ဒဏ္ဍာရီထဲက မင်းသမီးလေးနှင့် ကာယိအိန္ဒြေ ပျက်ပြားမှု

>>> တောထဲမှာ အိပ်ပျော်နေတဲ့ မင်းသမီးကို နမ်းမိတဲ့မင်းသားလေးကို အခုခေတ်လိုဆိုရင် ကာယိအိန္ဒြေ ပျက်ပြားမှုနဲ့ ဂုဏ်သရေပျက်တယ်ဆိုပြီး တိုင်ကြားလို့ ရတယ်။

### အမှန်တော့ မင်းသမီးလေးက မင်းသားလေး နမ်းလိုက်တာကို သဘောကျတယ်ဆိုတဲ့ အရိပ်အယောင် မပြခဲ့ဘူး။ နှစ်ဦးသဘောတူမဟုတ်ဘဲ ဖြစ်ခဲ့တဲ့ အတွက် အရှက်ရစေခဲ့တယ်လေ။

^^^ မင်းသားလေးက ချစ်ခင် သဘောကျလို့ ဒီလိုလုပ်ခဲ့တာ ဆိုရင်ရော?


>>> ခုမှ တွေ့ဖူးတဲ့ မိန်းကလေးကို ချက်ချင်း ချစ်သွားတယ်ဆိုတာ ဖြစ်နိုင်မလား။ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘစိတ်ကြောင့်ဖြစ်တာပေါ့။

### ဒီလိုပြောကြေးဆိုရင် ဘယ်နေရာမှာမဆို အိပ်တတ်တဲ့ မင်းသမီးမှာ တာဝန်ရှိတာ မဟုတ်ဘူးလား?

>>> အဲဒီစကားက မီနီစကတ်ဝတ်ရင် ကာမဂုဏ်ကို နှိုးဆွပေးတယ်ဆိုတဲ့ အချက်နဲ့ အတူတူဘဲ။ ယောကျာ်းတွေရဲ့ တစ်ဖက်သတ် အတွေးဘဲ။


^^^ အဲလိုမဟုတ်ဘူးလား?

>>> မင်းသမီးလေးက မှော်ပညာနဲ့ အပြုစားခံထားရတဲ့ အခြေအနေလေ။ အဲတာကို ကူညီမယ်လို့ စိတ်မကူးဘဲ ဒီလိုအချိန်မှာ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ မကောင်းတဲ့စိတ် ထားနေတဲ့သူကို ဥပဒေအရ အပြစ်ပေးရမှာဘဲ။

### မှော်အတတ်နဲ့ ပြုစားခံရတယ်ဆိုတာ ဆင်ခြေတစ်ခုလည်း ဖြစ်နိုင်တာဘဲ။ မင်းသားလေးကို ဖြားယောင်း သွေးဆောင်ချင်လို့ မင်းသားလေးသွားတဲ့ လမ်းမှာ အိပ်ချင်ယောင်ဆောင် နေလားဆိုတာ ဘယ်သူက သိမှာလဲ။

>>> ဒါဆို စုန်းမကြီးကို သက်သေ ထွက်ဆိုခိုင်းရင် ရမှာလား?

### ရတာဘဲ။ ဒါပေမယ့် ဒီလိုလုပ်ရင်လည်း အသုံးမဝင်ဘူး။ မင်းသားလေးမှာ အပြစ်မရှိဘူး

^^^ ဘာဖြစ်လို့လဲ?

### ကာယိအိန္ဒြေ ပျက်ပြားတာဘဲ ဖြစ်ဖြစ် ဂုဏ်သရေ ပျက်ပြားတာဘဲ ဖြစ်ဖြစ် အဲဒီအချက်က နောက်ဆုံး လက်ခံတဲ့လူက စိတ်ထဲမှာ မသက်မသာ ခံစားရလား မခံစားရလား ဆိုတာနဲ့ ဆိုင်တာလေ။

^^^ ဟုတ်တယ်။ မင်းသားလေးက ချောနေတော့ နောက်ဆုံး အားလုံးကို လျစ်လျူရှုလိုက်တယ် မဟုတ်လား?

>>> ဟားဟား... ထားလိုက်ပါတော့။

=================================================

ကပ်သီးကပ်သတ် အတွေးလေးကို သဘောကျလို့ ဘာသာပြန်ထားတာပါ။ မူရင်း ဘယ်နားကလဲ မမှတ်မိတော့ဘူး။ ဘာkeyword နဲ့ ပြန်ရှာရမလဲ မစဉ်းစားတတ်တော့ဘူး။ ဥပဒေတွေ ပုဒ်မတွေကို ကျမလည်း နားမလည်ပါဘူး။ ပေါ့ပေါ့ပါးပါးဘဲ တွေးပေါ့နော်။ ကြားထဲမှာ ဘလော့ဂ်မရေးတာ တစ်နှစ်ကျော်သွားတော့ ဒီလိုဘဲ draft posts လေးတွေ ပုံနေတဲ့ထဲက တစ်ပုဒ်ကို တင်လိုက်တာ။

7 comments:

khet myint myint said...

အရင်ကထဲက စောင့်ဖတ်နေကြပါ .. စိတ်ပါတဲ့အခါမျိုးတွေမှာ ရေးသာရေးတင်ပစ် :-D

ချော(အစိမ်းရောင်လွင်ပြင်) said...

ကပ်သီးကပ်သပ် အတွေးလေးပါဘဲ
သူပြောတာလဲကျိုးကြောင်းဆီလျှော်မှုရှိတယ်..
ဒီနေရာမှာ မင်းသားလေးလို ချောချောလှလှမဟုတ်ဘဲ ကပ္ပလီလို မဲတူးတူးသာဆို ပြဿနာနော်။
အမှုဖွင့်တော့မှာ သေချာတယ်.. း)

Handsome Geek said...

အဟဲ.. အဲဒီမင်းသမီးလေးနေရာမှာ မသဉ္ဖာဖြစ်ခဲ့ရင် မင်းသားလေးကို ၁၀ဝစွဲ မှာလား :P

သဉ်ဇာ - Thinzar said...

Khet Myint Mying>> စိတ်ကလည်း တစ်လလောက်မှ တစ်ခါလောက်ပါတာ.. :D

မချော>> ဟုတ်တယ်။ တောထဲမှာ အိပ်ပျော်သွားတဲ့ မင်းသမီးတိုင်း ဘာလို့ မင်းသားနဲ့ဘဲ တွေ့လည်း မသိ.. ကပ္ပလီတို့၊ လူသားစား လူရိုင်းတို့နဲ့လည်း တစ်ခါတစ်လေ တွေ့သင့်တယ် :D

ကိုဂိ>> ထုံးစံအတိုင်းပေါ့.. မင်းသားချောလား အရင်ကြည့်ပြီးမှ ကျန်တာ ဆက်စဉ်းစားမယ် :P

ဆူးသစ် said...

More write.

An Asian Tour Operator said...

တွေးစရာပဲ

★Craton said...

ကပ်သီးကပ်သတ်ဖတ်သွားတယ်



>>
Craton

Post a Comment

Please feel free to use any font to comment :)