အခု ရေးမှာ အိုင်းစတိုင်းအကြောင်း မဟုတ်သလို Mariah Carey ရဲ့ သီချင်းအကြောင်းလည်း မဟုတ်ပါဘူး။ မနေ့က တက်ခဲ့တဲ့ conference ရဲ့ theme လေးပါ။
Entrepreneurship = Marketing + creativity + commerce
ဘယ်သူစဉ်းစားလိုက်လို့ ထွက်လာသလဲ မသိပေမယ့် theme လေးကို တော်တော် သဘောကျမိတယ်။ တက်ဖူးသမျှ conference တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပါဘဲ။ session အားလုံးရဲ့ speaker တွေ အားလုံးဟာ တက်ရောက်လာတဲ့သူတွေကို တစ်စက်မှ အိပ်ငိုက်ဖို့ အချိန် မရှိလိုက်အောင် ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။ (အစားအသောက်တွေ ကောင်းတာလည်း ပါတယ်။ :-P )
မေလမှာ တက်ဖြစ်ခဲ့တဲ့ conference က academic ပိုင်း ပိုကျပြီး ဒီ conference ကတော့ လုပ်ငန်းရှင်တွေ အတွက်မို့ စီးပွါးရေး ပိုဆန်တယ်။ ပြောသွားတဲ့ speaker တွေ အားလုံးကလည်း အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေမို့ လေးစားအားကျ အတုယူဖို့ ကောင်းပါတယ်။ ကျမတော့ စီးပွါးရေးတွေ ဘာတွေလုပ်တာ ဝါသနာ မပါဘူး။ လူတွေနဲ့ စကားအများကြီးပြောရမယ့် အလုပ်နဲ့ သိပ်မကို်က်ဘူးဆိုတာကို ကိုယ့်ကိုယ်လည်းသိတယ်။ မထင်မှတ်ထားဘဲ အလကားတက်ရလို့ ဒီ conference လေးကို တက်ဖြစ်သွားတာပါ။ သူတို့ ပြောသွားခဲ့တာတွေထဲက မှတ်သားမိသလောက်လေးတွေကို ပြန်ပြီး ရေးရရင်…
မြန်မာလို ပြန်ရရင် “မလေးရှားနိုင်ငံ အမျိုးသမီး လုပ်ငန်းရှင်များအသင်း” က စီစဉ်တဲ့ ဒုတိယအကြိမ်မြောက် နည်းပညာ ကွန်ဖရင့်စ် ပါ။ (တတ်နိုင်သမျှ မြန်မာလို ပြန်ပစ်လိုက်တယ်။ search engine hit တွေ ဖောင်းပွနေမှာစိုးလို့။) ပထမဆုံး ပြောသွားတာကတော့ ICT နည်းပညာကို အသုံးပြုတဲ့ လုပ်ငန်းရှင်တွေ အစိုးရဆီက ဘယ်လို ထောက်ပံ့ကြေးတွေ ရနိုင်တယ်ဆိုတဲ့ အကြောင်းပါ။ ကိုယ့်ရဲ့ အိုင်ဒီယာအသစ်ကို အစိုးရကို တင်ပြပြီး သူတို့ လက်ခံနိုင်လောက်အောင် ကောင်းမယ်ဆိုရင် grant အနေနဲ့ မလေးရင်းဂစ် တစ်သိန်း ငါးသောင်း ရမှာပါ။ မလေးရှားမှာ နည်းပညာတိုးတက်ဖို့အတွက် ဘတ်ဂျက် ရင်းဂစ် ၈ဝ ဘီလီယံထဲက ပေးတာပါ။ မလေးရှားနိုင်ငံသားတွေ အတွက်သာ ဖြစ်ပေမယ့် သူတို့နိုင်ငံ တစ်နေ့တစ်ခြား (တစ်ခြားနိုင်ငံတွေနဲ့ စာရင် တိုးတက်မှု နှေးပေမယ့် ဖြေးဖြေးနဲ့ ပုံမှန်) တိုးတက်လာတာကို ကြည့်ပြီး ကိုယ်နိုင်ငံကိုလည်း အဲဒီလို ဖြစ်လာစေချင်တဲ့စိတ်က တစ်ဖွားဖွားပေါ်လာပါတယ်။ Miracle ဆိုတာ ကိုဘဲ ယုံရမလား မသိတော့ဘူး။ ထားပါတော့။ အဲဒီလို ပေးဖို့ အခြေအနေမရှိသေးရင်တောင် နည်းပညာကို အခြေခံတဲ့ စီးပွါးရေးလုပ်ကိုင်ခွင့်တွေကို မပိတ်ပင်ထားသင့်တာတော့ အမှန်ပါဘဲ။ အဓိကကတော့ အင်တာနက် ပေါ့။
