My blog and myanmar unicode issue

SOLVED! The issue caused by having Unicode 5.1 version of Myanmar3. The display is fine after replacing with new version of Myanmar3. Thanks everyone.

=================================

ဘလော့ဂ်ကို ယူနီကုဒ် ပြောင်းအပြီးမှာ သတိထားမိတာက အသတ်နဲ့ အောက်ကမြစ်တွဲထားတဲ့စာလုံးတွေ တလွဲဖြစ်နေတယ်။ သဉ္ဇာက ဘလော့ပို့စ် အဟောင်းတွေကို Myanmar NLP က Converter နဲ့ ပြောင်းထားတာ။ နောက်ဆုံးပို့စ်တစ်ခုတော့ MS Word မှာ ရိုက်ပြီးတင်တာ။ keyboard အတွက် NHM Writer ကို သုံးတယ်။ ရိုက်တုန်းကတော့ မှန်တယ်။ publish လုပ်ပြီးမှ အသတ်နဲ့ အောက်ကမြစ်တွေက တလွဲ ဖြစ်သွားတာ။ ရေလည်စားတယ်။


ကိုရဲလင်းကျော် ဘလော့ဂ်


စေတန်ဂေါ့ဒ် ဘလော့


ကိုဒီဘီ ဘလော့


သဉ္ဇာ့ဘလော့




ကိုဇက်တီ ဘလော့ဂ်ကြတော့ ဟုတ်လို့။ သူ ဘာ magic တွေ သုံးထားသလဲ လိုက်ရှာရတယ်။ Right Click -> View Page Source ပေါ့။ CSS ကိုလည်း ကိုဇက်တီ ပြောတဲ့အတိုင်း ပြင်တာဘဲ။ ဘာလို့ အဲဒီ အသတ်နဲ့ အောက်ကမြစ်က တလွဲဖြစ်နေသလဲ စဉ်းစားလို့ကို မရဘူး။ Source ထဲက ကုဒ်တွေကို လိုက်ရှာတော့ ဒီလိုတွေ့တယ်။

e.g., ဒါပေမယ့် ဆိုတဲ့ စာလုံးကို HTML Encoding နဲ့

ကိုဇက်တီ ဘလော့ဂ်မှာ
ဒါပေမယ့်


သဉ္ဇာ့ ဘလော့ဂ် မှာကြတော့ ဒီလို
ဒါပေမယ့်

NHM Writer ရဲ့ keymap ကို update လုပ်ရမှာလား။ browser setting ကြောင့်လား။ CSS ကြောင့်လား။ မသိတော့ဘူး

Ref:
Myanmar Unicode Character and HTML Entities

13 comments:

ဉာဏ်လင်းထူး said...

ဒီ​လို​ရိုက်​ပါ​အမ​ရေ။ကြောင့် ကို​ရိုက်​မယ်​ဆို​ရင် ြ +က+ေ+ာ+င+ ့+ ် အဲ့​လို​ရိုက်​ပါ။ဆိုလို​တာ​က အောက်​က​မြင့်​ကို နောက်ဆုံး​မှ​ရိုက်​ရင် စာလုံး​ခြား​သွား​ပါ​တယ်။ဆင့်​ကို​ရိုက်​မယ်​ဆို ဆ+င+ ့ ပေါ့။

Ravi said...

Hi There,
You are using an older version of Myanmar3. Please download font from here:
http://code.google.com/p/myanmar3source/downloads/detail?name=mm3.ttf

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်
ပြောင်းကုန်ပြီလား
တို့တော့ ပြောင်းသေးဘူး
ယူနီကုတ်ကို မျက်စိထဲ အသားမကျသေးဘူး
ဇော်ဂျီနဲ့ယှဉ်ရင် ရုပ်ဆိုးဆိုးနဲ့ ကောင်မလေးလို့ ထင်နေတုန်း.. လူတွေ အားလုံးပြောင်းကြပြီဆိုတော့မှ လိုက်ပြောင်းတော့မယ်..
ဘာလို့ဆို ခုတောင် ယူနီကုတ်ဘလော့ကို ဖတ်ဖို့ ၀င်းဒိုး တစ်ခုနဲ့ အဆင်မပြေလို့ နောက်တစ်မျိုးနဲ့ ပြောင်းပြောင်းဖတ်ရတာ..
ဇော်ဂျီလေးနဲ့ နှစ်ပါးသွားဦးမယ်.. အချိန်တစ်ခုအထိပေါ့နော်း)

ZT said...

