Free SMS to Myanmar??

အခုဘဲ Maxis က sms တစ်ခု ရောက်လာလို့။ ဖတ်ပြီးတော့ ကောင်းကောင်းရီလိုက်တယ်။ =D
Dptkn PERCUMA 20 IDD SMS ke Myanmar!
Cuma hubungi ke Myanmar min RM5 (jumlah penggunaan)
dr 13Mac-16 Mac08 utk menerima ganjaran!
Terima idd sms pd 18Mac(6381F2)
မတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း မြန်မာပြည်ကို အနည်းဆုံး ၅မိနစ်ဖိုး ခေါ်မယ်ဆိုရင် ၁၈ ရက်နေ့မှာ မြန်မာပြည်ကို ပို့ဖို့ IDD sms အခု ၂ဝ free ပေးမယ်တဲ့။ သိသလောက်တော့ မြန်မာပြည်ကို ဖုန်းလိုင်းကနေ direct IDD sms ပို့လို့ မရပါဘူး။ web ကနေတော့ ရတာတွေ ရှိတယ်။ နည်းနည်းတောင် ကြောင်သွားတယ်။ ချက်ချင်းကြီး တိုးတက်သွားသလားလို့။

telecommunication center တွေက ဒီလို sms တွေကို auto-generate လုပ်တာဆိုတော့ user အများဆုံး ဆက်သွယ်လေ့ရှိတဲ့ နိုင်ငံကို free ပေးတာနေမယ်။ ဒါပေမယ့် မြန်မာပြည်ကို IDD sms ပို့လို့ မရဘူးဆိုတာ system မသိရှာဘူး။

ဖုန်းခေါ်ကြည့်လိုက်ဦးမယ်။ ပြီးမှ သူပေးတဲ့ free sms ဘာဖြစ်သွားမလဲဆိုတာ စမ်းကြည့်ရဦးမယ်။

***************************************************************************
နောက်ဆက်တွဲ..
ဒီလို စောင့်နေတုန်းမှာဘဲ နောက်ထပ် sms တစ်ခု ထပ်ရောက်လာတယ်။
Myanmar toeahkame20 IDD SMS yamyi!
Eikan:hlah:jetyayan Myanmar toe
13-16Mar08ahtwin:ahne:sone:RM5po:
(susupaun:ahtone)khawyu bar.
အစက ဂြိုလ်သား စကားနဲ့များ ရေးထားလားလို့ ignore လုပ်လိုက်တယ်။ ပြီးမှ သူငယ်ချင်းတွေကမေးတယ်။ မြန်မာလို့ ပို့ထားတဲ့ မတ်စိ ရလားတဲ့။ အဲဒါမှ အသေအချာ ပြန်ကြည့်မိတယ်။ နားလည်ဖို့ မနည်း ကြိုးစား ဖတ်လိုက်ရတယ်။ ဒီပုံစံအတိုင်း ရေးထားကြည့်ရရင် burglish လို ရေးနေမကျတဲ့ လူကြီးတစ်ယောက်ယောက်ကို ဘာသာပြန်ထားခိုင်းတာဘဲ ဖြစ်ရမယ်။ ရင်းဂလိတ်စာကို ဝစ္စပေါက် ထည့်ရေးထားသလို ဖြစ်နေတာကိုး။ အဲဒီအချိန်ထိ အမြင်မှန် ရသေးတဲ့ပုံ မပေါ်ဘူး။

နောက်ဆုံးမှဘဲ နောက်တစ်ခု ထပ်ပို့လိုက်တယ်။ Get FREE RM1 airtime!Just make IDD calls to Myanmar min RM5(total usage)from 13-16Mar08 to receive the offer! တဲ့။ နောက်ဆုံးတော့ sms ပို့လို့ မရဘူးဆိုတာ သိသွားတယ် ထင်ပါတယ်။ ပရိုမိုးရှင်းပေးလည်း ကြည့်ကြပ် ပေးမှပေါ့ ကွယ်။ သူ့ခမျာမှာလည်း ဗမာလို ပို့ရတာနဲ့ ရင်းဂလိတ်လို ပို့ရတာနဲ့။ မလေးလိုပို့ရတာနဲ့။ မြန်မာတွေကို ပို့ရင်းနဲ့ဘဲ sms traffic jam တောင် ဖြစ်သွားသလား မသိပါဘူး။ =)

4 comments:

tayzar said...

စိတ်ဝင်စားစရာပဲ အမ ရရင်ပြောပါဦး။ =)

သဉ်ဇာ - Thinzar said...

tayzar >> ဘယ်ကလာ ရမှာလဲကွယ်။ အဲဒီ system က မြန်မာပြည် အကြောင်းမသိလို့ အဲဒီလို sms ပို့လိုက်တာ..

kzy1980 said...

system manager က မြန်မာပြည်အကြောင်း ကောင်းကောင်းသိပုံမပေါ်ဘူးဗျ၊ ကျနော့်ဆီကိုလဲ အဲလို မက်ဆေ့တွေခဏခဏရလွန်းလို့ ignore လုပ်ရပေါင်း မနည်းတော့ဘူး.......

သဉ်ဇာ - Thinzar said...

kzy1980>> အင်း.. ဟုတ်တယ်။ သူတို့က marketing အတွက် ပြီးရင် ပြီးရောဆိုပြီး ပို့နေကြတာ။ ဟုတ်တာလဲ မဟုတ်ဘူး

Post a Comment

Please feel free to use any font to comment :)