နောက်တစ်ယောက်ကတော့ Maintenance ဆော့ဝဲတစ်ခုရေးပြီး ခြောက်နှစ်အတွင်းမှာ နိုင်ငံပေါင်း ၉ဝကျော်ကို ရောင်းချနိုင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတွေဟာ ဒီအတိုင်းပစ်ထားလို့ မရဘဲ အမြဲထိန်းသိမ်းနေဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို manage လုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုရေးဖို့ ၂၀၀၂ ခုနှစ်မှာ သူအကြံရတယ်။ တစ်ခြား ပရိုဂရမ်မာသုံးလေးယောက်နဲ့ ပေါင်းပြီး တစ်နှစ်လောက် ခရက်ဒစ်ကဒ်အကြွေးတွေ ဝိုင်းနေတဲ့ကြားကနေ ဆော့ဖ်ဝဲတစ်ခု ပြီးအောင် ရေးခဲ့တယ်။ ဒါပေမယ့် မလေးရှားမှာ ဘယ်သူ့ကို သွားရောင်းရမလဲဆိုတာ သူစဉ်းစားလို့ မရခဲ့ဘူး။ သူ့လို ချောင်ကျကျ မြို့စွန်နားလောက်မှာနေတဲ့သူတစ်ယောက်ရေးတဲ့ ဆော့ဖ်ဝဲကို ဝယ်ဖို့ လူတွေက စိတ်မဝင်စားကြဘူး။ နောက်ဆုံးတော့ web site ပေါ်တင်ပြီး free ပေးလိုက်တယ်။ နှစ်ပါတ်အတွင်းမှာဘဲ ပွါတိုရီကို နဲ့ အမေရိက က လုပ်ငန်းရှင်တစ်ချို့ သူ့ကို ဆက်သွယ်လာခဲ့တယ်။ သူ့တို့ရဲ့ software ကို ကြိုက်တဲ့အကြောင်း၊ နောက်ထပ် feature တွေ ပိုစုံအောင် ထည့်ပေးနိုင်မလားဆိုတဲ့အကြောင်း ကမ်းလှမ်းခဲ့တယ်။ အဲဒီကနေစပြီး ယနေ့ နိုင်ငံပေါင်း ၉ဝကျော်မှာ သူ့ တို့ ဆော့ဖ်ဝဲကို customize လုပ်ပြီး ရောင်းချနိုင်တဲ့အထိ အောင်မြင်မှု ရလာခဲ့တယ်။ အဲဒီတော့ သူ့ကုမ္ပဏီရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာလဲ? သူပြောသွားတာကတော့ “Give to get.” တဲ့။ အခုမှစတဲ့ လုပ်ငန်းရှင်တစ်ယောက်မှာ အလိုအပ်ဆုံးက စားသုံးသူတွေရဲ့ ယုံကြည်မှုဘဲ။ တစ်ခုခုကို ပေးမှ ကိုယ်လည်း တစ်ခုခု ပြန်ရမယ်ဆိုတာပေါ့။ အကြွေးတွေ ဝိုင်းနေတဲ့ကြားက ဆော့ဖ်ဝဲကို တစ်ယောက်ယောက်အတွက် အသုံးဝင်ပါစေတော့ ဆိုပြီး အလကား ပေးလိုက်တော့ လူတွေက သုံးကြည့်ပြီး စိတ်ကျေနပ်မှု ရလာတဲ့အခါ သူတို့ကို ယုံကြည်မှု ရှိလာပြီး တစ်ခါမှ မမြင်ဖူးပေမယ့် အလုပ်အပ်တဲ့အထိ တိုးတက်သွားခဲ့တာပါဘဲ။ သူ့ရဲ့ ကြိုးစားမှု၊ အောင်မြင်မှု ကတော့ တကယ်ကို အားကျဖို့ ကောင်းပါတယ်။
