အိုလံပစ်နဲ့ ရွှေတံဆိပ်

သတင်းတစ်ခုမှာ ဖတ်လိုက်မိတာ။ ပြီးခဲ့တဲ့ ပေကျင်း အိုလံပစ်မှာ ရွှေတံဆိပ် ရှစ်ခု ရသွားတဲ့ Michael Phelps ရဲ့ရွှေတံဆိပ်တွေကို အရည်ဖျော်ပြီး ရောင်းလိုက်ရင် သူဘယ်လောက် ရမယ်လို့ ထင်ပါသလဲတဲ့။ အဲဒီ ရှစ်ခုလုံးပေါင်းမှ ဒေါ်လာ တစ်ထောင်ကျော်ဘဲ ရမှာဆိုဘဲ။ ရွှေတံဆိပ်တွေကို ငွေနဲ့လုပ်ပြီး အပြင်ကနေ ရွှေ ၆ဂရမ် (တမတ်သား ကျော်ကျော်) လောက်နဲ့ အုပ်ထားတာပါတဲ့။ ဒါပေမယ့် ရွှေတံဆိပ်ဆိုတာ ရောင်းစားဖို့မှ မဟုတ်တာနော်။ အဲဒီတော့ ရွှေအစစ်မဟုတ်လဲ ကိစ္စတော့ မရှိပါဘူး။ ကမာ္ဘ့ရွှေဈေးကလည်း တက်တက်လာတော့ ရွှေတံဆိပ်သုံးရာကျော်ကို ရွှေအစစ်ပေးရရင် သိပ်တော့ မလွယ်ဘူးနေမှာပေါ့။ (အဲဒါများ ဘာကြောင့် ရွှေတံဆိပ်ရရင် ကိုက်ကိုက်ပြကြသလဲ မသိပါဘူး။)

၂၀၀၄ လား ၂၀၀၅ မှာလား မသိပါဘူး။ ပိုလန်နိုင်ငံက ရေကူးမှာ ရွှေတံဆိပ်ရတဲ့ Otylia Jedrzejczak တော့ သွေးကင်ဆာဖြစ်တဲ့ ကလေးတွေကို လှူဖို့အတွက် သူ့ရွှေတံဆိပ်ကို လေလံတင်လိုက်တာတော့ ဒေါ်လာတစ်သိန်းလောက် ရတယ်တဲ့။ ပြီးတော့ သူက အဲဒီ တံဆိပ်နဲ့ တစ်ထပ်တည်း တူတဲ့ replica တစ်ခု ထပ်လုပ်ထားလိုက်တယ်တဲ့။ ပြီးရော။

မလေးရှားမှာတော့ ရွှေတံဆိပ်ရရင် ရင်းဂစ် တစ်သန်းပေးမယ်လို့ အစိုးရက ကြေငြာထားပေမယ့် ကြက်တောင် ကစားတဲ့ Lee Chong Wei တစ်ယောက်ဘဲ ငွေတံဆိပ်တစ်ခုရလို့ ရင်းဂစ် သုံးသိန်းတော့ ရလိုက်တယ်။ ပြည်သူတွေ ထိုင်ပြီး ဆုတောင်းနေလို့ ရွှေတံဆိပ်မရတာ နေမယ်။ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ သူတို့ပေးထားတဲ့ အခွန်ငွေတွေနဲ့ ဆုပေးတာဆိုတော့ မရလေ ကောင်းလေဘဲတဲ့။

ဒါနဲ့ FIFA ကပေးတဲ့ Golden Ball Award တို့ Premier League က Golden Shoe Award တို့လည်း ဒီလိုဘဲ ထင်တယ်။

ref:

2 comments:

သင့်လူ said...

မသဉ္ဇာ ရေးသွားတဲ့ အသံ ထွက် အတိုင်း (တောင်ဖျင်၊ ကျစွာ) မှန်ပါတယ် ဆိုတာ လာပြော တာပါ။ စာရေးသူကို တဆင့် လှမ်းမေးရတဲ့ အတွက် အချိန် နဲနဲ ကြာသွားတာ တောင်းပန်ပါတယ်။

khin oo may said...

ညီမ ပြောတာ မှန်ပါတယ်။ အစ်မ က အကြမ်းဖျင်း လျှက် တပျက် မြင်ခဲ.တာ လေး ကို ပြောတာပါ။

Post a Comment

Please feel free to use any font to comment :)