SELAMAT HARI RAYA

Selamat Hari Raya!
Maaf Zahir dan Batin.
ပျော်ရွှင်သော အစ်နေ့ ဖြစ်ပါစေ။ ဒီနေ့ october ၁ ရက်နေ့က အစ္စလာမ် ဘာသာဝင်တွေရဲ့ အစ်နေ့ပါ။ မြန်မာပြည်မှာတော့ ၂ ရက်နေ့ မှ ဖြစ်လိမ့်မယ်။ ကျမတော့ ရုံး ငါးရက် ပိတ်လို့ အရမ်းပျော်တယ်။ :) အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ အပြီးမှာ ကျင်းပတဲ့ ပွဲတော်ပါ။ Eid-ul-Fitir နဲ့ Eid-ul-Adha အစ်နေ့ နှစ်မျိုး ရှိပါတယ်။ အခု ဒီနေ့ ပွဲဟာ Eid-ul-Fitir လို့ ခေါ်ပါတယ်။ လ (moon) အပေါ်မှာ ကြည့်ပြီး ရက် တွက်ကြတာမို့ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။

မြန်မာပြည်မှာတော့ ဗလီတက်၊ အိမ်လည်ပြီး မုန့်စား၊ ကျောင်းပျက် (ကျောင်းမှ မပိတ်တာကိုး နော်)၊ မုန့်ဖိုးလိုက်တောင်းနဲ ့တော်တော် ပျော်စရာကောင်းပါတယ်။ အခုတော့ ကိုယ်လည်း မုန့်ဖိုး လိုက်တောင်းရမယ့် အရွယ်ကနေ မုန့်ဖိုး ပြန်ပေးရမယ့် အရွယ်ကိုလည်း ရောက်မှန်းမသိ ရောက်နေပြီ။ မလေးရှားမှာတော့ တော်တော်လေးကို ကြီးကြီး ကျယ်ကျယ် ဆင်နွှဲကြပါတယ်။ ဝန်ကြီးချုပ်နဲ့ ကက်ဘိနက် ကလည်း မုန့်တွေ အလကားကျွေးတယ်။ open house လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒီတစ်နှစ် open house မှာ ဟိန္ဒူ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့က ဝန်ကြီးချုပ်ရဲ့ open house မှာ ဆန္ဒပြကြမယ်ဆိုလား ကြားနေရတယ်။ မလွယ်ဘူး။ ကျောင်းတက်တုန်းကတော့ ပျော်ဖို့ သိပ်မကောင်းဘူး။ မလေးလူမျိုးတွေ အားလုံး ရွာပြန်ကုန်တော့ ကျောင်းမှာ လူနည်းနည်းနဲ့ သရဲဘဲ ကျန်ခဲ့တယ်။ ခြောက်တီး ခြောက်ကပ်နဲ့။ နောက်မှဘဲ အသေးစိတ် ရေးပါဦးမယ်။ အခုတော့ အိမ် ပါတ်ပြီး မုန့်လိုက်စားလိုက်ဦးမယ်။ :)

7 comments:

P.Ti said...

သဉ္ဇာ့ဆီ မုန့်လာစားပါတယ်။ မရှိရင်လည်း အိမ်ပတ်ပြီး ပြန်အလာမှာ ယူလာခဲ့နော်...

flowerworld said...

လာလည်တယ်နော် သတိထားသရဲလာလိမ့်မယ် ပျင်းရင်လဲသရဲနဲ့အဖော်လုပ်ပေါ့ကွယ်နော်
စတာနော်
ပျော်ရွှင်ပါစေ

Winkabar said...

အစ်မရေ စလာမ်ကွမ်း။ ဒီမှာလည်း စလာမ်လာပေးသွားတယ်နော်။ အဲဒါမှ အစ်တီးမရရင်တော့ .. ဟင်းး။ :P ။ Eid Mubarak.

trh said...

သိပ်ပျော်ဖို့မကောင်းတာ မဟုတ်ဘူး ...
လုံးဝကို ပျော်စရာ မရှိတာ ...
စားသောက်ဆိုင်ကလည်း ပိတ်လိုက်သေး ဆိုတော့ တစ်ပတ်လုံး ခေါက်ဆွဲခြောက်၊ပါမုန့်နဲ့ ညားရော ...
(အပြင်ထွက်စားရမှာလည်း ပျင်းတာကိုး)

ကျနော်ကတော့ မုန့်ဖိုးတောင်းရမယ့် အရွယ်ပဲ ရှိသေးတယ် ...
အမက ပေးရမယ့် အရွယ် ရောက်နေပြီဆိုတော့ ... ဟဲ ... လာထား

သဉ်ဇာ - Thinzar said...

pti>> အိမ်ပါတ်ပြီး ယူလာတာလည်း စားလို့ကုန်သွားတော့ စိတ်တောင် မကောင်းဘူး။ :)

မီးလေး>> သရဲတောင် ပျင်းနေတော့ ကိုယ့်နဲ့ အဖေါ်လုပ်မယ့်သူကို မရှိဘူး ဖြစ်နေတယ်။

winkabar>> ရော့.. ရော့.. ဒီမှာ:D

thura>> ဟုတ်တယ်.. တစ်ပါတ်လောက်တော့ ခေါက်ဆွဲခြောက်ကို အမုန်းစားရတယ်။ မုန့်ဖိုးပေးရမှာပေါ့။ ဒါပေမယ့် အစ်မကို လာရောက် ဂါရဝ ပြုသင့်တယ်လေ... :-P

ဖြိုးဝေတိုး said...

ဒီမှာတော့ဘယ်သူမှရှိဘူး။
လူ၃၀ဝလောက်ရှိတဲ့အဆောင်မှာ ၁ဝယောက်တောင်အနိုင်နိုင်...
ကျွန်တော် islam မဟုတ်ပေမယ့်...uni နား tronoah က မလေးသူငယ်ချင်းအိမ်တွေတော့သွားစားပါတယ်..ဟဲဟဲ...
အမ ထရိုနို့ တို့ ဘာဒူဂါဂျာတို့ သိတယ်မလား။

သဉ်ဇာ - Thinzar said...

ဖြိုးဝေတိုး>> အစ်မတို့လည်း လူနှစ်ရာရှိတယ်အဆောင်မှာ နှစ်ယောက်လောက် နေခဲ့တာလေ။ မလေးသူငယ်ချင်းတွေ အိမ်မှာ သွားစားလို့ရတာ ကောင်းတာပေါ့။ KL မှာဆို မလေးသူငယ်ချင်းတွေက အားလုံး ရွာပြန်ကြတော့ ကိုယ့်မြန်မာအချင်းချင်း အိမ်တွေဘဲ လှည့်စားရတာ။ :D ထရိုနို့တို့ ဘာတူဂါဂျာတို့ကို သိပါတယ်။ UTP အနီးတဝိုက်တွေမလား။

Post a Comment

Please feel free to use any font to comment :)