တွေ ့ရကြုံရ (၂)

တစ်နေ့ ထိုင်းကလာတက်တဲ့ ကျောင်းသားတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ဟောင်းအာယူ၊ ဘာညာတွေပြီးတော့ ထုံးစံအတိုင်း ဘယ်နိုင်ငံကလဲလို့ မေးတာပေါ့။ မြန်မာဆိုတာနဲ့ သူကပြောတယ်။ သူ မြန်မာစကား နည်းနည်းပါးပါး သိတယ်တဲ့။ ကဲဒါဆို how are you ကို ဘယ်လိုပြောမလဲ ဆိုတော့ သူကဖြေတယ်။ ဒါလေးများ သိတာပေါ့။ “ထမင်းစားပြီးပြီလား” တဲ့။ မှတ်ကရော.........

(အမှန်ကတော့ အဲဒီစာကြောင်းရဲ့ အဓိပ္ပါယ်ကို သူမသိပါဘူး။ မြန်မာတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ ့ရင် “နေကောင်းလား” ထက် “ထမင်းစားပြီးပြီလား” လို့ မေးလေ့ ရှိကြတာကိုး။)

3 comments:

CMS said...

မြန်မာစကားကလည်း အချဉ်တော့ မဟုတ်ဘူး (အချို) :P သူငယ်ချင်းတွေ ပြောဖူးတယ်။ နိုင်ငံခြားသားတွေကို မြန်မာစကားပြောသင်ပေးတာ မင်္ဂလာပါကနေကို မတက်တော့ဘူးတဲ့ ဟဟ နောက်ပြီး မြန်မာစကားကလည်း သိပ်ပြီးကြွယ်ဝသကိုး :)ဘယ်လိုလဲ ထမင်းစားပြီးပြီလား

သဉ်ဇာ - Thinzar said...

ထုံးစံအတိုင်း ပြန်ဖြေလိုက်မယ်။ မစားရသေးရင် ကျွေးမို့လား။
တော်သေးတယ်။ အဲဒီတစ်ယောက်ကြားရင် အဲဒါ နေကောင်းပါတယ် လို့ဖြေတာ ဖြစ်သွားဦးမယ်။ အဟိ..

CMS said...

မဟုတ်ဘူး ဝယ်စားလို့ပြောမလို့ :P

Post a Comment

Please feel free to use any font to comment :)