ရေကူးကန် နှင့် သေနတ် တို့က ပေးနိုင်တဲ့ အန္တရာယ်

သင်ဟာ အသက်ရှစ်နှစ်အရွယ် မော်လီဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မိဘဖြစ်တယ်ဆိုပါစို့။ သင်တို့ရဲ့သမီးမှာ အေမီနဲ့ ရိုစီ ဆိုတဲ့ အိမ်နီးနားချင်း သူငယ်ချင်း နှစ်ယောက်ရှိတယ်။ အေမီရဲ့မိဘတွေဟာ သေနတ်တစ်လက် ပိုင်ဆိုင်တယ်လို့ သိထားတဲ့ အတွက် သင့်သမီးကို အေမီတို့အိမ်မှာ သွားကစားဖို့ သင်ပိတ်ပင်ကောင်း ပိတ်ပင် မိလိမ့်မယ်။ ခြံအနောက်ဘက်မှာ ရေကူးကန် တစ်ကန်ရှိတဲ့ ရိုစီတို့အိမ်မှာတော့ သင့်သမီးကို စိတ်ချလက်ချ သွားကစားစေမှာ အမှန်ဘဲ။ အေမီတို့အိမ်မှာ သွားမကစားစေဘဲ ရိုစီတို့အိမ်မှာ သွားကစားစေခြင်းဟာ မော်လီကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုလို့ သင်တို့ ထင်ကောင်းထင်နေလိမ့်မယ်။

ဒါပေမယ့် အမေရိကန် ပြည်ထောင်စုရဲ့ ကောက်ယူထားတဲ့ စာရင်းများအရ ရေကူးကန်ပေါင်း ၁၁,၀၀ဝ တိုင်းမှာ နှစ်စဉ် အနည်းဆုံး အသက်ဆယ်နှစ်အောက် ကလေးတစ်ယောက် ရေနစ်သေဆုံးတယ်လို့ ဆိုထားပါတယ်။ (အမေရိကန် ပြည်ထောင်စုမှာ ရေကူးကန်ပေါင်း ခြောက်သန်းကျော်ရှိတဲ့ အတွက် အသက်ဆယ်နှစ်အောက် ကလေးပေါင်း ၅၅ဝ ခန့် ရေနစ်သေဆုံးတယ်လို့ ခန့်မှန်းနိုင်ပါတယ်။) တစ်ချိန်တည်းမှာဘဲ သေနတ် အလက်ပေါင်း တစ်သန်းကျော် မှာ ကလေးတစ်ယောက် နှစ်စဉ် ပစ်သတ်ခံရတယ်လို့ အမေရိကန်ရဲ့ စာရင်းအင်းအရ သိနိုင်ပါတယ်။ တစ်နိုင်ငံလုံးမှာ သေနတ် အလက်ပေါင်း သန်း၂၀ဝ ခန့် ရှိတဲ့အတွက် နှစ်စဉ် သေနတ်ကြောင့် သေဆုံးသူ ပျမ်းမျှ ကလေးဦးရေ ၁၇၅ ယောက်ခန့် ရှိပါလိမ့်မယ်။ ဒါပေမယ့် ကလေးသေနှုန်း (ရေကူးကန်ပေါင်း တစ်သောင်းတစ်ထောင်မှာ ကလေးတစ်ယောက်နှုန်း) နဲ့ (သေနတ်အလက် တစ်သန်းကျော်မှာ ကလေးတစ်ယောက်နှုန်း) ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မော်လီကို သင်တို့ ကာကွယ်ဖို့ အတွက် ရွေးချယ်မှုဟာ အကောင်းဆုံးတော့ မဟုတ်ဘူးဆိုတာ သိနိုင်မှာပါ။

