ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား

ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မသိတော့ဘူး။ အခု ဒီsemester မှာ attachment (training) ဆင်းနေတာ။ စုစုပေါင်း ၅လပေါ့။ အခုဆိုရင် ၃လခွဲတောင် ပြီးသွားပြီ။ ၆ပါတ်ဘဲ ကျန်တော့တယ်။ ကျောင်းက တစ်ခြားသူငယ်ချင်းတွေ အခုဆိုရင် final exam အတွက် လုံးပန်းနေတဲ့ အချိန်မှ ကိုယ်ကအိပ်လိုက်စားလိုက် ဆိုတော့ ပျော်စရာကြီး။

ဒါပေမယ့် final report ထပ်ရမှာနဲ့ presentation လုပ်ရမှာကို စဉ်းစားလိုက် ရင် စိတ်ညစ်လာပြန်ရော…

ကျောင်းသားတော့ ကျောင်းသာဘဲ။ စာလုံးဝ ကျက်စရာမလိုတဲ့ ဘဝကြတော့လည်း ကောင်းနေပြန်ရော..

တစ်နေ ့ ၈နာရီလောက် ကွန်ပျူတာရှေ ့ ငုတ်တုတ်ထိုင်နေရတာကြတော့လည်း ပျင်းဖို့ ကောင်းပြန်ရော…

program တွေ compile success ဖြစ်သွားရင် ပျော်ရပြန်ရော…

အဲ..တစ်နေရာရာမှာများ တစ်သွားပြီဆိုရင်တော့ “today is not my day” ဘဲ.. debug လုပ်ရတာလောက် စိတ်ညစ်ဖို ့ ကောင်းတာ မရှိတော့ဘူး။

ကျောင်းမတက်ရတာကြာတော့လည်း ကျောင်းကိုလွမ်းသလိုလိုတော့ရှိသား။ ကျောင်းတက်နေပြန်ရင်လည်း ဘယ်တော့မှ ကျောင်းပြီးမှာလဲ..အလုပ်လုပ်ချင်လာပြီ ဆိုပြီး ဖြစ်ပြန်ရော..

တစ်ကယ်ကို မသိတော့ပါဘူး။ နောက် semester ကြရင်လည်း Final Year Project လုပ်ရဦးမယ်။ အခုထိ ဘာလုပ်သင့်သလဲ စဉ်းစားလို ့ မရသေးဘူး။ အကြံပေးကြပါဦး။eek

1 comments:

CMS said...

ကျောင်းသားဘဝက စာတွေတအားများလာပြန်ရင်လည်း ငြီးငွေ့လာရောဗျာ။ Final Year Project နဲ့ စာမေးပွဲတွေလာဆုံတဲ့အခါဆို ပိုဆိုး

Post a Comment

Please feel free to use any font to comment :)