ဇာတ်လမ်းတွဲ ရောဂါ

ရုပ်ရှင်ကားဆက်တွေက အသေစွဲတာဘဲ။ မပြီးမချင်းကို ဖြတ်လို့ မရတော့ဘူး။ ဟူးဟူး… အပေါ်ကပုံကတော့ နောက်ဆုံး ကြည့်ထားတဲ့ ဒရမ်မာလေ။ Hallayu ပိုပြီးနာမည်ကြီးလာပေမယ့် တရုတ်ကားတွေလည်း သူ့ဟာနဲ့သူတော့ ကြည့်လို့ ကောင်းတာပါဘဲ။
ကားနာမည်က “Wang Zi Pian Qing Wa”, အင်္ဂလိပ်လို “Prince turns to frog” တဲ့။ တော်တော်ကြည့်ကောင်းတဲ့ ကားလေးပါ။ မင်းသားကော မင်းသမီးကော အဆိုတော်တွေဆိုပေမယ့် တော်တော် သရုပ်ဆောင် ကောင်းတယ်။ အခွေ ၂ဝ ကို ၂ရက်နဲ့ပြီးသွားတယ်။ သီချင်းကလည်း အရမ်းကောင်းတော့ baidu.com ကနေရှာ၊ download လုပ်၊ audacity software နဲ့ ဖြတ်ပြီး ringtone လုပ်ထားလိုက်တယ်။ ရချင်ရင်ပြောပါ။ :D (သီချင်းနာမည်က zheng ai တဲ့)
မင်းသား(ming dao) က 183 club ဆိုတဲ့ အဖွဲ့က အဆိုတော်ပါ။ သူတို့တစ်ဖွဲ့လုံး ဇာတ်လမ်းထဲမှာပါတယ်။ မင်းသမီးကလည်း အဆိုတော်ပါဘဲ။ 7 flowers အဖွဲ့က။ Ming dao ရိုက်ထားတဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေရှိသေးတယ်။ ဈေးကကြီးတော့ မဝယ်နိုင်။ အလကားငှားပေးမယ့်သူကိုသာ စောင့်နေပါတယ်…

2 comments:

TZA said...

Ming Dao ကိုသိပ်မကြည်ဘူး၊ ငါ့ထက်နဲနဲလှနေလို့...ါဗါ
ဒါနဲ့ 183 က နှစ်ယောက်ပဲ ကြည့်ကောင်းတယ်နော်..

သဉ်ဇာ - Thinzar said...

ကိုသန့်ဇင်အောင်ကတော့ လုပ်ပြီ။ (ဂဲ_ဂဲ)
Ming dao က အသားသာ မဖြူတာ။ တော်တော်ဖြောင့်တယ်။ တစ်ခြားသူတွေလည်း မိုက်ပါတယ်။ wang sao wei ကိုတော့ မကြိုက်ဘူး။ ပုံစံက အူကြောင်ကြောင်နဲ့။ Jacky ကိုကြိုက်တယ်။

Post a Comment

Please feel free to use any font to comment :)