တွေ ့ရကြုံရ (1)

တစ်နေ့ကပေါ့။ ညနေစာစားနေတုန်း South Africa က ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ဘယ်နိုင်ငံကလဲ လို့မေးတော့ မြန်မာပြည်က လို့ဖြေလိုက်တာ။ အဲဒီမှာ သူက အရမ်းဝမ်းသာသွားပြီး သူကျောင်းပြီးသွားလို့ အလုပ်ရပြီးရင် အလည်အသွားချင်ဆုံးနိုင်ငံက မြန်မာပြည်တဲ့။
ကျွန်မလည်း နည်းနည်းတော့ အံံ့ဩသွားတာပေါ့။ အကြောင်းအရင်းကို သိချင်လို့ ဆက်ပြီး စပ်စုတယ်ဆိုပါတော့။ သူကပြောတယ်.. မြန်မာလူမျိုးတွေက ထူးဆန်းလို့တဲ့။ သူပြောတော့ နည်းနည်းတောင် ကြောင်သွားတယ်။ ကိုယ့်ကိုကိုယ်တော့ ထူးဆန်းတယ်လို့ မထင်မိပါဘူး။ သူဘာပြောလဲဆိုတော့ ဒီကျောင်းမှာတင် သူတွေ့တာ မြန်မာ တော်တော်များများ ရှိပြီ၊ ဒါပေမယ့် အားလုံးက တစ်ယောက်ကို ရုပ်တစ်မျိုးစီ ဖြစ်နေတယ်တဲ့။
သူတို့ရဲ့ အမြင်မှာ တစ်ချို့ မြန်မာက အန္ဒိယနဲ့တူတယ်။ တစ်ချို့က ဘင်္ဂါလီနဲ့ ဆင်တယ်။ တရုတ်တွေလည်းရှိတယ်။ ရှမ်းတွေကိုကြတော့ ထိုင်းတွေနဲ့ တူတယ်တဲ့။ တစ်ချို့ကိုကြတော့ မလေးစစ်စစ်ရုပ်တဲ့။ အင်ဒိုနဲ့လည်း တစ်ချို့ တူနေပြန်ရော။ အာရပ်နဲ့ တူတာတွေလည်း ရှိသေးတယ်။အားလုံး ဝိုင်းထိုင်ပြီး စကားပြောနေရင် သူတို့ ပိုလို့တောင် အံ့ဩသေးတယ်။ ဒါတောင် အယောက် ၃၀၊ ၄ဝ လောက်ဘဲ မြင်သေးလို့။ မြန်မာပြည်လာပြီး ကချင်၊ ကယား၊ ကရင် တွေ အကုန်တွေ့သွားလို့ကတော့ မြန်မာပြည်မှာဘဲ ဆက်နေပြီး သူ စာတမ်းတစ်စောင် ရေးဖြစ်သွားနိုင်တယ်။

ဒီတော့ သူက လာလည်ဖြစ်အောင်တော့ လာလည်ဦးမယ်တဲ့။

2 comments:

နတ္ထိ said...

အိန္ဒိယရောက်တော့ ကုလားတစ်ချို့က လူကို ဘင်္ဂလားဒေ့ရှ်ကလားလို့ မေးပါတယ်။ အတော် အောက်သီးအောက်သက်ပေါ့ဗျာ။ အောက်မြန်မာပြည်က အစောဆုံး ကိုလိုနီ လက်အောက်ခံ(ကျွန်)ဖြစ်,အဖေ အမေကလည်း အောက်သူအောက်သားဖြစ်, ဒီတော့ ကုလားရုပ် ပေါက်နေတာ မဆန်းပါဘူးလို့ သမိုင်းဆရာတစ်ယောက်က နှစ်သိမ့်ပါတယ်။ Human Evolution က ဒီလို ဒီလို။ မြန်မာစစ်စစ် clone လုပ်ချင်ရင်တောင် ခက်မယ်။

သဉ်ဇာ - Thinzar said...

ဟိဟိ.. အမှန်ကတော့ အာရှတိုက်သားတွေဟာ ရုပ်တော်တော် ဆင်ကြပါတယ်။ ရေမြေကြောင့်ဘဲလား၊ အစ်ကိုပြောတဲ့ human evolution ကြောင့်ဘဲလားတော့ မသိဘူး။

Post a Comment

Please feel free to use any font to comment :)