ကျမအတွက် မရှိမဖြစ် freeware များ

အလုပ်စဝင်ပြီးနောက်ပိုင်း ရုံးမှာ pirated software တွေ သုံးလို့ မရတော့ freeware တွေ၊ opensource software တွေ ပိုပြီး ရှာသုံးဖြစ်လာတယ်။ size သေးသေးနဲ့ အရမ်းအသုံးဝင်တဲ့ ကျမ အမြဲသုံးဖြစ်နေတဲ့ freeware တစ်ချို့ကို share ပါတယ်။ ရရက်လောက် ပို့စ်မတင်ဖြစ်တော့ ရခုကို တစ်ခါတည်း ပေါင်းရေးလိုက်တယ်။

1. FormatFactory Free media file format Converter. သီချင်း၊ ဓါတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ဘဲ ဖြစ်ဖြစ်၊ ဖိုင် size လျှော့ချင်ရင်ဘဲဖြစ်ဖြစ် အရမ်းအသုံးဝင်တဲ့ software လေးပါ။

ဥပမာ - youtube ကနေ video တစ်ခု ဒေါင်းလုတ်လုပ်တယ်ဆိုပါစို့။ သူက .flv file format နဲ့ ပေးလိမ့်မယ်။ အဲဒါကို ဟန်းဖုန်းထဲထည့်မယ်ဆို .3gp ဖြစ်ဖြစ် ပြောင်းပြီး ထည့်မှရမယ်။ mp4 player ထဲကို ထည့်မယ်ဆိုရင် .mp4 ဖြစ်ဖြစ် အဲဒီ mp4 player က လက်ခံနိုင်တဲ့ တစ်ခြား format တစ်ခုကို ပြောင်းရပြန်ဦးမယ်။ iPhone, iPod, Blackberry, PSP ထဲထည့်ဖို့ဆိုရင် .mp4 format ပေမယ့် mp4 player နဲ့က resolution မတူပြန်ဘူး။ mp4 player အတွက် media converter တစ်ခု၊ ဟန်းဖုန်းအတွက် တစ်ခု၊ PSP အတွက် တစ်ခု၊ iPod အတွက် တစ်ခု သွင်းနေမယ့်အစား ဒီ Formatfactory တစ်ခုတည်းသွင်းထားရုံနဲ့ အားလုံးအတွက် format တစ်ခုကနေ တစ်ခု လွယ်လွယ်နဲ့ပြောင်းပေးနိုင်ပါတယ်။

နောက်ဥပမာတစ်ခုက DVD ထဲက ရုပ်ရှင်ဖိုင်တွေက .VOB တွေ။ အဲဒါကို ဖြတ်ညှပ်ကပ်လုပ်ချင်တဲ့အခါ တစ်ခြား DVD Cutter Joiner တွေလည်း လိုက်မရှာချင်ဘူး။ အလွယ်တကူ သုံးနေကျ Windows Movie Maker ဘဲ သုံးချင်ရင်လည်း ဒီ FormatFactory ဆိုတဲ့ freeware ကိုဘဲ သုံးပြီး Windows Movie Maker က လက်ခံတဲ့ .WMV ဖြစ်ဖြစ် .AVI ဖြစ်ဖြစ် အလွယ်အကူ ပြောင်းလို့ရပါတယ်။

သီချင်းတွေကတော့ MP3/WMA/AMR/OGG/AAC/WAV
graphic အတွက် JPG/BMP/PNG/TIF/ICO/GIF/TGA
စတဲ့ file တွေကို တစ်ခုကနေ တစ်ခု ပြောင်းပေးနိုင်ပါတယ်။


2. CutePDF Writer - PDF converter တွေထဲမှာ ဒီ CutePDF writer ဆိုတဲ့ virtual PDF printer က ကျမအတွက် အသုံးအဝင်ဆုံးပါဘဲ။ Word/exel/powerpoint document, graphics စတာတွေကို PDF format ကို အလွယ်တကူ ပြောင်းလို့ရပါတယ်။ install လုပ်ပြီးသွားတဲ့အခါ ကိုယ် convert လုပ်လိုတဲ့ document ကို ဖွင့်ပြီး File->Print လုပ်လိုက်ရင် Printer နေရာမှာ Cute PDF Writer ဆိုတာကို ရွေးလိုက်ရင် PDF file အနေနဲ့ အလိုအလျောက် save ပေးမှာ ဖြစ်ပါတယ်။ AutoCAD drawing တွေလည်း pdf ပြောင်းလို့ရတယ်လို့ ဆိုပါတယ်။


