မြန်မာဘလော့ဂ်ဂါ တော်တော်များများ ပို့စ်တစ်ရာမြောက်အတွက် အမှတ်တရပို့စ် တင်လေ့ ရှိကြတယ်။ အစတုန်းကတော့ သိပ်နားမလည်ခဲ့ဘူး။ အခုမှ ဘာကြောင့်လဲဆိုတာ နည်းနည်း သဘောပေါက်လာတယ်။ ပို့စ် တစ်ရာပြည့်အောင် ရေးဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စဘဲ။ ကျမဘလော့ဂ်စရေးဖြစ်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပြီ။ ပို့စ်တစ်ခုတစ်ခုအတွက် အချိန်ပေးရတဲ့အပြင် ရေးဖို့ အကြောင်းအရာကလည်း အကြောင်းတိုက်ဆိုင်မှ ရေးဖြစ်တယ်။ ဒိုင်ယာရီ သဘောမျိုး ရေးဖို့လည်း စိတ်ကူးမရှိတော့ တစ်နေ့တစ်နေ့ ဖြစ်ပျက်တာကိုလည်း မှတ်တမ်း မတင်ဖြစ်ခဲ့ဘူး။ တစ်ခါတစ်လေ အမှတ်တရလေးတွေတော့ ရေးဖြစ်တယ်။ တစ်နှစ်ခွဲ အတွင်းမှာမှ ပို့စ်တစ်ရာဆိုတော့ ရေးတဲ့နှုန်းကိုတော့ မချီးကျူးနဲ့ပေါ့နော်။ :-)
၂၀၀၆ ခုနှစ်လောက်မှာ မြန်မာ ဘလော့ဂ်တွေ တော်တော်များများ ရှိလာတော့ စွဲစွဲ မြဲမြဲ ဖတ်ခဲ့တယ်။ တစ်နေ့မှာတော့ ကိုယ်တိုင် ရေးကြည့်ချင်စိတ်ဖြစ်လာလို့ စရေးဖြစ်ခဲ့တယ်။ အစပိုင်း မြန်မာစာ ကောင်းကောင်းမရိုက်တတ်သေးတော့ ပို့စ်တိုတို တစ်ပုဒ်ကို နှစ်နာရီလောက် ထိုင်ပြီး ရိုက်ခဲ့ရတယ်။ လိုအပ်တဲ့ နည်းပညာ အကူအညီတွေကိုလည်း ကိုယ့်အရှေ့က ဘလော့ဂ်ဂါတွေက သေချာ ရေးပြထားတာတွေရှိတာ့ သိပ်အခက်အခဲ မရှိခဲ့ဘူး။ ဘလော့ဂ်ဂါဖိုရမ်ဝင်ပြီး သူငယ်ချင်းတော်တော်များများ ရခဲ့တယ်။ ဘလော့ဂ်စရေးပြီး ခြောက်လလောက် ကြာတဲ့အထိ ကိုယ့်ဘလော့ဂ်ကို ဖတ်တဲ့သူတွေ အားလုံးဟာ ကိုယ်နဲ့ အပြင်မှာ လုံးဝမသိတဲ့ သူတွေချည်းဘဲ။ သူငယ်ချင်းတွေ သိသွားရင် ကိုယ့်ကို ဝေဖန်တာ ကဲ့ရဲ့တာ မခံချင်လို့ မပြောပြဖြစ်ခဲ့တာ။ ကိုယ့်ဘလော့ဂ်က တစ်ခြား ဘလော့ဂ်တစ်ချို့နဲ့ link ထားတော့ ရှာတွေ့သွားကြတာဘဲ။ ဒါပေမယ့် သူငယ်ချင်းတွေက ကိုယ့်ကို မလှောင်တဲ့ အပြင် အားပေးခဲ့ကြတော့ ဆက်ရေးဖြစ်ခဲ့တယ်။ (မဆိုးပါဘူး တဲ့။ ;-)) ကျမက လူချစ်လူခင်များသလားတော့ မသိဘူး။ ကိုယ့်ကို ကြည့်မရတဲ့သူတွေကတော့ အများသား။ နောက်ပိုင်းတော့ စိတ်အနှောင့်အယှက်ဖြစ်လို့ cbox ပါဖြုတ်ပြီး comment moderation ထည့်ခဲ့တယ်။ နာမည် အရင်းနဲ့ ဘလော့ဂ်ရေးမိတော့လည်း ဒီလို မေတ္တာထားတာတွေ ခံရတာပေါ့။ အမှန်က tweetygirl တို့ sweet snow တို့ tgigirl တို့ ဆိုပြီး ပေးခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ထင်တာဘဲ။ ဒါပေမယ့် ဒီဘလော့ဂ်ကို တစ်နှစ်ကျော်ကျော်ရေးခဲ့ပြီဆိုတော့ ထပ်လည်း မပြောင်းချင်တော့ဘူး။

ကျောင်းပြီးသွားတော့ ကိုယ့်ကျောင်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင်၊ ပြီးတော့ သူတို့လာဖတ်ရင် လေးထောင့်နဲ့ အဝိုင်းဘဲ မြင်ရတယ်လို့ ပြောကြတော့ တစ်ခါတစ်လေ ကြိုကြားကြိုကြား ရင်းဂလိတ်လို ပို့စ်နည်းနည်း ရေးဖြစ်ခဲ့တယ်။ English blog ဆိုပြီးလည်း မဖွင့်ချင်၊ ရင်းဂလိတ်စာလည်း မမေ့သွားအောင် စိတ်ကူးပေါက်ရင်တော့ နည်းနည်းပါးပါး ရေးဖြစ်ခဲ့တယ်။ သည်းခံပြီး ကျော်ဖတ်လိုက်ပါနော်။ တစ်ခါတစ်လေလည်း IT အကြောင်း ဟိုစပ်စပ် ဒီစပ်စပ် ရေးဖြစ်တယ်။ သိပ်တတ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖတ်မိတာလေးတွေကို ပြန်ပြီး မျှဝေချင်တာ တစ်ခုတည်းပါ။ တစ်ခါတစ်လေ point-and-shoot နဲ့ လျှောက်ရိုက်ထားတဲ့ ပုံတွေ တင်ချင်ရင်လည်း တင်ဖြစ်တယ်။ အတွေ့အကြုံတွေ တွေးမိတာလေးတွေကိုလည်း ရေးမှတ်ထားဖို့ ဆက်ရေးဖြစ်နေဦးမှာပါ။