အမှန်တော့ အပေါ်က ဥပမာ နှစ်ခုကနေ ကာကွယ်နိုင်တဲ့ အန္တရာယ်နဲ့ မမြင်နိုင်တဲ့ အန္တရာယ် နှစ်မျိုးရဲ့ အကျိုးသက်ရောက်မှု အတူညီပုံကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် သေနတ်လိုမျိုး အန္တရာယ်ကတော့ လူကို နာမည်ကြားတာနဲ့ ကြောက်စေပေမယ့် ကာကွယ်နိုင်တဲ့ အန္တရာယ်အမျိုးအစားမျိုး ဖြစ်ပြီး ရေကူးကန်က မမြင်နိုင်ပေမယ့် တကယ်ဒုက္ခပေးတဲ့ အန္တရယ် မျိုးပါလို့ ဆိုထားပါတယ်။

~Freakonomics စာအုပ်ထဲက တစ်ပိုင်းတစ်စကို ဘာသာပြန်ထားတာပါ။ ~


လေ့လာမိသော မလေးလူမျိုးများဧ။် ရိုးရာဓလေ့ အမူအကျင့်များ

မလေးရှားနိုင်ငံမှာ မလေး၊ တရုတ်၊ အိန္ဒိယ တာမီလ် လူမျိုးတွေ အဓိက နေထိုင်တဲ့အတွက် ရိုးရာဓလေ့တော်တော်များများမှာ ဒီလူမျိုးစု သုံးခုလုံးရဲ့ ဓလေ့တွေ ထင်ဟပ်နေတာ တွေ့နိုင်ပါတယ်။ သူတို့လူမျိုးတွေဟာ တစ်ခါတစ်လေတော့ အင်မတန် မုန်းစရာကောင်းပေမယ့် တစ်ချို့ရိုးရာ ဓလေ့တွေကတော့ အားကျ အတုယူစရာ ကောင်းပါတယ်။ မလေးလူမျိုးတွေရဲ့ ရိုးရာဓလေ့ဆိုတဲ့အခါ အများအားဖြင့် မလေးမွတ်စလင်လူမျိုးတွေရဲ့ ဓလေ့တွေဖြစ်ပြီး တစ်ချို့ကတော့ လူမျိုးဘာသာမရွေး မလေးရှားနိုင်ငံသားတွေမှာ တွေ့ရတတ်တဲ့ ဓလေ့စရိုက်တွေပါ။

နှုတ်ဆက်ခြင်း


နှုတ်ဆက်တဲ့အခါ လက် နှစ်ဘက်လုံးကို သုံးပါတယ်။ တစ်ခြားသူနဲ့ လက်ဆွဲ နှုတ်ဆက်ပြီးရင် လက်ကို ရင်ဘတ်မှာ ကပ်လိုက်တယ်။ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်တယ် ဆိုတဲ့ သဘောတဲ့။ ကလေးလေးတွေက လူကြီးတွေရဲ့လက်ကို နမ်းပြီး နှုတ်ဆက်လေ့ရှိပါတယ်။ မလေးလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့တစ်မျိုးပါဘဲ။ ဒါပေမယ့် မိသားစုဝင်တွေက လွဲရင် ယောကျာ်းနဲ့ မိန်းမ လက်ဆွဲ နှုတ်ဆက်လေ့ မရှိပါဘူး။


အစားအသောက်
အများအားဖြင့် မလေးလူမျိုးတွေဟာ ထမင်းစားရင် လက်နဲ့ စားကြပါတယ်။ အိမ်မှာတင် မဟုတ်ဘဲ မင်္ဂလာဆောင်မျိုး အခမ်းအနားကြီးတွေမှာပါမကျန် လက်နဲ့ စားပါတယ်။ ပြီးရင် မြန်မာပြည်မှာလို ဧည့်သည်ကို ဒါစားပါ ဟိုဟာစားပါဆိုပြီး ပြောလေ့ မရှိပါဘူး။ ဒါစားမလား ဒါယူမလားလို့ဘဲ မေးကြတယ်။ ကိုယ်က အားနာနေရင်တော့ ငတ်မှာသေချာတယ်။ အစကတော့ မသိဘူး။ အဲဒီလိုမေးတာ ဒီအတိုင်း ဝတ်ကျေ တန်းကျေ သဘောလောက် မေးတယ်လို့ဘဲ ထင်ထားတာ။ နောက်မှ သူတို့တွေကိုက အဲလိုဘဲ ပြောတတ်တယ်ဆိုတာ သိလာတယ်။ အုန်းသီး အရမ်းပေါတဲ့နိုင်ငံမို့လားတော့ မသိ အုန်းနို့ အရမ်းစားကြတယ်။ သူတို့ရဲ့ ဟင်းတွေမှာ အုန်းနို့မပါတာ ရှားတယ်။ ပဲပင်ပေါက်တောင် အုန်းနို့နဲ့ ကြော်တာတွေ့ရင် သဉ္ဖာပြောတာ မလွန်ဘူးဆိုတာ သိလာပါလိမ့်မယ်။ curry ဆိုရင်တော့ ပြီးရောဘဲ။ သူတို့ဆီမှာက အုန်းနို့မပါရင် ဟင်းအနှစ် ဖြစ်အောင် ချက်လို့ မရဘူးလို့ ခံယူထားတာ။ မနက်စာကိုလည်း Nasi lamek လို့ခေါ်တဲ့ အုန်းထမင်းကို နေ့စဉ်ရက်ဆက် စားနိုင်ကြတာ အံ့ဩမိတယ်။

