လိုင်စင် software


တခြားသူတွေတော့မသိဘူး။ ကျွန်မတော. Software တစ်ခုခုလိုချင်ရင် ကျောင်းကနေ တောင်းရင်တောင်း၊ မဟုတ်ရင် pirated software ကိုဝယ်ပြီး install လုပ်လိုက်တာဘဲ။ ဒီတော့ လိုင်စင် software ရဲ.တန်ဖိုးကို တစ်ခါမှမစဉ်းစားမိဘူး။ ဒီနေ.တော. ရုံးမှာ project တစ်ခုအတွက် လိုတဲ. Software တစ်ခုကို သွင်းခိုင်းပါတယ်။ ကျွန်မကို installer CD ပေးတော့ အသစ်စက်စက်.. အပြင်က ပလတ်စတစ်တောင် မခွာရသေးဘူး။ ဈေးနှုန်းကြည့်လိုက်တော. RM 1860 (~US$500) တဲ့။ ဪ.. ဒါကြောင့် Bill Gates သူဌေးဖြစ်သွားတာကိုး။
ဒီလိုကြပြန်တော.လည်း open source community ကို contribute လုပ်နေတဲ့ ပရိုဂရမ်မာတွေကြတော့ တကယ်လေးစားစရာဘဲ။
တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ အေးအေးဆေးဆေးမနေရအောင် ကျွန်မကို် အလုပ် ပေးလိုက်တဲ့ software ကတော့ (Crystal Report XI) တဲ့။ တစ်ခါမှတောင်မကြားဖူးတဲ့ အဲဒီ crystal report ဆိုတဲ့ဟာကြီးကို လေ့လာရမယ့်အပြင် .NET နဲ ့ တွဲသုံးဖု်ိ ့ code ကိုလဲ ရှာရဦးမတဲ့။ တကယ်မလွယ်ပါလားနော်။

၅၉၁ မျက်နှာရှိတဲ. Manual ကိုတော့ download လုပ်ထားပြီးသွားပြီ။ ဒါပေမယ့် အစကနေစဖတ်ရင်ကောင်းမလား၊ အလယ်ကနေစဖတ်ရင်ကောင်းမလား လို ့ စဉ်းစားရင်းနဲ. ရုံးပိတ်ရက် လေးရက် ဒီလိုဘဲ ဝေလေလေနဲ. ကုန်သွားတယ်။ မနေ ့ညကတော့ အဆုံးနားလောက်ကနေ စဖတ်လိုက်တာ နည်းနည်းတော့ အိုင်ဒီယာရသွားတယ်။

စာတွေဖတ်ရမှာ အရမ်းပျင်းတာဘဲ။ သင်ပေးမယ်ဆိုရင်တော့ တစ်နေကုန်ဆိုရင်လဲ နားထောင်နိုင်တယ်။ ဖတ်ဆိုရင်တော့ တော်တော်နဲ ့ မဖတ်ဖြစ်ဘူး။ တစ်ခြားသူတွေ ဘယ်လိုဖတ်ကြတာလဲဟင် questionquestion

3 comments:

sisain said...

မာတိကာ-ကို အရင်သွားပြီး ကောင်းတာလေးတွေ အရင်ဖတ်ပြစ်လိုက်တယ်ဗျ
ခက်တာက အဲဒီမာတိကာကိုပဲ တော်တော်နဲ့မဖတ်ဖြစ်တာလေ..

Sai Linn Thu said...

Crystal Report Tutorials လေးတွေရေးစေချင်ပါတယ်....
Beginner Tutorials လေးလုပ်ပေးပါဗျာ...

သဉ်ဇာ - Thinzar said...

အခုလောလောဆယ် အစ်မမှာ crystal report software မရှိလို့။ အမှန်တော့ သိပ်မခက်ပါဘူး။ manual ဖတ်ရင်တောင် ရမယ်ထင်တယ်။..

Post a Comment

Please feel free to use any font to comment :)