Taunggyi Trip 2010 – 5

အပိုင်း၅ - တောင်ကြီးဈေးနေ့

တောင်ကြီးကို အရမ်းကြိုက်တဲ့ အချက်တွေထဲက တစ်ခုကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ တော်တော် ပေါတာပါဘဲ။ မိုးနှောင်းပိုင်း ဩဂုတ်၊ စက်တင်ဘာလောက် ဆိုရင် ဩဇာသီး၊ တယ်သီး၊ ထောပါတ်သီး တွေ လှိုင်လှိုင်ထွက်တဲ့အချိန်ဖြစ်ပြီး ဆောင်းအကုန် နွေအကူး ကတော့ စတော်ဘယ်ရီ ပေါ်တဲ့အချိန်ဖြစ်ပါတယ်။ ဆောင်းတွင်းပြန်ရင် လိမ္မော်သီးလောက်ဘဲ ရှိပြီး နွေအကုန် မိုးအကူးဆိုရင် သရက်သီးလောက်ဘဲ ပေါတာ။ ဒီတစ်ခေါက်ပြန်တော့ ထောပါတ်သီးနဲ့ ဩဇာသီးကို နေ့တိုင်းလိုလို စားခဲ့တယ်။ တယ်သီးကို ပလတ်စတစ်အိတ်အလုံနဲ့ချည်၊ ရေအပြည့်ထည့်ထားတဲ့ အိုးထဲ ထည့်ပြီး ၂ပါတ်လောက် ထားလို့ ရလာတဲ့ တယ်သီး အကြွပ်သီးဆိုတာလဲ တော်တော်စားကောင်းတယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ရေပြောင်းဖူး နဲ့ ဆလတ်ရိုးကို တော်တော်ကြိုက်တယ်။ 
စူကာသီး (ဂေါ်ရခါးသီး)၊ ဖရုံသီး၊ စူကာရွက်၊ ရေပြောင်းဖူး

ဂေါ်ဖီထုပ်၊ ဩဇာသီး

ဝယ်လာဖြစ်ခဲ့တာက ထောပါတ်ပြောင်း၊ ရေပြောင်းဖူး၊ ထောပါတ်ပဲ၊ ရွှေပဲရွက်


  
နေကြာစေ့လှော်၊ တရုတ်ပဲ၊ ပဲပုတ်စေ့၊ ဖရုံစေ့၊ မြေပဲဆားလှော်၊ စသဖြင့်.. စသဖြင့်..


sour & spice corner: ငရုတ်သီး၊ မျှစ်ချဉ်၊ ဂျူးမြစ်၊ ချဉ်ပေါင်ရွက်

(ကင်မရာ တကားကားနဲ့ ဈေးသွားခဲ့တဲ့ ဈေးနေ့တစ်နေ့ကပေါ့။)

9 comments:

ZT said...

ထောပတ်ပြောင်း၊ ရေပြောင်းဖူးနဲ့ ရိုးရိုးပြောင်းဖူး ဘာကွာသလဲ သိချင်ပါတယ်။ :)

ညယံ said...

အသီးအရွက်တွေ တော်တော်စုံတာပဲ...
စူကာရွက်ဆိုတာ မကြားဖူးဘူး။ကြော်စားရတာလား?

သဉ်ဇာ - Thinzar said...

ကိုZT>> အရှင်းဆုံး ပြောရရင်တော့ အရောင်ကွာပါတယ်။ :P ထောပါတ်ပြောင်းက အဲလို ထိန်ထိန်ဝါ နေတဲ့ ပြောင်းဖူး။ ရေပြောင်းကတော့ အဖြူရောင်၊ ဘာလို့ ရေပြောင်းဖူးလို့ ခေါ်လဲတော့ မသိဘူး။ ပြောင်းဖူး အင်္ဂါရပ်နဲ့ မညီညွတ်ဘူးလေ :D

ညယံ>> စူကာရွက်ဆိုတာ ဂေါ်ရခါးသီးပင်က အရွက်လေ.. တောင်ကြီးမှာ ဂေါ်ရခါးသီးကို စူကာသီးလို့ခေါ်တာ။ ဗူးညွန့်၊ ဖရုံညွန့်တို့နဲ့ ဆင်တယ်။ ဟုတ်တယ်.. ကြော်စားရတာ.. :)

TZA said...

ရေပြောင်းဖူးက မျှစ်တမျိုးထင်တယ်၊ ကင်ပြီးဆားနဲ့တို့ဆားတာမျိုး

သဉ်ဇာ - Thinzar said...

ကိုTZA>> ကင်တော့ မစားဖူးဘူး.. အိမ်မှာတော့ ကြော်စားတယ်.. တစ်ခါတစ်လေ ဆလတ်ရိုးနဲ့ သုပ်စားတယ်..

Handsome Geek said...

မစားဘူးတာတွေများနေပီ စားချင်တာ. စူကာရွက်၊ ရေပြောင်းဖူး၊ ဆလတ်ရိုး၊ ရွှေပဲရွက် ကောင်းမယ့်ပုံပဲ၊ ရှလွတ်။
ကင်မရာကြီး တကားကားနဲ့ ဈေးသွားတဲ့ပုံကို မြင်ရောင်ကြည့်ပီး ပြုံးသွားပါတယ် :P :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ရေပြောင်းဖူးကို သုပ်စားလဲကြိုက်
အသားနဲ့ကြော်စားလည်းကြိုက်တယ်...
တစ်ခြားနေရာတွေမှာ မတွေ့ဘဲ ရှမ်းပြည်တစ်နေရာမှာဘဲ တွေ့တယ်လို့ ထင်တယ်...

Calm Hill said...

ဆူကာသီး အပုံလိုက်ကြီးမြင်တော့ အရင်ကအိမ်မှာစိုက်ထားတဲ့ အပင်တွေသတိရတယ်
စတော်ဘယ်ရီဆိုတော့ တောင်းလိုက်ဝယ်မိရင် အောက်မှာ ဝါးပတ်တွေခံပြီး ထူအောင်လုပ်ထားလို့ ခံရပေါင်းများတာ သတိရတယ် :D

Thinzar said...

CalmHill>> အင်း..ဟုတ်တယ်.. တောင်ကြီးမြေက ဆူကာသီး လမ်းဘေးပစ်ထားလည်း အပင်ပေါက်တဲ့ မြေကိုး။ အိမ်တော်တော်များများမှာ ဆူကာသီးပင် ရှိသလိုဘဲ။ အရင်ကဆို တော်တော်အမြင်ကပ်တယ်။ မစားချင်မှ အဆုံးကို ဖြစ်သွားတာ။ စတော်ဘယ်ရီရောင်းတဲ့တောင်းတွေကတော့ စတော်ဘယ်ရီရောင်းဖို့ကို တမင် ရက်ထားသလား အောက်မေ့ရတယ်။ ဒါပေမယ့်လည်း ဘယ်လိုမဆို ဈေးသက်သာနေတော့လည်း ဘာမှ ပြောလို့မရဘူး။ :)

Post a Comment

Please feel free to use any font to comment :)