မြန်မာ၃က နောက်ဆုံး Latest Update လုပ်ထားတယ် မဟုတ်လား။ အဲဒါဆိုရင် စာရိုက်တဲ့ အချိန်မှာ မြန်မာ၃ ကို Default Font အနေနဲ့ (MS Word မှာပဲ ဖြစ်ဖြစ် Browser မှာပဲ ဖြစ်ဖြစ်) ရွေးပြီး ရိုက်ကြည့်လိုက်ပါလား။ အဆင်ပြေမယ် ထင်တယ်။ အခု မြန်မာ၃ ဖောင့် အဟောင်း (၅.၁ ဖောင့်) ကို NHM နဲ့ ရိုက်တော့ အောက်ကမြင့်က သိသိသာသာကို ကွဲထွက်နေတယ်။ ရိုက်ကတတည်းက မြင်နေရတယ်။ ပြီးတော့ Publish လုပ်လိုက်ရင် အမှန်အတိုင်း မြင်ရတယ်။ (၅.၂ နဲ့ ကြည့်ရင်)

Thinzar said...

ဉာဏ်လင်းထူး >> အမလည်း အဲလိုရိုက်တာဘဲ။ အမှန်က စက်ထဲက ဖောင့်ကြောင့်ဖြစ်တာ.. :D

Ko Ravi>> Thanks.. That solve the problem. I thought I've updated the font, maybe i didn't download the right one :-)

မချော>> ဟုတ်တယ်အမ။ ခဏစောင့်ရင် စောင့်ပေါ့။ ရုတ်တရက်ကြီး ကိုယ့်ဘလော့ဂ်က စာလုံးဝိုင်းဝိုင်းလေးတွေ ဗြောင်းဆန်သွားတာ နည်းနည်းတော့ လန့်စရာကောင်းတယ်။

Ko ZT>> အိုကေသွားပြီ။ :D ဒီလောက် ဦးနှောက်ခြောက်ခံပြီး စဉ်းစားလိုက်ရတာ။ နောက်ဆုံးတော့ ဖောင့်ကြောင့်ဖြစ်နေတယ်.. huhu..

Awesome Geek said...

ဟားဟား ကွန်ဂရက် ကျူလေးရှဉ့် ဦးနှောက်ဘယ်လောက် % ခြောက်သွားတာလဲ :P :P

Awesome Geek said...

ဟားဟား ကွန်ဂရက် ကျူလေးရှဉ့် ဦးနှောက်ဘယ်လောက် % ခြောက်သွားတာလဲ :P :P

Yan Naing Aye said...

မဟုတ်သေးဘူး ထင်တယ်ဗျ။ ဖောင့် ဗားရှင်း အသစ်က တစ်ခုခု လွဲနေသလို ပဲ။ သူက အသတ် နဲ့ အောက်ကမြင့် အစီအစဉ် ကျကျ မကျကျ အမှန်ပေါ်တယ်။ ဒါက မြန်မာလို search လုပ်တဲ့အခါ ပြဿနာ ရှိနိုင်တယ်။ အရင် ဗားရှင်း ဖောင့် တုန်းက အစီအစဉ် မှန်မှ အမှန်ပေါ် တယ်။ ခင်ဗျားရဲ့ လတ်တလော ပြဿနာ ပြေလည်ပေမယ့် တစ်ကယ့် အစီအစဉ်က မှန်ချင်မှ မှန်မှာ။
ကျွန်တော် ထင်တာက ဖောင့် ပြဿနာ မဟုတ် ပဲ ကီးဘုတ် ပြဿနာလို့ ထင်တယ်။ Keyman နဲ့ ရိုက်ရင် ဘယ်လို ရိုက်ရိုက် မှန်တယ်။ Ekaya နဲ့ ရိုက်တော့ ဘယ်လိုရိုက်ရိုက် မှားတယ်။ အဲဒီတော့ Ekaya နဲ့ ရိုက်ရင် အသတ်ပြီးရင် space ကို ရိုက် ပြီးမှ အောက်ကမြင့်ကို ရိုက်ပြီး space ကို ပြန်ဖျက်ရင် ရတယ်။
အော် ဒါနဲ့ ဖောင့် ဖျက်လို့ မရဘူး ဆိုတာက အဲဒီဖောင့်ကို သုံးနေနဲ့ ဘရောက်ဇာ တို့၊ ပရိုဂရမ် တစ်ခုခု တို့ များ ဖွင့်ထား လို့ များလား မသိဘူး။

Michael Sun said...

The sequence is correct.

http://www.myanmarlanguage.org/unicode/%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%90%E1%80%BA-%E1%80%85%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%85%E1%80%AE%E1%80%95%E1%80%AF%E1%80%B6-unicode-encoding

Plz update the font.

http://code.google.com/p/myanmar3source/downloads/detail?name=mm3.ttf

Thinzar said...