မင်္ဂလာဆောင်

မလေးလူမျိုးတွေရဲ့ မင်္ဂလာဆောင် အကြောင်းပါ။ မင်္ဂလာဧည့်ခံပွဲ လာတက်တဲ့သူတွေကို ပန်းတစ်ပွင့်မှာ ကြက်ဥပြုတ်တစ်လုံးတွဲချည်ထားတာ လက်ဆောင်အဖြစ် ပေးပါတယ်။ Bunga Telur လို့ ခေါ်ပါတယ်။ ပိုက်ဆံပိုပြီး တတ်နိုင်တဲ့သူကတော့ လှတပတ ဘူးလေးတွေ(Egg holder) ထဲမှာ ကြက်ဥပြုတ် ထည့်ပြီး ပေးကြတယ်။ ဘူးရဲ့ ကွာလတီကနေ အဲဒီ မိသားစုရဲ့ ချမ်းသာ ကြွယ်ဝမှုကို သွယ်ဝိုက်သောနည်းအားဖြင့် ပြတယ်လို့ ပြောကြတယ်။ အဲဒီကြက်ဥပြုတ်လည်း နောက်ပိုင်း ဂုဏ်တုဂုဏ်ပြိုင်တွေရဲ့ ဓားစာခံ ဖြစ်မှန်းမသိ ဖြစ်လာသလိုပါဘဲ။


နေထိုင်မှု
တောရွာမှာနေ မြို့တက် အလုပ်လုပ်၊ ကျောင်းတက်ကြတာ များတယ်။ လမ်းပန်း ဆက်သွယ်ရေးက ကောင်းတော့ အလုပ်ပိတ် ကျောင်းပိတ်ရင် ရွာပြန်ကြတယ်။ balik kampung ပေါ့။ အခုလာမယ့် အစ်နေ့ (Hari raya) လိုမျိုးဆိုရင် လူတော်တော်များများ ရွာပြန်ကြလို့ highway တွေ အကုန် jam ဖြစ်ပြီး ကွာလာလမ်ပူမြို့ထဲမှာ ပြိုင်ကားမောင်းတဲ့ speed နဲ့ မောင်လို့ရလောက်အောင် လူရှင်းနေတတ်တယ်။ ဒါပေမယ့် သူတို့ ရွာတွေ တည်ထားတဲ့ ပုံက စနစ်တကျ မရှိဘူး။ မြေတွေ့ရင် အိမ်ဆောက်များ လုပ်ကြသလား မသိဘူး။ တစ်အိမ်နဲ့ တစ်အိမ် တော်တော် လှမ်းတယ်။