နောက်တော့ စင်ကာပူ based ဂူဂယ်လ် က ဝန်ထမ်းတစ်ယောက်က “Online search engine marketing” အကြောင်းကို ပြောသွားပါတယ်။ ဥပမာအနေနဲ့ သူတို့ရဲ့ Google AdWord ကို သုံးတဲ့ customer တစ်ယောက်က success story ကို ရှင်းပြသွားပါတယ်။ အင်တာနက်ပေါ်မှာ ဓါတ်ပုံရောင်းတဲ့ ကုမ္ပဏီဆိုတော့ သတင်းစာတွေ မဂ္ဂဇင်းတွေမှာ ကြော်ငြာတာထက် ဂူဂယ်လ်မှာ ကြော်ငြာထည့်တာ သူတို့စီးပွါးရေးအတွက် ဘယ်လို အကျိုးအမြတ်ရှိတယ်ဆိုတာတွေ ရှင်းပြသွားတာပါ။ ရနှစ်အတွင်း ဂူဂယ်မှာ Pay-per-click ကြော်ငြာအတွက် ရင်းဂစ် ရသိန်းလောက် သုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခုပါလို့ ပြောသွားပါတယ်။ ကျမတော့ Google Ad တွေကို ယောင်လို့တောင်မှ မနှိပ်ဘူး။ အရင်တုန်းက adsense ထည့်ထားတဲ့ website ကို တော်တော် မျက်စိနောက်မိတာ အမှန်ဘဲ။ ဒါပေမယ့် သူတို့ ပြောသွားတဲ့ပုံအရဆိုရင် နှိပ်တဲ့သူတွေ မနည်းရှိနေတာသေချာတယ်။ Paypal account ဖွင့်ပြီးရင် စမ်းကြည့်ဦးမှဘဲ။
“ကျွန်တော်တောင် လုပ်နိုင်ရင် သင်တို့လည်း လုပ်နိုင်ရမှာပေါ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ပြောသွားတဲ့သူကတော့ လွန်ခဲ့တဲ့ ၁၄နှစ် ၁၉၉၄ခုနှစ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ပခုံးအောင်ပိုင်း တစ်ကိုယ်လုံးသေသွားခဲ့ပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့လို့ အခု အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေတဲ့သူပါ။ ခေါင်းကလွဲရင် တစ်ကိုယ်လုံး လှုပ်လို့ မရတော့ပေမယ့် voice recognition software ရဲ့ အကူအညီနဲ့ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်ရုံသာမက web developer တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့တယ်။ Voice Recognition software ကို ကြားဖူးနေပေမယ့် တစ်ကယ် အသုံးချပုံကို အဲဒီနေ့ကမှ အသေအချာ တွေ့ဖူးတာပါ။ (Stephen Hawkin ဆိုရင် တစ်ကိုယ်လုံးသေတဲ့အပြင် စကားတောင် ကောင်းကောင်းမပြောနိုင်တော့ပေမယ့် လူအနည်းငယ်သာ နားလည်တဲ့ အိုင်းစတိုင်းရဲ့ သီအိုရီကို ရှင်းပြသွားနိုင်ခဲ့တယ်။ ဒါကတော့ exceptional case ပါ။ off-topic … ရေးရင်းနဲ့ သတိရသွားလို့။) အခု မလေးရှားနိုင်ငံ ဒုက္ခိတများ စောင့်ရှောက်ရေးအသင်းမှာ ဥက္ကဌ လုပ်နေပြီး သူ့စီးပွါးရေးကိုလည်း ဆက်လက်လုပ်ကိုင်နေပါသတဲ့။ သူပြောချင်တဲ့ အဓိကအချက်ကတော့
