တို့ရှမ်းမြေ



ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ ~~
အေးချမ်းလှတဲ့ ကျတော်တို့မြို့လေးကို ~~
အလည်တစ်ခေါက် ရောက်လာပါလားလို့ ဟန်ဆောင်မှုကင်းတဲ့ ~~

စေတနာရင်မှာ တကယ်ရင်းနှီးတဲ့ တို့ရှမ်းမြေ ~~

တောင်ကြီးမြို့အဝင် (တောင်တက်လမ်း မရောက်ခင်)

မနက်ထလာလို့ တောင်ချွန်းကြီးကို မြင်လိုက်ရရင်ဘဲ စိတ်ထဲမှာ အလိုလို ကြည်နူးသွားတယ်။

bird’s eye view of my home town Taunggyi (အိမ်ခေါင်မိုးတွေလဲ နီနေဆဲပါဘဲ။)

နှစ်ပါတ်ဘဲခွင့်ရတာ တောင်ကြီးပြန်ဖို့လေယာဉ်လက်မှတ် မရလို့ ရန်ကုန်မှာ သောင်တင်သွားတာနဲ့ တောင်ကြီးမှာ ၁ဝရက်လောက်ဘဲ နေလိုက်ရတယ်။ တန်ဆောင်တိုင် ပြန်မယ်လို့ မရည်ရွယ်ထားပေမယ့် ပြန်ရောက်တာနဲ့ တန်ဆောင်တိုင် စနေပြီ။ ကလေးလည်း မဟုတ်တော့ဘူးဆိုတော့ ပွဲခင်းထဲ လိုက်ပို့ပေးဖို့လည်း မပူဆာမိဘူး။ ငယ်ငယ်တုန်းကဆို နေ့တိုင်းနီးနီးကို ပွဲသွားချင်တာ။ အရုပ်တွေဝယ်၊ မုန့်တွေစား နဲ့ နေ့နေ့ညည စိတ်က ပွဲထဲရောက်နေတာ။ ဒီတစ်ခေါက် မီးပုံးပျံ တစ်ရက်ဘဲ သွားကြည့်ဖြစ်တယ်။ မီးကျည် သုံးလုံးလောက် ဘဲ ကြည့်ခဲ့တယ်။ အရမ်းချမ်းတာနဲ့ ည၁၂နာရီကျော်လောက်မှာ ပြန်လာကြတယ်။ မီးပုံးပျံကွင်းထဲကနေ မီးပုံးပျံကြည့်ရတာကတော့ တကယ်ကို အရသာရှိတယ်။ နေ့လွှတ်မီးပုံးပျံတော့ သွားမကြည့်ဖြစ်ဘူး။ တောင်ကြီးတန်ဆောင်တိုင်ကို နောက်ဆုံးရောက်တာ ၂၀၀၄ ကဆိုတော့ ၄နှစ်ကြာမှ ပြန်ရောက်ဖြစ်တာပေါ့။ မီးပုံးပျံကွင်းတော့ ပိုကြီးသွားတယ်။ ပိုဝေးသွားတယ်။ ဆိုင်ကယ်အပ်ခ ၁၀၀၀၊ ကားရပ်ခ ၂၀၀၀၊ မလွယ်ဘူး။ လိုင်းကားခတော့ ၂၀ဝလား မသိဘူး။ မီးပုံးပျံကွင်း သွားတဲ့လမ်းကို တစ်လမ်းမောင်း လုပ်ထားတဲ့အတွက် အပြန်မှာ ဖရဲရွာတစ်ရွာလုံးကို တစ်ပါတ်ပါတ်ပြီးမှ တောင်ကြီး ပြန်ရောက်တယ်။ အဲဒါတစ်ခုတော့ သိပ်မကောင်းဘူး။

အဖိတ်နေ့မှာတော့ မြို့လုံးကျွတ် ဘုံကထိန်ပွဲရှိတယ်ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ အဖွားအိမ်ကနေ သွားကြည့်ဖို့ စောစောစီးစီး ထွက်လာခဲ့တယ်။ နောင်…နောင်..နောင်ဗေနောင်.. ဆိုတဲ့ ရှမ်းအိုးစည်သံက ကြားရတဲ့သူကိုပါ မြူးကြွလာစေတယ်။ ဓါတ်ပုံတွေ အများကြီး ရိုက်မယ်လို့ အားခဲထားပေမယ့် ဒီတစ်နှစ်က အရင်နှစ်တွေကလောက် မစည်တော့တာ တွေ့ရတယ်။ ပဒေသာပင်တွေဘဲ များပြီး အရုပ်တွေ သိပ်မတွေ့ရတော့ဘူး။ ပဒေသာပင် တော်တော်များများလည်း လမ်းလျှောက်မလှည့်ကြတော့ဘဲ ကားနဲ့ဘဲ သွားကြတယ်။ အရင်တုန်းကဆိုရင် မြို့လုံးကျွတ်ကထိန်က ရပ်ကွက် တစ်ခုနဲ့ တစ်ခုမတူ ထူးခြားစွာ အရုပ်ချိုးထားတာဆိုတော့ အရမ်းကို ကြည့်လို့ကောင်းတာ။ ဒါပေမယ့်လည်း တစ်မှူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တုနိုင်ရိုးလား ဆိုတာတော့ ထင်ရှားနေဆဲပါဘဲ။ ကျောင်းကထိန်လည်း ပေးမလုပ်တော့ဘူးလို့ ကြားတယ်။ တောင်ကြီးမှာ ကျောင်းသားဖြစ်ရတာ ပျော်စရာတစ်ခု လျော့သွားတာပေါ့။