public holiday
အပေါ်မှာ ပြောခဲ့သလိုဘဲ မလေးရှားနိုင်ငံဟာ လူမျိုးစုကြီး သုံးခု အဓိက နေထိုင်တဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ရုံးပိတ်ရက် အင်မတန် များပါတယ်။ ကမာ္ဘပေါ်မှာ ရုံးပိတ်ရက် အများဆုံးနိုင်ငံ လို့တောင် ပြောလို့ရမယ်လို့ ထင်ပါတယ်။ ကမာ္ဘပေါ်မှာ public holiday လို့ သတ်မှတ်ထားတဲ့ နေ့၊ နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ တွေအပြင် အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာ အားလုံးရဲ့ နေ့ထူးနေ့မြတ်တွေမှာ ရုံးပိတ်ပါတယ်။ အစ်နေ့၊ အစ္စလာမ် နှစ်သစ်ကူး၊ wesak day (ကဆုန်လပြည့်နေ့ ထင်တာဘဲ)၊ ဒေဝါလီနေ့၊ တိုင်ပူဆန်၊ တရုတ်နှစ်သစ်ကူး၊ ခရစ်စမတ် စသဖြင့် အများကြီးပါဘဲ။ ပြီးတော့ သက်ဆိုင်ရာပြည်နယ်တွေရဲ့ ဘုရင် မွေးနေ့တို့ ပြည်နယ် အထိမ်းအမှတ်နေ့တို့လဲ ပိတ်ပါတယ်။ အများအားဖြင့် နိုဝင်ဘာနဲ့ ဖေဖေါ်ဝါရီလ ကြားမှာ အများဆုံးပါဘဲ။ ကျောင်းတက်တုန်းကဆို အဲဒီအချိန်ဆို Semester II ပေါ့။ ကျောင်းချည်း ပိတ်နေတာနဲ့ တစ်ခါတစ်လေ စာသင်လို့တောင် မပြီးဘူး။ ပျမ်းမျှ တစ်ပါတ်မှာ ပိတ်ရက် တစ်ရက်လောက်ကို ရှိတာ။ တနလာင်္ကနေ သောကြာ အပြည့် တက်ရတဲ့ အပါတ်တွေက အရမ်းကို နည်းလွန်းတယ်။ ဒီလို ရုံးပိတ်ရက်များတဲ့ နိုင်ငံပါ။ အဲဒီလို ရုံးပိတ်ရက် များတဲ့အပြင် ဥပမာ public holiday က စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျတယ်ဆိုရင် နောက်အပါတ် တနင်္လာပါ ဆက်ပြီး ပိတ်ပေးတာ ထုံးစံပါ။ holiday အခွင့်အရေးကို လုံးဝအဆုံးရှုံး မခံတဲ့ နိုင်ငံပါ။


ဘာသာ စကား
အဓိက ရုံးသုံးစကားကတော့ မလေးစကားပေါ့။ မလေးရှားမှာ အဓိကအားဖြင့် အင်္ဂလိပ်စကားပြောရင် လား..လား..နဲ့ ဆုံးပါတယ်။ I don’t know lah.. Go and see yourself lah.. တရုတ်လူမျိုးတွေနဲ့ ပြောရင် မား..မား.. It’s not like that maa.. နဲ့ ဆုံးတယ်။ မလေးရှားကနေ ခွဲထွက်သွားတဲ့ စင်ကာပူမှာလည်း အခုထိ အဲဒီအကျင့် ရှိနေကြပါသေးတယ်။ ကိုယ်လည်း ဒီမှာ နေတာကြာသွားတော့ သူတို့လို အကျင့်ပါကုန်တယ်။


~စဉ်းစားမိသလောက်လေးတွေ ရေးလိုက်တာပါ။ ဆက်ပါဦးမယ်~

Photo credits:
http://flickr.com/photos/jamaludin/

http://1001craft.com
http://flickr.com/photos/9008346@N08
http://www.wkbc.org/


Are hackers targeting blogspot??

