ်ရလိမ့်မယ်။
  • ဒါပေမယ့် သင်ဟာ တက္ကသိုလ်မှာ ထူးချွန်တယ်ဆိုရင်တော့ သင့်အဖေရဲ့ ပြိုင်ဘက် ကုမ္ပဏီမှာ သင်အလုပ်ရကောင်းရလိမ့်မယ်။
တကယ်တော့ ဆုပေးဒဏ်ပေးစနစ်ဆိုတာ လူတွေ ကောင်းတာကို ပိုလုပ်ကြပြီး မကောင်းတာကို လျှော့လုပ်ကြဖို့ ရည်ရွယ်တာပါ။ ဒါပေမယ့် အစ္စရေးနိုင်ငံက နေ့ကလေးထိန်းကျောင်းတွေမှာ သတ်မှတ်ခဲ့တဲ့ ဆုပေးဒဏ်ပေးစနစ်က ဘာများ မှားသွားခဲ့သလဲ။

တစ်နေ့သုံးဒေါ်လာ ဒဏ်ကြေးက နည်းနေတယ်လို့ သင်ထင်ကောင်း ထင်လိမ့်မယ်။ ဒါဆိုရင် ဘာလုပ်မလဲ။ ဒဏ်ကြေးကို ဒေါ်လာ တစ်ရာဆိုပြီး တိုးလိုက်မှာလား။ ဒီလိုဆိုရင် ဒီပြဿနာကို ဖြေရှင်းပြီးဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒေါ်လာ တစ်ရာဟာ သိပ်များတဲ့အတွက် တစ်ခြား ပြဿနာ တွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ တစ်ရက်မှ သုံးဒေါ်လာဘဲ ငါ့ရဲ့ တင်းနစ်ပွဲကို အလျင်တလို ရပ်ပြီး အချိန်မှီ သွားကြိုစရာမလိုပါဘူးလို့ မိဘတွေက မြင်တယ်။ တစ်လမှ ခြောက်ဆယ်လောက် ကျတဲ့ ဒဏ်ကြေးက လူတိုင်းနီးပါး တတ်နိုင်သလို ဖြစ်နေတယ်။ ဒါပေမယ့် ဘာကြောင့် ဒဏ်ကြေးသတ်မှတ်ပြီး နောက်ပိုင်းမှာမှ နောက်ကျတဲ့ မိဘတွေ ပိုများလာရတာလဲ။ အမှန်တော့ မိဘတွေဟာ ဒဏ်ကြေးမသတ်မှတ်ခင်က အကယ်၍ နောက်ကျရင် သူတို့ကိုယ် သူတို့ အပြစ်ရှိတယ်လို့ ယူဆကြတဲ့အတွက် နောက်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဒဏ်ကြေးသတ်မှတ်ပြီး နောက်မှာ ဒဏ်ကြေး သုံးဒေါ်လာ ပေးလိုက်ရင် သူတို့နောက်ကျတာ အပြစ်မဟုတ်တော့ဘူးလို့ မိဘတွေအတွေးဝင်သွားတယ်။ စီးပွားရေးပညာရှင်တွေဟာ ဒဏ်ကြေးသတ်မှတ်ပြီး သုံးလအကြာမှာ အဲဒီစနစ်ကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် နောက်ကျတဲ့ မိဘတွေအရေအတွက်ဟာ လျော့မသွားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် သူတို့ရဲ့စိတ်ထဲမှာ နောက်ကျရင် ဒဏ်ကြေးလည်း ပေးစရာလိုဘူး။ အပြစ်လည်း မရှိဘူးဆိုတဲ့ အတွေးတွေ ထည့်ပေးလိုက်သလို ဖြစ်သွားလို့ပါဘဲ။ ငွေကြေးအရ ဆုပေးဒဏ်ပေး စနစ်နဲ့ စိတ်ဓါတ်ရေးရာအရ ဆုပေးဒဏ်ပေးစနစ် ကွားခြားချက်ဟာ ဒီပြဿနာရဲ့ အဓိက ဇစ်မြစ်တစ်ခုဆိုရင် မမှားဘူးပေါ့။

