Wish me happy birthday

လူတွေကို အတင်း wish လုပ်ခိုင်းလိုတော့ ဖြစ်နေပြီ။ တစ်နှစ်မှ တစ်ခါဘဲ။ ကို်ယ့်ကို ဆုတောင်းပေးတဲ့ သူများလေ ကောင်းလေပေါ့။ ဟုတ်တယ်ဟုတ်။ မုန့်ကျွေးရတာမှ မဟုတ်တာ။ ဟဲဟဲ။ သူငယ်ချင်း မိတ်ဆွေ တွေရဲ့ ဆုတောင်းစကားက ကိုယ့်ရဲ့မွေးနေ့ကို ပိုပြီး ပြည့်စုံသွားစေပါတယ်။ :)

ဒီတစ်နှစ်တော့ မလေးတွေလို မွေးနေ့လုပ်မလားလို့။ သူတို့က မွေးနေ့ဆိုရင် သူငယ်ချင်းတွေက ပေါင်းပြီး မွေးနေ့ရှင်ကို ကျွေးရတယ်လေ။ အပေါ်ကပုံကတော့ ဘာရယ်မဟုတ်ပါဘူး။ အရင်တစ်နှစ်က လက်ဆောင်ရထားတဲ့ အရုပ်။ တင်စရာပုံမရှိလို့ သူ့ကို တင်လိုက်တာ။ (အရုပ်က ရီစရာလည်းကောင်း ချစ်စရာလည်း ကောင်းလို့ပါ။)

အသက်မေးရင် တစ်ပေါင်းလိုက်ရမှာကလွဲလို့ ထွေထွေထူးထူးတော့ မရှိပါဘူး။
နောက် တို့သိသလောက် ဧပြီ ၁ဝ မှာ မွေးတဲ့ သူတွေကတော့.......



ဘရာဇီး နိုင်ငံသား ရီးရဲလ် မက်ဒရစ် က ကိုကတုံး နဲ့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် တို့ကတော့ ကြိုက်တဲ့ တောင်ကြီးသား အဆိုတော် ...

14 comments:

Myo Kyaw Htun said...

ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ သဉ္ဖာ

Tesla said...

(((((ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ မသဉ္စာ..)))))
အပူပင်ကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းနိုင်ပြီး အနှစ်တရာ့နှစ်ဆယ် မွေးနေ့ကိုလည်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်..


ဧပြီ ၁ဝ ရက် ဘုရားသွားတယ်.. အတူတူတွေဂိုုး.. :)

သဉ်ဇာ - Thinzar said...

ကိုမျိုးကျော်ထွန်း>> ကျေးဇူး အများကြီး တင်ပါတယ်။ တကယ်wish လုပ်သွားပေးတဲ့ အတွက်။ :D

ကိုတက်စလာ>> ကျေးဇူးနော်။ အနှစ် တစ်ရာ့နှစ်ဆယ်မွေးနေ့ ကြရင်လည်း အခုလိုဘဲ လာwish လုပ်နိုင်ပါစေလို့။ 
-------------------------------------------------------------------------------------
(((ဘလော့ဂ်ရေးတော့လည်း …. ရေးပြန်ပြီ။။။ စီဘောက်စ် ထည့်တော့လည်း …. ထည့်ပြန်ပြီ။။။ ဟာ.. အားလုံးကို ရှုပ်နေတာဘဲ)))
~ဘာရယ်မဟုတ်ပါဘူး။ စိုင်းစိုင်းကို သတိရသွားလို့ပါ။ :P

CMS said...

Happy Birthday ပါဗျာ နဲနဲနောက်ကျသွားတယ် ဆောတီး :)

သဉ်ဇာ - Thinzar said...

ဪ.. ရပါတယ်.. wish ဝင်လုပ်တာတောင် ကျေးဇူးတင်နေတာ။ ရှဲ့ရှဲ့။ :D

Nay Nay Naing said...

Happy Belated Birthday!...
Wishes you all the best :)

နတ္ထိ said...

အင်း…April born တွေနဲ့ တွေရကြုံရတာ ပျော်စရာပဲဗျာ။ ကိုယ်တိုင်လဲ မနေ့ကမှ Caferမှာ cappuccinoနဲ့ chocolate cakeလေးနဲ့ celebrate လုပ်လိုက်ရတာ။ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ခင်ဗျာ။ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ခင်ဗျာ။ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ခင်ဗျာ။

သဉ်ဇာ - Thinzar said...

မနေနေနိုင် >> တကယ် thanks a lot နော်!! :)
ကိုနတ္ထိ>> ဟာ ကိုနတ္ထိလဲ april born လား။ ဒါကြောင့်နေမယ်.. ခင်ဖို့ကောင်းတာ။ :D

ညလေး said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မသဉ္ဃာ၊ အသက်တနှစ်ကြီးလာတိုင်း ကြီးလာတိုင်း ဘဝကို ရောင့်ရဲမှုများနဲပ ကျော်ဖြတ်နိုင်ပါစေ၊ ပြီးတော့ သောကများနဲ့ ကင်းဝေးပါစေ။

Saturngod said...