အခုတလော ဘလော့ဂ်ရဲ့ statistics တွေ မူမှန် ဖြစ်နေတယ်။ သတိထားမိတာ တစ်ပါတ်လောက်တော့ ရှိပြီ။ ကျမ ဘလော့ဂ်က ပုံမှန်ဆို hit ၃၀-၇ဝ လောက်ဘဲ ရှိတာ။ ကိုအန်ဒီ ရဲ့ feed roll ထဲရောက်သွားရင် တစ်ခါတစ်လေ ၁၀၀-၁၅၀။ အခုတလော တစ်ရက်ခြား တစ်ခါလောက် hit က ၃၀ဝ လောက် ဖြစ်ဖြစ်နေတယ်။ အဲဒီ အထဲက hit ၂၀ဝလောက်က IP address range တစ်ခုတည်းက ဖြစ်နေတယ်။ ISP က insignium llc ဆိုလား ဘာလားဘဲ။ Google မှာ ရှာကြည့်တော့လည်း ဒီ tweet တစ်ခုဘဲ တွေ့တယ်။ သူပြောတဲ့ ပုံအရတော့ hacker လိုလို ဘာလိုလိုဘဲ။ traffic တွေ အသေလွှတ်ပြီး ဘလော့ဂ် down အောင် လုပ်နေသလိုဘဲ။ သူ့ရဲ့ hit ကို ကြည့်လိုက်ရင် IP သုံးခုလောက်သုံးပြီး တစ်စက္ကန့်မှာ hit တစ်ခုလောက် ရှိနေတယ်။ bot တစ်ခုခုသုံးတယ် ထင်တယ်။ အရင်တုန်းက hacking class တက်တုန်းက ဟိုစပ်စပ် ဒီစပ်စပ် ရေးဖူးလို့များ ကိုယ့်ကို target ထားသလား မသိပါဘူး။ (အဲဒီအတန်းလဲ ပြီးအောင် မတက်လိုက်ပါဘူး။ အခုတောင် မေ့တေ့တေ့ ဖြစ်နေပြီ။) web server တွေ attack တို့ ဘာတို့ လုပ်ခံရတာတော့ ကြားဖူးတယ်။ ဒီလို blogspot ကိုကော attack လုပ်လို့ရလားဆိုတာတော့ မကြားဖူးဘူး။ hit သုံးရာလောက်ကို တွေးကြောက်နေတယ်လို့တော့လဲ မထင်ပါနဲ့။ နာမည်ကြီးဘလော့ဂ်တွေမှာ hit ထောင်နဲ့ သေားနဲ့ ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နေတဲ့ပုံက attack လုပ်နေတဲ့ပုံနဲ့ တူနေလို့။ သိတဲ့သူများရှိရင် တစ်ချက်လောက် ရှင်းပြပေးပါလား။ ကျေးဇူးတင်ပါတယ်။ :-( ~sigh~
[P.S. ဒီပို့စ်ရေးပြီး တစ်ပါတ်အတွင်းမှာ stats တွေ ပုံမှန် ပြန်ဖြစ်သွားပါတယ်။]


တစ်ကျောင်း တစ်ဂါထာ



အရင်အပါတ်က သူငယ်ချင်းတွေနဲ့ Al-Rawsha Restaurant မှာဘူဖေး သွားစားဖြစ်တယ်။ လက်ဘနွန် အစားအသောက်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ပေါ့။ ကျောင်းက သူငယ်ချင်းအများစုက အာရပ်တွေ များတော့ သူတို့တွေနဲ့ အပြင်ထွက်စားဖြစ်တိုင်း အာရပ် စားသောက်ဆိုင်ရွေးကြတာ များတယ်။ တစ်နေ့တစ်နေ့ အလုပ်သွားလိုက် အိမ်ပြန်လိုက်နဲ့ဘဲ အချိန်ကုန်နေတော့ ဒီလို တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ တွေ့ရတာလည်း တော်တော်တော့ ပျော်စရာကောင်းပါတယ်။ မတွေ့ကြတာလည်း ကြာပြီဆိုတော့ ကိုယ့်အကြောင်း သူ့အကြောင်း အလုပ်အကြောင်းတွေ ပြောကြနဲ့ ည ဆယ်နာရီလောက်မှ အိမ်ပြန်ရောက်တယ်။