blog ရေးတာ အချိန်ကုန် မျက်စိညောင်းပေမယ့် ရလာတဲ့ အကျိုးတွေ အများကြီး ရှိပါတယ်။ ကိုယ်နဲ့ဝါသနာတူတဲ့ blogger တွေနဲ့ ခင်မင်ခွင့် ရခဲ့တယ်။ ဘလော့ဂ်စရေးဖြစ်မှ အကြောင်းအရာတစ်ခုကို ရေးချင်ပြီဆိုရင် နည်းနည်းပိုသေချာအောင် လေ့လာတဲ့ အကျင့်တစ်ခု ရခဲ့တယ်။ ကိုယ်မှတ်ထားချင်တဲ့ အကြောင်းအရာလေးတွေကို tags တွေ online bookmark တွေထက်စာရင် ပို့စ်တစ်ခုအဖြစ် ရေးလိုက်ရင် ပိုပြီး မှတ်မိနေတတ်တယ်။ မြန်မာစာရေးတာ နည်းနည်း တိုးတက်လာတယ်။ (ငယ်ငယ်တုန်းကတည်းကသာ ဘလော့ဂ် ရေးခဲ့မယ်ဆိုရင် ဆယ်တန်းစာမေးပွဲမှာ စာစီစာကုံးကို လေးမျက်နှာထက် ပိုရှည်အောင် ရေးဖြစ်ခဲ့မှာဘဲ။) ဒီအတိုင်း လမ်းသွားလမ်းလာရင်တောင် ဘလော့ဂ်အတွက် ကုန်ကြမ်းရှာဖို့ ပါတ်ဝန်းကျင်ကို အရင်ကထက် ပိုပြီး ဂရုစိုက်မိလာတယ်။ နောက်ဆုံးတစ်ခုကတော့ ကောင်းတဲ့အကျင့်လား မကောင်းတဲ့ အကျင့်လား မပြောတတ်တော့ပါဘူး။ အစားမစားခင် ဓါတ်ပုံရိုက်ချင်စိတ် ပေါက်ပေါက်လာတယ်။ အဲဒါ ဘလော့ဂ်ကူးစက်ရောဂါ တစ်မျိုးဘဲ ဖြစ်လိမ့်မယ်။ အဆူခံရပေါင်းလည်း မနည်းတော့ဘူး။ :D
တမင်သက်သက်ဖြစ်ဖြစ် လမ်းကြုံလို့ဖြစ်ဖြစ် မျက်စိလည်ပြီးတော့ဘဲဖြစ်ဖြစ် ဘလော့ဂ်ကို ရောက်လာတဲ့သူတွေ၊ feeds ယူပြီး ကနေ ဖတ်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမရေးတာတွေကို ဖတ်တဲ့သူတွေသာမရှိရင် ကျမလည်း ကိုယ်ဘဲဖတ်ဖို့ ဆက်ရေးဖြစ်ခဲ့မှာ မဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်ရင် တော့ ပို့စ်တွေ ဆက်ရေးဖြစ်နေဦးမှာပါ။
4 comments:
100 မြောက်ပို့စ် အတွက် congratulation ပါ အမ နောက်လည်း ဆက်လက်ပြီး 1000 မြောက် 10000 အထိ ဆက်လက်ရေးနိုင် ပါစေ ကြောင်း ဆုတောင်းပါတယ်
Congratulations! ပါ မသဉ္ဖာရေ. ပို့စ်တစ်ရာ ကနေ ထောင်သောင်း ချီပြီး ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပေး သွားပါတယ်ဗျာ.
ဘာပဲဖြစ်ဖြစ် ဒီလောက ဒီကမာ္ဘထဲ ကိုယ်ဘာလုပ်ခဲ့တယ် ဆိုတာ လောက်တော့ ဘလော့ဂ်ပေါ်မှာ အနည်းဆုံး မှတ်တမ်းကျန်ခဲ့ပြီပေါ့.
အားလုံးအဆင်ပြေအောင်မြင်ပါစေဗျာ. :)
အစ်မရေ ဝမ်းသာတယ်နော်။ အထူးသဖြင့် အစ်မပြောသလိုပဲ ကြာကြာနေမှ ပို့စ်တစ်ခုလောက်ရေးဖြစ်တော့လေ။ ဘလော့ဆိုတာ အမှန်တော့ ကိုယ့်ရဲ့ သီးသန့်ကမ္ဘာလေးတစ်ခုလိုပါပဲ။ အစ်မရဲ့ ကမ္ဘာလေးဆက်လက်တည်တံ့နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်။ သမီးကတော့ မရေးဖြစ်နိုင်သေးဘူး။ အစ်မထက် အလုပ်များတော့လေ။ :P
htoo tay zar, mhaw sayar, winkabar>> ပေးတဲ့ဆုနဲ့ ပြည့်ပါစေ.. ဒီနှုန်းအတိုင်းရေးရင်တော့ ဒီတစ်သက် ပို့စ်တစ်သောင်းတော့ မမြင် :)
Post a Comment
Please feel free to use any font to comment :)