3. Paint.NETPhotoshop အစားသုံးတာပါ။ ကျမက ဒီဇိုင်နာ မဟုတ်တော့ photoshop လိုင်စင် ဆော့ဖ်ဝဲ မရပါဘူး။ အိမ်မှာတော့ ခိုးကူးခွေသုံးလို့ရပေမယ့် ရုံးမှာ မရဘူး။ ဒီတော့ free ရတဲ့ Paint.NET ကို သုံးပါတယ်။ Photoshop လိုဘဲ layer concept နဲ့။ Photoshop လောက်တော့ function မစုံပေမယ့် ကျမလို photo editing basic လောက်ဘဲ သုံးတဲ့သူအတွက်တော့ လုံလောက်ပါတယ်။


4. Easy Capture - ဒီတော့ Free Screen Capture software ကောင်းကောင်းတစ်ခု လိုချင်နေတဲ့သူတွေ အတွက် Easy Capture က အသုံးဝင်ပါတယ်။ Keyboard က Print Screen ခလုတ်ကြီးက ထက်တော့ အများကြီးသာတယ်။


5. Fastone Photo Resizer – 3 Megapixel ရှိတဲ့ camera တစ်လုံးက 1MB လောက်ရှိတဲ့ ဓါတ်ပုံ ထုတ်ပေးပြီး 8 Megapixel လောက်ရှိတဲ့ camera ကထွက်တဲ့ ဓါတ်ပုံကတော့ 3MB လောက် ရှိပါတယ်။ ပုံတွေ အများကြီးကို တစ်ပြိုင်တည်း resize လုပ်ချင်ရင် သုံးပါတယ်။ ဒီ software ရဲ့ နောက်တစ်ခု အားသာချက်က ဓါတ်ပုံတွေ အများကြီးကို batch အနေနဲ့ တစ်ပြိုင်တည်း watermark ထည့်လို့ ရပါသေးတယ်။

6. 7-zip – 7-zip ရှိရင် WinZip တို့ WinRAR တို့ကို မေ့ထားလို့ရပါပြီ။ .ZIP, .RAR, .7z, .TAR, .BZ စတဲ့ ဖိုင်တွေအကုန်လုံးကို ဖြည်ပေးနိုင်တယ်။ ဖိုင်တွေကို zip နဲ့ ပြန်ပိတ်ချင်ရင်လည်း 7-zip သုံးလို့ရပါတယ်။ ဒီ software review တော့ ဒီပို့စ်မှာ တစ်ခါ ရေးဖူးလို့ အကျယ် မရေးတော့ဘူးနော်။
Download 7-zip (size 800 KB)

7. unlocker - USB drive တွေကို remove လုပ်တဲ့အခါ This device cannot be stopped right now. ဆိုတာ ပေါ်တဲ့အခါ ဖြစ်ဖြစ် file/folder တွေ delete လုပ်တဲ့အခါ "Cannot be deleted" ဆိုပြီး ပြနေတဲ့အခါဖြစ်ဖြစ် unlocker ကို သတိရလိုက်ပါ။ Unlocker အကြောင်း ဒီပို့စ်မှာ တစ်ခါ ရေးဖူးပါတယ်။ screenshot တွေ သုံးပုံသုံးနည်းတွေကိုတော့ အဲဒီပို့စ်မှာဘဲ ဖတ်ကြည့်လိုက်ပါနော်။
Downlaod Unlocker (size - 237 KB)

P.S cutePDF Writer တစ်ခုကလွဲရင် ကျန်တဲ့ download link တွေကို hotlink မလုပ်ထားဘူး။ ရှာရလွယ်ပါတယ်။

15 comments:

khin oo may said...

