ဘာလို ့များ

ဒီနေ့မနက် ဘလော့ကို ဝင်ကြည့်မိပါတယ်။ ဘယ်သူတစ်ယောက်လည်းမသိ cbox ထဲမှာ ပေါက်ကရတွေလာရေးသွားတယ်။ စောစောစီးစီး ဒါကြီးကိုမြင်လိုက်တော့ တော်တော်စိတ်ညစ်သွားတာ။ မြန်မာလိုရေးသွားတယ်ဆိုတော့ မြန်မာပေါ့။ IP ကို trace လုပ်ကြည့်တော့ Denmark Vestsjalland ကတဲ့။ (တစ်ခြားအဲဒီရောက်နေတဲ့သူတွေကို ရည်ရွယ်တာ မဟုတ်ပါဘူး။ No offence plz!)


ဘာလို ့များ သူများသားသမီးကို စိတ်ညစ်အောင် လုပ်ချင်ရတာလဲမသိဘူး။ကိုယ့်ကိုတောင်စဉ်းစားကြည့်တယ်။ ဘယ်သူနဲ့များ ရန်ညှိုုး ငြိုှးရှိလဲလို့။ ရန်ညှိုး ငြှိုးရှိရအောင်လည်း ကျွန်မက သူငယ်ချင်းတောင် ဆယ်ယောက်ပြည့်အောင်ရှိတာ မဟုတ်ဘူး။ ကျွန်မ blog စလုပ်တာ သိပ်မကြာသေးပါဘူး။ ဘယ်သူ ့ကိုမှလည်း လာဖတ်ပါလို ့ အတင်းမခိုင်းဖူးဘူး။ address ကိုလည်း ဘယ်မှာမှ မတင်ဘူး။ ဟိုသွားဒီသွား comment ချတာလောက်ဘဲရှိတယ်။ လာဖတ်တဲ့သူ လာပြီးcomment ပေးတဲ့ blog friends တွေကို တော့ အရမ်းကျေးဇူးတင်တယ်။

အခု အရမ်းစိတ်ဆိုးနေလို ့ ဆက်လည်းမရေးနိုင်တော့ဘူး။ လာရေးသွားသူခင်ဗျား... နောက်ဒီလိုမလုပ်ပါနဲ့။ ဘယ်သူမှ ကိုယ့်ကို ပေါက်ကရလာပြောရင် မကြိုက်ပါဘူး။ အဲဒီလိုရေးပြီးသွားတော့ကော တော်တော်ပျော်သွားလား။

P.S.. နောက်မှသိရတာကတော့ ဘလော့ဂ်တော်တော်များများကို တစ်ဆက်တည်း ဝင်ပြီး မဟုတ်က ဟုတ်က ရေးသွားသတဲ့။ ဒါကို ignore လုပ်ရင်လုပ်၊ မလုပ်နိုင်ရင်တော့ cbox ဖြုတ်ထားတာဘဲ အကောင်းဆုံးဖြစ်လိမ့်မယ်။

0 comments:

Post a Comment

Please feel free to use any font to comment :)