ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အင်းထဲ ရောက်ဖြစ်သေးတယ်။ အချိန်သာရခဲ့မယ်ဆိုရင် ပင်းတယတို့ ကက္ကူတို့ပါ ထပ်သွားချင်သေးတာ။ ခုတော့ အင်းလေး တစ်နေရာနဲ့ ကျေနပ်လိုက်ရတယ်။ အင်းထဲကတော့ ဘယ်နှခေါက်ရောက်ရောက် မရိုးနိုင်ဘူး။ အင်းလေးမှာ အစည်ဆုံးအချိန်ကတော့ သီတင်းကျွတ် အချိန်ဘဲ။ ၈တန်းလောက်တုန်းက ဖောင်တော်ဦးဘုရားပင့်တဲ့အချိန် အင်းထဲတစ်ခေါက်ရောက်တယ်။ လူတွေအများကြီး၊ လှေတွေလည်း အများကြီး အရမ်းကို ပျော်ဖို့ကောင်းတယ်။ တန်ဆောင်မုန်း လပြည့်နေ့မှာ သွားလိုက်တာ၊ တန်ဆောင်တိုင်ကတော့ အင်းထဲမှာ သိပ်မစည်ဘူး။ နယ်က သူငယ်ချင်းတွေက ခေါင်တိုင်သွားချင်တယ်ဆိုလို့ အင်းလေးနဲ့ ခေါင်တိုင် နှစ်နေရာ သွားဖြစ်လိုက်တယ်။ သဉ္ဖာက ငါးအရမ်းကြိုက်တာဆိုတော့ ငါးကန်တွေဘက်သွားပြီး ငါးစားချင်ပေမယ့် ခေါင်တိုင်မှာ ရေပူစမ်းသွားချိုးချင်တဲ့သူ ပိုများတာနဲ့ ၁ဝမဲ တစ်မဲ အလျှော့ပေးလိုက်ရတယ်။ ငါးကန်တွေဆီ တစ်ခါမှ မရောက်ဖူးသေးဘူး။ ဒါပေမယ့် ဧည့်သည်တွေက ညဘက် မီးပဒေသာပွဲအမှီ ပြန်ချင်တယ်ဆိုတော့ အချိန်မရလိုက်ဘူး။
တောင်ကြီးကနေ အင်းလေး တိုက်ရိုက် သွားမယ်ဆိုရင် ၁နာရီလောက်ဘဲ မောင်းရပေမယ့် ခေါင်တိုင်ကို တောင်ကြီး-ရွှေညောင် လမ်းမကနေ နောက်ထပ် မိနစ် ၂ဝ လောက် ထပ်ဝင်ရသေးတယ်။ လမ်းကတော့ တော်တော်ကြမ်းနေပြီ။ ဖုန်တထောင်းထောင်းဘဲ။ တောင်ကြီးကနေ မနက် ၆နာရီခွဲလောက်မှ ထွက်ဖြစ်တော့ ခေါင်တိုင်ကို ၈နာရီလောက်မှ ရောက်တယ်။ လူတော်တော်များနေပြီ။ VIP လာမှာမို့ဆိုလား သီးသန့် ရေချိုးခန်းတွေလည်း ပိတ်ထားတယ်။ လူများနေတော့ ရေတော့ မချိုးခဲ့လိုက်ဘူး။ ရေပူစမ်းဆိုရင် လားရှိုးက ရေပူစမ်းကိုဘဲ သဘောကျတယ်။ ခေါင်တိုင်မှာက အိုင်လေးတွေလို ဖြစ်နေပြီးတော့ လားရှိုးမှာက ချောင်းလို စီးနေတာ။ ခေါင်တိုင်ကနေ ငါးမိနစ်လောက်မောင်းရင် အင်းထဲသွားဖို့ စက်လှေတွေရှိတဲ့နေရာကို ရောက်တယ်။
ဒီတစ်ခေါက် အင်းတိမ်ဘက် သွားချင်တယ်ဆိုလို့ စက်လှေငှားခ သုံးသောင်းပေးရတယ်။ အင်းတိန်ဘက်က နွေရာသီ ရေကျသွားရင် သွားလို့မရတော့ဘူး။ အဲဒီဘက်မှာ ကုန်းမြေ နည်းနည်းများတယ်။
