Paper Models

Paper Model ဆိုတာ စာရွက်လေးတွေနဲ့ အရုပ်ခေါက်တဲ့ (ကစားနည်း လို့ခေါ်ရင် ကောင်းမလား။ ပညာရပ်လို့ ခေါ်ရင် ကောင်းမလား။) နည်းတစ်မျိုးပါ။ အခုနောက်ပိုင်း လူတော်တော်များများရဲ့ hobby တစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျမတို့ ငယ်ငယ်တုန်းက စာရွက်ခေါက်ပြီး ကစားကြတာတဲ့ အိုရီဂါမီ(Origami) နဲ့ ကွာတာက paper model တွေ လုပ်ဖို့ အတွက် စာရွက်တွေကို ဖြတ်ပြီး ကော်နဲ့ ကပ်ရတာပါဘဲ။ အိုရီဂါမီက စာရွက်ကိုဘဲ ပုံစံအမျိုးမျိုးဖြစ်အောင် ခေါက်တာပါ။ Paper model တွေကို Paper craft လို့လဲ ခေါ်ပါတယ်။

အရင်တုန်းကတော့ pre-printed model ဆိုပြီး ကဒ်ထူပြားတွေပေါ်မှာ color နဲ့ print ထုတ်ထားပြီး ရောင်းပါတယ်internet သုံးစွဲမှု ကျယ်ပြန်လာတာနဲ့ အမျှ paper model hobbyist တွေအတွက် ပိုပြီး လွယ်ကူလာပါတယ်။ အများအားဖြင့် ဒီဇိုင်းထုတ်ပြီး pdf file အနေနဲ့ မျှဝေထားကြပါတယ်။ download လုပ်၊ စာရွက်ပေါ်မှာ print ထုတ်ပြီး ပြထားတဲ့ နည်းလမ်းတွေအတိုင်း ခေါက်ပြီး ကော်နဲ့ ကပ်ရင် paper model တွေ ရပါမယ်။ အကုန်အကျသိပ်မများဘဲ အပျင်းလဲ ပြေတဲ့ ကစားနည်း တစ်ခုပါဘဲ။ အချိန်တော့ နည်းနည်းကုန်ပြီး စိတ်တော့ရှည်ရပါမယ်။

အပေါ်မှာ တင်ထားတဲ့ပုံကကျမ နမူနာ လုပ်ကြည့်ထားတာပါ။ အရုပ်လေးရဲ့ အပေါ်က sample file ကို print ထုပ် ကတ်ကြေးနဲ့ညှပ် ကော်နဲ့ကပ် ပြီး ရလာတာပါ။ original ကို ဘယ်ကနေ download လုပ်ထားလဲ မမှတ်မိတော့လို့ ဒီမှာ (pokemonPaperModel.pdf) ပြန်တင်ထားပေးပါတယ်။ instructions တွေကို ဂျပန်လို ရေးထားတော့ နားမလည်တာနဲ့ ကိုယ်ထင်သလို ခေါက်လိုက်တာ ဒီပုံ ထွက်လာတာပါဘဲ။ color နဲ့ print ထုတ်ရင်တော့ နည်းနည်း ပိုလှမယ်ထင်တယ်။ အောက်က ပုံကတော့ မပြီးခင် ကော်အခြောက်ခံနေတုန်း ရိုက်ထားတာပါ။ ကျမလည်း ရုံးက colleague တစ်ယောက် လုပ်ထားတဲ့ အရုပ်တွေကြည့်ပြီး အားကျတာနဲ့ လွယ်တာတစ်ခုကနေ စလုပ်ကြည့်တာပါ။ သူလုပ်ထားတဲ့အထဲမှာ တိုက်လေယာဉ်တွေ တကယ့် ကြောင်အစစ်တစ်ကောင်လောက် ရှိတဲ့ ကြောင်ရုပ်တွေ ပါတယ်။

ပြီးတော့ သူများတွေရဲ့ ဒီဇိုင်းကို print ထုတ်ပြီး model လုပ်ရတာ အားမရသေးဘူးဆိုရင် ကိုယ့်ကို ဒီဇိုင်းထုတ်ဖို့ software တွေ ရှိပါတယ်။ 3D နဲ့ ဒီဇိုင်းလုပ်ပြီး စာရွက် ပေါ်မှာ print ထုတ်လို့ရအောင် ပြန်ပြောင်းပေးပါတယ်။ Paper-Cut ဆိုတဲ့ software ကို Home of Paper Cut software for paper model construction မှာ free download လုပ်လို့ ရပါတယ်။

downloadable design တွေ အတွက်ကျမ စုထားတဲ့ link လေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်။
paper model ခေါက်ရင်း ပျော်ရွှင်နိုင်ကြပါစေ။ ^_^

8 comments:

TZA said...