ဒါပေမယ့် ဘူဖေး စားရတာကို ကျမ သိပ်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ဘူဖေးက တော်တော် စားနိုင်တဲ့သူတွေ အတွက်မှ တန်တာလေ။ ကျမလိုမျိုး မက်ဒေါ်နယ်လ် တစ် set တောင် မနည်းကုန်အောင် စားရတဲ့ လူမျိုးအတွက်တော့ မတန်ဘူး။ သူငယ်ချင်းတွေ အတင်းခေါ်လို့သာ လိုက်စားဖြစ်တာ။ အစားအသောက်တွေကတော့ မဆိုးပါဘူး။ ဘာတွေမှန်း မသိတာ တစ်ခုဘဲ။ တွေ့တာ အကုန်နီးပါး ထည့်ယူလာပြီး နောက်မှ သူတို့ကို ပြန်မေးရတယ်။ dessert ကတော့ အရမ်းကောင်းတယ်။ အချိုတော့ အရမ်းများလွန်းတယ်။ Baqlawa နဲ့ Basboosa တော့ အကြိုက်ဆုံးဘဲ။ နောက်မှ သူ့ website မှာ ပြန်ကြည့်ကြည့်တော့ ပုံမှန် အချိန်တောင် ဒီလောက် ဈေးရှိရင် ကိုယ်စားခဲ့တဲ့ ဘူဖေးက တန်သလိုလိုတော့ ရှိသား။ ဒါကြောင့် လာစားတဲ့သူ ဒီလောက်များတာနေမယ်။ အာရပ် restaurant တွေရဲ့ မပါမဖြစ် ရှိရှာ တွေလည်း ရတယ်။ ဒါပေမယ့် အဲဒီအတွက် ပိုက်ဆံ သပ်သပ် ထပ်ပေးရတယ်နေမယ်။

ဆိုင်နာမည်ကို စိတ်ဝင်စားလို့ ဘာအဓိပ္ပါယ်လဲလို့ မေးကြည့်တဲ့အခါ Rawsha ဆိုတာ လက်ဘနွန် နိုင်ငံ မြို့တော် Beirut အနီး မြေထဲ ပင်လယ်ထဲက ကျောက်တုံး ရဲ့ နာမည်ကို ယူထားတာပါ။ အဲဒီ ကျောက်တုံးက မီတာ ၆ဝ လောက်မြင့်တဲ့အတွက် အလယ်မှာ သဘောင်္ ဖြတ်လို့ ရအောင် လူတွေက tunnel ပုံစံမျိုး ဖောက်ထားလို့ နာမည်ကြီးတာပါ။ Rawsha Rock လို့ခေါ်သလို Pigeon Rock လို့လဲ ခေါ်ပါတယ်။ အဲဒီ ကျောက်တုံးကို ဘယ်သူ အပေါက်ဖောက်သွားသလဲဆိုတာတော့ သမိုင်းမှတ်တမ်းတွေထဲမှာ မရှိတဲ့အတွက် ဘယ်သူမှ မသိကြပါဘူးတဲ့။

စကားပြောရင်း တီဗီတွေအကြောင်း ရောက်သွားသေးတယ်။ တစ်ခု အံ့ဩမိတာက ရုပ်ရှင် ဇာတ်လမ်းတွဲတွေ အာရှမှာဘဲ အရမ်းကို ခေတ်စားလွန်းတယ် ထင်ထားတာ။ အပိုင်းခြောက်ဆယ်လောက်ရှိတဲ့ ပိုးမင်းသားရဲ့ သိုင်းသိဉာဉ် ဇာတ်လမ်းတွဲကို ရှည်လျားလှပြီ အောက်မေ့တာ။ အာရပ်နိုင်ငံနဲ့ အာဖရိက နိုင်ငံ အချို့ မှာ အပိုင်း ၁၀ဝ ကျော်တဲ့ တူရကီ ဇာတ်လမ်းတွဲတွေ အလွန်အင်မတန် ခေတ်စားသတဲ့။ အခုနောက်ဆုံး ခေတ်အစားဆုံး ဇာတ်လမ်းတွဲက Nor (အလင်းရောင်) ဆိုလားဘာလား။ statistics အရ အဲဒီ ဇာတ်လမ်းတွဲကို ကြည့်တဲ့သူပေါင်း လေးသန်းကျော် ရှိတယ်တဲ့။ အဲဒီဇာတ်လမ်းထဲက မင်းသားနဲ့ မင်းသမီးကြောင့် လင်မယားကွဲတဲ့ အဖြစ်တွေဟာလဲ မရေမတွက်နိုင်အောင် ရှိပါတယ်တဲ့။ မိန်းမက ဇာတ်လမ်းတွဲထဲက မင်းသားရဲ့ပုံကို ဖုန်းဘက်ဂရောင်း အဖြစ်ထားလို့ ကွဲတဲ့ case ကလည်း ပါသေး။ မြန်မာပြည်မှာတုန်းကတော့ ကိုးရီးယား ဇာတ်လမ်းတွဲတွေကြောင့် လင်မယား ရန်ဖြစ်တာတော့ ကြားဖူးပါတယ်။ လင်မယား ကွဲကြတယ် ဆိုတာတော့ မကြားမိသလိုဘဲ။ သူတို့နိုင်ငံတွေလည်း တစ်ကျောင်းတစ်ဂါထာပါဘဲ။