(အခု ဖတ်နေတဲ့ Freaknomics, A rogue economist explores the hidden side of everything ဆိုတဲ့ စာအုပ်ထဲက စာပိုဒ်အချို့ကို ဘာသာပြန်ထားတာပါ။ ဘာသာပြန်နေကျ မဟုတ်တော့ တစ်ချို့လုံးတွေကို အနီးစပ်ဆုံးထင်တာဘဲ ယူလိုက်တယ်။ စာထဲမှာပါတဲ့ incentives ကို အကျိုးအမြတ်ဆိုရင်ကောင်းမလား စဉ်းစားရင်း နောက်ဆုံး ဆုပေးဒဏ်ပေးစနစ်လို့ရေးလိုက်တာ။)


100th post အမှတ်တရ

မြန်မာဘလော့ဂ်ဂါ တော်တော်များများ ပို့စ်တစ်ရာမြောက်အတွက် အမှတ်တရပို့စ် တင်လေ့ ရှိကြတယ်။ အစတုန်းကတော့ သိပ်နားမလည်ခဲ့ဘူး။ အခုမှ ဘာကြောင့်လဲဆိုတာ နည်းနည်း သဘောပေါက်လာတယ်။ ပို့စ် တစ်ရာပြည့်အောင် ရေးဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စဘဲ။ ကျမဘလော့ဂ်စရေးဖြစ်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပြီ။ ပို့စ်တစ်ခုတစ်ခုအတွက် အချိန်ပေးရတဲ့အပြင် ရေးဖို့ အကြောင်းအရာကလည်း အကြောင်းတိုက်ဆိုင်မှ ရေးဖြစ်တယ်။ ဒိုင်ယာရီ သဘောမျိုး ရေးဖို့လည်း စိတ်ကူးမရှိတော့ တစ်နေ့တစ်နေ့ ဖြစ်ပျက်တာကိုလည်း မှတ်တမ်း မတင်ဖြစ်ခဲ့ဘူး။ တစ်ခါတစ်လေ အမှတ်တရလေးတွေတော့ ရေးဖြစ်တယ်။ တစ်နှစ်ခွဲ အတွင်းမှာမှ ပို့စ်တစ်ရာဆိုတော့ ရေးတဲ့နှုန်းကိုတော့ မချီးကျူးနဲ့ပေါ့နော်။ :-)

