An IT fresh grad’s diary

အလုပ် စဝင်ခဲ့တာ ဘာလိုလိုနဲ့ နှစ်လနှင့်တစ်ပိုင်း ရှိခဲ့ပြီပေါ့။ အစပိုင်းကတော့ ဖြစ်မှ ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အသားကျလာခဲ့ပြီ။ တစ်နေ့ ရှစ်နာရီ စားပွဲတစ်လုံးမှာ ငုတ်တုတ်ထိုင်ပြီး ကွန်ပျူတာ မော်နီတာကို ထိုင်ကြည့်နေရတဲ့ ပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့ အလုပ်ဆိုတော့ probably နောက် နှစ်အနည်းငယ်လောက်တော့ ဒီအတိုင်းဘဲ သွားရဦးမှာဘဲ။ သူများတွေက မေးကြတယ် ပျော်လား။ အလုပ် အဆင်ပြေလား တဲ့။ ပျော်တယ်တော့ မဟုတ်ပေမယ့် မပျော်စရာတော့ မရှိပါဘူး။ ကိုယ်တကယ်စိတ်ဝင်စားတဲ့ အရာတွေကို လုပ်နေရတယ်ဆိုတာတော့ သေချာသလောက်ရှိပါတယ်။

ပထမဆုံးလုပ်ရတဲ့ ပရောဂျက်ကတော့ နောက်ဆုံး phase ရောက်နေပြီ။ software development မှာ အခက်ဆုံးက ဘာလဲဆိုတော့ client နဲ့ developer အကြားက နားလည်မှုဘဲ။ အခု ပရောဂျက်မှာ client တွေက ဆရာဝန်တွေဆိုတော့ သူတို့ ပြောတာ ကိုယ်နားမလည် ကိုယ်ပြောတာ သူတို့ မရှင်း ဖြစ်နေတယ်။ meeting ထိုင်ပြီဆိုရင် သူတို့က ပြောပြီး ကိုယ်က နားထောင်နေရတာ များတယ်။ လူဆယ်ယောက်လောက် တစ်ပြိုင်တည်း စကားပြောပြီး ငြင်းနေတာကို နားထောင်ဖူးလား။ အဲဒါကို meeting လို့ခေါ်ပါသည်။ အပါတ်တိုင်းလိုလို meeting လုပ်တယ်။ တစ်ခါလုပ်ရင် ၄နာရီလောက်ကြာတော့ မီးတင် တစ်ခါပြီးရင် ခေါင်းတွေဘာတွေ မူးပြီတော့ ရူးချင်ချင်တောင် ဖြစ်လာတယ်။ experience ဆိုတာ ဒီလို ခေါင်းအရှုပ်ခံပြီး ယူရတာနေမယ်။

ဒီ quote လေးကိုတောင် သတိရသွားတယ်။
“Programming today is a race between software engineers stirring to build bigger and better idiot-proof programs, and the universe trying to produce bigger and better idiots. So far, the universe is winning.”

ကိုယ်လုပ်နေတာ idiot-proof programs ဖြစ်နေပြီလားလို့။

ပြီးတော့ လူ့အလို နတ်မလိုက်နိုင် ဆိုသလိုဘဲ client အလို programmer မလိုက်နိုင် လို့ ဆိုရမလို ဖြစ်နေပြီ။ သူတို့က programmer တွေကို မှော်ဆရာလို့ ထင်နေကြတယ်။ သူတို့ စိတ်ကြိုက် system တစ်ခုထွက်လာအောင် အပ်ချလောင်းလို့ လုပ်ပေးနိုင်မယ်လို့ ထင်နေတယ်။ ဟိုနားပြင်ခိုင်းလိုက် ဒီနားပြင်ခိုင်းလိုက် additional requirement ထည့်လိုက်နဲ့ software development လောကကြီးက ဒီလိုဘဲလား။ ရေးထားတာတွေလည်း တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ပြီ။ တတ်နိုင်တော့ဘူး။ ဒါကြောင့်လည်း အရင်က ပရိုဂရမ်မာတွေ ပြောခဲ့တာပေါ့။
“My software never has bugs. It just develops random features.” တဲ့။
ကြိုက်တယ်။ rolleyes

5 comments:

TZA said...

ဘာအလုပ်ပဲဖြစ်ဖြစ်ပါ၊ သမ္မာအာဇီဝလည်း ဖြစ်တယ်၊ ကိုယ်စိတ်ဝင်စားတာလည်း ဖြစ်နေရင် စိုပြေနေမှာပါပဲ။ အားပေးနေပါတယ်၊ စင်္ကာပူအလည်လာရင် မုန့်ကျွေးဖို့အသင့်ပါပဲ။

last said...

"No matter what the problem is,
it's always a people problem."
:) thats whats happening in software industries.

Mhaw Sayar said...

အတွေ့အကြုံဟာ တန်ဖိုးအကြီးဆုံး အရင်းအနှီးပါပဲ ဆိုတဲ့စကားတော့ မှတ်သားဖူးတယ်။

လောလောဆယ်တော့ မသဉ္စာ ရူးချင်ချင်ဖြစ်နေပြီပေါ့။ :) အားလုံးအဆင်ပြေပါစေဗျာ။

စကားမစပ်- ဟိုအော် ဒီအော် အော်ဖို့ ထားတဲ့ဘောက်စ်" ပျောက်နေပါလား။ ဖြုတ်ထားတယ်ထင်တယ်။

last said...

အင်း မိတ်ဆက်တဲ့အနေနဲ့ ပြောပြရအုံးမယ်။
ကျွန်တော်က Blog ရေးဒါ ဝါဒနာမပါဘူး။ ကိုယ့်အကြောင်း internet မာလူတကာသိအောင် မပြောပြတတ်ဘူး။
ဒါပေမဲ့လိုအပ်မယ်ထင်ရင်တော့ ကွန်းမင့် ပေးဒါ ဝါဒနာပါ ပါဒယ်။
Software development နဲ့ IT field မှာကြင်လည်လာဒါတော့ 15 နှစ်ကြာလောက်ရှိပါပြီ။
Thinzar မသိတာနဲ့ လိုအပ်ဒါ ရှိရင် ပြောပြနိုင် Reference လုပ်ပေးနိုင်ပါတယ်။ အားမနာနဲ့နော်။

သဉ်ဇာ - Thinzar said...

ကို TZA>> "ဘာအလုပ်ပဲဖြစ်ဖြစ်ပါ၊ သမ္မာအာဇီဝလည်း ဖြစ်တယ်၊ ကိုယ်စိတ်ဝင်စားတာလည်း ဖြစ်နေရင် စိုပြေနေမှာပါပဲ။" ဒီလို အားပေးတာ အရမ်း ဝမ်းသာပါတယ်။ ဒီလိုဘဲ မျှော်လင့် ရပါတယ်။ မုန့်ဝယ်ကျွေးမယ်ဆိုတော့ 一言为定 နော်။ :)

last>> yeah.. u r right.

M b l 0 g g e r>> ဟုတ်တယ်။ ရူးချင်ချင် ဖြစ်နေပြီ။
ဟိုအော်တဲ့ဘောက်စ်က ခဏ ဖြုတ်ထားတာ။ စိတ်နည်းနည်း ရှုပ်လာလို့။

Post a Comment

Please feel free to use any font to comment :)