လက်တော်တော်ညောင်းသွားပြီ။ ဖတ်တဲ့သူလဲ ပျင်းလာလောက်ပြီ။ နောက်နေ့မှ ဒုတိယပိုင်း ဆက်ပါမယ်။

“နည်းပညာဟာ သူ့လို ဒုက္ခိတ တစ်ယောက်ကို ဘယ်လို မျှော်လင့်ချက်တွေနဲ့ ဆက်လက် ရှင်သန်စေဖို့ အားအင်တွေ ပေးနိုင်ခဲ့တယ်”
ဆိုတာပါဘဲ။ သူ အက်ဆီးဒင့် ဖြစ်သွားတဲ့ ၁၉၉၄ ခုနှစ်ဆိုတာ အင်တာနက် မပြောနဲ့ ကွန်ပျူတာတောင် လူတိုင်း မြင်ဖူးတဲ့ ခေတ် မဟုတ်သေးပါဘူး။ “ဘယ်အလုပ်မဆို အစပိုင်းတော့ ခက်ခဲတာဘဲ” လို့ပြောသွားခဲ့ပါတယ်။ ဒုက္ခိတ တစ်ယောက် ဖြစ်သွားပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားတဲ့ သူ့ရဲ့စိတ်ဓါတ်ကို အရမ်း လေးစားမိတယ်။ လက်တော်တော်ညောင်းသွားပြီ။ ဖတ်တဲ့သူလဲ ပျင်းလာလောက်ပြီ။ နောက်နေ့မှ ဒုတိယပိုင်း ဆက်ပါမယ်။
5 comments:
အပိုင်းနှစ်ကို မျှော်နေပါတယ် လူဘဝမှာ ဘယ်အရာမှ ကျရှုံးမူဆိုတာ မမြဲဘူးဆို သိရတဲ့ အတွက် ကျေးဇူးပါ
လာရောက်ဖတ်ရှုလေ့လာသွားပါတယ် အရမ်းကောင်းပါတယ် ဒုတိယပိုင်းစောင့်မျှော်လျှက်ပါ...
တောင်ပေါ်သား>> အောင်မြင်မှုဟာလည်း မမြဲသလို ကျရှုံးသူဟာလည်း ဘယ်တော့မှ မအောင်မြင်ဘူးလို့ မပြောနိုင်ပါဘူး။
ကိုဖိုးစံ >> လာဖတ်တဲ့အတွက် ဝမ်းသာပါတယ်။ :)
thanks for dropping comment!!
Great Story တွေပါပဲ။ ဆွေးနွေးပြောဟောကြတဲ့ သူတွေရော၊ ဘလော့ဂ် ပေါ်မှာ ပြန်ရေးပေးတဲ့ မသဉ္ဖာကိုပါ ကျေးဇူး အထူးတင်ပါတယ်။ :)
ဒီဆောင်းပါးကနေ ကျွန်တော်ရလိုက်တာကတော့ လုပ်ငန်းတစ်ခု၊ ကိုယ့်ရဲ့ အိုင်ဒီယာ တစ်ခုကို ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ ၊ အခြေအနေက ဘာဖြစ်လို့ ၊ ဘယ်သူမှ စမလုပ်ကြသေးလို့ စတာတွေနဲ့ အစမပြုပဲ ဘာပဲ ဖြစ်ဖြစ် ကိုယ်ကစ အကောင်းဆုံး စလုပ်ပေးလိုက်မယ်၊ ကိုယ့်ကိုယ်ကို ကစ အကောင်းဆုံးကနေ အစပြုလိုက်မယ်လို့ သေသေချာချာ ယုံကြည်ပြီး အဲဒီအတိုင်း တောက်လျောက် အကောင်အထည် ဖော်နိုင်ခဲ့ကြလို့ အောင်မြင်ခဲ့ကြတယ် ဆိုတာပါပဲ။
ကိုမှောဆရာ>> ဟုတ်တယ်နော်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (self-confidence) ကလည်း အဓိက ကျတယ်နော်။
Post a Comment
Please feel free to use any font to comment :)