၂၀၀၆ ခုနှစ်လောက်မှာ မြန်မာ ဘလော့ဂ်တွေ တော်တော်များများ ရှိလာတော့ စွဲစွဲ မြဲမြဲ ဖတ်ခဲ့တယ်။ တစ်နေ့မှာတော့ ကိုယ်တိုင် ရေးကြည့်ချင်စိတ်ဖြစ်လာလို့ စရေးဖြစ်ခဲ့တယ်။ အစပိုင်း မြန်မာစာ ကောင်းကောင်းမရိုက်တတ်သေးတော့ ပို့စ်တိုတို တစ်ပုဒ်ကို နှစ်နာရီလောက် ထိုင်ပြီး ရိုက်ခဲ့ရတယ်။ လိုအပ်တဲ့ နည်းပညာ အကူအညီတွေကိုလည်း ကိုယ့်အရှေ့က ဘလော့ဂ်ဂါတွေက သေချာ ရေးပြထားတာတွေရှိတာ့ သိပ်အခက်အခဲ မရှိခဲ့ဘူး။ ဘလော့ဂ်ဂါဖိုရမ်ဝင်ပြီး သူငယ်ချင်းတော်တော်များများ ရခဲ့တယ်။ ဘလော့ဂ်စရေးပြီး ခြောက်လလောက် ကြာတဲ့အထိ ကိုယ့်ဘလော့ဂ်ကို ဖတ်တဲ့သူတွေ အားလုံးဟာ ကိုယ်နဲ့ အပြင်မှာ လုံးဝမသိတဲ့ သူတွေချည်းဘဲ။ သူငယ်ချင်းတွေ သိသွားရင် ကိုယ့်ကို ဝေဖန်တာ ကဲ့ရဲ့တာ မခံချင်လို့ မပြောပြဖြစ်ခဲ့တာ။ ကိုယ့်ဘလော့ဂ်က တစ်ခြား ဘလော့ဂ်တစ်ချို့နဲ့ link ထားတော့ ရှာတွေ့သွားကြတာဘဲ။ ဒါပေမယ့် သူငယ်ချင်းတွေက ကိုယ့်ကို မလှောင်တဲ့ အပြင် အားပေးခဲ့ကြတော့ ဆက်ရေးဖြစ်ခဲ့တယ်။ (မဆိုးပါဘူး တဲ့။ ;-)) ကျမက လူချစ်လူခင်များသလားတော့ မသိဘူး။ ကိုယ့်ကို ကြည့်မရတဲ့သူတွေကတော့ အများသား။ နောက်ပိုင်းတော့ စိတ်အနှောင့်အယှက်ဖြစ်လို့ cbox ပါဖြုတ်ပြီး comment moderation ထည့်ခဲ့တယ်။ နာမည် အရင်းနဲ့ ဘလော့ဂ်ရေးမိတော့လည်း ဒီလို မေတ္တာထားတာတွေ ခံရတာပေါ့။ အမှန်က tweetygirl တို့ sweet snow တို့ tgigirl တို့ ဆိုပြီး ပေးခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ထင်တာဘဲ။ ဒါပေမယ့် ဒီဘလော့ဂ်ကို တစ်နှစ်ကျော်ကျော်ရေးခဲ့ပြီဆိုတော့ ထပ်လည်း မပြောင်းချင်တော့ဘူး။

ကျောင်းပြီးသွားတော့ ကိုယ့်ကျောင်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင်၊ ပြီးတော့ သူတို့လာဖတ်ရင် လေးထောင့်နဲ့ အဝိုင်းဘဲ မြင်ရတယ်လို့ ပြောကြတော့ တစ်ခါတစ်လေ ကြိုကြားကြိုကြား ရင်းဂလိတ်လို ပို့စ်နည်းနည်း ရေးဖြစ်ခဲ့တယ်။ English blog ဆိုပြီးလည်း မဖွင့်ချင်၊ ရင်းဂလိတ်စာလည်း မမေ့သွားအောင် စိတ်ကူးပေါက်ရင်တော့ နည်းနည်းပါးပါး ရေးဖြစ်ခဲ့တယ်။ သည်းခံပြီး ကျော်ဖတ်လိုက်ပါနော်။ တစ်ခါတစ်လေလည်း IT အကြောင်း ဟိုစပ်စပ် ဒီစပ်စပ် ရေးဖြစ်တယ်။ သိပ်တတ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖတ်မိတာလေးတွေကို ပြန်ပြီး မျှဝေချင်တာ တစ်ခုတည်းပါ။ တစ်ခါတစ်လေ point-and-shoot နဲ့ လျှောက်ရိုက်ထားတဲ့ ပုံတွေ တင်ချင်ရင်လည်း တင်ဖြစ်တယ်။ အတွေ့အကြုံတွေ တွေးမိတာလေးတွေကိုလည်း ရေးမှတ်ထားဖို့ ဆက်ရေးဖြစ်နေဦးမှာပါ။

