Computer science student

Top Coder Forum
Algorithm တို့ coding တို့နဲ့ ပါတ်သက်လို့ အကောင်းဆုံး ဖိုရမ်လေးပါ။ တစ်ခါတစ်လေ assignment တွေ ဘာတွေ လုပ်လို့မရတော့ရင် အဲဒီ ဖိုရမ်မှာသာ ဝင်မေးလိုက်။ တစ်ခါတည်း အဖြေရသွားရော။ ဖြေပေးတာတော်တော် မြန်တယ်။ တစ်ခါတစ်လေဆို ၁၅မိနစ်လောက် အတွင်းမှာ ငါးယောက်လောက် ဝင်ဖြေပေးသွားတယ်။

Fedora Core
ဒီတစ်ခုကတော့ Linux and System Admin course ယူတုန်းက အသုံးအရမ်းဝင်ခဲ့တဲ့ ကယ်တင်ရှင် website လေးပါ။ ကျောင်းမှာက Fedora Core သုံးတော့ ဒီ site လေးမှာ installation ကစပြီး တော်တော်များများ အသုံးဝင်တာတွေရှိပါတယ်။

သတိရမှ ထပ်ဖြည့်ဦးမယ်။

0 comments:

Post a Comment

Please feel free to use any font to comment :)