ကိုနေဘုန်းလတ် ရေးတဲ့ ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ ဆိုတာကို ဖတ်ရင်း second year တက်တုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ်။
တစ်ရက်ကပေါ့။ ကျူတိုရီရယ် ဖြေမယ်တဲ့။ မေးခွန်းက တစ်ပုဒ်တည်း။ အဖြေကလည်း တကယ်ဖြေရင် စာမျက်နှာတစ်ဝက်လောက်ဘဲ ရှိမယ်။ ဒါနဲ့ ကျွန်မတို့ သူငယ်ချင်း လေးယောက် ဗလာစာအုပ် အလယ်က စာရွက် နှစ်ရွက်ဖြုတ်ပြီး တစ်ယောက်တစ်ပိုင်းစီ လေးပိုင်း ပိုင်းပြီးဖြေကြတာပေါ့။
မြန်မြန် ဆုတ်လိုက်တော့ နည်းနည်းတော့ မညီမညာ ဖြစ်သွားတယ်လို့ ထင်တာဘဲ။ နောက်နေ့ စာရွက်တွေ ပြန်ပေးတော့ ကျွန်မတို့ လေးယောက်ကို အတန်းရှေ့မှာ ဆူပါလေရော။ ဘလိုင်းကြီးဆိုတော့ ကြောင်သွားတာပေါ့။ သူဘာလို့ စိတ်ဆိုးလည်းဆိုတာကို တော်တော်နဲ့ နားမလည်နိုင်ဘူး။ နောက်တော့မှ အဲဒီလို စာရွက်တစ်ပိုင်းနဲ့ ဖြေတာ သူ့ကို မလေးမစားလုပ်တာပါတဲ့။ ကျွန်မတို့ လုပ်ရပ်က စာကိုလည်း မရိုသေ၊ ဆရာမကိုလည်း မလေးစားတဲ့ လုပ်ရပ်တဲ့။ အဲဒီ စာရွက်ကို ပိုင်းလိုက်တုန်းက သဘောရိုး အမှန်ပါ။ စာရွက်တစ်ရွက်တည်းကို လေးပိုင်းပိုင်းပြီး ဖြေလို့ စိတ်ဆိုးတယ်ဆိုရင် နည်းနည်း ခံသာဦးမယ်။ တက္ကသိုလ် ကျောင်းသူတွေကို လူရှေ့မှာ ဆူတာဟာ သူမှားတာလား ကျွန်မတို့ မှားတာလားဆိုတာ ဝေခွဲလို့ မရခဲ့ပါဘူး။
နောက်ဆက်တွဲကတော့ အမြဲ အတန်းမှန်အောင် တက်လေ့ရှိတဲ့ ကျွန်မတို့တွေ အတန်းလစ်တတ်လာတယ်။ ဆရာမက ကိုယ့်ကို ကြည့်မရတဲ့ ဒဏ်ကို ဘယ်ကျောင်းသားမှ ခံနိုင်မယ် မထင်ပါဘူး။ ကျောင်းသားနဲ့ ဆရာ ကြားမှာ အပြန်အလှန် လေးစားမှုဆိုတာတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဆရာသမားကိုလည်း မပစ်မှား ချင်ပါဘူး။ ရလဒ်ကတော့ အဲဒီ တစ်ဘာသာကို အောင်မှတ်ရအောင် အနိုင်နိုင် ဖြေလိုက်ရပါတယ်။
အမှန်ကတော့ ဆရာသမားဆိုတာ ဘာဘဲ ဖြစ်ဖြစ် လေးစားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ human right ဆိုပြီး အော်နေပေမယ့် ကျွန်မတို့ မြန်မာလူမျိုး တွေကတော့ ဂါရဝတရားကို ရှေ့တန်းတင်ဆဲပါ။ ကျောင်းတက်နေသရွေ ့တော့ မျက်နှာလိုက်တဲ့ဆရာ၊ အမှတ်ပေး ကပ်စီးနည်းတဲ့ ဆရာ၊ စည်းကမ်း တင်းကျပ် ဖြစ်တဲ့ ဆရာ၊ ဇီဇာကြောင်တဲ့ ဆရာ စသဖြင့် ဆရာပေါင်းစုံနဲ့ ကြုံရဦးမှာပါ။ ဆရာတွေလည်း ပုထုဇဉ် တွေပါ။ အခုတော့ semester စတိုင်း စီနီယာတွေဆီက ဆရာတွေ အကြောင်း အရင် စုံစမ်းတာ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။ ဆရာတွေနဲ့ ထိပ်တိုက် မလုပ်တာ အကောင်းဆုံးဘဲလို့ ခံယူထားရင်း…
ဆရာအားလုံးကို အစဉ်အမြဲ လေးစားလျှက်…

2 comments:
စာသင်ခန်းထဲမှာတော့ ဆရာက ဆရာပေါ့။ စာမေးပွဲခန်းထဲမှာ တပည့်က ဆရာပေါ့။ အမှတ်ပေးတော့ ဆရာက ဆရာ ပြန်ဖြစ်သွားရော။အေးဗျာ… မနက်ဖြန် စာမေးပွဲဖြေဖို့ စာလုပ်နေတာ ပျင်းတာနဲ့ လိုင်းပေါ်တက် ကြည့်တော့ “စာရွက်တစ်ပိုင်း”က သင်ခန်းစာ ပေးတယ်ဗျို့။
ကိုနတ္ထိ.. စာရွက်တစ်ပိုင်းနဲ့ သွားမဖြေနေနဲ့ဦးနော်။:D
Post a Comment
Please feel free to use any font to comment :)