Restaurant website - http://www.al-rawsha.com/Default.asp
Photo Credit: http://www.zohry.com/galleries/countries/lebanon/photo01.htm


Revenge





အခုတလော စိတ်ရော အလုပ်ရော နည်းနည်း ရှုပ်နေလို့ ဘလော့ဂ် မရေးဖြစ်ဘူး။ ပုံတွေဘဲ တင်တော့မယ်။ ဒီနေ့အီးမေးလ်ထဲ ရောက်လာတဲ့ ပုံလေးတွေကို အရမ်းသဘောကျလို့ ဒါဘဲ တင်လိုက်တော့မယ်။


အိုလံပစ်နဲ့ ရွှေတံဆိပ်

သတင်းတစ်ခုမှာ ဖတ်လိုက်မိတာ။ ပြီးခဲ့တဲ့ ပေကျင်း အိုလံပစ်မှာ ရွှေတံဆိပ် ရှစ်ခု ရသွားတဲ့ Michael Phelps ရဲ့ရွှေတံဆိပ်တွေကို အရည်ဖျော်ပြီး ရောင်းလိုက်ရင် သူဘယ်လောက် ရမယ်လို့ ထင်ပါသလဲတဲ့။ အဲဒီ ရှစ်ခုလုံးပေါင်းမှ ဒေါ်လာ တစ်ထောင်ကျော်ဘဲ ရမှာဆိုဘဲ။ ရွှေတံဆိပ်တွေကို ငွေနဲ့လုပ်ပြီး အပြင်ကနေ ရွှေ ၆ဂရမ် (တမတ်သား ကျော်ကျော်) လောက်နဲ့ အုပ်ထားတာပါတဲ့။ ဒါပေမယ့် ရွှေတံဆိပ်ဆိုတာ ရောင်းစားဖို့မှ မဟုတ်တာနော်။ အဲဒီတော့ ရွှေအစစ်မဟုတ်လဲ ကိစ္စတော့ မရှိပါဘူး။ ကမာ္ဘ့ရွှေဈေးကလည်း တက်တက်လာတော့ ရွှေတံဆိပ်သုံးရာကျော်ကို ရွှေအစစ်ပေးရရင် သိပ်တော့ မလွယ်ဘူးနေမှာပေါ့။ (အဲဒါများ ဘာကြောင့် ရွှေတံဆိပ်ရရင် ကိုက်ကိုက်ပြကြသလဲ မသိပါဘူး။)

၂၀၀၄ လား ၂၀၀၅ မှာလား မသိပါဘူး။ ပိုလန်နိုင်ငံက ရေကူးမှာ ရွှေတံဆိပ်ရတဲ့ Otylia Jedrzejczak တော့ သွေးကင်ဆာဖြစ်တဲ့ ကလေးတွေကို လှူဖို့အတွက် သူ့ရွှေတံဆိပ်ကို လေလံတင်လိုက်တာတော့ ဒေါ်လာတစ်သိန်းလောက် ရတယ်တဲ့။ ပြီးတော့ သူက အဲဒီ တံဆိပ်နဲ့ တစ်ထပ်တည်း တူတဲ့ replica တစ်ခု ထပ်လုပ်ထားလိုက်တယ်တဲ့။ ပြီးရော။

