A visit to Fraser’s Hill

weekend မှာ Fraser’s Hill သွားလည်ဖြစ်တယ်။ ကွာလာလမ်ပူမြို့နဲ့ နှစ်နာရီခွဲလောက် မောင်းရတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ပေါ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀ဝ မီတာ ဆိုတော့ ပေ ၄၉၀ဝ ကျော်.. တောင်ကြီးနဲ့တော့ သိပ်မကွာဘူး။ တောင်တက် တောင်ဆင်းက တစ်လမ်းဘဲ ရှိတယ်။ အဲဒါကြောင့် အတက်တစ်လှည့် အဆင်းတစ်လှည့် သွားရတယ်။ တောင်တက်လမ်းက မတ်ပြီး အကွေ့အကောက် တော်တော်များတယ်။ တောင်တက်လမ်းတင်မဟုတ်၊ မြို့ထဲက လမ်းတွေပါ မတ်စောက်ပြီး ကွေ့ကောက်တယ်။

နံနက်ခင်းမှာ မြူခိုးတွေ ဝေနေမယ်။ ညအချိန်ဆို ချမ်းစိမ့်စိမ့် ရာသီဥတုမှာ စောင်လေးခြုံပြီး ကွေးအိပ်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ အဲဒါကြောင့် ဗြိတိသျှ လူမျိုးတွေဟာ ရောက်လေရာ အရပ်မှာ တောင်ပေါ်ဒေသကို လိုက်ရှာပြီး အပန်းဖြေလေ့ ရှိခဲ့တာဘဲ။ မြန်မာပြည်မှာဆိုရင် တောင်ကြီး၊ ကလော၊ မေမြို့တို့ဟာ အရင် ကိုလိုနီခေတ်က ဗြိတိသျှလူမျိုးတို့ရဲ့ အပန်းဖြေစခန်းဖြစ်ခဲ့တာ။ မလေးရှားနိုင်ငံဟာလည်း တစ်ချိန်က ဗြိတိသျှလက်အောက် ကျရောက်ဖူးခဲ့တာမို့ Cameron Highland, Fraser’s Hills စသဖြင့် တောင်ပေါ် အပန်းဖြေစခန်းတွေ ရှိနေတာပါ။ အိမ်လေးတွေက ဘန်ဂလို ပုံစံလေးတွေ များတယ်။ မလေးရှားနိုင်ငံရဲ့ အလှဆုံး hill resort လို့တော့ ပြောတာဘဲ။
ဒီအချိန် နေရာတော်တော်များများ renovation လုပ်နေလို့ ကောင်းကောင်းမလည်ခဲ့ရပေမယ့် “Take nothing but photographs, leave nothing but footprints” ဆိုတဲ့အတိုင်း ဓါတ်ပုံတွေရိုက် ခြေရာတွေချန်ပြီး ပြန်ခဲ့ပါတယ်။ တောင်ကြီးသူတစ်ယောက်အတွက် ဒီလိုရာသီဥတုမျိုးနဲ့ ဒီလိုပါတ်ဝန်းကျင်မျိုးဟာ မထူးဆန်းပေမယ့် ကွာလာလမ်ပူလိုမျိုး ဥတုသုံးပါးမရှိတဲ့ မြို့ပြမှာ အလုပ်လုပ်လို့ မွန်းကြပ်လာရင် တခဏ ဖြစ်ဖြစ် အနားယူ အပန်းဖြေဖို့ကောင်းတဲ့ တောင်ပေါ်ဒေသလေးတစ်ခု ဖြစ်ပါတယ်။ Cameron Highland လောက် လည်စရာ သိပ်မများပေမယ့် Fraser Hill မှာက လူနေ သိပ်မထူထပ်တဲ့အတွက် ပါတ်ဝန်းကျင် လေထုကတော့ ပိုပြီး သန့်ရှင်းတယ်။ Trail တွေ အများကြီး ရှိတဲ့အတွက် Jungle trekking ဝါသနာ ပါတဲ့သူတွေအတွက်တော့ အရမ်းကို ကောင်းတဲ့ နေရာလေးတစ်ခုပါ။

ပန်းစိုက်တာတော့ ဝါသနာ မပါဘူး။ ပန်းတွေကို ဓါတ်ပုံရိုက်ရတာတော့ စိတ်ဝင်စားတယ်။ ပန်းတွေရဲ့ အရောင်, texture တွေကို ကြိုက်တယ်။

9 comments:

trh said...