အင်းတိန်ရောက်တော့ ကုန်းပေါ်လမ်းဆင်းလျှောက်ရတာပေါ့။ ဘုရားတွေဘက်ရောက်ဖို့ နာရီဝက် နီးနီးလောက် လျှောက်ရမယ်ထင်တယ်။ ၁၅မိနစ်လောက် လျှောက်ပြီးတော့ အားလုံးမောနေကြတာနဲ့ ပြန်လှည့်ခဲ့တယ်။ အင်းတိန်က ဈေးဆိုင်တန်းတွေမှာ အများဆုံးရောင်းတာတွေကတော့ ရှေးဟောင်းပိုက်ဆံတွေ၊ ပေစာ ပုရပိုက်စာ တွေပေါ့။ ပစ္စည်းတွေက ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် မသေချာပေမယ့် ကိုယ်မတွေ့ဘူးတဲ့ ရှေးဟောင်းပစ္စည်းလေးတွေကို တွေ့ခဲ့ရတယ်။
အင်းတိန်ရောက်တော့ ကုန်းပေါ်လမ်းဆင်းလျှောက်ရတာပေါ့။ ဘုရားတွေဘက်ရောက်ဖို့ နာရီဝက် နီးနီးလောက် လျှောက်ရမယ်ထင်တယ်။ ၁၅မိနစ်လောက် လျှောက်ပြီးတော့ အားလုံးမောနေကြတာနဲ့ ပြန်လှည့်ခဲ့တယ်။ အင်းတိန်က ဈေးဆိုင်တန်းတွေမှာ အများဆုံးရောင်းတာတွေကတော့ ရှေးဟောင်းပိုက်ဆံတွေ၊ ပေစာ ပုရပိုက်စာ တွေပေါ့။ ပစ္စည်းတွေက ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် မသေချာပေမယ့် ကိုယ်မတွေ့ဘူးတဲ့ ရှေးဟောင်းပစ္စည်းလေးတွေကို တွေ့ခဲ့ရတယ်။
ကြောင်ခုန်ကျောင်း
(အရင်တုန်းက အဲဒီကျောင်းကကြောင်တွေ ဆပ်ကပ်ပွဲထဲကကြောင်တွေလို အကွင်းတွေထဲဝင်အောင် ခုန်နိုင်ကြတယ်။ ဓါတ်ပုံတွေ တော့ရှိသေးတယ်။ အခုတော့ ညောင်ညောင်ဘဲ အော်တတ်တဲ့ ကြောင်လေး နှစ်ကောင်သုံးကောင်ဘဲ ရှိတော့တယ်။)ကျွန်းမျောပေါ်က ခရမ်းချဉ်သီး စိုက်ခင်း
~~ရေပေါ်မှာ အိမ်ကလေးတွေဆောက်မယ်~~
အင်းထဲမှာ စက်လှေလေးတွေနဲ့ ဒီလို သွားကြတယ်။
ဘေးကနေ စက်လှေ တစ်စီး ဖြတ်သွားလို့ လှိုင်းထသွားတဲ့အချိန်ဆို စက်လှေက နိမ့်ချည် မြင့်ချည် ဖြစ်သွားပြီး အရမ်းစီးလို့ကောင်းတယ်။ ပြီးတော့ ဖြတ်သွားတဲ့ စက်လှေတိုင်းကို တာ့တာပြရတာလည်း အလုပ်တစ်ခု၊ ပျော်ဖို့တော့ ကောင်းပါတယ်။ အင်းလေးက မကြာခဏ ရောက်ဖူးနေလို့ ကိုယ်နဲ့ သိပ်မစိမ်းပေမယ့် မြေပြန့်ဒေသကလာတဲ့ သူငယ်ချင်းတွေ အဖို့တော့ အရာရာတိုင်းဟာ စိတ်ဝင်စားဖို့ ကောင်းနေတယ်တဲ့။ ကျမတော့ ငါးတန်းမှာ “အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကန်ဖြစ်ပြီး အလျား ၁၂မိုင် အကျယ် ၆မိုင်ခန့် ကျယ်ဝန်းပါသည်” ဆိုတာကို သင်ပြီးမှ ရောက်ဖူးတာ။ အဲဒီတုန်းကလည်း သူတို့လိုဘဲ အရာရာတိုင်း ထူးဆန်းနေတာပေါ့။ အဲဒီတုန်းက အင်းသားဓလေ့ ရေနွေးကြမ်းထဲကို ဆားနည်းနည်း နှမ်းနည်းနည်း ထည့်သောက်တာကအစ သောက်ရေကို ဘယ်နားသွားခပ်သလဲဆိုတာကအဆုံး စပ်စပ်စုစု မေးခဲ့တာ။ (သောက်ရေကို လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့ ကန်အလယ်လောက်အထိ သွားပြီး ခပ်ကြတယ်လို့ ပြောတာဘဲ။)
