ဒီဇိုင်း နဲ.ပါတ်သတ်ပြီး

ဒီရက်ပိုင်းမှာရုံးကအလုပ်တွေနဲ.ရှုပ်နေတာနဲ့ blog တောင်မရေးအားဘူး .. သူများblog တွေတော.မှန်မှန်ဖတ်ဖြစ်တယ်..
training ကျောင်းသားမို့လားမသိ.. အသေအသေခိုင်းတယ်... အတွေ့အကြုံကတော.အရမ်းရတယ်.. .NET ဆိုတာနာမည်သာကြားဖူးတဲ့ဘဝကနေ .NET junior programmer နီးနီးလောက် သိသွားအောင် ခိုင်းပေးတဲ. (oops. သင်ကြားပေးတဲ.) supervisor ကို အရမ်းကျေးဇူးတင်ပါတယ်.. ဒီနေ့ဆိုရင် အလုပ်ခွင်နဲ့ထိတွေ့ရတာ သုံးလပြည့်ပြီလေ.. နောက်ထပ်နှစ်လ အခိုင်းခံရန်ကျန်သေးသည်။ အလုပ်လုပ်ရတာတကယ်မလွယ်ပါဘူး .. ကျောင်းကိုတောင်လွမ်းလာပြီ.. ကျောင်းသားဘဝက အလွပ်လပ်ဆုံးဆိုတာ အခုတော့နားလည်လိုက်ပါပြီ..
အရင်အပတ်က အခုလုပ်နေတဲ့ project အတွက် UAT ရှိတယ်လေ.. အဲဒီအချိန်မှ design ရဲ. အရေးပါပုံကို နားလည်လိုက်တယ်.. programmer တစ်ယောက်က ဘယ်လောက်ပဲကြိုးစားပြီး အဆင့်မြင့်တဲ့ code တွေနဲ့ရေးထားထား customer တွေက design နဲ. look and feel ကိုပို အလေးထားတာကိုသိလိုက်ရတယ်.. (အင်းလေ.. ဘာတွေနဲ့ရေးထားတယ်ဆိုတာ သူတို့မှမသိတာ)
အဲဒီတော. programmer တွေကိုသနားမိတယ်.. သူတို့ကပြောသေးတယ်။ "You may have the best engine in the world for your car, but if the car design is not nice, no one will appreciate your car" တဲ့ ..အဲဒါနဲ. စိတ်နာနာနဲ့ design ကိုလေ့လာပါတော့မယ်.. မတောက်တခေါက် photoshop နဲ့ flash ကို ကျွမ်းကျင်ချင်ပါတယ်... ဖြစ်နိုင်ပါ့မလား ???

4 comments:

MYO HAN HTUN said...

ဖြစ်နိုင်ပါတယ် ကြိုးစားရင်အတိုင်းအတာတစ်ခုထိဖြစ်လာပါလိမ့်မယ်

သဉ်ဇာ - Thinzar said...

ဒီလိုအားပေးတာကျေးဇူးတင်ပါတယ်.. “Nothing is impossible” ဆိုပေမယ်. “Jack of all trades but master of none.” ဖြစ်နေမှာကိုတော. ကြောက်နေတာ.. ဒါပေမယ်. Design လုပ်ရတာတော.ကြိုက်တယ်..

sisain said...

မလွယ်ပေမယ့် ဖြစ်နိုင်ပါတယ်ဗျ-
www.nativemyanmar.com ဖိုရမ်လေးမှာ လွယ်လွယ်ကူကူလိုက်လုပ်လို့ရတဲ့ ဖိုတိုရှော့လေ့ကျင့်ခန်းလေးတွေကို လိုက်ရှာဖတ်လို့ရပါတယ်

mmgamedev said...

ဒီဇိုင်းနဲ့ပတ်သက်လို့ photoshop စာအုပ် တွေနဲ့ programming စာအုပ်တွေ တော်တော် များများ ကျနော့် blog library မှာတင်ထားပါတယ်။ လာကြည့်ပါအုံး၊ အသုံးတည့်မယ် ထင်ပါတယ်။
http://mmgamedev.blogspot.com/

Post a Comment

Please feel free to use any font to comment :)