Software Review (Unlocker)

ဒီတစ်ပါတ်လုံး PC အသစ် ပြောင်းနေရလို့ ပို့စ် အသစ် မတင်နိုင်ဘူး ဖြစ်နေတာ။ software တွေ ပြန်သွင်းရတဲ့ ဒုက္ခကလည်း မသေးဘူး။ ပြီးတော့ အရင် လုပ်နေတဲ့ project တွေ တန်းလန်းနဲ့ programming environment ကို ပြန်ပြီး configure လုပ်ရတာ စိတ်ညစ်ဖို့ အကောင်းဆုံး အလုပ်ဘဲ။ ဒါပေမယ့် ကောင်းတာ တစ်ခုကတော့ အရင်က မသုံးဖူးတဲ့ software လေးတွေကို စမ်းသုံးကြည့်ဖူးသွားတယ်။ ခါတိုင်းဆို နေ့စဉ် လုပ်နေတဲ့ အလုပ်ကလွဲရင် တစ်ခြား software တွေကို ယောင်လို့တောင် သုံးကြည့်ဖို့ မစဉ်းစားဘူး။ တကယ်လိုလာမှဘဲ ဟိုလူ့မေး ဒီလူ့မေး google ကို မွှေနဲ့ သုံးဖြစ်သွားတာ။

USB device တွေကို eject လုပ်တော့မယ်ဆိုရင် အောက်က လိုမျိုး message ပေါ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရတာ လူတိုင်းလိုလို ကြုံဖူးမယ် ထင်တယ်။ အရင်တုန်းကဆို application တွေ အားလုံးလိုက်ပိတ်ပြီးလို့မှ ဒီလို ထပ်ပေါ်နေသေးတယ်ဆိုရင် စိတ်မရှည်တော့ဘဲနဲ့ ဒီအတိုင်း ဆွဲဖြုတ်ပစ်လိုက်တာ များတယ်။
အခုမှ ဒီ unlocker ဆိုတဲ့ software လေးကို တွေ့သွားတာ။ တော်တော် လေးကို အသုံးဝင်ပါတယ်။ install လုပ်ပြီးသွားပြီဆိုရင် USB device ပေါ်မှာ right click လုပ်လိုက်တာနဲ့ unlocker ဆိုတာ ကို ရွေးလိုက်ပါ။ ပြီးရင် သူပြထားတဲ့ process တွေကို “Kill Process” ဒါမှ မဟုတ် “unlock all” လုပ်လို့ပြီးသွားရင် USB ကို safely remove လုပ်လို့ ရသွားပါပြီ။

USB အတွက်ဘဲ အသုံးဝင်တာ မဟုတ်သေးဘူး။ တစ်ခါတစ်လေ file တွေ folder တွေ ကို အကြောင်းအမျိုးမျိုးကြောင့် rename လုပ်လို့မရ delete လုပ်လို့မရ ဖြစ်တယ်။ အဲဒီအခါမှာလည်း file/folder ပေါ်မှာ right click လုပ်ပြီး unlock လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။


Unlocker က freeware ဖြစ်တဲ့အတွက် http://ccollomb.free.fr/unlocker/ မှာ free download လုပ်နိုင်ပါတယ်။

2 comments:

tayzar said...

ကျွန်တော်ဆို အမြဲ ဆွဲဖြုတ်နေကျပဲ တခါတလေ ကြိုးကနေတောင် ဆွဲဖြုတ်တယ် =) ဒါလေးလည်း စမ်းကြည့်လိုက်ဦးမယ် အမ ကျေးဇူးပါ။

သဉ်ဇာ - Thinzar said...

tayzar>> ဟုတ်တယ်။ အစ်မလည်း အရင်က အမြဲ ဆွဲဖြုတ်ရင်း ဘယ်တော့ ငါ့ USB ပျက်မလဲလို့ စိတ်ပူနေရလို့။

Post a Comment

Please feel free to use any font to comment :)