Taunggyi Trip 2010 - 1

အပိုင်း၁ - အပြန်ခရီး
ဘလော့ဂ် မရေးဖြစ်တာ တစ်နှစ်ကျော်သွားပြီ။ ဒီလိုဘဲ ရေးမယ် ရေးမယ်နဲ့ drafts တွေဘဲ ပုံနေပြီး တစ်ခုမှ အချောမသတ်ရသေးဘူး.. ဒီကြားထဲမှာ တောင်ကြီး ၂ခေါက်ပြန်ဖြစ်တယ်။ ခုတော့ ပြန်စရေးတော့မယ်။ ဘလော့ဂ်ရေးတာ အချိန်ကုန်တာ မှန်ပေမယ့် နည်းနည်း အကျိုးရှိသေးတယ်။ ဘလော့ဂ်မရေးမှ ဘယ်လို အချိန်တွေ ကုန်သွားမှန်းကို မသိတော့ဘူး။

အရင်လက တောင်ကြီး ပြန်ဖြစ်တယ်။ ရက်၂ဝလောက် ခွင့်ယူတာ ကိုးရက်က public holiday ဖြစ်နေတာ့ Annual Leave ထဲက ၁၁ ရက်ဘဲ ဖြတ်လို့ တော်သေးတယ်။ AirAsia က ဒီတစ်နှစ် ဂျူလိုင်လကစပြီး မြန်မာပြည်ကို စဆွဲတော့ ပျော်ပျော်ကြီး ဈေးသက်သက်သာသာနဲ့ မြန်မာပြည် ပြန်လို့ရပြီ။ ပုံမှန်ဈေးထက် သုံးပုံ တစ်ပုံလောက် သက်သာသွားတယ်။ promotion ချတုန်းက ကြိုဝယ်ထားလိုက်တာ ကေအယ်လ် ရန်ကုန် အသွားအပြန်ကို USD 100 လောက်ဘဲကျတယ်။ promotion အချိန်မဟုတ်ရင်တောင် USD 170 လောက်ဘဲကျမယ်ထင်တယ်။ လေယာဉ်ပေါ်မှာတော့ လူအပြည့်ဘဲ။ အလည်ပြန်မယ့် သူတွေကော အပြီးပြန်မယ့် သူတွေကော။

မြန်မာပြည်ပြန်တာ ထုံးစံအတိုင်း ဆင်ဖိုးထက် ချွန်းဖိုးက ကြီးနေရော။ အရင်ဆုံး မြန်မာသံရုံးကို အခွန်သွားဆောင်ရတယ်။ ဒီတစ်ခေါက် ပါတ်စ်ပို့ သက်တမ်းတိုးတဲ့သူတွေနဲ့ သံရုံးမှာ ပြည့်ကျပ်နေတော့ မနည်း တိုးဝှေ့ပြီး အခွန်ဆောင်လိုက်ရတယ်။ မလွယ်ဘူး။ ပြီးတော့ တောင်ကြီး ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်က KL<->Yangon လက်မှတ်ထက် ဈေးပိုများနေသေးတယ်။ ကေအယ်လ်မြန်မာသံရုံးမှာ တန်းစီနေတုန်း ပါတ်စ်ပို့သက်တမ်းတိုးတဲ့ အချက်အလက်တွေကို အောက်ကအတိုင်း ရေးထားတာတွေ့လို့ ကိုယ်သက်တမ်းသွားတိုးတဲ့အခါ အသုံးဝင်အောင် ဓါတ်ပုံရိုက်ခဲ့တယ်။ (အသေးစိတ်ဖတ်လိုလျှင် ပုံကြီးချဲ့ ကြည့်ပါ။)

Immigration နဲ့ custom ကို ဖြတ်ပြီးတော့မှ လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဘာရယ်မဟုတ် တစ်ခုခု ရစ်ရင် စိတ်ရှုပ်လွန်းလို့။ လေဆိပ်ထဲမှာ အရင်လို လူတွေနဲ့ ရှုပ်ယှက်ခပ်မနေဘဲ တော်တော်လူရှင်းနေတယ်။ ညနေဆိုတော့ နောက်လေယာဉ် မရှိတော့တာလည်း ပါမယ်။ ပြီးတော့ လေဆိပ်ထဲက အလုပ်သမားတွေကို လျှော့ချထားတယ်လို့ပြောတယ်။ မဟုတ်ရင် ကိုယ့်ပစ္စည်းလာလာလုလို့ စိတ်ညစ်ရဦးမယ်။ Airasia လေယာဉ်က ညနေဘက်မှ ရောက်တော့ တောင်ကြီးသွားမယ့် လေယာဉ်မရှိတော့ဘူး။ ရန်ကုန်မှာ တစ်ညအိပ်ပြီး နောက်နေ့မနက်၆နာရီခွဲလေယာဉ်နဲ့ တောင်ကြီးကို ပြန်ခဲ့တယ်။
ဒီလိုနဲ့ဘဲ တောင်ကြီးကို တစ်ခေါက် ပြန်ရောက်ခဲ့တယ် ဆိုပါတော့။ (ဘလော့ဂ်တွေမှာ စီးရီးစ်အလိုက် ရေးတာ ခေတ်စားနေတယ်။ သူများတွေလို ပို့စ်၂ဝလောက်ရအောင် လုပ်စားရမယ် :P)

11 comments:

Handsome Geek said...

