Software Review (Double Killer, Auslogics Disk Defrag)

Double killer

ကျမက ကွန်ပျူတာထဲမှာ save ထားတဲ့ file တွေကိုအရမ်း နှမြောတတ်တယ်။ တော်ရုံ delete လုပ်ပစ်လေ့ မရှိဘူး။ folder တစ်ခုကနေ တစ်ခုကိုရွှေ ့တာတို့ rename လုပ်တာတို့ဆိုရင် အများအားဖြင့် cut မလုပ်ဘဲနဲ့ copy ဘဲ လုပ်လေ့ရှိတယ်။ USB ထဲကို ကူးလိုက် desktop ပေါ်ကို ပြန်ရွှေ့လိုက်နဲ့ တစ်ခါတစ်လေ file တစ်ခုတည်းက နေရာအမျိုးမျိုးမှာ နာမည် အမျိုးမျိုးနဲ့ ရောက်နေတတ်တယ်။ အဲဒီတော့ hard disk က မြန်မြန်ပြည့်ရော။ အခုတော့ ဒီ doublekillerဆိုတဲ့ software ကို download လုပ်ပြီး သုံးကြည့်တာ တော်တော် အသုံးဝင်တယ်။ size ကလည်း 800kB လောက်ဘဲ ရှိပြီး install လဲ လုပ်စရာမလိုဘူး။ ကိုယ်စစ်ချင်တဲ့ folder တွေကို select လုပ်ပြီး run လိုက်တာနဲ့ duplicate ဖြစ်နေတဲ့ file တွေကို group လုပ်ပြီး highlight လုပ်ပေးပါတယ်။ ပြီးတော့ ကိုယ် delete လုပ်ချင်တဲ့ file တွေကို တစ်ခါတည်း delete လုပ်လို့ ရပါတယ်။ ဖိုင်တူပြီး နာမည် မတူရင်လည်း text file ဖြစ်ဖြစ် image file ဖြစ်ဖြစ် double killer က ကောင်းကောင်း ရှာပေးနိုင်ပါတယ်။

[screenshot: Double killer]

Disk Defrag tool

Windows XP သုံးတဲ့အခါ windows မှာပါတဲ့ Disk Defrag ကို သုံးဖြစ်ပေမယ့် vista က Disk Defrag က အရမ်းကို ကြာလွန်းတယ်။ တစ်ခါတစ်လေ တစ်နေကုန်နေလည်း မပြီးဘူး။ Progress လည်း မပြတော့ ပိုဆိုးတယ်။ အဲဒီတော့ ဒီ Auslogics Disk Defrag ဆိုတဲ့ tool လေးကို သုံးဖြစ်တယ်။ နဂို windows မှာ ပါတာထက် သုံးရတာ ပိုပြီး အဆင်ပြေလို့ ဆက်သုံးဖြစ်တယ်။

[screenshot: Auslogics Disk Defrag]

Firefox3 tip

software review ရေးရင်းနဲ့ တစ်ခါတည်း ရောရေးလိုက်တော့မယ်။ Firefox 3 ရဲ့ feature အသစ်ဖြစ်တဲ့ auto-bookmark ဟာ တော်တော် အသုံးဝင်သလို တစ်ခါတစ်လေလည်း အရမ်းကို စိတ်ရှုပ်ဖို့ ကောင်းပါတယ်။ တစ်ခါတစ်လေ URL မှားနှိပ်မိရင် နောက်တစ်ခါ visit လုပ်တဲ့အခါ တူတဲ့ စာလုံးတစ်လုံးနှစ်လုံး match ဖြစ်တဲ့ အခါ လာလာပြီး အဲဒီ URL အမှားကိုလည်း suggest လုပ်ပါတယ်။ မျက်စိမနောက်ရအောင် မှားနှိပ်မိတဲ့ url တွေကို ဖျက်ချင်ရင် အဲဒီ url ပေါ်မှာ ထောက်ပြီး keyboard က delete key ကို သာ နှိပ်လိုက်ပါ။ list ထဲကနေ ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။


Credits to:http://star-techcentral.com/intech

3 comments:

tinkyawoo said...

firefox ရဲ့ bookmark နဲ့စာရင် google book mark က ပိုအဆင်ပြေမှာပေါ့။
firefox plugin ဖြစ်တဲ့ Deng google bookmark နဲ့ဆိုရင် ဘယ်နေရာ ဘယ် PC သုံးသုံး ကို့ bookmark လေးကို access လုပ်လို့ရပါတယ်။ firefox bookmark က စက်တစ်လုံးထဲမှာ အသေဖြစ်နေမှာ။ Deng Google Bookmark ကို Firefox Plugin မှာ download လုပ်လို့ရပါတယ်

SZA said...

thanks for those tips..i juz downloaded that two softwares..i hav a lot of double files too especially songs..
thanks for visitin my blog..ya..that could b my longest blog post :D

သဉ်ဇာ - Thinzar said...

sza>> got to your blog from forum ;-) thanks for dropping a comment!

Post a Comment

Please feel free to use any font to comment :)