Computer Science Final Year Project

မနေ့က ကျောင်းမှာ Computer Science ကျောင်းသားတွေရဲ့ Final Year Project showcase ကို သွားကြည့်ဖြစ်တယ်။ ကိုယ်လည်း နောက် semester ကြ Project လုပ်ရင် အိုင်ဒီယာလေး ဘာလေး ရအောင်လို့ဆိုပြီး။ အဲ.. ပြီးလည်းပြီးရော လူကိုတော်တော်မူးသွားတာဘဲ။ information overload ဖြစ်သွားတာ။ တစ်ချို့ ကြိုက်တဲ့ ပရောဂျက်တွေကို review ရေးလိုက်ပါတယ်။

၁။ Memcaching
ဒီ term ကို မနေ့က ပထမဆုံး ကြားဖူးလိုက်တာဘဲ။ traffic အရမ်းများတဲ့ web server တွေရဲ့ load ကို cache server သုံးပြီး လျှော့ချပေးတာဆိုဘဲ။ သူတို့သုံးတဲ့ tools တွေကတော့ Simple Machine Forum (SMF), Apache flood, Web Crawler, Multi Router Traffic Grapher (MRTG), Zenoss Monitoring System တဲ့။ open source သမားများ ဒီနေရာ ဆက်လက်ပြီး လေ့လာနိုင်ပါတယ်။

၂။ Bluetooth chat
J2ME နဲ့ ရေးထားတာတဲ့။ Nokia, Sony Ericsson နဲ့ Motorola phone တွေမှာ သုံးလို့ရအောင် လုပ်ထားတဲ့ mobile application လေးပါ။ ဒါပေမယ့် ကြည့်လေ စဉ်းစားလို့မရလေဘဲ။ ဘာလို့ အဲဒီ application ကို ရေးသလဲဆိုတာ။ Bluetooth က ပေ ၃ဝ အတွင်းမှာဘဲ အလုပ်လုပ်တာကို chat ဦးမယ်တဲ့လား။ လူတွေက သိပ်စကားမပြောချင် ကြတော့ဘူးထင်တယ်။ လူကို အရှေ့မှာထားပြီး အတင်းချဖို့လည်း ဖြစ်နိုင်တယ်။ ဘယ်လိုလူမျိုးတွေ သုံးမလဲဆိုတာ အရမ်းသိချင်ပေမယ့် အားနာလို့ မမေးခဲ့လိုက်မိဘူး။

၃။ Smart Home
Embedded system မေဂျာက မမတွေ လုပ်တဲ့ ပရောဂျက်ပေါ့။ smart home ဆိုပေမယ့် အခုထိတော့ အဝေးကနေ မီးဘဲ ဖွင့်လို့ရသေးတယ်။

၄။ Plagiarism detection software
ဒီဆော့ဖ်ဝဲသာ ကျောင်းမှာသုံးလို့ကတော့ ငါတော့သေပီ။ assignment တွေ ကော်ပီ ပေ့စ် လုပ်လို့ ရတော့မှာ မဟုတ်ဘူး။

၅။ IPv4 vs. IPv6: QoS in Multimedia Streaming
ဒီလိုပရောဂျက်တော့ လုပ်တဲ့သူတော်တော်များများ တွေ ့ဖူးပါတယ်။ ဒါပေမယ့် Cisco router အကြီးကြီး နှစ်ခုသုံးထားလို့ အထူးအဆန်းလုပ်ပြီးတော့ ကြည့်ခဲ့သေးတယ်။

ဒါပါဘဲ။ သူတို့ကိုကြည့်ပြီး ကိုယ့်အလှည့် ဘာလုပ်ရင် ကောင်းမလဲ သိတော့ဘူး။ rolleyesquestion

4 comments:

Yan said...

ဘာလုပ်ချင်လဲ. ပြောလေ. ဘာလိုလဲ. ဘာတွေလုပ်ပေးရမလဲ…
ဟဲဟဲ. လေဖမ်းပြီး ဒန်းစီးကြည့်တာပါ.. ဘာမှတတ်ဖူး..ရွှီးတာတော့ရတယ်. မသဉ္ဇာရဲ့ Assignment ကို ဝင်ရွှီးဖို့ အကူအညီလိုရင်ပြော. Google တောင် ထိုင်ငိုသွားစေရမယ်..
Satisfaction Guaranteed!

:D

thinzar said...

ဒီလိုပြောတာနဲ့တင် ပရောဂျက်အတွက် စိတ်ချသွားပြီ။ ဟိဟိ.. မုန့်ဝယ်ကျွေးရမယ်။ ဘာစားချင်လဲ။

Saturngod said...

ဘယ်နိုင်င်ငံကလဲ..မမ...
မြန်မာနိုင်ငံက ကျောင်းသားတွေတော့ မဖြစ်နိုင်တာ 100% သေချာတယ်...

thinzar said...

အင်း.. မြန်မာပြည်ကတော့ မဟုတ်ဘူးပေါ့။ အမှန်တော့ မြန်မာပြည်က လူတွေလည်း တော်တာဘဲ။ ဥပမာ စေတန်လိုပေါ့။ ဒီမှာက ကျောင်းသားတွေကို လိုအပ်တဲ့ ဟာ့ဒ်ဝဲ ဆော့ဖ်ဝဲ အစုံပေးထားတော့ သူတို့ အဲဒါတွေကို လုပ်နိုင်တာပေါ့။

Post a Comment

Please feel free to use any font to comment :)