I think it should be in yellow color.. is that some kind of BLUE HULK? heeheeeee..

နေလင်း said...

ကလေး ကုလား အလုပ်လို့မပြောပါဘူး..လူကြီး တရုပ် လို့ပဲ ပြောတော့မယ်..အဟဲ ..ဒါပေမယ့် အိမ်ထောင်ကျပြီး ရလာမယ့် ကလေးတွေအတွက် ရည်မှန်းချက်ကြီးကြီးနဲ့ မသွားလေပြီ...အကြံတော့ မတူလောက်ပါဘူးနော်..တီတီ :)်

Mhaw Sayar said...

မရောက်တာကြာပြီ မသဉ္ဖာဆီကို.. :) Reader ကနေပဲ ဖတ်ဖတ်နေလို့. နောက် မသဉ္ဖာဆောင်းပါး တွေ တော်တော်များများလည်း ပြန်ရှယ်ဖြစ်တယ်လေ. အဲဒီကနေတစ်ဆင့်ပဲ။

ကလေးတုန်းကတော့ တော်တော် ကစားဖြစ်တယ်ဗျ. အဲဒီ စက္ကူရုပ်ချိုးတာလေးတွေနဲ့. နောက် နဲနဲကြီးလာတော့ ညီတွေ၊ ညီမတွေ အတွက် လုပ်ပေးဖြစ်တယ်...

အခုမသဉ္ဖာဆီမှာ ရယ်. နောက် မတူးတူးထင်တယ် ဟိုတစ်လောက ပို့စ်တစ်ပုဒ်တင်သေးတယ် အိုမီဂါရီ ကြောင်ရုပ် ခေါက်နည်းလေးတွေ...

စိတ်ဝင်စားစရာပါပဲဗျာ. ဒါမျိုးဟာလေးတွေက ကလေးတွေရဲ့ Creative ဖြစ်မှုကို အများကြီး တိုးတက်လာ နိုင်စေမယ်ဗျ....

အပေါ်က တစ်ယောက်နဲ့ အကြံတူသွားပြီ.နောင် အရေးကြုံရင် သုံးဖို့ သိမ်းသွားပြီဗျာ. မျှဝေပေးတာ ကျေးဇူးပါ.. :)

သဉ်ဇာ - Thinzar said...

ကို TZA>> :P ကာလာ မရှိလို့ အဖြူအမည်းနဲ့ ပရင့် ထုတ်ပြီး လုပ်ထားတာ။ blue ဆိုတာ ရောင်ပြန် ဟပ်နေတာ ဖြစ်မှာပါ။ white Casper နဲ့တောင် ခပ်ဆင်ဆင် ဖြစ်သွားလား မသိဘူး။

နေလင်း>> ဦးဦးနေလင်းနဲ့ ပေါင်းမှ လူကြီး တရုတ် ဖြစ်နေပြီ။ =)

mhaw sayar>> နောင် တစ်ချိန်ချိန်မှာ အသုံးဝင်လာမှာပါ။ ;-) ဒါပေမယ် paper model က အိုရီဂါမီ နဲ့ မတူဘူး။ ဒါက နည်းနည်း ပိုပြီး လက်ဝင်သလားလို့။ စာရွက်ကို ကပ်ကျေးနဲ့ ညှပ်ရတဲ့ အဆင့်မှာတင် လျှာထွက်နေပြီ။

Apprenticeship said...

Ma Thinzar.. Long time no see.. Thanks for sharing.. Those are really useful for art classes. Are you in Japan?

သဉ်ဇာ - Thinzar said...

apprenticeship>> yeah.. long time no see. thanks for dropping comment.. :) Nope, I'm not in Japan.

Kyaw lin>> it's fine with me :-) thanks for linking my blog..

Han Thit Nyeim said...

ကျွန်တော်က Origami ဆိုတဲ့ အရုပ်ခေါက်တာကို အရမ်းစိတ်ဝင်စားတယ်။ ကျွန်တော့်ဘလော့ဂ် Side Bar မှာလည်း Link တွေ တင်ထားသေးတယ်။

သဉ်ဇာ - Thinzar said...

ဟန်သစ်ငြိမ်>> origami ခေါက်တာကို အရမ်းစိတ်ဝင်စားရင် paper model ကို ပိုပြီး စိတ်ဝင်စားလိမ့်မယ့်ထင်တယ်။ ဟုတ်တယ်။ ကိုဟန်သစ်ငြိမ်ဘလော့ဂ်ရဲ့ sidebar မှာ အိုရီဂါမီ လင့်ခ်တွေ တွေ့မိတယ်။ ပြီးတော့ logic puzzle link လေးတွေကိုလည်း အရမ်းကြိုက်တယ်။

Post a Comment

Please feel free to use any font to comment :)