blog ရေးတာ အချိန်ကုန် မျက်စိညောင်းပေမယ့် ရလာတဲ့ အကျိုးတွေ အများကြီး ရှိပါတယ်။ ကိုယ်နဲ့ဝါသနာတူတဲ့ blogger တွေနဲ့ ခင်မင်ခွင့် ရခဲ့တယ်။ ဘလော့ဂ်စရေးဖြစ်မှ အကြောင်းအရာတစ်ခုကို ရေးချင်ပြီဆိုရင် နည်းနည်းပိုသေချာအောင် လေ့လာတဲ့ အကျင့်တစ်ခု ရခဲ့တယ်။ ကိုယ်မှတ်ထားချင်တဲ့ အကြောင်းအရာလေးတွေကို tags တွေ online bookmark တွေထက်စာရင် ပို့စ်တစ်ခုအဖြစ် ရေးလိုက်ရင် ပိုပြီး မှတ်မိနေတတ်တယ်။ မြန်မာစာရေးတာ နည်းနည်း တိုးတက်လာတယ်။ (ငယ်ငယ်တုန်းကတည်းကသာ ဘလော့ဂ် ရေးခဲ့မယ်ဆိုရင် ဆယ်တန်းစာမေးပွဲမှာ စာစီစာကုံးကို လေးမျက်နှာထက် ပိုရှည်အောင် ရေးဖြစ်ခဲ့မှာဘဲ။) ဒီအတိုင်း လမ်းသွားလမ်းလာရင်တောင် ဘလော့ဂ်အတွက် ကုန်ကြမ်းရှာဖို့ ပါတ်ဝန်းကျင်ကို အရင်ကထက် ပိုပြီး ဂရုစိုက်မိလာတယ်။ နောက်ဆုံးတစ်ခုကတော့ ကောင်းတဲ့အကျင့်လား မကောင်းတဲ့ အကျင့်လား မပြောတတ်တော့ပါဘူး။ အစားမစားခင် ဓါတ်ပုံရိုက်ချင်စိတ် ပေါက်ပေါက်လာတယ်။ အဲဒါ ဘလော့ဂ်ကူးစက်ရောဂါ တစ်မျိုးဘဲ ဖြစ်လိမ့်မယ်။ အဆူခံရပေါင်းလည်း မနည်းတော့ဘူး။ :D

တမင်သက်သက်ဖြစ်ဖြစ် လမ်းကြုံလို့ဖြစ်ဖြစ် မျက်စိလည်ပြီးတော့ဘဲဖြစ်ဖြစ် ဘလော့ဂ်ကို ရောက်လာတဲ့သူတွေ၊ feeds ယူပြီး ကနေ ဖတ်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမရေးတာတွေကို ဖတ်တဲ့သူတွေသာမရှိရင် ကျမလည်း ကိုယ်ဘဲဖတ်ဖို့ ဆက်ရေးဖြစ်ခဲ့မှာ မဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်ရင် တော့ ပို့စ်တွေ ဆက်ရေးဖြစ်နေဦးမှာပါ။


around KL (2)

အခုတလော ရောက်ဖြစ်တဲ့ နေရာလေးတွေရယ် စားဖြစ်တဲ့ အစားအသောက်တွေရဲ့ ဓါတ်ပုံလေးတွေပါ။ (အရင်တလောက ပုံတွေလည်း ပါတယ်။)
KLIA's view from LCCT and the cloud (1:3 - do i follow photography rule of thumb? But I think it becomes 1:1:2 roof, building, cloud :D)
KLIA's Low Cost Carrier Terminal (LCCT) - Feels like I'm at Yangon Airport :-)
Eye on Malaysia in Tasik Titiwangsa (Tasik = Lake). Just knew that this was rented for Visit Malaysia 2007 from Germany or something, and has been extended till Aug 2008. With Istana Budaya (National Theatre of Malaysia and KL Tower at the back).
Whichever angle I took, I still couldn't be able capture a satisfiable photo of this thing, even though I tried so hard to walk one round of Tasik Titiwangsa.
Captured during having an evening snack. Noticed this when we tried to check if there were any birds since we were eating at an open field. Flag + Trees + building + cloud = drew my attention to capture the moment.
If you are in Kuala Lumpur and you are missing roasted duck from Yangon, try this Roasted Duck Rice at Pavilion's Food Republic. (Don't forget to get some donuts from J.Co too, really worth queuing for it!!).
Jalan jalan cari makan... :-D


Software Review (Double Killer, Auslogics Disk Defrag)