မလေးရှားမှာတော့ ရွှေတံဆိပ်ရရင် ရင်းဂစ် တစ်သန်းပေးမယ်လို့ အစိုးရက ကြေငြာထားပေမယ့် ကြက်တောင် ကစားတဲ့ Lee Chong Wei တစ်ယောက်ဘဲ ငွေတံဆိပ်တစ်ခုရလို့ ရင်းဂစ် သုံးသိန်းတော့ ရလိုက်တယ်။ ပြည်သူတွေ ထိုင်ပြီး ဆုတောင်းနေလို့ ရွှေတံဆိပ်မရတာ နေမယ်။ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ သူတို့ပေးထားတဲ့ အခွန်ငွေတွေနဲ့ ဆုပေးတာဆိုတော့ မရလေ ကောင်းလေဘဲတဲ့။

ဒါနဲ့ FIFA ကပေးတဲ့ Golden Ball Award တို့ Premier League က Golden Shoe Award တို့လည်း ဒီလိုဘဲ ထင်တယ်။

ref:


That very day


Once-in-a-life-time event, most people term the convocation so. I do agree. We may pursue our studies and may be attending many other convocation ceremonies, but, the undergraduate chapter will always be the most joyful and memorable.

After a long awaiting, I can call myself a graduate now! Queuing outside before procession into the great hall, the sound of Malaysia’s national anthem ‘Negaraku’ followed by IIUM song “leading the way”, sitting among the class of 2008, waiting for my turn to receive the scroll, these are indeed great feelings of attending a convocation.

Excitement and nervousness were dominating my mind alternatively since morning. Can I make it? What if I can’t? As some of you might know, I’m no fan of public speaking. “You are too soft-spoken”, a usual comment I get from people around me. I’m not the best amongst all but trust was placed upon me to represent the class as a valedictorian. I knew i have to try my best to project myself well in front of my parents, fellow classmates, fellow graduates and special guests of the great event. Those were my anxieties on the morning of 24th Aug, 2008. Anyway, at last, the stage is not that frightening anymore.


I can not claim all the credits for the achievements. Four years in IIUM hasn’t been easy, and it would’ve been harder without the committed lecturers, friendly classmates, dearest friends and cheerful hostel-mates.

To all my dedicated lecturers from KICT, from Department of General Studies and KENMS, (not to left out the co-cu trainers and SPICE), thanks for nurturing us with not only knowledge and skills but also with life experiences.

To all my fellow graduates and classmates from KICT, it has been a great pleasure to get to know all of you and has the opportunity to study under one roof. I know I’m quite hard to deal with but my days at KICT have been enlightened with all your friendly faces. I value each moments with all of you.

To my ex-roommates, with you all around, I was always filled with home-like feeling in 4 years hostel-life. Still remember all unforgettable memories like you all trying so hard to teach me Bahasa Melayu, cooking together during holidays, watching Korean-dramas overnight, going for shopping till we dropped, etc etc.

To Myanmar students community (current & ex-), studying in a country without even a single relative around, you all have been my dearest relatives.

All in all, it’s blessings from the Almighty God and support from my dearest family. Still a lot more to say, will continue later when I get back in the mood. Now, just let me end with quoting the Bahasa Melayu part of the speech, (translated by my friend & ex-roommate)

Teristimewa buat para hadirin yang hadir pada hari ini, ibubapa, sanak saudara, serta sahabat handai yang tidak jemu memberi sokongan serta dorongan sepanjang kami berada di taman ilmu dan budi ini, Kehadiran kalian menjadi saksi kepada kejayaan kami. Kejayaan kami, sebernarnya kejayaan anda juga.

Akhir kata, sekalung taniah dan selamat maju jaya kepada semua graduan sesi 2008 (dua ribu lapan).
Photo credit: Bernama (but they reported as Thinzar dari Vietnam. Do I resemble Vietnamese so much or the two countries sounds so similar?)