အားကျတယ်ဗျာ ...
ကျနော်မှာတော့ ရောက်တာဖြင့် တစ်နှစ်ရှိတော့မယ် ... Twin Tower တောင် မရောက်ဖူးသေးဘူး ...

TZA said...

ပျော်စရာပဲ၊ ချင်ကာပူမှာတော့ အဲလိုနေရာမျိုး မရှိပေါင်။

khin oo may said...

တို့လဲ မရောက်ဘူးဘူး။ kl တော့ခဏခဏ ရောက်ပါတယ်။ ကျေးဇူး။ ပုံများများထည့်ပါ။

သဉ်ဇာ - Thinzar said...

Trh>> အားမငယ်နဲ့ကွယ်။ အစ်မလည်း ရောက်ပြီး ၂နှစ်နေမှ twin tower အပေါ်ကို ရောက်ဖူးတာ။ နောက်လျှောက်လည်ဖို့ နှစ်တွေ အများကြီးကျန်သေးတယ်။

TZA>> ချင်ကျာပူမှာတော့ လူတွေနဲ့ အိမ်တွေဘဲရှိတာ :D

မခင်ဦးမေ>> ဓါတ်ပုံတော့ ရိုက်ခဲ့တာဘဲ။ ဒါပေမယ့် ဘယ်ပုံကြည့်ကြည့် မြူတွေဆိုင်းပြီး အတူတူ ဖြစ်နေတာမို့ ဒီလောက်ဘဲ တင်လိုက်တာ။ နောက်ဆို KL ချည်း မလာဘဲနဲ့ တစ်ခြားနေရာတွေလည်း သွားလည်ကြည့်လေ။

Handsome Geek said...

ဒီနေရာလေးကို အခုမှကြားဘူးတယ်
KL ကနေသွားရင် ဘယ်လိုသွားရလဲဟင်
Link in wikimapia
wiki map မှာ ရှာကြည့်တာ :D
အဲလိုနေရာမျိုးမှာ နေရရင်ကောင်းမယ်
aircon လဲမလိုတော့ဘူး
ရှယ်ပဲ

သဉ်ဇာ - Thinzar said...

Ko Naing Tun Win >> KL ကနေ ဘယ်လိုသွားရလဲဆိုတာ သူ့website မှာ ဖတ်ကြည့်လို့ရပါတယ်။ ရာသီဥတုတော့ ကောင်းတယ်။ လမ်းတော့ မကောင်းဘူး။ တစ်မြို့လုံးမှာ လမ်းဖြောင့်ဖြောင့် လုံးဝမရှိလို့။ အားလုံး အကွေ့အကောက်တွေချည်းဘဲ။ မြိုကထဲပါတ်ရင်းတောင် မူးမူးလာတယ်။ Cameron Highland လောက် နေဖို့တော့ သိပ်မကောင်းဘူး။ လည်လို့ဘဲကောင်းတာ။

strike said...

Very Nice...Cheers

Nu Thwe said...

Poll လာဖြေသွားတာ ကျေးဇူးနော် ညီမ။ မလေးရှားကို ရောက်ဖူးချင်တယ်။ ပျော်စရာကောင်းတယ်လို့ ပြောကြတယ်။ နောက်တစ်ခါ မြန်မာပြည် ပြန်ရင် ဝင်လည်ဦးမှပဲ။

သဉ်ဇာ - Thinzar said...

strike>> thanks for your comment :)

မနုသွဲ့>> မလေးရှားက ဈေးသက်သာပြီး လည်လို့ကောင်းတယ်။ မြန်မာပြည်ပြန်ရင် transit လုပ်ပြီး ဝင်လည်ပါလား အစ်မ

Post a Comment

Please feel free to use any font to comment :)