April 10 ရက်မွေးသူများ..
အဲဒီနေ့ မွေးတဲ့သူတွေဟာ အပေါင်းအသင်းခင်တတ်တယ်..
စိတ်ကောက်လွယ်တယ်...
ပေးဆပ်တတ်တယ်...
ဒါပေမယ့် ကိုယ်ပေးဆပ်သလောက်ပြန်လိုချင်တယ်..
ဘာလုပ်လုပ်စိတ်အားထက်သန်တယ်..
ကိုယ်လုပ်ချင်တာကို လုပ်ဖြစ်အောင်လုပ်တတ်တဲ့ အကျင့်ရှိတယ်..
ပတ်ဝန်းကျင်အပေါင်းအသင်းကြားမှာ အောင်မြင်တတ်သလို အမြင်ကတ်ခြင်းလည်း ခံရတတ်တယ်...

ဒီနှစ်အတွင်း အဆင်ပြေမယ်...
အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီနှစ်မှာ စကားများရတတ်တယ်...
အချစ်ရေးထက် ငွေရေးကြေးရေးဦးစားပေးရကိန်းရှိတယ်..
ပညာရေးမှာ ဒီနှစ် သတိထားပါ...
အရင်နှစ်က ထက်ပိုကြိုးစားသင့်တယ်...
ဒီနှစ်အတွင်း ပညာရေးတွင် အရမ်းကြိုးစားပါက အလွန်အောင်မြင်နိုင်တယ်..
ပုံမှန် အတိုင်းဆိုလျှင် ပိုဆိုးရကိန်းရှိတယ်..

ဆရာစံဇာဏီဘိုဟောကြားခြင်းမဟုတ်ပါ...
saturngod ဟောကြားခြင်းဖြစ်ပါသည်...
မှားက အပြစ်မတင်ပါနှင့်...
တွက်ချက်လို့သမျှ ရေးထားခြင်းဖြစ်ပါသည်...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ..
မမprogrammer
လာတာ..
နောက်တောင်ကျသွားတယ်...
အကြွေးကိစ္စတွေကြောင့်..ဟီး...

ကလိုစေးထူး said...

ဒီဘလော့ခ်ကို မရောက်ဖြစ်တာ နှစ်ရက်လောက် ရှိသွားတော့ မွေးနေ့ပို့စ်တင်ထားတာ မတွေ့မိဘူး။ ဘယ်နှစ်နှစ်မြောက်လဲ ဆိုတာ တမင်မရေးထားတော့ မမေးတော့ပါဘူး။ (အဲဒီ မေးခွန်းက ခေါင်းရိုက်ခံရတတ်တယ်ဆိုလား :D)
နောက်တော့ ကျနေလောက်ပြီ။ ဒါပေမယ့် ကျနော်လဲ ဆုတောင်းပါတယ်။
ဘယ်နှစ်နှစ်မြောက်မှန်း မသိတဲ့ မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း သုခနဲ့ ပိုင်ဆိုင်နိုင်ပါစေ၊ ရည်မှန်းထားသည်များကို အခက်အခဲမရှိ အောင်မြင်ပါစေ။

သဉ်ဇာ - Thinzar said...

ညလေး>> ဆုတောင်းလေးက အရမ်းကောင်းတယ်။ ကျေးဇူးနော်။
saturngod >> ဟိုက်ရှ်… အလာကြီးဘဲ။ စံဇာဏီဘို ထိုင်ငိုသွားဦးမယ်နော်။ ဒါပေမယ့် အားလုံးလောက်နီးနီး မှန်နေတယ်။ တော်ပါ့တော်။ ဘယ်လိုတွက်လိုက်တယ်မသိ။
လူအမြင်ကတ်ခြင်း ခံရမယ်ဆိုတော့ ဖြစ်နိုင်တယ်။ လုပ်ချင်တာ လုပ်ပေါင်းများပြီ။
အချစ်ရေးထက် ငွေရေးကြေးရေးဘဲ ဦးစားပေးလိုက်တော့မယ်။ စကားမများချင်ဘူးလေ။ :D ပညာရေးကတော့ မှန်တယ်ဗျို့။ ဒီနှစ် ဖိုင်နယ်ဆိုတော့ မကြိုးစားရင် သေနိုင်တယ်။ အရမ်းကြိုးတွေစားရင်လည်း ဆေးရုံရောက်နိုင်သည် လို့ ထည့်မဟောဘူးလား။
အခုလို စိတ်ရှည်လက်ရှည် ဘလော့ဂ်တိုင်ရာရောက် ဟောကြားပေးတဲ့ အတွက် ငါ့မောင် အကြွေးတွေနဲ့ ကင်းဝေးနိုင်ပါစေသော်ဝ်။
ကိုကလိုစေးထူး >> ဟဲဟဲ.. အိတ်စ်ပီးရီးယန့်စ် ရှိဖူးတယ်ထင်တယ်။ (အသက်ဘယ်လောက်လဲ လို့မေးလို့လေ။ :P)
wish ပေးတာ သင့်ခ်ယူနော်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

TZA said...

ပျော်ရွှင်ဖွယ် မွေးနေ့ပါ မသဉ္စာ..

(၁ဝရက်တိတိ နောက်ကျသွားတယ်၊ တော်သေးလို့ မရောက်ခင် တရက်က ပြောခဲ့ဘူးတာ)

သဉ်ဇာ - Thinzar said...

စာမေးပွဲ ဖြေနေတယ်ဆိုတော့လည်း ၁ဝ ရက် နောက်ကျတာ ထားလိုက်ပါတော့။ မဟုတ်ရင် နောက်ကျတဲ့ အတွက် မုန့်ဝယ်ကျွေးခိုင်းမလို့်။ =)

Post a Comment

Please feel free to use any font to comment :)