ဘေးကနေ စက်လှေ တစ်စီး ဖြတ်သွားလို့ လှိုင်းထသွားတဲ့အချိန်ဆို စက်လှေက နိမ့်ချည် မြင့်ချည် ဖြစ်သွားပြီး အရမ်းစီးလို့ကောင်းတယ်။ ပြီးတော့ ဖြတ်သွားတဲ့ စက်လှေတိုင်းကို တာ့တာပြရတာလည်း အလုပ်တစ်ခု၊ ပျော်ဖို့တော့ ကောင်းပါတယ်။ အင်းလေးက မကြာခဏ ရောက်ဖူးနေလို့ ကိုယ်နဲ့ သိပ်မစိမ်းပေမယ့် မြေပြန့်ဒေသကလာတဲ့ သူငယ်ချင်းတွေ အဖို့တော့ အရာရာတိုင်းဟာ စိတ်ဝင်စားဖို့ ကောင်းနေတယ်တဲ့။ ကျမတော့ ငါးတန်းမှာ “အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကန်ဖြစ်ပြီး အလျား ၁၂မိုင် အကျယ် ၆မိုင်ခန့် ကျယ်ဝန်းပါသည်” ဆိုတာကို သင်ပြီးမှ ရောက်ဖူးတာ။ အဲဒီတုန်းကလည်း သူတို့လိုဘဲ အရာရာတိုင်း ထူးဆန်းနေတာပေါ့။ အဲဒီတုန်းက အင်းသားဓလေ့ ရေနွေးကြမ်းထဲကို ဆားနည်းနည်း နှမ်းနည်းနည်း ထည့်သောက်တာကအစ သောက်ရေကို ဘယ်နားသွားခပ်သလဲဆိုတာကအဆုံး စပ်စပ်စုစု မေးခဲ့တာ။ (သောက်ရေကို လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့ ကန်အလယ်လောက်အထိ သွားပြီး ခပ်ကြတယ်လို့ ပြောတာဘဲ။)
ဖောင်တော်ဦးဘုရားကိုရောက်တော့ စက်လှေက ကမ်းကို တိုက်ရိုက်ကပ်လို့ မရဘူး။ လှေတွေက များနေတော့ တစ်ခြားလှေတွေဆီကိုကပ်ပြီး ကမ်းကိုရောက်အောင် လှေတစ်ခုကနေ တစ်ခုကို ကူးသွားရတယ်။ အဲဒီမှာ လူတစ်အုပ်လောက် လက်ကို လိုက်ဆွဲပါလိမ့်မယ်။ သမီးလာ..လာ.. အန်တီ့လက်ကိုဆွဲ ဆိုပြီးတော့လေ။ တစ်ယောက်ယောက်က မဆွဲပေးရင်လဲ ဟန်ချက်မညီတာနဲ့ ရေထဲ ပြုတ်ကျသွားနိုင်တယ်။ သဘောကောင်းလှချည်လားလို့ ကြည့်နေတာ ကမ်းပေါ်ရောက်တာနဲ့ မရမက ရွှေသက္ကန်း ထိုးရောင်းတော့တာဘဲ။ မဝယ်ချင်းဘူးဆိုလည်းမရ။ သူငယ်ချင်းတွေက ဝယ်ပြီးသွားပြီလို့ပြောလည်းမရ။ အခုနက လှေပေါ်ကနေ တွဲဆင်းပေးတာ ရွှေသက္ကန်း ရောင်းချင်လို့ တွဲတာတဲ့။ သူတို့ တွဲဆင်းပေးတဲ့အတွက် သူတို့ဆီကနေ ဝယ်သင့်တယ်တဲ့။ လူတွေ တကယ်တော့ ခက်တယ်။ ဝမ်းရေးကလည်း ရှိသေးတယ်ဆိုတော့ ဒီလိုဘဲ အတင်းရော အဓမ္မရော လိုက်ရောင်းနေရတာမလား။