အဲ.. ဘလော့ တမ်းပလိပ်ပြောင်းထားတာပဲ

ဒီလိုနဲ့ဘဲ တောင်ကြီးကို တစ်ခေါက် ပြန်ရောက်ခဲ့တယ် ဆိုပါတော့။

ဒီလိုနဲ့ပဲ စောင့်မျှော်ဖတ်ရှုနေကြောင်းပါ။ :P

TZA said...

ကြည့်ကြသေးတာပေါ့ကွာ၊ ဟဲဟဲ

P.Ti said...

Welcome Back.
အဲဒီမှာ တော်သေးတာပေါ့ AirAsia ရှိလို့... ဒီမှာတော့ သွားချင်တဲ့အချိန်သွားလို့လွယ်တာက SilkAir ဆိုတော့ ဈေးတော့ကြီးတယ်...

တောင်ကြီးက အစားအသောက်တွေ အကြောင်း များများရေးပေးပါ့လား... အခုတယောက် ပြန်တာ တောင်ကြီးသွားဖို့ အချိန်မရခဲ့ဘူး။

သဉ်ဇာ - Thinzar said...

Handsomegeek>> အင်း.. တစ်နှစ်လောက်မရေးလိုက်တာ Blogspot ကြီး တော်တော်တိုးတက်သွားမှန်း မသိလိုက်ဘူး.. စိတ်သစ်လူသစ် တန်းပလိတ် အသစ်နဲ့ ဆက်ရေးမလို့ :)

ကိုTZA>> ဒေတာတွေ ၂နှစ်စာ ရှိတယ်။ အဟဲ။ ဒါပေမယ့် ကိုTZA ကိုတော့ နိုင်အောင်ရေးနိုင်ဖို့ မလွယ်ဘူး။ :P

ကိုပီတိ>> ဟုတ်တယ်.. Airasia ရှိတာ တော်တာ်ကောင်းသွားတယ်။ အစားအသောက်တွေပုံတွေလည်း အများကြီး ရိုက်ခဲ့တယ်။ ;)

MrDBA said...

သူများတွေကို ကျော်တက်သွားအောင်လို့ တောင်ကြီး အပိုင်း (၁၀၁) ဆိုပြီးစလိုက်။
ပြန်ရေးပါ ပြန်ရေးပါ။ စောင့်ဖတ်နေပါတယ်။ း)

သဉ်ဇာ - Thinzar said...

MrDBA>> aha.. ဟိုနေ့က ကိုဒီဘီ ဘလော့ဂ်ဖတ်တုန်း စင်ကာပူ ၉၃ ဆိုတာ တွေ့တော့ "ငါဘလော့ဂ်တွေ တစ်လမပြည့်သေးပါဘူး။ ဘယ်တုန်းက အပို်င်း ၉၃ တောင် ရောက်သွားတာလဲ" ဆိုပြီး တော်တော်စဉ်းစားလိုက်သေးတယ်။ ခုမှဘဲ သိတော့တယ်။ ၉၁ကနေ စရေးတာ ဖြစ်လောက်တယ်။ :P သဉ္ဖာလည်း ၁၀၁ ကနေ စရေးမှဘဲ..

khin oo may said...

တို့လေယဉ်ပေါ်မတက်ရသေးဘူးနော်သဉ္ဇာ -

ZT said...

အော်။ ဘလော့ခ် ရေးသေးသကိုး။ Facebook မှာပဲ တွေ့ရ တော့မယ် မှတ်နေတာ။ :D Welcome back to Blogsphere.

သဉ်ဇာ - Thinzar said...

မခင်ဦးမေ>> အစ်မလေယာဉ်ပေါ်တက်လို့ကတော့ ပို့စ် ၃ဝလောက် အသာလေးဘဲ :D

ကိုZT>> အဟဲ.. ဘလော့ဂ်ရေးဖူးတယ်ဆိုတာ လူတွေ မှတ်မိကြသေးသကိုး :D

An Asian Tour Operator said...

သူ့ဘလောက်ကလဲ တနှစ်လောက်စောင့်ဖတ်ရတယ်။

သဉ်ဇာ - Thinzar said...

AnAsianTourOperator>> ဟီး.. တစ်နှစ်က ခဏလေးပါ :D

Post a Comment

Please feel free to use any font to comment :)