Trainee ကျောင်းသူ တစ်ယောက်ဧ။် နေ့စွဲများ

အဲဒီနေ့က အိမ်အပြန် ကျွန်မခြေလှမ်းတွေ လေးလံနေခဲ့တယ်။ ရင်ထဲမှာလည်း ဝမ်းနည်းသလိုလို။ ဝမ်းသာသလိုလိုနဲ့။ ကိုယ့်ကိုလည်း နားမလည်နိုင်ခဲ့ဘူး။ ရှေ့ဆက် ဘာတွေဖြစ်မှာလဲ…

computer science (also engineering, accounting, management, etc.) ကျောင်းသားတွေဟာ Industrial Attachment ကို requirement တစ်ခုအနေနဲ့ လုပ်ကိုလုပ်ရပါတယ်။ တစ်ချို့ကတော့ practical training လို့ခေါ်ပြီး တစ်ချိူ့ကတော့ internship လို့ ခေါ်ပါတယ်။ ဘယ်လို အခေါ်အဝေါ်မျိုးနဲ့ဘဲ ခေါ်ခေါ်၊ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေကို ဘွဲ့မရခင်မှာ အလုပ်ခွင်နဲ့ ကြိုတင် ရင်းနှီးသွားစေဖို့ပါ။

Attachment မဆင်းခင်က ရည်ရွယ်ချက်တွေဟာ ဝိုးတဝါး … ဟိုယောင်ယောင် ဒီယောင်ယောင်ပေါ့။ networking အတန်းထဲ ရောက်သွားရင် network admin ဖြစ်ချင်သလိုလို၊ system admin ဖြစ်ချင်သလိုလို ထင်ခဲ့သေးတယ်။ Multimedia အတန်းယူတော့လည်း တစ်နေ့မှာ ဒီဇိုင်နာ တစ်ယောက်ရမယ်လို့ စိတ်ကူးယဉ်ခဲ့သေးတယ်။ Database Programming သင်ရတော့ DBA ဖြစ်အောင် ကြိုးစားမယ်ပေါ့။ Software Engineering ကိုလဲ မေဂျာအနေနဲ့တော့ ရွေးလိုက်ပါတယ်။ ဒါပေမယ့် networking ကို ပိုခင်တွယ်နေသလိုလို၊ တစ်ခါတလေ web master ဖြစ်ချင်သလိုလို။ ဒီလိုနဲ့ ယောင်ခြောက်ဆယ် IT ကျောင်းသူတစ်ယောက် final year ကို ရောက်လာပါတော့တယ်။

Attachment လုပ်ရမယ်ဆိုတော့ လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ကျောင်းတော်မြေကို ခဏတာ စွန့်ခွါပြီး အလုပ်ခွင်မှာ ကျင်လည်ရပါတော့တယ်။ ကျောင်းက စာမေးပွဲတွေနဲ့ ဘာမှမဆိုင်တဲ့ လက်တွေ့ဘဝကို အမြည်းသဘောအနေ နဲ့ တွေ့ကြုံလိုက်ရပါတယ်။ တခါမှ မထိခဲ့ဖူးတဲ့ .NET နဲ့ C# က ပေးတဲ့ ဒုက္ခတွေကို ခံစားလိုက်ရပြီး ငါးလဆိုတဲ့ အချိန် အပိုင်းအခြား တစ်ခုဟာ ကျွန်မရဲ့ ရည်မှန်းချက်တွေအတွက် မျိုးစေ့ချပေးနိုင်ခဲ့ပါတယ်။ ဒီအတောအတွင်း ကိုယ့်ကိုကိုယ် programmer ယောင်ယောင်နဲ့ နေခဲ့ပေမယ့် လက်တွေ့ဘဝကို ရင်ဆိုဖို့ ကျွန်မမှာ အင်အား မရှိသေးဘူးဆိုတာတော့ အမှန်ပါဘဲ။

အခုတော့ ကျောင်းသားတစ်ယောက်ပြန်ဖြစ်ပါတော့မယ်။ အမှန်ဆို ဝမ်းသာသင့်ပေမယ့် ဝမ်းနည်းသလိုလိုဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာ အဖြေ ရှာနေဆဲ….

3 comments:

Yan said...

အမှန်ဆို ဝမ်းသာသင့်ပေမယ့် ဝမ်းနည်းသလိုလိုဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာ အဖြေ ရှာနေဆဲ….

I know the answer. It's because you got hooked up at your jobsite. That's why you don't wanna go back to school though you are still a student! Good job, Ma Thinzar....

:D

Saturngod said...

အစ်မတို့ဆီမှာက လုပ်ငန်းခွင်အတွေ့အကြုံကို ကျောင်းမပြီးခင်ရတယ်..
တော်သေးတာပေါ့ဗျာ..
ကျွန်တော်တို့မှာ ကျောင်းပြီးရင်တောင် အလုပ်ရဖို့မလွယ်ဘူး..
တချို့ဆို ပြီးတာက computer လုပ်တာက တခြားဟာ...
အဲလိုတွေ...
ကျောင်းပြန်တက်ရမယ်ဆိုရင်တော့ ကျွန်တော်ကတော့နည်းနည်းပျင်းသွားမယ်ထင်တယ်..
ခေါင်းရှုပ်စရာတွေ မလာတော့ဘူးဆိုတော့ နည်းနည်းကြောင်တောင်တောင်နိုင်သွားမလားပဲ...

သဉ်ဇာ - Thinzar said...

yan>> အင်း .. ဖြစ်တော့ ဖြစ်နိုင်တယ်။ ကျောင်းသားမဟုတ် professional မဟုတ်ဘဝမှာ ပျော်သွားလို့ နေမယ်။ စာလည်း ကျက်စရာမလိုဘူး။ စာမေးပွဲလည်းမရှိဘူး။ stress ကလည်း အဲလောက် မရှိဘူး။ ဒါပေမယ့် ကျောင်းပြီးသွားမှာကိုတော့ ကြောက်နေတယ်။

saturngod>> ဟုတ်တယ်.. ကျောင်းမပြီးခင် အတွေ့အကြုံ နည်းနည်း ရလိုက်တာတော့ ကောင်းသွားယ်။ မဟုတ်ရင် အခုထိ ယောင်လို့ကောင်းတုန်း ရှိဦးမှာ။ ကွန်ပျူတာ ကို တကယ်စိတ်ဝင်စားပြီး တကယ်လုပ်ရင် အလုပ်က ကိုယ့်ဆီ ရောက်လာမှာပါ။
ကျောင်းပြန်တက်ရင် သိပ်တော့ မပျင်းရအောင် final year project က ဒုက္ခပေးဖို့ ကြိုစောင့်နေတယ်။ အဲဒါလည်း စိတ်ညစ်တယ်။

Post a Comment

Please feel free to use any font to comment :)