ကျမနှင့် ဘလော့ဂ် ပြသနာ

အခုတလော post အသစ်တွေ တင်မရ ဖြစ်နေတယ်။ အထူးသဖြင့် ပို့စ်တွေ ရှည်နေရင် လုံးဝ တင်လို့ မရတော့ပါ။ အင်တာနက် ကော်နက်ရှင် ကြောင့်လည်း မဖြစ်နိုင်ဘူးလို့ ထင်တာဘဲ။ အရင် ကျမ ရုံးမှာ လုပ်တုံးက wireless သုံးပြီး ပို့စ်တင်တာ လုံးဝ အခက်အခဲ မရှိခဲ့ပါဘူး။ အခု ကျောင်းကနေ ပို့စ်တင်တော့ နည်းနည်းရှည်တာနဲ့ Cannot connect to blogger. Please try again. ဆိုတာကြီး ပေါ်ပေါ်လာရော။ သေချာ ပြန်စဉ်းစားကြည့်တော့ LAN size ကြောင့် ဖြစ်မယ်လို့ ကျမထင်တယ်။ သေချာတော့ မသိပါဘူး။

တစ်ရက်လည်းမဟုတ်။ နှစ်ရက်လည်း မဟုတ်။ ဒီလိုနဲ့ စိတ်ညစ်ပြီး ဘလော့ဂ်ဂါလောကကို ကျောခိုင်းစွန့်ခွါလု နီးနီးမှာ အစ်ကိုကြီး တစ်ယောက်ချသွားတဲ့ comment ကို ဖတ်ကြည့်မှ blogger မှာ mail-to-blogger ဆိုတဲ့ feature ရှိတာကို သိလိုက်ရတယ်။ Blogger -> Settings -> Email မှာ ကိုယ် email နဲ့ post လုပ်ဖို့ address တစ်ခုကို ရွေးပြီး Publish လုပ်လိုက်ပါတယ်။ ဒီတော့ ပို့စ်တွေကို gmail ကနေ တင်လို့ ရသွားပါတယ်။ ကျမ တင်တာ ပို့စ် သုံးခုလောက်တော့ ရှိပါပြီ။ ဘာကောင်းသလဲဆိုတော့ ပို့စ်တွေ ချက်ချင်းတက်ပါတယ်။ ဒီတော့ အချိန်ကုန် သက်သာပါတယ်။

မကောင်းတဲ့ အချက်တွေကတော့

၁။ ပုံတွေ တင်လို့ မရပါဘူး။

၂။ ပို့စ် alignment ကို justify လုပ်လိုက်ရင် font ပျောက်သွားသလားမသိပါ။ မြန်မာစာ မပေါ်တော့ဘူး။ လေးထောင့်တွေဘဲ ပေါ်တော့တယ်။

၃။ Peek-a-boo လုပ်လို့ မရပါဘူး။ (HTML code တွေ ထည့်လို့ မရပါ။)

အနည်းဆုံးတော့ ပို့စ်တွေ ဆက်တင်လို့ ရနေသေးတယ်ဆိုပြီး ဖြေသိမ့်နေရပါတယ်။ မောင်သန့်ဇင် ကတော့ windows live writer သုံးတယ်တဲ့။ download တော့ လုပ်ထားပြီးပြီ်။ စမ်းတော့ မသုံးကြည့်ရသေးဘူး။

5 comments:

Myo Kyaw Htun said...

ကျွန်တော် စမ်းကြည့်သလောက်တော့ Live Writer က ဂွတ်တယ်။ wordpress account နဲ့ စမ်းရင် template တွေပါ တစ်ခါတည်း ဆွဲချပေးလို့ publish လုပ်ရင် ဘယ်လို အနေအထားရှိတယ် ဆိုတာ ကြိုသိတယ်။ blogger အသစ် နဲ့ စမ်းတော့ image ပါရင် တင်လို့မရဘူး။ အဲ့ဒိပြသနာပဲ ရှိတာ။

သဉ်ဇာ - Thinzar said...

Image တင်လို့ မရဘူးဆိုတော့ mail-to-blogger နဲ့ အတူတူဘဲပေါ့။ ဟုတ်လား?? ဂွတ်တယ်ဆိုတော့ သုံးကြည့်ဦးမှဘဲ..

Myo Kyaw Htun said...

I think because of Picasa and Blogger API.

Myo Kyaw Htun said...

By the way, I links to your blog. If you don't like, please let me know.

သဉ်ဇာ - Thinzar said...

ko myochauhtun >> :) I don't hv any reason to "not like" being linked. thanks a lot..

Post a Comment

Please feel free to use any font to comment :)