သူငယ်ချင်းတွေ ဘုရားတက်ဖူးတာကို စောင့်နေတုန်း စက်လှေသမားရဲ့ အသိ ဘုရားပေါ်မှာ လောက်လေးခွရောင်းတဲ့ ဦးလေးကြီး တစ်ယောက်နဲ့ အဖွဲ့ကျသွားတယ်။ သူရောင်းတဲ့ လောက်လေးခွရဲ့ လက်ကိုင်က ငှက်ပုံစံ ထွင်းထားတာပေါ့။ အားလုံး သူကိုယ်တိုင်လုပ်ပြီး ရောင်းတာတဲ့။ ကလေးတွေကို ရောင်းတာလားလို့ မေးတော့ သူက မဟုတ်ဘူးတဲ့။ ကလေးတွေတောင် သိပ်မဝယ်ဘူး၊ နိုင်ငံခြားသား လူကြီးတွေ အများဆုံးဝယ်တယ်တဲ့။ အဲဒီနေ့မနက်တင် လေးခုရောင်းပြီးသွားလို့ ၁၂ဒေါ်လာ ရပြီဆိုပြီး ဝမ်းသာနေတယ်။ သူပြောတာက ကမာ္ဘလှည့် ခရီးသည်တွေဟာ ကလေးအတိုင်းဘဲ။ ကလေးဆော့တဲ့ပစ္စည်းတွေသာ ထိုးရောင်း သူတို့ အကုန်ဝယ်တယ်တဲ့။ အသက်ကြီးပေမယ့် သူလည်း သူတတ်သလောက် လက်မှုပညာနဲ့ တပိုင်တနိုင် စီးပွါးရှာနေတာ မချီးကျူးဘဲ မနေနိုင်ဘူး။ သူငယ်ချင်းတွေ ဘုရားဖူးပြီး ဆင်းလာတော့ ဈေးတန်းတွေထဲလှည့်ပါတ်ပြီး ပစ္စည်းတွေ ဝယ်ခဲ့တယ်။ အင်းရိုးရာ ယက်လုပ်ထားတဲ့ အထည်တွေကတော့ မြင်တဲ့သူတိုင်းကို မဝယ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေတယ်။
ဒိုက်တွေဆယ်နေတဲ့ လှေတစ်စီး
အင်းထဲမှာ ဘာလို့ လှေကို ခြေထောက်နဲ့ လှော်သလဲဆိုတော့ အင်းလေးကန်ထဲမှာ ဒိုက်တွေ အရမ်းများတဲ့အတွက် လှေလှော်တဲ့အခါ ဒိုက်တွေကို ရှောင်နိုင်သလောက် ရှောင်ပြီး လှော်ရတယ်။ ထိုင်ပြီးလှော်ရင် သိပ်မမြင်ရဘူး။ မတ်တပ်ရပ်ပြီးကြည့်မှ လှေသွားဖို့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်တဲ့။ အဲဒါကြောင့် သူတို့ မတ်တပ်ရပ်ပြီး ခြေထောက်နဲ့ လှေလှော်ကြတာပါကွယ်။
ငွေစင်ရော်တွေလို တောင်ပံတွေပါရင်... :-)
ဆောင်းတွင်းမှာ နေ့တာတိုတဲ့အတွက် ပြန်ခါနီးကြတော့ မှောင်စပြုနေပြီ။ စောစောထလာခဲ့ရတဲ့အတွက် အားလုံးလဲ ပင်ပန်းသွားပေမယ့် ပျော်စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။
P.S. အင်းလေးကန်ရဲ့ ဒေသန္တရ အချက်အလက်တွေနဲ့ ဒဏ္ဍာရီ တွေကို ဖိုးဝ မှာ တင်ထားတာ ဖတ်လို့ အရမ်းကောင်းတယ်။
P.S. အင်းလေးကန်ရဲ့ ဒေသန္တရ အချက်အလက်တွေနဲ့ ဒဏ္ဍာရီ တွေကို ဖိုးဝ မှာ တင်ထားတာ ဖတ်လို့ အရမ်းကောင်းတယ်။
**********************************
Someone has translated this post. If you are curious to find out more about this interesting & scenic lake near my hometown, you can read it HERE. Thanks to Ko Myat Thura.