အတော် အသုံးဝင်တဲ့ ပိုစ်လေးပါး ကျေးဇူး။ တတ်နိုင်သလောက် သုံးဖြစ်ပါလိမ့်မယ်။

ZT said...

ကျေးဇူးပဲ။ wma ကနေ mp3 ပြောင်းလို့ရတဲ့ ဆော့ဖ်ဝဲ ရှာနေတာ။ ရိုးရိုး Convertor မတွေ့လို့ Audacity Sound Editor သုံးနေရတာ။

ကောင်လေး said...

နံပါတ် ၁ နဲ့ ၃ ကို ဖတ်နေရင်း ဒေါင်းသွား ပါတယ်..။ ၁ ကယ် ၁ ကယ်ကို အသုံးဝင်လို့ ကျေးဇူးကမ္ဘာ တင်ပါတယ်။။နောင်လည်း လာလည် ပါအုံးမယ်...။

Layma said...

ညီမရေ.. ကျေးဇူး.. နံပါတ် ၃ အတွက် အထူး..။ autocad file ကိုပြောင်းလို ့ရတယ်..။ အစ်မ စမ်းလိုက်ပြီ..။ ရှာနေတာကြာပြီ..။

mgthantzin said...

Hello!

I couldn't post my comment here. So, I had to write it somewhere else. Please take a look at

http://tinypaste.com/442db

:)

သဉ်ဇာ - Thinzar said...

မခင်ဦးမေ>> တစ်ခါတစ်လေ လိုအပ်လာရင် အသုံးဝင်ပါလိမ့်မယ် အမ်းမား။ :)

ကိုZT>> Formatfactory က filetype တော်တော်များများ ကို ပြောင်းပေးနိုင်တာဆိုတော့ မဆိုးဘူး။ Audacity ကတော့ သီချင်းဖြတ်ဖို့ဆို အရမ်းသုံးလို့ကောင်းတယ်။

ကောင်လေး>> ၁နဲ့၃ ဖတ်ပြီး ဒေါင်းသွားတယ်ဆိုလို့ ဘာများ ဖြစ်သွားတာလည်းလို့ မနည်း စဉ်းစားလိုက်ရတယ်။ အန်တီတို့က အသက်ကြီးပြီဆိုတော့ အခုခေတ်ဝေါဟာရတွေတောင် သိပ်လိုက်မမှီချင်တော့ဘူး။ =)

Layma>> Autocad file ကို pdf ပြောင်းလို့ရကြောင်း ပြောသွားတာ ကျေးဇူးဘဲအစ်မ။ သဉ္ဖာက အောက်တိုကဒ် မသုံးဖူးတော့ သူများတွေမေးရင် မဖြေနိုင်ဘူး ဖြစ်နေတာ။

mgthantzin>> comment ပေးနည်းက တစ်ညှိုးဘဲနော်။ next generation comment style လား?? =) tinypaste တစ်ခုလုပ်ပြီး ပြန်ရင် ကောင်းမလားလို့ စဉ်းစားသေးတယ်။ ဒီမှာဘဲ ရေးလိုက်တော့မယ်။ ကောမန့်အရှည်ကြီးအတွက် ကျေးဇူးပါဘဲ။ FastStone Capture တော့ မသုံးဖူးသေးဘူး။ ကွန်ပျူတာထဲ သွင်းလေ့ရှိတာတွေဘဲ ပို့စ်ကောက်ရေးလိုက်တာ။ သုံးကြည့်လိုက်ဦးမယ်။ 7-zip မှာ "Extract files" ဆိုတာ "Extract to" နဲ့ အတူတူဘဲလေကွယ်။ ခေါ်တာဘဲ ကွဲသွားတာ။ Sony Phone user တွေအတွက် ပို့စ်တစ်ခု ရေးဦးလေ။ အစ်မလည်း ဖုန်းပြောင်းမလို့ စဉ်းစားနေတာ။ CCleaner တော့သုံးတယ်။ Explorer Breadcrumbs, JKDefragGUI တော့ မသုံးဖူးသေးဘူး။ FlashNote ကို အခု download လုပ်နေပြီ :) လိုက်ရှာပြီး သုံးရမှာ အရမ်းပျင်းတာ။ အရမ်းလိုမှ ဒါမှမဟုတ် သူများညွှန်းမှ သုံးဖြစ်တယ်။ hee.. Thanks for your long suggestive comment. Write some more details and make it a post :)

mmgamedev said...

