Handphone အတွက် အသုံးဝင်တဲ့ Java apps များ

ယနေ့ handphone တွေဟာ ဖုန်းပြောဖို့တင် မဟုတ်ဘဲ စွယ်စုံသုံးလို့ ရပါပြီ။ ကျမလို ကပ်စေးနဲနဲ နည်းတဲ့သူတွေကတော့ Java Apps တွေကို ဝယ်ဖို့ သိပ်စဉ်းစားကြမှာ မဟုတ်ဘူး။ သူများရဲ့ Intellectual Property ကို လေးစားပေမယ့် free ရဖို့ဘဲ လိုက်ရှာနေမိတယ်။ http://myn73.hafees.com/ ဆိုတဲ့ ဘလော့ဂ်ကို အမှတ်မထင်ရောက်သွားပြီး ဖုန်းအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲ တော်တော်များများကို download ဖြစ်တယ်။ သူကတော့ N73 အတွက် အဓိကထားရေးပေမယ့် applications တွေက Symbian (S60 series) ဖုန်းတော်တော်များများကို support လုပ်ပါတယ်။

N73 အတွက် download လုပ်သုံးကြည့်ပြီး သဘောကျမိတဲ့ apps တွေကတော့ ...

1. Webster Dictionary: တော်တော်ပြည့်စုံရှည်လျားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါတဲ့ အတွက် အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် မူရင်းစာလုံးကို အပေါ်နားမှာ မပြထားပေးတော့ တစ်ခါတစ်ခါ ဖတ်ရင်းဖတ်ရင်း ငါဘာစာလုံးရဲ့ အဓိပ္ပါယ်ကို ရှာလိုက်ပါလိမ့်ဆိုတာတော့ ပြန်စဉ်းစားရလိမ့်မယ်။




2. English-Chinese-English Dictionary: လိုရင်းတိုရှင်းနဲ့ အဓိပ္ပါယ်ပြန်ပေးပါတယ်။ စာလုံးအရမ်းစုံတယ်။ တစ်ခါတစ်လေ တရုတ်စာကို ပိုကြိုက်မိတာက မြန်မာလို ၁ဝလုံးလောက်ရေးရမယ့်နေရာမှာ အင်္ဂလိပ်စာလုံးနဲ့ဆို ငါးလုံးလောက် အဓိပ္ပါယ် ဖွင့်နေရပြီး တရုတ်လို စာလုံး နှစ်လုံးလောက်နဲ့ ပြီးသွားလို့ပါ။ ဘယ်က download လုပ်ထားလည်း မမှတ်မိတော့ဘူး။ Apps မှာ About လည်း မပါတော့ ပြန်ရှာမရဘူး ဖြစ်နေတယ်။ mediafire မှာ တင်ပေးဖို့ဆိုတော့လည်း ဘယ်နား save ထားမှန်း သတိမရတော့လို့။ link ရှာတွေ့မှ ပြန်တင်ပေးပါမယ်။



3. Scientific calculator: ဖုန်းထဲမှာ scientific calculator သုံးလို့ရတော့ အရမ်း အသုံးဝင်တာပေါ့။ ဘဝမှာ အမြဲတွက်ချက်နေရတာ မဟုတ်လား။ free download လုပ်လို့ ရပါတယ်။ သုံးရလဲ လွယ်တယ်



4. S60 Spot On: အရင် sony ericsson သုံးတုန်းက ကင်မရာ flash ကို torch light အဖြစ် သုံးလို့ရတော့ တော်တော် အဆင်ပြေပေမယ့် N73 ကို torch light အဖြစ်သုံးချင်ရင် video mode မှာ သွားသွားဖွင့်ရတာ တော်တော်အလုပ်ရှုပ်ပါတယ်။ အခု S60 spot on ဆိုတဲ့ apps ကို သွင်းပြီးသွားတော့ N73 ကိုလည်း လက်နှိပ်ဓါတ်မီး အဖြစ် အလွယ်တကူ သုံးလို့ ရသွားပါပြီ။

5. Screen shot – ဖုန်း screen shot ရိုက်တဲ့ software တော့ တစ်ခါတစ်လေ လိုခဲ့သည်ရှိသော်ဆိုပြီး download လုပ်ပြီး သွင်းထားလိုက်တယ်။ ဒီပို့စ်ရေးတော့ ပုံလေးတွေထည့်ဖို့ အသုံးဝင်သွားတယ်။



6. အစ္စလာမ်ဘာသာဝင်တွေအတွက် Quran, Hadith, Doa, Zikir, Zakat Calculator စတဲ့ apps တွေကိုတော့ www.guidedways.com တွေမှာ တော်တော် အသုံးဝင်တဲ့ apps လေးတွေ ရနိုင်ပါတယ်။ သုံးနေရင်း expired ဖြစ်ဖြစ်သွားတာ တစ်ခုကလွဲရင် ကောင်းပါတယ်။ အလကားရတယ်ဆိုတော့ ဒီလောက်တော့ ရှိမပေါ့နော်။


Games တွေအတွက်ဆိုရင်တော့ Gameloft ကနေ download လုပ်ဖြစ်တာ များတယ်။ handphone ကတော့ ကျမအတွက် swiss knife အတိုင်းပါဘဲ။ (တစ်ချက်တစ်ချက် hang သွားတာကလွဲရင် :-P ဖုန်းခေါ်တာကလွဲရင် အားလုံးလုပ်လို့ရတယ် ဖြစ်သွားတော့မယ်။) နောက် အသုံးဝင်မယ့် freeware, shareware လေးတွေရှိရင်လည်း ဝေမျှပေးကြပါဦး။

4 comments:

Mhaw Sayar said...

မှတ်သား၊ သားသွား ဆွဲသွားတယ်ဗျို့....
နောက် လိုတဲ့ သူတွေကိုလည်း ပြန်လည်ရှယ်ယာ လိုက်ပါဦးမယ် ဆိုတဲ့ အကြောင်း. :)

mgthantzin said...

Sony Ericsson အတွက်ရော...? :)

လင်းဦး(စိတ်ပညာ) said...

ဟုတ်ပါ့... တကယ်ကောင်း လိုအပ်မှုကို အသုံးဝင်ပေ၏။

သဉ်ဇာ - Thinzar said...

Mhaw sayar>> ရှဲယားရင်း အစ် ကဲရင်း (Sharing is caring) တဲ့ ကောင်းပါတယ် :)

mgthantzin>> အဲဒါကတော့ sony ericsson သုံးတဲ့သူတွေ ရှာဖွေပြီး share လုပ်သင့်တယ်ကွယ်။

ကိုလင်းဦး>> ဟုတ်တယ်။ လိုအပ်မှ သုံးဖြစ်တော့ အသုံးဝင်မှန်း သိသွားတာပေါ့။

Post a Comment

Please feel free to use any font to comment :)