13 comments:
အစ်မရေ အင်းထဲတော့ပြန်သွားလည်ချင်သား...။ မရောက်တာ ရ နှစ်လောက်ရှိပြီ..။ စက်လှေစီးရင်း စင်ရော်စာကျွေးရင်း ကိုယ်လဲတစ်ကိုက်စားရင်း.. :) သတိရစရာတွေပဲ...။ စကားမစပ် ကျွန်တော်က မြင်းရုပ်နားမှာနေတာပါ..။
happy new year
မင်္ဂလာနှစ်သစ်လို့ လာနှုတ်ဆက်ပါတယ်။ အင်းလေးကို ပြန်သွားချင်စိတ် ပေါက်သွားတယ်။ မရောက်တာ အနှစ်နှစ်ဆယ် ကျော်ပြီ။ (OMG, I feel so old ;P)
မှတ်မိသေးတယ်။ အင်းပေါခုံမှာ ရေကကြည်နေတော့ ပုစွန်တုပ်ကြီးရေအောက်မှာ ဆိုပြီး ဆယ်ကြတာ။ အပေါ်ရောက်မှ ခရမ်းချဉ်သီး မှန်းသိတယ်။ :D
တစ်လက်စတည်း နှုတ်ဆက်လိုက်မယ်။ ၂၀၀၉ မှာ ပျော်ရွှင်နိုင်ပါစေ။
အင်းလေးကို မရောက်ဖူးသေးဘူး... မဇနိနဲ့ သွားမယ်ဆိုပြီး စိတ်ကူးတွေတော့ ယဉ်ထားတယ်..
Phyo Evergreen>> ဟီး..ဟုတ်တယ်နော။် စင်ရော်စာက စားလို့လည်းကောင်းတယ်။ ဒီတစ်ခေါက်သွားတုန်းကဆို စင်ရော်မတွေ့မတွေ့နဲ့ စားလာလိုက်တာ မုန့်ကုန်ခါနီးမှ ကိုရွှေစင်ရော်တွေကို တွေ့တော့တယ်။ မတတ်နိုင်ဘူး။ နည်းနည်းဘဲ ကျွေးလိုက်ရတယ်။ မြင်းရုပ်နားမှာ နေတာလား။ အစ်မငယ်ငယ်ကတော့ မြင်းရုပ်နားက လေ့ကျင့်ရေးကျောင်း (TTC) မှာ တက်ခဲ့တယ်။ ပြီးမှ ထ၄ ပြောင်းတာ။
မခင်ဦးမေ>> Same to u :)
မနုသွဲ့>> အင်းလေးကို အသက် ၅နှစ်တုန်းက သွားခဲ့တယ်လို့သာ မှတ်လိုက်ပေါ့။ ဒါဆို အစ်မအသက် နှစ်ဆယ်ကျော်ဘဲ ရှိသေးတယ် :D
လွိုင်လင်>> မြို့နာမည်ကြီးဆိုတော့ ကိုလွိုင်လင်လို့ ခေါ်ရင်လည်း မဟုတ်ပြန်ဘူး။ :) တော်သေးတယ်။ ပုစွန်တုတ်က ခရမ်းချဉ်သီး ဖြစ်နေလို့။ တခြားဟာဆို မတွေးရဲစရာဘဲ။ ဟီး..အင်းထဲက ရေထဲမှာ အစုံရှိတယ်လေ။ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။
ိကိုဇနိ>> ဟုတ်တယ်.. ဟုတ်တယ်.. မဇနိကို ခေါ်သွားလည်သင့်တဲ့ နေရာတစ်ခုဘဲ (စိတ်ကူးအတိုင်း အမြန်ဆုံး အကောင်အထည် ဖေါ်နိုင်ပါစေ။)
ဒီပိုစ့်လေးဖတ်ပြီးတော့ field ဆင်းတုန်းကအကြောင်းတွေပြန်သတိရတယ်...
Thinzar yae` blog ko lar visit twar tae naw... a nice post!!!!! home ko ayan lwan nay tae pot??? ^_^
caricature-sketch>> ရှမ်းပြည်မှာ field ဆင်းခဲ့တာမလား။ ဘလော့ဂ်မှာ တစ်ခေါက် ဖတ်လိုက်ရတယ်။
dr-nelly>> :) lar lae twa lo kyay zu tin par tae.. home ko tot a myae lwan nay tar. hope everyting is fine with u. hope to meet u again
မသဉ္ဇာရေ၊ ဒီ post လေးသဘောကျလို ့ ကျွန်တော်ရေးနေတဲ့ Myanmar2day blog မှာ ဘာသာပြန်ပြီး ဖော်ပြချင်လို ့ပါ။ မူရင်းကို Link and credit ပေးပါ့မယ်။ Photos တွေလဲ ခွင့်ပြုမယ်ဆို အဲဒီမှာ သုံးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Ko Myat Thura>> ရပါတယ်။ ပို့စ်ကို သဘောကျတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်။ ဓါတ်ပုံတွေလည်း ယူသုံးလို့ရပါတယ်။
I have published the translation of this post on my blog at A visit to Inle. If you see any mistake in translation, please don't hesitate to let me know.
Ko Myat Thura>> okay. Thanks :)
Post a Comment
Please feel free to use any font to comment :)