တန်ဆောင်မုန်းလပြည့်နေ့ည မီးပဒေသာ ပြိုင်ပွဲ


တန်ဆောင်မုန်းလပြည့်နေညမှာတော့ မီးပဒေသာပြိုင်ပွဲရှိတယ်။ ရပ်ကွက်အလိုက် ပြိုင်ကြတာပေါ့။ မီးပဒေသာက ပုံတွေက သဉ္ဖာ့မောင်လေး ရိုက်ထားတာ။ ဘလော့ဂ်ပို့စ်ထဲ ထည့်ရေးရအောင် သူ့နားကနေ ယူလာတာ။ ပွဲခင်းထဲမှာ ဓါတ်ပုံလိုက်ရိုက်ဖို့ ကြိုးစားသေးတယ်။ ကိုယ့်ကို အရူးလိုလို အကြောင်လိုလို ဝိုင်းကြည့်လို့ မရိုက်ဖြစ်တော့တာ။ ကျီးမနိုးပွဲတော့ လုပ်လား မလုပ်လား မသိလိုက်ဘူး။ မယ်ဇလီဖူးသုပ်တော့ အိမ်နီးချင်း အန်တီကြီးတစ်ယောက်လာပေးလို့ စားလိုက်ရတယ်။ တော်တော်စားကောင်းတယ်။ ပထမဆုံးအကြိမ် စားဖူးတာဘဲ။ မီးပဒေသာမှာ တိုးနယား အကတွေလဲပါတယ်။ မီးပုံးပျံပုံတွေတော့ ရိုက်ထားတာ တစ်ပုံမှ မလှလို့ မတင်တော့ဘူး။ မကြည့်ရသေးရင်တော့ တောင်ကြီးချယ်ရီမြေမှာ သွားကြည့်လို့ ရပါတယ်။

၂၀၀၉ မရောက်ခင် ၂၀၀၈ ရဲ့ ခရီးသွားပို့စ်တွေကို အပြတ်ဖြတ်ရမယ်။ နောက်ပို့စ်မှာ အင်းလေးကပုံတွေ တင်မယ်။

8 comments:

khin oo may said...

:D

★Craton said...

တောင်ကြီးတစ်ခါမှမရောက်ဖူးဘူး.. သွားချင်လိုက်တာ။ း(

တောင်ပေါ်သား said...

တောင်ကြီး အလွမ်းပြေလေး လာဖတ်သွားပါတယ် အမရေ

Dr. Nyan said...

တောင်ကြီးကိုသတိရသွားမိပါတယ်။
တောင်ကြီးသူတောင်ကြီးသားတွေနက်မှာဆုံတွေ့ရတာဝမ်းသာပါတယ်။

နေလင်း said...

ဟေး မရောက်တာကြာလို့ ရောက်လာတော့လည်း အလွမ်းတွေ သယ်ပြီးပြန်ရအောင် တောင်ကြီးအကြောင်းနဲ့ ကြိုဆိုနေတယ်..သွားမယ်ဆိုတာကို ပြောတောင်မသွားဘူး...တိုက်ရိုက်လွင့်ပေးတဲ့ ကိုကျော်စွာတို့ အဖွဲ့ကို သွားမပြုစုခဲ့ဘူးလား တီတီ..

Phyo Evergreen said...

အစ်မရေ တောင်ကြီးအကြောင်းလေးဖတ်ရတာကောင်းပါ တယ်...။ လွမ်းနေတာနဲ့ ဓာတ်ပုံတွေပါကြည့်ရတော့ ကျေးဇူးပါ...။ တောင်ကြီးဘယ်နားမှာနေတာလဲ...။

zaliza said...

tak paham la ;(

သဉ်ဇာ - Thinzar said...

မခင်ဦးမေ>> အမ်းမား..ဘာရီတာလဲဟင် :P

Craton>> တစ်ခေါက်လောက်တော့ ရောက်ဖူးအောင် သွားလည်ကြည့်ပေါ့။ ပျော်ဖို့ကောင်းပါတယ်

တောင်ပေါ်သား>> အစ်မလည်း ရေးရင်းနဲ့ တောင်ကြီးကို လွမ်းနေတာ။

Dr. Nyan>> ဒေါက်တာ comment လာချသွားလို့ ဝမ်းသာပါတယ်။ ဒေါက်တာ့ဘလော့ဂ်လည်း မကြာခဏ သွားဖတ်ဖြစ်တယ်။

ဦးနေလင်း>> ပြန်မယ်လို့ မစီစဉ်ထားဘဲနဲ့ ပြန်ရောက်သွားတာ။ တောင်ကြီးချယ်ရီ အဖွဲ့တွေနဲ့ မတွေ့ဖြစ်ဘူး။ ၁ဝရက်ဘဲ ပြန်တာဆိုတော့ အိမ်က သိပ်ပေးမထွက်ချင်ဘူး။ Mediatransform သွားသေးတယ်။ အဲဒီကလူတွေ အလုပ်ရှုပ်နေတာဘဲ မြင်တာနဲ့ ဘာမှမမေးဘဲ ပြန်ခဲ့တာ။

Phyo Evergreen>> အစ်မက တောင်ကြီး လျှပ်စစ်ရုံးနားမှာနေတာလေ။

liza>> that's about my home town and tazaungdine festivals.. tangok photos je la :D

Post a Comment

Please feel free to use any font to comment :)