Software Review (7-zip)

တစ်ရက် linux သုံးတဲ့ colleague တစ်ယောက်က archive လုပ်ပြီးပို့လိုက်ဆိုတာ *.tar format နဲ့ ပို့လိုက်လို့ သူ့ကို unzip လုပ်ဖို့ လိုက်ရှာရင်းနဲ့ ဒီ 7-zip ဆိုတဲ့ software ကို သုံးဖြစ်သွားတယ်။

web site အများစုကနေ download လုပ်ရင် အများအားဖြင့်တော့ .zip file တွေ များပါတယ်။ အခုနောက်ပိုင်း .rar format တွေလည်း များလာတယ်။ တစ်ခါတစ်လေ အခန့်မသင့်ရင် .tar, .bz, .gzip စသဖြင့် ရလာတတ်တယ်။ extract လုပ်ဖို့ software အဆင်သင့် ရှိမနေရင် တော်တော် စိတ်ညစ်ရပါတယ်။

အခု 7-zip ဆိုတဲ့ software ရှိတော့ winzip တွေ winrar တွေကို မေ့ထားလိုက်လို့ ရပြီ။ 7-zip က GNU လိုင်စင်ဆိုတော့ winzip, winrar တို့လိုမျိုး crack ရှာမရမှာ စိတ်ပူစရာ မလိုတော့ဘူး။ ဒီ software နဲ့ extract လုပ်နိုင်တဲ့ file format တွေကတော့ 7z, ZIP, GZIP, TAR, BZIP2, RAR, CAB, ARJ, Z, CPIO, RPM, DEB, LZH, SPLIT, CHM တို့ ဖြစ်ပါသတဲ့။ ပြီးတော့ 7z, zip, gzip, tar, bzip2 စတဲ့ file format တွေကို archive လုပ်လို့ ရပါတယ်။ အောက်က 7-zip ရဲ့ screenshot ပါ။


Archive file extension တွေကို သိသလောက် ပြောရရင်
  • 7z - 7-zip software ရဲ့ archive extension
  • ZIP – Winzip, Windows Compressed files
  • RAR – Winrar
  • GZIP, TAR, BZIP2 – Linux platform မှာ archive လုပ်လေ့တဲ့ format
  • RPM - အများအားဖြင့် red hat linux အတွက် software (linux မှာတော့ packageလို့ ခေါ်တယ်) တွေရဲ့ format
  • DEB – debian linux အတွက် packages တွေရဲ့ format
  • LZH - နာမည်ကြီးတဲ့ compression algorithm တစ်ခု ဖြစ်တဲ့ LZH algorithm ကို သုံးပြီး ရလာတဲ့ archive file
  • CHM – HTML file တွေကို archive လုပ်ထားတဲ့ extension. Software တော်တော်များများမှာ help file တွေကို chm file အနေနဲ့ တွေ့ရမှာပါ။ (CHM – html compiled help file)
  • CAB – Cabinet file, Microsoft installation archive format
  • Z, CPIO, - UNIX Compressed Archive File
  • ARJ, SPLIT - ဒီ file extension တွေတော့ တစ်ခါမှ မမြင်ဖူးဘူး =)

0 comments:

Post a Comment

Please feel free to use any font to comment :)