you can Try, Auslogics DiskDefrag.
very fast and lighweight disk defragmenter.
http://www.auslogics.com/disk-defrag/index.php

also, can download Registry Defrag software from that website. both are free were.

mmgamedev said...

if you want to backup DVD movies, you can shrink DVD movies from 3.7GB to 700 , 800MB using DVDShrink software. It shinking process is very fast.
http://www.dvdshrink.org/forum/viewtopic.php?f=1&t=10056

Harun said...

Thanks thinzar...it is very useful information for us....

သဉ်ဇာ - Thinzar said...

Harun>> I'm glad to know that.. :)

mgthantzin said...

Extract files က Zip ရဲ့ Name ကို Folder Name တစ်ခုအနေနဲ့ extracted file တွေကို ဆွဲအုပ်ပေးထားသလားဟင်??? အရင်တုန်းက အဲ့ဒါမရလို့ မသုံးဖြစ်တော့တာနဲ့ တူတယ်။

mmgamedev ပြောသလိုပဲ.. Auslogics ကလည်း software ကောင်းတစ်ခုပါ။ ဒါပေမယ့် ခက်တာက Drive အားလုံးကို select all and click next လုပ်လို့ မရဘူး။ JKDefrag မှာက ရတော့... computer ကို အိပ်ခါနီး defrag all drives လုပ်ပြီး ဖွင့်ထားခဲ့လို့ရတယ်။ ပြီးရင် shut down ချလိုက်ပါလို့လဲ ပြောလို့ရလို့ JKDefrag ကို သုံးဖြစ်သွားတာပါ။ Algorithm တော့ ဘယ်ဟာ ပိုကောင်းမှန်း မသိပါဘူး။

ှSony အတွက်တော့ ရေးပါဦးမည် တချိန်။ :D

လေးစားစွာဖြင့်
mgthantzin

mgthantzin said...

Oh sis, FastStone Capture is no longer a freeware. But, until version 5.3, it's free. I have it. You can ask me if you would like it.

:)

သဉ်ဇာ - Thinzar said...

mgthantzin>> Extract files က Zip ရဲ့ Name ကို Folder Name တစ်ခုအနေနဲ့ extracted file တွေကို ဆွဲအုပ်ပေးထားသလားဟင်??? ဆိုလို့ ဆွဲအုပ်တယ်ဆိုတာ ဘာလည်း မနည်း စဉ်းစားရတယ်။ zip name နဲ့ folder အောက်ကိုတော့ ရောက်သွားတယ်။ Auslogics သုံးဖူးတယ်။ Vista မှာ defrag လုပ်ရတာ စိတ်ညစ်လွန်းလို့ သုံးဖြစ်တာ။ သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။ အပေါ်မှာ ပြောထားသလို ပြီးရင် shut down လုပ်လို့ပါ ခိုင်းလို့ရတယ်ဆိုရင်တော့ JKDefrag ကို စိတ်ဝင်စားသွားပြီ။ သုံးကြည့်မယ်။ အခုတော့ Alt+S နဲ့ သုံးတဲ့ Flashnote ကို အရမ်းကြိုက်နေတယ်။ :) Faststone Caputer ကို သုံးကြည့်ချင်တယ်။

လင်းကြယ်ဖြူ said...

လာလည်သ္ဂားတယ်။ကောင်းပါတယ်။ပျော်ပါစေ..
လင်းကြယ်ဖြူ
www.lkphu.blogspot.com
လာလည်ချင်ရင်ဝင်ခဲ့ပါနော်..
ကျေးဇူး

zanda said...

Thank you so much ahma for all freeware.. I downloaded a few in case if I need in the future.

wai wai.

Post a Comment

Please feel free to use any font to comment :)