Yan Naing Aye>> ဟုတ်ဘူး..အဲတုန်းက Keyman နဲ့ ရိုက်ရိုက် NHM Writerနဲ့ရိုက်ရိုက်.. ရိုက်တုန်းက အမှန်ဘဲ။ Microsoft Word မှာလည်း ရိုက်ယ် Browserမှာလည်း ရိုက်ကြည့်တယ်။ Publish လုပ်လိုက်မှ တလွဲ ဖြစ်သွားတာ။ စဉ်းစားလို့ကို မရဘူး။ မြန်မာ၃ နောက်ဆုံး ဗားရှင်းသွင်းလိုက်တော့လည်း ဘာမှ မပြောင်းလိုက်ရဘဲ အမှန်ပြန်ဖြစ်သွားရော။ ကိုယ့်ကိုယ်ဖတ်တာတော့ အဆင်ပြေနေတာဘဲ။ သူများတွေဆီမှာ ဘယ်လိုပေါ်လဲ မသိဘူး။

Lionslayer>> Thanks. What I dont understand is: before this, I only have Unicode 5.1 Myanmar3 font, I typed in that font and publishd. Why doesn't it display correctly since all I have are Unicode 5.1 font? After installing the latest version of Myanmar3, all the problems are suddenly solved.

Yan Naing Aye said...

လင့်ခ် အတွက် ကျေးဇူးပါပဲ Lionslayer ။ အခုပဲ ဖတ်ကြည့်လိုက်တယ်။ ဖောင့် အသစ် ထည့် ရင် မှန် နေ သလို လို မြင်ရမှန်း သိပါတယ်။ ကျွန်တော် ပြောတာက ဖောင့် ကို ထည့် လိုက်ရုံ နဲ့ ဆာဗာမှာ ထည့် ထားတဲ့ တစ်ကယ့် ဒေတာ sequence က မှန်သွားမှာ မဟုတ်တော့ မြန်မာလို search လုပ်တဲ့အခါ ပြဿနာ ရှိနိုင်တယ် လို့ ဆိုလို တာပါ။
ကဲဗျာ ကျွန်တော် အခု "သင့် ကြောင့်" လို့ ရိုက်လိုက် တယ်။ သင့် မှာ ရှိတဲ့ အသတ် နဲ့ အောက်ကမြင့် ကို correct sequence နဲ့ U+103A, U+1037 လို့ ရိုက်လိုက်ပြီး၊ ကြောင့် က အသတ် နဲ့ အောက်ကမြင့် ကို မှားတဲ့ အစီအစဉ် U+1037, U+103A နဲ့ ရိုက်လိုက်တယ်။ ဖောင့် အသစ် ထည့်ထားတဲ့ သူတွေက နှစ်ခုလုံး ကို မှန်တယ် လို့ ပဲ မြင်ရပြီး၊ ဖောင့် အဟောင်း ရှိတဲ့ သူတွေက "သင့်" က မှန် တယ်၊ "ကြောင့်" က မှားတယ်ဆိုတာ သိနိုင်တယ်။
ဥပမာ အခု ဒီပိုစ့် မှာဆိုရင် "browser setting ကြောင့်လား။ CSS ကြောင့်လား။ မသိတော့ဘူး" ဆိုတဲ့ စာကြောင်းမှာ ရှိတဲ့ "ကြောင့်" တွေက correct sequence မဟုတ်ဘူး။
ကီးဘုတ်က တော့ ကျွန်တော့ စက်မှာတော့ ကျွန်တော် ပြောတဲ့ အတိုင်း ပဲဗျ။ မစဉ်းစား တတ်တော့ဘူး။

Thinzar said...

Ko Yan Naing Aye>> ဟုတ်တယ်။ သဉ္ဇာလည်း မစဉ်းစားတတ်တော့ဘူး။ ဘယ်လိုစဉ်းစားစဉ်းစား တစ်ခုခု လွဲနေသလိုဘဲ။ Unicode 5.1 keyboard နဲ့ရိုက်တာ Unicode 5.1 ဖောင့်နဲ့ ကောင်းကောင်းမြင်ရဘဲ Unicode 5.2 သွင်းလိုက်မှ မြင်ရတာကို နားမလည်တော့ဘူး။

Saytana said...

လမင်းလေးက ဝေ့ကဝေ့က....
စဉ်းစားခါ နေရဦးမယ် ...... မာမာအေး

ငါးသလောက်ပေါင်းလေး စားချင်လိုက်တာ ။
မြန်မာ ၃ ဖောင့် က ထုတ်လိုက်တဲ့ အချိန်ပေါ်မူတည်ပြီး ပြောင်းသွားတယ် ။

146kb - BBC Burmese web site မှာရသေးတယ်။
95.8kb - Google မှာရသေးတယ် ထင်တယ်။

နောက်ဆုံးက 100kb - ဒီမှာရတယ် - http://tiny.cc/pone

ခဏခဏ မပြောင်းတဲ့ ပိတောက်နှင့် ယွန်းကီရိုးကို သုံး - အို ကေမှာ စိုပြေလိမ့်မယ် ။

ဇင်ယော်ကလည်း ကြိုဆိုမှာပါ။ http://zinyaw.wordpress.com

Post a Comment

Please feel free to use any font to comment :)