U-Thant



Name: U-Thant
Nationality: Myanmar
Date of birth: 22 Jan 1909
Affiliation: Third Secretary General of UN (30 November 1961 – 31 December 1971)
Memorials:
  1. U Thant Peace Award
  2. Jalan U Thant (Kuala Lumpur, Malaysia)
  3. U Thant island (East River, New York)
More about U-Thant (Link, Wikipedia)


ဒီနေ့ သွားရင်းလာရင်း Jalan U-Thant ကနေ ဖြတ်တော့ သတိရသွားလို့ပါ။ မြန်မာလို ဦးသန့်(သူတို့အခေါ် ယူသန့်။ Jalan ဆိုတာ မလေးရှားစကားနဲ့ လမ်းကို ခေါ်တာ။ ) ဒီနေ့ အကြောင်းတစ်ခုခုကြောင့် အဲဒီလမ်းမှာ သုံးလေးပါတ်လောက်ပါတ်နေတော့ သတိမရဘဲ မနေနိုင်ဖြစ်သွားတာ။ ပြီးတော့ အဲဒီ အနီးအနားတစ်ဝိုက်မှာဘဲ U-Thant Residences ဆိုပြီး construction site တစ်ခုကိုလည်း တွေ့လိုက်တယ်။ ဒါပေမယ့် အဲဒီအနီးအနားတစ်ဝိုက်က လူတွေကိုမေးကြည့်။ ၁၀ဝ မှာ ၉၉ ယောက်က ဦးသန့်ဘယ်သူလည်း မသိကြဘူး။ သူငယ်ချင်းတစ်ယောက်ပြောပြတာကို သွားသတိရတယ်။ တစ်ခါက နိုင်ငံတကာ ဉာဏ်စမ်း ပြိုင်ပွဲရှိတယ်တစ်ခုမှာ final round ရောက်တော့ U-Thant ဆိုတာ ဘယ်နိုင်ငံကလဲဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ကြဘူးတဲ့။ တစ်ယောက်ကတော့ တော်တော်လေး စဉ်းစားလိုက်ပြီးတော့မှ အိန္ဒိယကလို့ ဖြေသတဲ့။ တော်တော်ခက်တဲ့မေးခွန်းတွေဖြေပြီး final round တက်သွားပြီး အဲဒီမေးခွန်းရောက်မှ ထစ်သွားကြတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ ကိုယ့်ကို ဘန်ကီမွန်း၊ ကိုဖီအာနန်၊ ဘူးထရို့စ်ဂါလီ မတိုင်ခင်က လူရဲ့ နာမည် လာမေးလဲ သိမှာတော့ မဟုတ်ဘူး။ Jalan U-Thant ကနေ စတဲ့ ဇာတ်လမ်း အဲဒီမှာဘဲ ပြန်အဆုံး သတ်ရမယ်။ ဒီ ဂျလန် ဦးသန့် ဆိုတာ ကမာ္ဘပေါ်မှာ ဦးသန့်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ သုံးခုတည်းသော အမှတ်တရထဲက တစ်ခုပေါ့။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုဘဲ ရှာကြံပြီး ဂုဏ်ယူရတယ်ကွယ်။

0 comments:

Post a Comment

Please feel free to use any font to comment :)