Double killer

ကျမက ကွန်ပျူတာထဲမှာ save ထားတဲ့ file တွေကိုအရမ်း နှမြောတတ်တယ်။ တော်ရုံ delete လုပ်ပစ်လေ့ မရှိဘူး။ folder တစ်ခုကနေ တစ်ခုကိုရွှေ ့တာတို့ rename လုပ်တာတို့ဆိုရင် အများအားဖြင့် cut မလုပ်ဘဲနဲ့ copy ဘဲ လုပ်လေ့ရှိတယ်။ USB ထဲကို ကူးလိုက် desktop ပေါ်ကို ပြန်ရွှေ့လိုက်နဲ့ တစ်ခါတစ်လေ file တစ်ခုတည်းက နေရာအမျိုးမျိုးမှာ နာမည် အမျိုးမျိုးနဲ့ ရောက်နေတတ်တယ်။ အဲဒီတော့ hard disk က မြန်မြန်ပြည့်ရော။ အခုတော့ ဒီ doublekillerဆိုတဲ့ software ကို download လုပ်ပြီး သုံးကြည့်တာ တော်တော် အသုံးဝင်တယ်။ size ကလည်း 800kB လောက်ဘဲ ရှိပြီး install လဲ လုပ်စရာမလိုဘူး။ ကိုယ်စစ်ချင်တဲ့ folder တွေကို select လုပ်ပြီး run လိုက်တာနဲ့ duplicate ဖြစ်နေတဲ့ file တွေကို group လုပ်ပြီး highlight လုပ်ပေးပါတယ်။ ပြီးတော့ ကိုယ် delete လုပ်ချင်တဲ့ file တွေကို တစ်ခါတည်း delete လုပ်လို့ ရပါတယ်။ ဖိုင်တူပြီး နာမည် မတူရင်လည်း text file ဖြစ်ဖြစ် image file ဖြစ်ဖြစ် double killer က ကောင်းကောင်း ရှာပေးနိုင်ပါတယ်။

[screenshot: Double killer]

Disk Defrag tool

Windows XP သုံးတဲ့အခါ windows မှာပါတဲ့ Disk Defrag ကို သုံးဖြစ်ပေမယ့် vista က Disk Defrag က အရမ်းကို ကြာလွန်းတယ်။ တစ်ခါတစ်လေ တစ်နေကုန်နေလည်း မပြီးဘူး။ Progress လည်း မပြတော့ ပိုဆိုးတယ်။ အဲဒီတော့ ဒီ Auslogics Disk Defrag ဆိုတဲ့ tool လေးကို သုံးဖြစ်တယ်။ နဂို windows မှာ ပါတာထက် သုံးရတာ ပိုပြီး အဆင်ပြေလို့ ဆက်သုံးဖြစ်တယ်။

[screenshot: Auslogics Disk Defrag]

Firefox3 tip

software review ရေးရင်းနဲ့ တစ်ခါတည်း ရောရေးလိုက်တော့မယ်။ Firefox 3 ရဲ့ feature အသစ်ဖြစ်တဲ့ auto-bookmark ဟာ တော်တော် အသုံးဝင်သလို တစ်ခါတစ်လေလည်း အရမ်းကို စိတ်ရှုပ်ဖို့ ကောင်းပါတယ်။ တစ်ခါတစ်လေ URL မှားနှိပ်မိရင် နောက်တစ်ခါ visit လုပ်တဲ့အခါ တူတဲ့ စာလုံးတစ်လုံးနှစ်လုံး match ဖြစ်တဲ့ အခါ လာလာပြီး အဲဒီ URL အမှားကိုလည်း suggest လုပ်ပါတယ်။ မျက်စိမနောက်ရအောင် မှားနှိပ်မိတဲ့ url တွေကို ဖျက်ချင်ရင် အဲဒီ url ပေါ်မှာ ထောက်ပြီး keyboard က delete key ကို သာ နှိပ်လိုက်ပါ။ list ထဲကနေ ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။


Credits to:http://star-techcentral.com/intech